[mrsorcerer:25864] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: သစ်ထူးလွင် Myanmar News Now <noreply@blogger.com>
Date: 2012/6/6
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


လက်တလောဖြစ်ပေါ်နေတဲ့ အရေးအခင်းများအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်

Posted: 06 Jun 2012 04:05 AM PDT

Aung San Suu Kyi talks to Myanmar Muslims leaders at the National League for Democracy head office in Yangon June 6, 2012. REUTERS
  ဒီလိုပြသနာတွေ ဖြစ်လို့ရှိရင် ကျမရဲ့ အတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်... နံပါတ်တစ်က တရားဥပဒေစိုးမိုးရေးပေါ့၊ နံပါတ်နှစ်က လှုံဆော်တဲ့သူများရှိလားဆိုတဲ့ စိုးရိမ်ပူပင်မှုပါပဲ...

ဥပဒေစိုးမိုးရေးလို့ ကျမဘာလို့ပြောရလဲဆိုတော့ ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပထမဦးဆုံး ပြသနာတစ်ခုဖြစ်ပြီ၊ အရေးတခုခုဖြစ်ပြီ၊ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီဆိုထဲက ပီပီပြင်ပြင် မြန်မြန်ဆန်ဆန်အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေက ပေါ်လာစရာအကြောင်းမရှိဘူး...

ပြသနာတစ်ခု မရှင်းလိုက်တာနဲ့ နောက်ထပ်ပြသနာတစ်ခု ထပ်ပြီးပေါ်လာတယ်... ဒါဟာ ဥပဒေပိုင်းဆိုင်ရာတွေက ရှင်းလင်းရမယ့် ပြသနာ... ဥပမာ- ရာဇ၀တ်မှုဖြစ်လာရင် ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းရမှာ အရေးယူရမှာ၊ အမြန်ဆုံးပေါ့နော် အရေးယူရမှာက ရဲအဖွဲ့နဲ့ဆိုင်တယ် တရားရုံးတွေနဲ့ ဆိုင်တယ်ပေါ့နော်... အဲ့ဒါကို မြန်မြန်ဆန်ဆန် လုပ်လိုက်လို့ရှိရင် ပြသနာတွေကို ထိန်းထားလို့ရတယ်... မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူးဆိုရင် ပြသနာတွေက တဆင့်နဲ့ တဆင့် ကြီးထွားနိုင်တယ်...

နောက်တခု ကျမက ပွင့်ပွင့်လင်းလင်းပြောရမယ်... ဒါဟာလဲ ကျမတို့ ပြည်သူပြည်သားတွေက ဒီစိုးရိမ်ပူပင်မှု ရှိတယ်လို့ ထင်ပါတယ်... လှုံဆော်နေတဲ့ သူတွေများ ရှိသလား... အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်နေတဲ့ သူတွေများ ရှိသလား...

တချို့ကျတော့ အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်တာမဟုတ်ဘဲ စင်မြင့်ရှိရင် ထပြီး တက်ပြီးတော့ အော်ချင်တဲ့ သူတော့ရှိတယ်... အဲ့လိုအော်ခြင်းအားဖြင့် ကျမတို့အတွက်၊ ကျမတို့နိုင်ငံအတွက်၊ ကျမတို့ လူမှု အသိုင်းအ၀ိုင်းအတွက် အကျိုးရှိလား မရှိဘူးလား၊ ဆိုတာကို မဆင်ခြင်ဘဲနဲ့ ထပြီးတော့ အော်မယ်ဆိုလို့ရှိရင် အဲ့ဒါကလဲ မလိုလားအပ်ဘဲ ပြသနာတွေကို ကြီးထွားနိုင်စေတယ်...

အဲ့တော့ ကျမတို့ နိုင်ငံမှာ ဘယ်သူမဆို လုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုး ဖြစ်စေချင်တယ်... နိုင်ငံတစ်နိုင်ငံရဲ့ သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ စိတ်ချမ်းသာမှု အပေါ်မှာ မူတည်တယ်... စိတ်ချမ်းသာမှုဆိုတာ လူနေမှုက စရမှာပဲ... မလုံခြုံတဲ့ သူတွေက ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး...

ဒီနိုင်ငံမှာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အားလုံး၊ လူမျိုးမရွေး၊ ဘာသာမရွေး။ တိုင်းသူပြည်သား မဟုတ်တဲ့ ဒီနိုင်ငံမှာရောက်နေတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ လုံခြုံမှုရှိတဲ့ နိုင်ငံမျိုး ဖြစ်စေချင်တယ်... ဥပမာ- ကျမခုနက ပြောတဲ့ ထိုင်းမှာ ကျမသွားတဲ့အခါမှာ အင်မတန်မှ စိတ်လုံခြုံတယ်... ကျမက ထိုင်ငံသားမဟုတ်ဘူး၊ ဧည့်သည်ပဲ၊ ဒါပေမယ့် ဒီဧည့်သည်တစ်ယောက်ကို စိတ်ချမ်းသာအောင်လို့ စိတ်လုံခြုံအောင်လို့ လုပ်ပေးနိုင်တယ်ဆိုတာ အဲ့နိုင်ငံရဲ့ သိက္ခာ ဘယ်လောက်မြင့်လဲ... ကျမတို့နိုင်ငံမှာ ဧည့်သည်တွေရော၊ ဒီမှာနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ရော၊ အားလုံးဟာ လုံခြုံမှုရှိဖို့ ကျမတို့ ဦးတည်ရမယ်...

ဒါကြောင့် ကျမတို့ အတန်တန် လူတွေ နားညည်းလောက်အောင် ဥပဒေ စိုးမိုးရေး၊ ဥပဒေစိုးမိုးရေး လို့ ပြောနေတာပါ... ပထမဆုံးဖြစ်တဲ့ ရာဇ၀တ်မှုတစ်ခုကို ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်နိုင်မယ် ဆိုရင် မီးစကနေပြီးတော့ မီးတောက်ကြီး ဖြစ်မသွားဘူး...

အခု ဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်... ကျမတို့ ပြည်သူလူထု အားလုံးကလဲ ကိုယ့်အသိုင်းအ၀ိုင်းရဲ့အေးချမ်းမှု၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်စေချင်တယ်...

ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့...ကျမတို့ဟာ ပုတုဇဉ်လူသားတွေချည်းပါပဲ၊ ဘယ်နိုင်ငံကဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်...

နောက်တစ်ခုက ကျမအမြဲတမ်းပြောတယ် လူများစုဆိုတာ လူနည်းစုကို ဂရုဏာထားရမယ်... အဲ့ဒါတော့ ကျမသတိပေးပါရစေ... ကျမ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်... ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမပြောရမယ်... လူများစုဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့ အများစု အင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်၊ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်...

ကျမတို့ နိုင်ငံမှာရှိတဲ့ ဘာသာမရွေး ၊ လူမျိုးမရွေး၊ ချစ်ချစ်ခင်ခင် နဲ့ အေးအေးချမ်းချမ်းနေတာကို ကျမက မြင်ချင်တယ်... ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်...လုပ်ပေးနိုင်တာကို လုပ်ပေးမယ်... ဒါပေမယ့် ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွား မလာအောင်လို့တော့ ကျမတို့ သတိပြုပြီး ရှောင်ရပါမယ်...
(ဒေါ်အောင်ဆန်းစုကြည် ၆ ဇွန် ၂၀၁၂)
DVB သတင်းထောက် ကိုခွန်ခေါင် နဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ မေးမြန်းချက်မှ 
ကောက်နှုတ်ချက် ဖော်ပြပါသည်။


ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်နဲ့ ဥရောပခရီးစဉ် သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)

Posted: 06 Jun 2012 02:51 AM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ ခြောက်ရက်တာ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ တရပ်ကို နံနက် ၁၁း၂၀ နာရီကနေ စတင်ကျင်းပခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ခရီးစဉ်အတွင်း မျှော်မှန်းထားသည်ထက် အများကြီး အဆင်ပြေသည့် ခရီးစဉ်ဖြစ်ဟု ဆို၊ ဇွန်လ ၁၃ ရက်နေ့ စတင်မည့် ဥရောပခရီးစဉ် အကြောင်းကိုပါ ထည့်သွင်းပြောကြား။

Burma VJ Media Network
ဓါတ်ပုံ (NLD)


ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်သတင်းစာရှင်းလင်းပွဲ

Posted: 06 Jun 2012 02:29 AM PDT


အဖွဲ့ချုပ်ဥက္ကဌ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်
၂၀၁၂ခု၊ဇွန်လ၊(၆)ရက်နေ့နံနက်(၁၁)နာရီခွဲကအဖွဲ့ချုပ်ရုံး
အစည်းအဝေးခမ်းမ၌ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သတ်ပြီး
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ဥက္ကဌကသူမ၏ခရီးစဉ်အတွက်အဆင်ပြေအောင်ဆောင်ရွက်ပေး
ခဲ့သောထိုင်းအစိုးရ၊ထိုင်းပြည်သူများကိုအထူးကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

