Jun 18, 2012 (Burmese Version)

 

If you don't visualize this mail correctly please click here

 
 

စစ်တွေ RNDP ပါတီဝင်များ အဖမ်းခံရ

ယင်းသို့ ဖမ်းဆီးနေမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အမှတ်(၁) ရဲစခန်းနှင့် အမှတ်(၂) ရဲစခန်းများသို့ ဆက်သွယ်မေးမြန်း ခဲ့ သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။ Read More

 

အစိုးရ ငြိမ်းချမ်းရေး နည်းလမ်းသုံး ဖြေရှင်းရန် SSA ပြော

အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး သဘောတူညီချက်အရ မဖြေရှင်းပါက မလိုလားအပ်သည့် ပြ ဿနာများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း Read More

 

သတင်းစာဆရာကြီး လူထုစိန်ဝင်း ကွယ်လွန်

သတင်းစာဆရာကြီး လူထုစိန်ဝင်း (၇၁နှစ်) သည် အဆုတ်ရောဂါဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် (SSC) အထူးကု ဆေးခန်းတွင် ယမန်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ကွယ်လွန်သွားပြီဖြစ်သည်။ Read More

 

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စ

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပွား၍ ၉ ရက်ခန့် ရပ်ဆိုင်းနေသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး သည် ယမန်နေ့က ပြန်လည် စတင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ Read More

 

မသီတာထွေးအမှု တရာခံများအား သေဒဏ်ချမှတ်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာစု သပြေချောင်းရွာသူ မသီတာထွေး အသတ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး တရားခံ ၂ ဦးအား ကျောက်ဖြူခရိုင် တရားရုံးက ယနေ့ သေဒဏ်ချမှတ်လိုက်သည်။ Read More

 

ကျပ် တသောင်း တန်ကြောင့် ရွှေ ဈေး မကစားရန် ဖိအားပေး

အစိုးရက ကျပ် တသောင်း တန် ထုတ်ဝေမှုကြောင့် ရွှေ ဈေးနှုန်းကစားခြင်းများ မပြုလုပ်ရန် ရွှေလုပ်ငန်းရှင်များကို ဖိအားပေးလျက် ရှိကြောင်း သိရသည်။ Read More

 

“ကျမ နောက်တခေါက် လာဦးမယ်”

တနာရီဆိုတာ သူတို့အတွက် ဘာမှမကြာလိုက်ပေမယ့် ဒီခဏအတွက် သူတို့ကြိုတင်ပြင်ဆင်ခဲ့ကြရတယ်။ “အမေစု” နဲ့ တွေ့ခွင့်က နောက်တကြိမ် မသေချာဘဲကိုး။ Read More

 

ရင်ဆိုင်စရာစွမ်းအား … မရှိတော့လို့ပါ …

Read More

 

မသီတာထွေးအမှု သေဒဏ်ချမှတ်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ အသက် ၂၆ နှစ်အရွယ် မသီတာထွေးအား အဓမ္မပြုကျင့် သတ်ဖြတ် ခဲ့သူများကို ယနေ့ ကျောက်ဖြူခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်သည်။ ပြစ်မှုကျူးလွန်သူ ၃ ဦးအနက် ရှောင်ရှုး(ခ) ထက်ထက်(ခ) ဖြိုး ဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့တွင် အကျဉ်းထောင်တွင်း၌ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲ ချ၍ အဆုံးစီရင်သွားသောကြောင့် ကျန် ရော်ဖိနှင့် လူယု တို့နှစ်ဦးကိုသာ ကြားနာ၍ တရားစီရင်ခဲ့ခြင်း ဖြစ်သည်။ မေလ၂၈ ရက်က ကျောက်နီမော်မှ သပြေချောင်းရွာသို့ ပြန် လာသော မသီတာထွေးအား အဆိုပါ တရားခံ ၃ ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်း လုယူခြင်းများ ကျူးလွန်ခဲ့၍ ပုဒ်မ ၃၇၆၊ ပုဒ်မ ၃၀၂၊ [...] Read More

 
 