National League for Democracy



တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ဗကသများ တွေ့ဆုံ

Posted: 06 Jun 2012 02:16 AM PDT

Burma VJ Media Network
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)အား တရားဝင်ရပ်တည်နိုင်ရေးအတွက် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒေါက်တာသန်းအောင်နှင့် တွေ့ဆုံရန် ဖိတ်ကြားသဖြင့် ဗကသ ဥက္ကဌ ကိုကျော်ကိုကို၊ ကိုအောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် စသည့် ကျောင်းသား ၈ဦးနှင့် ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ (ကသဖ)မှ ဒု ဥက္ကဌ ကိုစည်သူမောင်တို့ ဒီကနေ့ ၂၀၁၂ခုနှစ် ဇွန်လ ၆ ရက်နေ့ နေ့လည် ၁း၀၀နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်တွေ့ဆုံခဲ့ကြပါသည်။

By Burma VJ Media Network


AT garment factory အထည်ချုပ်လုပ်သားများ ဆန္ဒဖော်ထုတ်

Posted: 06 Jun 2012 02:06 AM PDT

ရွှေပေါက်ကံစက်မှုဇုန်နှင့် မင်္ဂလာဒုံ စက်မှုဇုန်ကြား ရန်ကုန်စက်မှုဇုန် အမှတ်(၁၈) ဗိုလ်တေဇလမ်းရှိ AT garment factory အထည်ချုပ် လုပ်သားများသည် ယနေ့ ဇွန်(၆) ရက် နံနက်(၇)နာရီခန့် မှ စ၍ လုပ်ခလစာငွေနည်းပါးမှုအား တိုးမြှင့်ပေးရန်အတွက် လုပ်ငန်းခွင်မ၀င်ဘဲ စုံရုံးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသည် အောက်ခြေအဆင့် ၀န်ထမ်းများ၏ လုပ်ခ လစာနည်းပါးနေသည့်အတွက် အထက်ပိုင်းအဆင့် ၀န်ထမ်းများကပါ ၄င်းတို့နှင့် အတူ ပူးပေါင်း တောင်းဆိုပေးခြင်းဖြစ်သည်။
ယင်းစက်ရုံ၏ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး လုပ်ခလစာမှာ အချိန်ပိုကြေးနှင့် ရက်မှန်ကြေးအပါအ၀င် ကျပ်(၂)သောင်း ၀န်းကျင်ခန့်သာရှိကြောင်း သိရသည်။ ယင်းဆန္ဒဖော်ထုတ်မှုအတွက် နံနက်(၉)နာ၇ီခန့်မှ စ၍ စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ်ခေါင်းဆောင် (၂၅)ဦးတို့ တွေ့ဆုံ၍ အခြေခံ လုပ်ခလစာအား ကျပ်(၃)သောင်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ နေ့လည် ၁နာ၇ီ၃၀ခန့်တွင် ကုမ္ပဏီဘက်မှ ကျပ်(၁)သောင်းခွဲသာ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။
သိုသော် ၄င်းပမာဏအား အလုပ်သမားများ၏ ဆန္ဒတောင်းခံခဲ့ရာ လက် ခံခြင်းမရှိကြပဲ အနည်းဆုံး ကျပ်(၂)သောင်း တိုးမြှင့်ပေးမှ ကျေနပ်နိုင် မည်ဟု ဆုံးဖြတ်ကြ၍ လက်ရှိတွင် ဒုတိယအဆင် ထပ်မံ ညှိနှိုင်းဆွေးနွေ မှု ပြုလုပ်လျက် ရှိသည်။

ညွန့်ဝင်း

Popular Myanmar News Journal
အလုပ်သမားဆန္ဒပြမှုတခုအားတွေ့ ရစဉ်


နှစ် ၃ဝ ထည့်ဝင်ကြေးဖြင့် အိမ်တစ်လုံးပိုင်ဆိုင်မည့် အစီအစဉ် မကြာမီ စတင်မည်

Posted: 06 Jun 2012 02:05 AM PDT

အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ်
လူမှုဖူလုံရေးတွင် ဆက်တိုက်ထည့်ဝင်ကြေးပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။''၁၅ နှစ်ဆက်တိုက် ထည့် ဝင်ကြေးပေး သွင်းရင် အိမ်ခန်းတစ် ခန်းမှာ နေထိုင်နိုင်မယ်။ နောက်ထပ် ၁၅ နှစ် ထပ်သွင်းရင် ဒီအိမ်ခန်းကို ပိုင်ဆိုင်နိုင်မယ်'' ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။၁၉၅၄ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ရေးဆွဲပေးခဲ့သော လူမှုဖူလုံရေး အက်ဥပဒေအား ပြန်လည်ပြင် ဆင် ကာလွှတ်တော်တွင်း ဆွေးနွေးနေပြီး အတည် ပြုပါက အထက်ပါ စနစ်မှာ အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။လက်ရှိနိုင်ငံ၌ အိမ်ရာဈေးနှု န်း၊ မြေဈေးနှုန်းများ ဆက်တိုက် မြင့် တက်နေမှုကြောင့် အလုပ်သမား များ လက်လှမ်းမမီနိုင်သော အနေ အထားမျိုးတွင်ရှိနေကြောင်း၊ ပြဋ္ဌာန်း ရန် အစီအစဉ်ရှိနေသည့် ဥပဒေက ဖြစ်မြောက်အောင် အကောင်အ ထည် ဖော်သင့်ကြောင်း ဆွေးနွေးပွဲတက် ရောက်ခဲ့သူတစ်ဦးက ထောက်ပြ သည်။''ဥပဒေကတော့ ရှိနေတာပဲ။ အကောင်အထည်ဖော်ဖို့ပဲ လိုတယ်။ တကယ်လုပ်ပေးမယ်ဆိုရင် ဒါက အလုပ်သမားတွေ ကြိုဆိုကြမယ့် ကိစ္စပါပဲ'' ဟု ၄င်းက ပြောသည်။ပြည်ဝန်ကြီး ဦးအောင်ကြည်က ယခင်က ပြဋ္ဌာန်း ခဲ့သည့် လူမှုဖူလုံရေးဥပဒေမှာ အား နည်းချက်များ၊ အမှားများ ရှိနေ ကြောင်း၊ ထိုအမှားများကို သိထား သည့်အတွက် နိုင်ငံတကာ စံညွှန်း နှင့်အညီ ကောင်းမွန်အောင် ပြင် ဆင်ထားခြင်း ဖြစ်ပြီး နိုင်ငံတော်မှ ပံ့ပိုးပေးမည့် အတိုင်းအတာများ လည်း ပါဝင်ကြောင်း ၄င်းက ထပ် လောင်းပြောသည်။ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌဦးယု လွင်အောင်က ''လူမှုဖူလုံရေးက အိမ်ရာစီမံကိန်း ရန်ပုံငွေဆိုပြီး ထူ ထောင်မယ်။ အဖွဲ့ဝင်သူက ၁၅ နှစ်ဆက်တိုက်ထည့်ဝင်လို့ အိမ်ရာ တန်ဖိုးရဲ့တစ်ဝက်ေ လာက်ရပြီဆိုရင် ကျန် ၅ဝ ရာခိုင်နှုန်းကို ဘဏ်က ငွေချေးနိုင်ဖို့ ထောက် ခံပေးလိုက် မယ်''ဟု ပြောသည်။ဥပဒေအသက်ဝင်ပါက အိမ် ရာစီမံကိန်းရန်ပုံငွေ ထူထောင်မည် ဖြစ်ပြီး အလုပ်သမား အများစု ရှိ သောနေရာ၊ အလုပ်သမားများ အဆိုပြုသောနေရာတို့တွင် အိမ် ရာများဆောက်လုပ်ပေးမည်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ ကြမ်းအရ လူမှုဖူလုံရေး အိမ်ရာစီမံ ကိန်းရန်ပုံငွေအတွက် အလုပ်သမား လစာ၏ ၂ဝ ရာခိုင်နှုန်းကို ထည့် ဝင်ရမည်ဟုသိရသည်။

Popular Myanmar News Journal


ရခိုင်ပြည်နယ်တွင်းပြဿနာ ထပ်မံမဖြစ်ပွားစေရေး အဖွဲ့အစည်းစုံ ကြိုးပမ်းနေ

Posted: 06 Jun 2012 01:49 AM PDT

‎ရခိုင်ပြည်နယ် မြို့နယ်သုံးခုအတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများ ထပ်မံဖြစ်ပေါ်ခြင်းမရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေး အဖွဲ့များ၊ မြို့မိ မြို့ဖများနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
''အန်ကယ်တို့ပါတီကရော၊ မြို့မိမြို့ဖတွေကရော ဘာသာရေး အဖွဲ့ အစည်းတွေကရော နောက်ထပ်မဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းနေ ကြတယ်''ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ဇွန်လ ၅ ရက်နေ့ ပေါ်ပြူလာနယူးစ်ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုအရ ပဋိပက္ခဖြစ်ရာ သုံးနေရာစလုံး ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ် ပြီ ဖြစ်ကြောင်း၊ ဈေးများနှင့် အခြေခံ ပညာကျောင်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ပြီဖြစ်ကြောင်း တောင်ကုတ်မြို့နေသူ တစ်ဦးက ပြောသည်။
''လက်ရှိကတော့ အေးအေးဆေးဆေးပါဗျာ''ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုအခါ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်၊ ပစ္စည်းလု အသတ်ခံရမှုဖြစ်စဉ်အား တရားခံဟုယူဆရသူ ၃ ဦးကို စစ်ဆေးမှုပြု လုပ်နေကြောင်း၊ တောင်ကုတ်မြို့၌ ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၁ဝ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍လည်း တရားဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးနေကြောင်း ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အမျိုး သမီးတစ်ဦး မုဒိမ်းကျင့်၊ ပစ္စည်းလု၊ အသတ်ခံရသည်မှ အစပြု ခဲ့ခြင်းဖြစ်ပြီး ယင်းပဋိပက္ခများအား နိုင်ငံပိုင်သတင်းစာမှလည်း ဖော်ပြထားသည်။

မိုးမြင့်မြတ်

၁ - ၂၈.၅.၂ဝ၁၂ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရမ်းဗြဲမြို့နယ် ကျောက် နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေး ၂၇ နှစ် (ဘ) ဦးလှတင်သည် ကျောက်နီမော်ကျေးရွာ စံပြရပ်ကွက်မှ စက်ချုပ်သင်ပြီး နေ အိမ်သို့ ပြန်လာစဉ် ကျောက်နီမော်ကျေးရွာ ကျောက်ထရံရပ်ကွက်နှင့် ချောင်းဝကျေးရွာသို့သွားသော တာပေါင်လမ်းဘေးရှိ ကုက္ကိုပင်အနီး ပျားတော (ဒီရေတော)၌ ၄င်းအား လူ(၃)ဦးက ဓားဖြင့် ထိုးသတ်သည့် ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
၂ -၃.၆.၂ဝ၁၂ နံနက် ၆ နာရီတွင် မသီတာထွေးဖြစ်စဉ်နှင့် ပတ်သက် ၍ တောက်ကုတ်မြို့တွင် အသိပေးနှိုးဆော်စာ ဖြန့်ဝေခြင်း ဖြစ်ပွားခဲ့သည်။ ထိုနေ့ညနေ ၄ နာရီတွင် သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ မှန်လုံယာဉ်ပေါ်မှ လူဆယ်ဦးအား သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
၃ -၃.၆.၂ဝ၁၂ ညပိုင်းတွင် လူစုလူဝေးဖြင့် စစ်တွေမြို့ ရဲစခငန်းအား ဝိုင်းဝန်းဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။
၎ - ၄.၆.၂ဝ၁၂ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက အားလုံးပြန် လည် တည်ငြိမ်အေးချမ်းစေရန် ရပ်မိရပ်ဖများနှင့်အတူ ဝိုင်းဝန်းဆောင် ရွက်နိုင်ခဲ့သည်။ သံတွဲ နည်းပညာ ကောလိပ်အား ဆယ်ရက်မျှ ကျောင်း ပိတ်ထားလိုက်သည်။
၅ - ၅.၆.၂ဝ၁၂ ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ သည်။

Popular Myanmar News Journal


ချစ်သူကို မီးရှို့သတ်သူ လူသတ်တရားခံ လွင်ဦးရဲ့ ဘ၀အကြောင်း

Posted: 06 Jun 2012 01:36 AM PDT

လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့၊ လှည်းတန်းမှာ ဆေးကျောင်းတက်နေတဲ့ ချစ်သူကို ဓါတ်ဆီလောင်း မီးရှို့တဲ့ အမှုတစ်ခု ဖြစ်ခဲ့တယ်။

တိုက်ခန်းတွင်း ရှိနေတဲ့ ချစ်သူကို ဓါတ်ဆီနဲ့ ပက်ပြီး မီးရှို့သူ တရားခံဟာ လွင်ဦးဆိုတာ သိရပြီး မီးရှို့ခံရသူ အမျိုးသမီးလေးဟာလည်း ဆေးရုံမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့ ထပ်သတင်းကြားရပါတယ်။ သူတို့ နှစ်ဦးရဲ့ နောက်ကြောင်း ဘာဖြစ်လို့ ဒီလိုလုပ်တယ် ဆိုတာကို ဆက်မသိရတော့ဘူး။ ကျွန်တော်လည်း ဒီလိုဘဲ မေ့မေ့ပျောက်ပျောက်လေး နေခဲ့တယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ထဲက ကျေးရွာလေးတွေဆီ စက်ရေတွင်းတူး လှူဒါန်းပေးဖို့ ကိစ္စနဲ့ အသွား စစ်ကွင်းဆိုတဲ့မြို့လေးကို ဖြတ်တော့မှ လွင်ဦးဆိုတာ ဘယ်သူ သေဆုံးသွားတဲ့ ကလေးမလေးက ဘယ်သူ ဆိုတာ သိလိုက်ရပြီး ဘယ်လိုဖြစ်ပျက်ခဲ့ကြတယ် ဆိုတဲ့ နောက်ခံ အကြောင်းအရာတွေကို ဒေသခံတွေက ပြောပြတာ ကြားခဲ့ရတယ်။

ကိုလွင်ဦးရဲ့ ဖခင်က မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး သူ့မိခင်က ဆရာဝန်မ တစ်ဦးဖြစ်ပါတယ်။ စစ်ကွင်းမြို့မှာတော့ ဒေါ်ဌေးဌေးစော ဆိုတဲ့ လွင်ဦးရဲ့ မိခင်ဟာ နာမည်ကောင်းနဲ့ နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။

လွင်ဦးဟာ စစ်ကွင်းမြို့မ ကျောင်းမှာ ကျောင်းတက်ခဲ့သူ ဖြစ်ပြီး ရေကျောင်းသိပ္ပံနဲ့ ကျောင်းပြီးသွားပြီး သင်္ဘောလိုက်နေခဲ့တဲ့ ရိုးသားပြီး စာကြိုးစားတဲ့ သင်္ဘောသား အရာရှိပေါက်စလေး တစ်ယောက်ဖြစ်ကြောင်း စစ်ကွင်းမြို့ခံတွေက ပြောပြခဲ့ပါတယ်။

ကလေးမလေးကလည်း မင်းလှမြို့ပေါ်က ဖြစ်ပြီး ဖခင် ရှေ့နေ၊ မိခင် ဆေးလိပ်ခုံပိုင်ရှင် (ယခုအခါ စက်ဘီးဆိုင်) က မွေးဖွါးလာပြီး စာတော်တဲ့ သူဖြစ်ပါတယ်။

ချစ်သူချင်း ရည်ငံခဲ့ကြပြီးနောက် လွင်ဦးဟာ တစ်ပြည်ခြားကို သွားပြီး သင်္ဘောလိုက်နေခဲ့ချိန် ရသမျှလေးတွေ ချစ်သူနဲ့ အတူနေနိုင်ဖို့အတွက် ပေးပို့ စုဆောင်းနေသူ ဖြစ်တယ်လို့လည်း အသိမိတ်ဆွေတွေက ပြောပြပါတယ်။

လေးနှစ်အကြာ ချစ်သူနဲ့ တွေ့ဖို့ အားခဲပြီး ပြန်ရောက်လာချိန်မှာတော့ သူချစ်တဲ့ ဆေးကျောင်းသူလေးက သူ့ကို အတွေ့မခံတော့ဘဲ အခြားချစ်သူ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေပြီ ဆိုတာ သိလိုက်ရတဲ့ လွင်ဦးတစ်ယောက် ဘယ်လိုမှ မခံစားနိုင်တော့ဘဲ အခုလို ဒေါသရှေ့ထားပြီး လုပ်မိလုပ်ရာ လုပ်ချလိုက်ရာကနေ နိုင်ငံကျော် အမှုတစ်ခု ရဲ့ တရားခံ ဖြစ်လာခဲ့ရတာပါ။