သတင်းစာ ဆရာ လူထု စိန်ဝင်း ကွယ်လွန်

ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း (၇၁နှစ်)သည် အဆုတ်ရောဂါဖြင့် ယမန်နေ့ ည ၁၁ နာရီ ၃၀ခန့်တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်(SSC) အထူးကု ဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။ ဆရာ၏ ဈာပနကို ဇွန်လ ၁၉ရက် နေ့လယ် ၁ နာရီ၌ ရေဝေး သုသာန် ၌ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ၉ ရက်ခန့် ပိတ်ထားခဲ့သည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ယမန်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ငါးများ တင်ဆောင်လာသော တန် ၉၀ ခန့်ရှိ အအေးခန်း ကုန်သင်္ဘော တစီး ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းသို့ စတင် ရောက်လာပြီဖြစ်ကြောင်း၊ ယနေ့တွင်လည်း ကုန်တင် သဘောင်္များ ထပ်မံရောက်လာရန် ရှိကြောင်း The Daily Star သတင်းတပုဒ် ၌ ဖော်ပြထားသည်။ Read More

 
 

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ BWU ဂုဏ်ပြု

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၇ နှစ်မြောက်မွေးနေ့ကို ပြည်ပ အခြေစိုက် မြန်မာ့အမျိုးသမီး သမဂ္ဂ(BWU)က ဂုဏ်ပြုလိုက်သည်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ချထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ပြည်ပခရီးစဉ်အဖြစ်ရေ� ��က်ရှိနေပြီး ထိုခရီးစဉ်အတွင် မိသားစုနှင့် အတူ သူ၏ မွေးနေ့ကိုဖြတ်သန်းရတော့မည်ဖြစ်သဖြင့် BWU က ဝမ်းမြောက်သည်ဟု ဆိုသည်။ ထို့အတူ တိုင်းရင်း သား အဖွဲ့များနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ပါဝင်စေချင်ကြောင်းနှင့် စစ်မှန်သော လူထု အုပ်ချုပ်ရေးနှင့် ပြည်ထောင်စုစနစ် ထူထောင်နိုင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ BWU က လက်တွဲ ဝန်းရံသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ Read More

 
 

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တည်ငြိမ်မှု တရုတ်လိုလား

ရခိုင့်ပြည်နယ်အတွင်း မကြားသေးခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ၂နိုင်ငံလုံးတွင် ဆူပူ အုံကြွမှုများနှင့် မတည်မငြိမ်ဖြစ်မှုများကို မလိုလားကြောင်း ဒါကာမြို့ရှိ တရုတ် သံရုံးက ပြောဆိုလိုက်သည်။ တရုတ် သံအရာရှိ Yang Zhaohui က အိမ်နီးချင်းနိုင်ငံများအနေဖြင့် တည်ငြိမ်အေးချမ� �း၍ ဖွံ့ဖြိုးတိုးတက်မှုရှိနေသည်ကိုသာ လိုလားသည်ဟု ပြော ဆို ကြောင်းလည်း ဒါကာက လာသော သတင်းတပုဒ်က ဆိုသည်။ Read More

 
 

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး ယာယီရပ်ဆိုင်း

ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြ၀တီမြို့ကို ဆက်သွယ်ထားသော နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ တဆင့် တင်သွင်းနေ သည့် ကုန်ပစ္စည်းများ ယခု ရက်ပိုင်း ယာယီ ရပ်ဆိုင်ထားကြောင်း သိရသည်။ မကြာသေးခင် ရက်ပိုင်းက ကရင်ပြည်နယ် အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြ၀တီ – ကော့ကရိတ် ကားလမ်းပေါ်တွင် တောင်� �ပိုကျ၍ လမ်းပိတ်ထားရခြင်း ဖြစ်သည်ဟု ထိုင်း သတင်း များတွင် ဖော်ပြထားသည်။ မဲဆောက်မြို့ နယ်စပ် တလျှောက်ရှိ ဂိတ်များတွင်လည်း အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။ Read More

 
 

Hello, this newsletter contains information about my site for any query please send an email to news@irrawaddy.org.

 

If you no longer wish to receive this newsletter please click Here and automatically unsubscribe.