လွင်ဦး အနေနဲ့ အမှုပေါင်း ၆ မှုနဲ့ အမှုဖွင့်အရေးယူခံထားရပြီး အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ ကြားရသလို စစ်ကွင်းမြို့က သူ အဖေ အမေအိမ် အပေါက်ဝမှာလည်း မိဘတွေက ဆေးကုသမယ့် လူနာတွေကိုတောင် လက်မခံနိုင်သည်အထိ ခံစားချက်တွေ ပြင်းလွန်းနေပြီး "ခရီးသွားနေသည်" လို့ ဆိုင်းဘုတ်ထူ ထားတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။.. သေဒဏ်လောက် ကျခံရနိုင်တဲ့ လွင်ဦးဟာ တစ်ဦးတည်းသော သားတစ်ယောက်လည်း ဖြစ်ပါတယ်။မီးရှို့ခံ၇တဲ့ လွင်ဦးချစ်သူလေးကလည်း ဆုံးခါနီးမှာ လွင်ဦးကို ခွင့်လွှတ်ပေးပါ၊ သူလည်း ခွင့်လွှတ်တယ်လို့ အတန်တန်ပြောခဲ့ရှာကြောင်း သိ၇ပါတယ်။

by Zaw Lwin Win


အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်

Posted: 06 Jun 2012 01:25 AM PDT

"ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကိုထိထိမိမိနဲ့မှန်မှန်ကန်ကန်ကိုင်တွယ်လိုက် နိုင်မယ်ဆိုရင်မီးစကနေမီးတောက်အထိမဖြစ်နိုင်ဘူး။

အခုဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်းကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက်ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။

ကျွန်မတို့ဟာပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊လုံလုံခြုံခြုံနေချင်တယ်။အဲဒီဟာကို ခေါင်းထဲမှာ ထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။"

 ဒေါ်အောင်ဆန်းစုကြည်


အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်ကိုသတင်းထောက်တစ်ယောက်ကမေးမြန်းရာ"ဒီလိုပြသနာတွေဖြစ်လို့ရှိရင် ကျွန်မအတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်။နံပတ်၁ကတော့ ဥပဒေစိုးမိုးရေးဘဲ။ နှစ်ကတော့ လှုံ့ဆော်တဲ့သူများရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု့။ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဆုံးပြသနာတစ်ခုဖြစ်ပြီ၊ ရာဇ၀တ်မှု့တစ်ခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေဟာ ကြီးမားသွားနိုင်စရာမရှိဘူး။ ပြသနာတစ်ခုမရှင်းလိုက်တာနဲ့ နောက်တစ်ခုထပ်ပြီး ကြီးကြီးကျယ်ကျယ်ပေါ်လာပြီ ။ ဒါဟာ ဥပဒေပိုင်းဆိုင်ရာအဖွဲ့တွေကရှင်းလင်းရမယ့်ပြသနာ။ ရာဇ၀တ်မှု့ကျူးလွန်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူရ မှာက ရဲအဖွဲ့နဲ့ဆိုင်တယ် ။ဥပဒေတရားရုံးတွေနဲ့ဆိုင်တယ်။ အဲဒါတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် ပြသနာတွေကိုထိန်းထားလို့ရတယ်။ မြန်မြန်ဆန်ဆန်မလုပ်နိုင်ရင် ပြသနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ကြီးသွားမယ်။ ပြည်သူအများကလည်း စိုးရိမ်ပူပန်နေမယ်လို့ကျွန်မထင်တယ်။အခြေအနေတွေကိုမတည်ငြိမ်အောင်လှုံဆော်နေတဲ့သူတွေ များရှိသလား ။

ကျွန်မကတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆိုလုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုးဖြစ်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့လုံခြုံမှု့နဲ့ဆက်စပ်မှု့ရှိတယ် ။ စိတ်ချမ်းသာမှု့ဆိုတာလုံခြုံမှု့ကစရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာစရာမရှိဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး ဘာသာမရွေး ၊ကျွန်မတို့ ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး ၊လူမျိုးမရွေးဘာသာမရွေးလုံခြုံမှု့ရှိတဲ့နိုင်ငံမျိုးဖြစ်စေချင်တယ်။
ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်လိုက်နိုင်မယ်ဆိုရင် မီးစကနေ မီးတောက်အထိမဖြစ်နိုင်ဘူး။ အခု ဥပဒေစိုးမိုးရေးအမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်း ကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။
နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အားကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တာကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာကိုလုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။"ဟု ပြန်လည်ဖြေကြားခဲ့သည်။

7Day News Journal


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

Posted: 06 Jun 2012 01:44 AM PDT

ဓါတ်ပုံ(ချော-အစိမ်းရောင်လွင်ပြင် - ဘလော့ဂ်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၃/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)တို့အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသာဦးအား မိမိသဘောဆန္ဒအလျောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။
                                                                                  (ပုံ) သိန်းစိန်
                                                                                နိုင်ငံတော်သမ္မတ
                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
--------------------------------------------------------------------------

ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၁၄/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်)
ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(ခ)တို့အရ အောက်ပါဒုတိယဝန်ကြီး များအား မိမိသဘောဆန္ဒ အလျောက် ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-
(၁)       ဦးတင့်လွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၂)       ဦးစိုးအောင် စွမ်းအင်ဝန်ကြီးဌာန
                                                                                                     
                                                                                                                                                           
                                                                                                                                                  (ပုံ) သိန်းစိန်
                                                                                နိုင်ငံတော်သမ္မတ
                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတရုံးဝက်ဆိုဒ်


မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ

Posted: 05 Jun 2012 05:39 PM PDT

မိုးထိမိုးမိ ရွှေတောမှာ ရွှေလုပ်သားများ ဆန္ဒပြနေစဉ် (ရုပ်/သံ)
 


























မိတ္ထီလာမြို့
ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊နယုန်လပြည့်ကျော်(၁)ရက်
( ၂၀၁၂ ခုနှစ်၊ ဇွန်လ (၅) ရက်

မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ

 မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းခရိုင် ၊ ရမည်းသင်းမြို့နယ် ၊ တူးကုန်းအုပ်စု ရွှေများထွက်ရှိရာ မိုးထိမိုးမိ ဒေသ တောင်ကြီးသည် ၁၈မိုင်ပါတ်လည်ကျယ်ဝန်းပြီး ဧရိယာအားဖြင့် လုပ်ကွက်ဧရိယာ(၆၁၀၅)ဧက ရှိပါသည်။ ယခင်က ၎င်းရွှေလုပ်ကွက်ဒေသများကို ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ခဲ့ပြီး ထိုအချိန် က သတ္တုတွင်းဝန်ကြီးဋ္ဌာန ၊ ရဲ နှင့် ဒေသဆိုင်ရာအာဏာပိုင်များကို လာဘ်ငွေပေးပြီး ရွှေကြောရှိရာ တောင်ပေါ် သို့တက်၍ ခိုးတူးခဲ့ကြရခြင်းဖြစ်ပါသည်။
အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီလီမီတက်က နိုင်ငံတော်သို့ ၅-နှစ်သက်တမ်းအတွက် ရွှေသတ္တု  ၅.၅၇၇ တန် ပေးဆောင်ရမည်ဟူသော သဘောတူညီချက်ဖြင့် ဤမိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့် လိုင်စင် ကို ရရှိခဲ့ပါသည်။ ၁၆-၅-၂၀၁၂ ရက်နေ့တွင် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဦးစိုးထွန်းရှိန်က တစ်တောင်လုံးရှိ အင်းပိုင်(ခ) စက်ပိုင် နှင့် အင်းသားများ လူ၅-သိန်းကို ပြောဆိုခဲ့သည်မှာ မင်းတို့လုပ်ကြ ၊ စက်တွေထောင်ကြ ၊ အင်းသား တွေမွေးကြ ၊ မင်းတို့ တဲကနေတိုက်ဖြစ်စေရမယ်။ မင်းတို့သားသမီးတွေအတွက် ကျောင်းတွေဆောက်ပေးမယ်။ ငါတို့ လုပ်ကိုင်ခွင့်သက်တမ်းကာလတစ်လျှောက် လက်တွဲခေါ်ဆောင်မယ်။ တွဲလုပ်ကြမယ်။ ငါတို့ကုမ္ပဏီလည်း ဆက်လုပ်ခွင့်ရမယ် ၊ မင်းတို့ကလည်း အပြစ်အနာအဆာမရှိဘူးဆိုရင် လုပ်ငန်းတွေကို မရပ်ဆိုင်းဘူး။ ရိက္ခာပေးမယ်။ ဗြုံးထည့်အိပ်ပေးမယ်။ ငွေလည်းပေးမယ်။ အစစအရာရာထောက်ပံ့မယ်လို့ ပြောခဲ့တဲ့အတွက် အသေးစားရွှေလုပ်ငန်းရှင်များသည် ယုံကြည်ချက် ၊ မျှော်လင့်ချက် အပြည့်အ၀ဖြင့် ရှိစု မဲ့စု မိမိတို့ပိုင်ဆိုင်ကြ သော မွေးရပ်မြေမှ အိမ၊် ခြ၊ံ ယာ၊ မြေ၊ ကျွဲ၊ နွား ပါမကျန် ပေါင်နှံရောင်းချ၍ အသေးစားရွှေကြိတ်စက်များ ထူထောင်ခြင်း Adit (အက်တာ) နှင့် လေးပင်အင်းများ ရေရှည်တည်တန့်ခိုင်မြဲအောင် လုပ်ကိုင်၍ ရင်းနှီးမြှုပ်နှံခဲ့ ကြတယ်။ တရားဝင်လုပ်ပိုင်ခွင့်ရထားတဲ့ "အမျိုးသား……" ကုမ္ပဏီက ၅-နှစ်တွဲလုပ်မယ် ၊ လုပ်ခွင့်ရမယ်ဆို တော့ ရှိရှိသမျှ ပိုင်ဆိုင်မှုတွေရောင်းချပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတာဖြစ်တယ်။
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်ရဲ့ လက်အောက်မှာ အစုရှယ်ယာတစ်ခုကို သိန်း ၁၀၀၀ (တစ်ထောင်)နဲ့ မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီများ ရှိပါတယ်။ ကန္တာရစိမ်း ၊ အာရှအမြုတေ ၊ ရွှေပြည်အေး ၊ ကြယ်ငါးပွင့် ၊ ရွှေတောင်ကျော ၊ ဝေလင်းထိုက် ၊ မြမျိုးသက်ဦး ၊ ရွှေညီအကို ၊ ရေတော်သား ၊ ရွှေပလောင် ၊ ဓနစမ်းရေ ၊ နေခြည်ပွင့် ၊ ရဲညီနောင် ၊ မိုးရွှေဝါ ၊ မြင့်မိုရ်ရွှေတောင် ……… စသည်ဖြင့် ၂၉-ခုခန့် ရှိပါသည်။ ၎င်းမိတ်ဖက်ကုမ္ပဏီများဟာ အင်းပိုင်(ခ)စက်ပိုင်များရဲ့ တာဝန်ခံကုမ္ပဏီများလည်းဖြစ်ပါတယ်။
ထိပ်ဆုံးမှာ နိုင်ငံတော်အစိုးရထံမှ လုပ်ပိုင်ခွင့်ရထားသော "အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်" နှင့် ၎င်းအောက်မှာ သိန်း၁၀၀၀ဖြင့်ဝင်ထားသော မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီရှိပါတယ်။ မိတ်ဖက်ကုမ္ပဏီအောက်မှာမှ ယင်းကတာဝန်ခံထားသော အင်းပိုင်(ခ)စက်ပိုင် ၊ ၎င်းအောက်မှာမှ အင်းသားများ နှင့် ၊ အင်းသားများအောက်မှာက လက်လုပ်လက်စား ဈေးသည်များရယ်လို့ လူတန်းစားအဆင့်ဆင့်ရှိနေပါတယ်
အင်းပိုင်တစ်ချို့ဟာ အင်းသားကနေ ကြိုးစားရှာဖွေစုဆောင်းပြီး အင်းပိုင်ဖြစ်လာတာတွေလည်း ရှိပါတယ်။ အင်းပိုင်တွေဟာ လုပ်ပိုင်ခွင့်ရပြီဆိုတော့ မြေရှင်းရ ၊ ညှိရ ၊ ဘက်ဟိုးနဲ့လာထိုးပေးတာကို ဘက်ဟိုးဖိုးပေးရ ၊ နေ့စားတွေငှားပြီး ခုတ်ရ ထွင်ရ ရှင်းရတယ်။ အဆောက်အဦ  တဲတွေဆောက်ရတယ်။ စက်တွေ ၀ယ်ထောင်ရတယ်။ နောက် အင်းသားတွေကို ကျွေးမွေးပြီး (စားစရိတ် စိုက်ထုတ်ပြီး) အင်းကိုတူးရ တယ်။ အင်းတူးရတာဟာ အတောင် ၈၀ ၊ ၁၀၀ အနဲဆုံးတူးရပါတယ်။ ထွက်လာတဲ့ဗြုံးကို အင်းပိုင်ဟာ အမျိုး သားကြီးပွားတိုးတက်ရေးကုမ္ပဏီကြီးကို တစ်ဝက်တိတိ ခွဲပေးရပြီး အင်းပိုင်ရဲ့ တာဝန်ခံကုမ္ပဏီကို ကျန်တစ် ၀က်ရဲ့ ၄ပုံ-၁ပုံ ပေးရပါသေးတယ်။ ကျန်တာကိုမှ ကြိတ်ခွဲ ၊ ရွှေထုတ် ၊ ကုန်ကျစရိတ် နှုပ်ပြီး အင်းပိုင်၊ အင်းသား ခွဲဝေယူရတာပါ။
ဒီ အမျိုးသား ကုမ္ပဏီရောက်လာမှ အောက်တွင်ဖေါ်ပြပါ လိုင်စင်ကိုလည်း တာဝန်ခံကုမ္ပဏီမှတဆင့် ထုတ်ပေးထားတာဖြစ်ပြီး ရွှေလုပ်ကွက်ဧရိယာတစ်ခုလုံးကို အသေးစားရွှေထုတ်လုပ်မှု ဇုန်(၁) မှ (၁၂)ထိ ခွဲခြား သတ်မှတ်ခြင်း ၊ ရွှေသတ္တုတူးဖေါ်ထုတ်လုပ်ရန် Adit (ခ) အက်တာ(တောင်ကိုဖောက်သွားတာ) နှင့် လေးပင်အင်းများကို အမှတ်စဉ်(၁) မှ (၁၀၀၀)ကျော်ထိ အင်းနံပါတ်များပေး၍ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။
စတင်ပြုလုပ်စဉ်က လမ်းများမကောင်း၍ လမ်းဖောက်လုပ်ရေးများမှာ အင်းအားလုံးက လုပ်အားပေးခဲ့ ကြရပါတယ်။ လမ်းမကောင်း၍ ဗြုံးကြိတ်စက် စသည်စက်ကရိယာများကို ဖြုတ်၍ တောင်ပေါ်သို့ထမ်းတင်ခဲ့ကြ ရပါတယ်။
အမျိုးသားကုမ္ပဏီလူကြီးများသည် စတင်ဝင်ရောက်စဉ်က နှုပ်ကတိဖြင့်ပြောဆိုခဲ့သည်များကို ဘာတစ်ခုမှ လုပ်မပေးခဲ့ပါ။ စားစရိတ်မပေး ၊ ဗြုံးထည့်အိပ် တစ်အိပ်မှမပေး (ဗြုံးအိပ် ၄အိပ်ကို ၁၀၀၀ိ/ တစ်ခါ ကို အိပ်ခွံ ၄၀၀, ၅၀၀, ၆၀၀ ၀ယ်ရပါတယ်။) အမျိုးသားကုမ္ပဏီအဖွဲ့ကရော မဲန်ဘာကရော ဘာထောက်ပံ့မှုမှမပေးဘဲ ဗြုံးထွက်လာသောအခါ ဥပမာ- ဗြုံးအိပ် ၁၀၀ဆိုလျှင် သူတို့စိတ်ကြိုက်ရွေး၍ အိပ် ၅၀ ယူပါသည်။ "သူတို့က ထိုင်ရက်က နေယူနေတာ၊ အင်းသားများမှာတော့ တွင်းထဲမှာ အန္တရာယ်အမျိုးမျိုးနဲ့ မြေပြိုမှာကြောက်ရ ၊ ဆရာကသပ်ရပ်မှ ၊ မသပ်ရပ် ရင် နောက်လိုက်တွေ ဒုက္ခရောက်ကြရ" ဟု အင်းသားများက ပြောကြပါသည်။
ယခင်က စားစရာမရှိရင် ဗြုံးအိပ် ၅အိပ် ၁၀အိပ်မှ တစ်အိပ်လောက်အရင်ကြိတ်ပေးတာမျိုး ယခုအမျိုးသားကုမ္ပဏီကတော့  အိပ် ၁၀၀ရမှ အိပ်၂၀၀ရမှ ကြိတ်ခွင့်ပြု၍ လူအများမှာ အတော်ပင် ဒုက္ခရောက် ရှိခဲ့ပေမဲ့ ကြရပါတယ်။ ၎င်းအပြင် ဗြုံးကျောက်ခဲ လက်ထဲမှာရှိလျှင် ၁-ခဲကို ၁ိသားဆိုလျှင် ထောင်တစ်နှစ်ချတာတွေလုပ် ပါသည်။ ဇုံ(၅)ကျောက်စရစ်တောင်မှ ကြယ်ငါးပွင့်ကုမ္ပဏီမှာလုပ်နေသော ၁၅-နှစ်သား ကလေးတစ်ဦးဟာ ဗြုံးအိပ်နဲ့မိလို့ ထောင်ဒဏ် ၇-နှစ်ချပစ်လိုက်သည်မှာ ယခုဘယ်ထောင်မှာ ရောက်နေမှန်းမသိရပါ။ ဇုံ(၈)ဟာ ရွှေအများဆုံးထွက်ရာဒေသဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်ဟာ ရှမ်းနာမည် စိုင်းဝင်းမြင့်ဟု အမည်ခံထားသော တရုပ်လူ မျိုးစစ်စစ်ဖြစ်ပါတယ်။ ဇုံ(၈)မှာ ဂဲခိုးလို့ဆိုပြီး ဖမ်းဆီးလက်ပြန်ကြိုးတုပ် နေပြည်တော် နှင့် ရမည်းသင်းရဲစခန်းကို ပို့တာ အများဆုံးဖြစ်ပါတယ်။ ကွမ်းယာထည့်တဲ့အိပ်နဲ့ဘဲထည့်လာလာ ၊ လမ်းပေါ်မှာဘဲ တွေ့တွေ့ ၊ အက်တာက ဘဲ ထွက်လာလို့တွေ့တွေ့ ၊ ကိုယ့်အိမ်မှာလည်း ထားလို့မရ တွေ့ရင်ဖမ်းပါတယ်။ ဖမ်းပြီးရဲစခန်းပို့လွန်းလို့ "အင်း သားခိုးတာက နဲနဲလေး ၊ မင်းတို့ခိုးတာက တိုင်းပြည်ကုန်တော့မယ်လို့ ရမည်းသင်းက အာဏာပိုင်များကပြော ပြီး အရေးယူမပေးတော့မှ ဖမ်းတာ ဆီးတာ ရပ်သွားပါတော့တယ်။ ဟု အင်းသားများကပြောပြကြပါတယ်။
တရားဝင်လုပ်ခွင့်ရပြီ ။ အနဲဆုံး ၅-နှစ်သက်တမ်းလုပ်ခွင့်ရမယ်ဆိုလို့ အင်းပိုင် အင်းသားအားလုံးက ငွေအား လူအား ကြိုးစား ပမ်းစား လုပ်ကိုင်ခဲ့၍ ယ္ခုတော့ သာသာယာယာ စိုစို ပြေပြေ ရှိလာခါမှ သူတို့ကို ၇-လ တောင်မှ လုပ်ခွင့်ပေးပြီးပြီ ၊ အခုတော့ အကြီးစားစက်များနှင့် ကမ္ဘာ့စံချိန်မှီ မိုင်းတွင်းဖြစ်ပေါ်ရေး ၊ အကြီးစား ရွှေထုတ်လုပ်ငန်း အသွင်ကူးပြောင်းရေး ၊ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန် ပြည်တွင်းတိုင်းရင်းသား အသေးစားလုပ်ငန်းရှင်များကို ကိုယ်ချင်းမစာ ၊ မညှာမတာ အတင်းအဓမ္မ အားလုံးကို မောင်းချသည်မှာ မည်သို့ မျှ မဖြစ်သင့်ပါ။ မည်သို့မျှ တရားမျှတမှုမရှိပါ။ အင်းသားများ၏ပြောပြချက်အရ ၎င်းအမျိုးသား ကုမ္ပဏီက ယနေ့ အထိ အက်တာ တစ်ခုမှမဖေါက်နိုင်သေးပါ။ နိုင်ငံတော်သို့ တစ်လလျှင် ရွှေ ၇၃ိ/ သား ပေးသွင်းနေတာဟာ အမျိုးသား---- ရဲ့ ဗြုံးတစ်စေ့မှ မပါပါ။ အင်းပိုင် အင်းသားများလုပ်လို့ရတဲ့ ရွှေတွေသာဖြစ်ကြောင်း အားလုံးက ပြောကြပါတယ်။
ဒီ ပိတ်ပင်ကန့်သတ်မှုကို ၅-၁-၂၀၁၂ ရက်နေ့မှာ ရွှေသတ္တုထုတ်လုပ်မှု ဇုံတာဝန်ခံ (ခ) မိတ်ဖက် ကုမ္ပဏီများမှတဆင့် အကြောင်းကြားခဲ့ပါတယ်။ သိန်း ၁၀၀၀- သာရှယ်ယာဝင်ထားတဲ့ မဲန်ဘာ(ခ)တာဝန်ခံများ က လက်အောက်ခံအင်းပိုင်များကို ရော်ကြေးပေးမည်ဆိုပါလျှင် အင်းပိုင် တစ်ဦး တစ်ဦးကို သိန်းရာနှင့်ချီ၍ ရင်းနှီးမြှပ်နှံထားရပြီး ယခုအခါမှာတော့ မဲန်ဘာများမှာ မရော်နိုင်ဘဲ ထွက်ပြေးနေကြကြောင်း ပြောပါတယ်။
အင်းပိုင် အင်းသားများဟာ ဤမိုးထိမိုးမိ ရွှေလုပ်ကွက်တောင်ကြီးပေါ်မှာ အားသွန်ခွန်စိုက်ရင်းနှီးမြှပ်နှံ ထားမှုများကို ဘာမှမရရှိဘဲ မခံစားရဘဲ လက်လွတ်ပြီး ကိုယ့်အရပ်ကိုယ်ပြန်ရမည်ဆိုလျှင်လည်း ကိုယ့်အရပ်မှာ နေစရာ လုပ်စရာ လုပ်ဖက်ကရိယာ ဘာဆိုဘာတစ်ခုမှ မကျန်ရှိတော့၍ မပြန်နိုင်ပါ။ ဤတောင်ကြီးပေါ်မှာပင် မိမိတို့ရသင့်ရထိုက်သည့် စစ်မှန်သော အခွင့်အရေးများကို မရရအောင် ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ် ကြောင်းပြောကြပါသည်။
၁-၆-၂၀၁၂-ရက်နေ့မှစတင်၍ "အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်" ပင်မစခန်းကြီးတွင် ဇုံ ၁၂-ဇုံမှ အင်းပိုင် အင်းသား လက်လုပ်လက်စားများပါမကျန် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

                "အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်"ကတော့ ၇-၆-၂၀၁၂ရက်နေ့မှာ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ပြောကြား၍ ဆန္ဒပြသူများက နေ့စဉ်  ရက်ဆက် မိမိတို့ဇုံအသီးသီးတွင်၎င်း ပင်မစခန်းကြီးတွင်၎င်း တောင်းဆိုဆန္ဒပြမှုများကို လူသောင်းနှင့်ချီ၍ ပြုလုပ်နေကြပါကြောင်း။


မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၅.၆.၂၀၁၂)


စကားများရန်ဖြစ်စဉ် ဓားနှင့်ထိုး၍ သေဆုံး

Posted: 05 Jun 2012 03:41 PM PDT

06 JUN 2012  | BY အကျိုးဆောင်ဂျာနယ်
ထန်းတပင် မြို့နယ်နေ အသက် ၂၄နှစ်အရွယ် အမျိုးသမီးမှ မေလ ၂၅ရက်နေ့ နံနက် ၁၁း၄၅ အချိန် ခန့်တွင် ၄င်းနေအိမ်၌ ရှိစဉ် အစ်ကို ဝမ်းကွဲတော်သူ မျိုးမင်းထွန်း (၂၅) နှစ်နှင့် ကိုမင်းညွန့်ရန် (၂၈)နှစ်တို့ နှစ်ဦး ဓားထိုးခံရပြီး လဲကျနေကြောင်း သိရ၍ သွားရောက်ကြည့်ရှုခဲ့သည်။

မျိုးမင်းထွန်းမှာ ရင်ညွန့်ထိုး သွင်းဒဏ်ရာ တစ်ချက်နှင့် လဲကျ သေဆုံးနေပြီး ကျော်ဦး(ခ)ကိုဦး(ခ) မောင်ဦး(ခ)အရှည်ကြီး (၄၂)နှစ် နေသူမှ စကားများရန်ဖြစ်စဉ် ဓား နှင့်ထိုးသွားကြောင်း သိရ၍ အရေး ယူပေးရန် တိုင်ကြားခဲ့သည်။ သောင်ကြီးရဲစခန်းက (ပ) ၃၆၄/၁၂ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အရအမှုဖွင့် စုံစမ်းလျက်ရှိသည်။
နိုင်မိုး


အမျိုးသမီးတစ်ဦးအား မတရားပြုကျင့်မှု

Posted: 05 Jun 2012 03:39 PM PDT

05 JUN 2012  | BY အကျိုးဆောင်ဂျာနယ်
ဒလ မြို့နယ်နေ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် မေလ ၂၄ရက် နေ့ ည၈နာရီ အချိန် ခန့်တွင် ရန်ကုန် ဘက်ကမ်းမှ အဝတ် လျော်ပြီး နေအိမ်သို့ ပြန်လာစဉ် စက်မြေ ရပ်ကွက်တွင် လွန်ခဲ့သော ၃နှစ် ခန့်က ရင်းနှီးခဲ့သည့် ဟန်ထွေး(၃၂) နှစ်၏ နေအိမ်ရှေ့အရောက် ပြော စရာရှိကြောင်း ပြော၍ ခေါ်သဖြင့် ၄င်းနေအိမ်သို့ လိုက်ပါသွားစဉ် မီးဖို ချောင်အရောက် ချွန်ထက်သောအရာ ဖြင့် ဝမ်းဗိုက်ကို ထောက်၍ ခြိမ်းခြောက် ပြောဆိုကာ သားမယားအဖြစ် ၃ကြိမ် ပြုကျင့် ခဲ့ကြောင်း ၄င်းနောက် ဖေးသို့ ခေတ္တထွက်သွားစဉ် ထွက် ပြေးခဲ့ကြောင်း မေလ ၂၆ရက်နေ့ ည(၁၂း၄၅)အချိန်ခန့်တွင် သက် ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ဒလရဲစခန်းက (ပ)၃၁၂/၁၂ ပြစ်မှုပုဒ်မ ၃၇၆အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
နိုင်မိုး


ဇွန်(၆)ရက်နေ့တွင် ကမ္ဘာနှင့်နေကြား သောကြာဂြိုဟ်ဖြတ်မည်

Posted: 05 Jun 2012 03:35 PM PDT

သေကြာဂြိုဟ်သည် မြေကမ္ဘာနှင့် နေတို့အကြားဝယ် ဇွန်လ(၆)ရက်နံနက် ၁၁နာရီ ၂၉ မိနစ်မှ စတင်၍ဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့သောဖြတ်သန်းမှုသည် ထူးခြားသည် နက္ခတ်တာရာဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်သည့်အပြင် နက္ခတ်ဗေဒင်ပညာအလိုအရလည်း အရှေ့တောင်အာရှနိုင်ငံများအပေါ်အကျိုးသက်ရောက်မှုသိသာလိမ့်မည်ဖြစ်ကြောင်းသိရသည်။
ကိုးကွယ်ယုံကြည်မှုဆိုင်ရာယိုယွင်းကျဆင်းမှုတို့ဖြစ်ပေါ်လာနိုင်သည်ဟု နက္ခတ်ဗေဒင်ပညာရှင်တို့ကဆိုကြသည်။

ကမ္ဘာနှင့်နေအကြား သောကြာဂြိုဟ်ဖြတ်သန်းသွားခြင်းသည် ကမ္ဘာနှင့်နေအကြား လဖြတ်သွားသဖြင့်ဖြစ်ပေါ်သည့် နေကြပ်ခြင်းဖြစ်စဉ်နှင့်တူညီသော်လည်း ထိုသို့မြင်တွေ့ကြရမည်မဟုတ်ပဲသေကြာဂြိုဟ်အား နေပေါ်မှ အစက်အပြောက်ငယ်တစ်ခုသဖွယ်သာမြင်တွေ့ရမည်ဖြစ်သည်။

ယခုဖြစ်စဉ်မျိုးသည် နောင်နှစ်ပေါင်း ၁၀၅ နှစ်(သို့) ၁၂၂ နှစ်ခန့်တွင်မှ ထပ်မံဖြစ်ပေါ်ဖြစ်ပြီး၊ နောက်ဆုံးအကြိမ်အဖြစ် ၁၈၇၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည်။
သေကြာဂြိုဟ်၏တစ်ရက်သည် ကမ္ဘာရက်နှင့်တွက်မည်ဆိုပါက ၂၄၃ ရက်မျှကြာမြင့်သည်။

UPKP

Popular Myanmar News Journal


လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကပေးပြီ

Posted: 05 Jun 2012 03:22 PM PDT

မြန်မာနိုင်ငံကို လျှပ်စစ်မီး အပြည့်အဝပေးနိုင်ရန် အတွက် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပုဂ္ဂလိက လျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကလျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးခြင်းကို ပြည်တွင်း လုပ်ငန်းရှင်များ အပါအဝင် ပြည်ပမှ လုပ်ငန်းရှင်များ ကလည်း လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ယခုအခါ  နိုင်ငံတော် အနှံ့ လျှပ်စစ်မီးများ အမြန်ရ ရှိစေရေး  အတွက်  နိုင်ငံတော် အစိုးရနှင့်အတူ  ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ပါဝင်ရင်းနှီးပေးရန် အထူးလိုအပ်လျက်ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန  သည်  မဟာဓာတ်အားလိုင်းသို့ လျှပ်စစ်မီးဓာတ်အားလိုင်းထည့်ဝင်ခြင်း ၊ မဟာ ဓာတ်အား   လိုင်းမှ လျှပ်စစ်ဓာတ်အား ရယူဖြန့်ဖြူးခြင်း ၊ မဟာဓာတ်အားလိုင်းမှ အပ အခြားသင့်တော် သည့် နေရာများတွင် လျှပ်စစ်ဓာတ်  အား ထုတ်လုပ် ဖြန့်ဖြူး ခြင်း နှင့် မဟာ  ဓာတ်အားလိုင်းမှ အဆိုပါ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း   များကို လုပ်ကိုင်လိုသော လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ့ မှုကော်မရှင် ၊ အမှတ်(၁) လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ၊ အမှတ်(၂)  လျှပ်စစ် စွမ်းအားဝန်ကြီး  ဌာန စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုး   တက်ရေး ကော်မတီ  ဖုန်း ၀၆၇-၄၀၆၃၃၄ ၊၄၁၁၀၇၁၊၄၁၀၂၀၃ ၊၄၀၅၀၅၀၊ သို့ ဆက်သွယ် စုံစမ်းနိုင်ပြီဖြစ်ကြောင်း သိရသည်။


အစ္စလမ်ဘာသာကိုးကွယ်သူများဟု ပြင်ဆင်

Posted: 05 Jun 2012 03:07 PM PDT

ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့  အစိုးရ သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့  အရေး အသားအချို့နှင့် ပတ်သတ်လို့ မကျေနပ်သံတွေ ထွက်ပေါ်လာတာကြောင့် အစိုးရဘက် က ပြန်လည် ပြင်ဆင် ပေးသွားဖို့  စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန် ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံးအနှုန်းနဲ့ ပြင်ဆင်မလဲ ဆိုတာကိုတော့ ဆွေးနွေးနေဆဲ လို့ ပြောပါတယ်၊ ဒီအကြောင်းကိုတော့  မသင်းသီရိက ပြောပြပေးမှာပါ၊
ဇွန်လ (၅) ရက် အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ ဖော်ပြတဲ့ သတင်းထဲ မူစလင်ကုလား ၁၀ ဦးအသတ်ခံရဆိုတဲ့အသုံးအနှုန်း အစား ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ ၁၀ ဦး အသတ်ခံရ ဆိုပြီး  ပြန်လည်ပြင်ဆင်ဖတ်ရှု့ဖို့  ဆိုပြီး ပြန်ကြားရေး ၀န်ကြီးဌာနရဲ့  အင်တာနက် ၀က်ဆိုက်စာမျက်နှာမှာ အမှားပြင်ဆင်ချက် ဆိုပြီး ဖော်ပြထားပါတယ်၊
ဒီအသုံးအနှုန်း ပြန်လည်ပြင်ဆင်ချက်ကို လည်း  မနက်ဖန် ဇွန်လ ၆ ရက် ထုတ် သတင်းစာတွေထဲ ထည့်ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲံ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကပြောပါတယ်၊
"သေဆုံးသွားတဲ့သူတွေရဲ့ ဘာသာနဲ့ လူမျိုးရဲ့ အသုံးအနှုန်းကို ကျနော်တို့ ဒီနေရာမှာ ထပ်မသုံး ချင် ပါဘူး။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြန်ပြင်ဖို့ပါ။ မနက်ဖန်ထွက်မယ့် သတင်းစာတွေမှာ ကျနော်တို့ ပြန်လည် ပြင်ဆင်ဖော်ပြဖို့ ရှိပါတယ်။ အသုံးအနှုန်းကတော့ သတင်းတပုဒ်မှာ သေဆုံးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ရေးသားလိုက်တာမှာ ကျနော်တို့က မှုခင်းအစီရင်ခံစာမှာ ပါတဲ့အတိုင်း ရေး လိုက်တာ ဖြစ် ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်တယ်၊ ထိခိုက်တယ်ဆိုတဲ့ အသံတွေ ကျနော်တို့ ပြန် ကြားတဲ့အတွက်ကြောင့်မို့လို့ သတင်းနဲ့ စာနယ်ဇင်းက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည် သုံးသပ်ပြီး ပြင်ဆင် ဖော်ပြပေးဖို့ စီစဉ်နေပါတယ် ခင်ဗျ။"
ဇွန်လ ၃ရက် တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်က နေရာ ၃ခုမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေရဲ့  သတင်းကို ဖော်ပြဖို့ အချိန်အတိုင်းအတာအရ ခက်ခဲမှုတွေဖြစ်သွားပြီး စီစစ်တာတွေမလုပ်နိုင်ခဲ့ဘူးလို့လည်း ရှင်းပြပါတယ်။
"တစ်ကတော့ ကျနော်တို့မှာ ဒါကို ရပြီးတဲ့အချိန်မှာ ၈နာရီသတင်း ထုတ်ရမယ်ဆိုတော့ အပြည့်အစုံ ရတဲ့အချိန်နဲ့ သတင်းထုတ်ရမယ့်အချိန်နဲ့က ကပ်သွားတော့ သူတို့ ကမန်းကတမ်း နဲ့ တော်တော် မြန်မြန်လေး ကျနော်တို့ ရေးရပါတယ်။ ဒါကြောင့်မို့လို့ သတင်းတောင်မှ ကျနော်တို့က အစပိုင်းမှာ မထည့်နိုင်ဘဲနဲ့ သတင်းကြေညာတာ ပြီးကာနီးမှ ထည့်နိုင်ခဲ့ပါတယ်။ ဒီတော့ ရေးတဲ့သူတွေ အနေနဲ့ အဲဒီအချိန်မှာ သေချာ ပြန်ပြီးတော့ စိစစ်ဖို့ အချိန် လုံလောက်စွာ မရလိုက်ဘဲနဲ့ ခုန မူလ ရထားတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေမှာ ပါတဲ့ စာသားတွေအတော်များများကို သွား သုံးလိုက်မိတဲ့သဘော ဖြစ်သွားတာပေါ့။ ချက်ချင်းဖြစ်လာတဲ့ဟာတွေကို ထုတ်တဲ့အခါမှာ အတွေ့အကြုံ သိပ်မရှိသေးတော့ ထုတ်တဲ့အခါမှာ ချို့ယွင်းချက် အားနည်းချက်တွေတော့ ရှိကောင်း ရှိနိုင်ပါတယ်ခင်ဗျာ"
အခုပြန်ကြားရေးက နောက်ဆုံးသိထားတဲ့ အခြေအနေတွေကတော့ ရခိုင်ပြည်နယ်ထဲမှာ တည်ငြိမ်မှု ရှိနေပြီးတော့ နောက်ထပ် ဒီလိုပြဿနာမျိုးတွေ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ ဒေသ အာဏာပိုင် တွေက ထိန်းသိမ်းဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်၊
"ခုချိန်ထိတော့ ကျနော်တို့ သတင်း ထပ် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ တည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်း ထိန်းသိမ်းတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိပါသေးတယ်ခင်ဗျ။ ကျနော်တို့ သတင်းထဲ ဖော်ပြထားတဲ့ အတိုင်းပေါ့ဗျာ..  ပြစ်မှုကျူးလွန်သူတွေကို ကျောက်နီမှော်ကိစ္စမှာတော့ တရားခံလို့ ယူဆရသူ တွေကို မိ ထားတာ ရှိပါတယ်။ ကျန်တာကတော့ စုံစမ်းဆဲကိစ္စမို့ အသေးစိတ် မသိရသေး ပါဘူး။ သို့သော် သတင်းစာ ထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ ဒါတွေကတော့ ဥပဒေကို ချိုးဖောက်တယ် ဆိုလို့ရှိရင်တော့ တရားဥပဒေနဲ့ အညီ သက်ဆိုင်ရာက ဆက်လက်ပြီးတော့ အရေးယူသွားမှာ ဖြစ်ပါ တယ်။ ကျနော်တို့ လက်ထဲကို ရောက် လာတဲ့ သတင်းအားလုံးကိုတော့ ကျနော်တို့ ချက်ချင်း ပွင့်ပွင့် လင်းလင်းပဲ ထုတ်ပြန်ပါတယ်။ သတင်း ထုတ်ပြန်ဖို့ ရှိတဲ့ အခြေအနေတွေကိုလည်း ကျနော်တို့ Website မှာလည်း မနေ့က ညနေပိုင်းကတည်းက စပြီး တော့  အသိပေးတာတွေ လုပ်ပါတယ်"
ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်း ထားတာ ပါ၊
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်မှာ  ဖြစ်ခဲ့တဲ့ အခြေအနေတွေကိုရော စစ်တွေမြို့ ရဲစခန်းရှေ့ မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုပါ ဇွန်လ ၄ရက် ည(၈) နာရီအစိုးရ သတင်း တွေမှာ ထုတ်ပြန်ခဲ့ သလို  ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက်ဝက်ဆိုက်စာမျက်နှာတွေမှာလည်း ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ခဲ့တဲ့ ပြသနာတွေကိုအစိုးရက တရားဥပဒေနဲ့အညီဆောင်ရွက်နေတဲ့ အစီ အစဉ် တွေ ကို သတင်းစာတွေမှာရော ရုပ်သံနဲ့  ရေဒီယိုတွေကပါ ဖော်ပြနေပြီး အေးချမ်းမှုနဲ့ တရား ဥပဒေ စိုးမိုးမှုကို ထိခိုက်မယ့် အပြုအမှုမျိုးကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်သွားဖို့ ဆိုတာကို လည်း အထူးသတင်းထုတ်ပြန်ချက်ဆိုပြီး အဲဒီ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

 By သင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)


သမ္မတ ရဲ့ ထိုင်းခရီးစဉ် ဖျက်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည် နဲ့ မသက်ဆိုင်

Posted: 05 Jun 2012 03:02 PM PDT

သမ္မတ ဦးသိန်းစိန် ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ် နဲ့ မပတ်သက်ဘဲ
ပြည်တွင်းရေးကိစ္စတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက
ပြောဆိုကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့ပါတယ်။

မနေ့က ထိုင်းနိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ရာမှာ -

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အပေါ် မြန်မာအစိုးရက အသိအမှတ်ပြုပါတယ်၊ ထိုင်းအစိုးရကလည်း မိမိတို့နိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည် ရှိနေစဉ်အတွင်း သွားလာ လှုပ်ရှားမှု မှန်သမျှ အချိန်နဲ့တပြေးညီ မြန်မာ အစိုးရကို အသိပေးနေခဲ့တာပါ၊ ထိုင်းမှာ ရှိနေစဉ်အတွင်း ထိုင်း နဲ့ မြန်မာ ဆက်ဆံရေး ထိခိုက်စေမယ့် ကိစ္စ မှန်သမျှ ကို ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
အတွင်းရေးမှူးက တဆင့် အသိပေး ထားခဲ့ ပါတယ်၊ ဒါကြောင့် စမုတ်စခွန် က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆီ သွားရောက်တာ၊ ထိုင်း ဒုတိယ ၀န်ကြီးချုပ် နဲ့ တွေ့ဆုံတာ၊ တပ်ခရိုင်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်တာ စတဲ့၊ နိုင်ငံရေးနဲ့ မရောယှက်တဲ့ လူသားချင်း စာနာကူညီရေး ကိစ္စတွေကိုသာ ကန့်သတ်ခွင့်ပြုခဲ့ပါတယ်။ ထိုင်းအနေနဲ့ မိမိတို့ တိုင်းပြည်ကို ဘယ်လိုနိုင်ငံရေး လှုပ်ရှားမှုမျိုး အတွက်မှ အသုံးချခံမှာ မဟုတ်ပါဘူး၊ ဥပမာအားဖြင့် - လူမျိုးစု ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ကိစ္စကို ထိုင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး၊ ထိုင်းနိုင်ငံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
နိုင်ငံခေါင်းဆောင် အနေမျိုးနဲ့ မဟုတ်ဘဲ၊ ထင်ရှားသူ ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်- လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က ပြောကြားခဲ့တာပါ။

မနေ့ညနေပိုင်းက ထိုင်း နိုင်ငံခြားရေးဝန်ကြီး နဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးတို့ တယ်လီဖုန်း က တဆင့် ပြောဆိုခဲ့ကြရာမှာ - သမ္မတ ဦးသိန်းစိန် ရဲ့ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင် ကြောင်း၊ ပြည်တွင်းမှာ လျှပ်စစ်မီး ကိစ္စ ၊အလုပ်သမား ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ အတွက် ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ကပြောဆိုခဲ့တယ်လို့ ထိုင်း နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က အတည်ပြု
ပြောကြားခဲ့ပါတယ်။

RFA Burmese


ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ဗကသအမှုဆောင်များကို ခေါ်ယူ

Posted: 05 Jun 2012 03:00 PM PDT


ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးဖို့ ဗကသများ အဖွဲ့ချုပ် အမှုဆောင်တွေကို မနက်ဖြန်နေ့လည် ၁ နာရီမှာ ဖိတ်ခေါ်ထားတယ်လို့ သတင်းရရှိပါတယ်။

ဒါကြောင့် တိုင်းအထွေထွေအုပ်ချုပ်ရေးမှူး ရုံးဆိုက်ရာ ရန်ကုန်မြို့က လွှတ်တော်ဟောင်း အဆောက်အဦကို လိုက်သွားရမယ်လို့ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

"ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးကို ဗကသများ အဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍
ဆွေးနွေးရန်ရှိပါသဖြင့် မပျက်မကွက် တက်ရောက်ပါရန် အကြောင်းကြား ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ဆီကို အကြောင်းကြားစာ လာတယ်ဗျာ။ ရန်ကုန် အရင်တုန်းက လွှတ်တော် အဲဒီကို ၁ နာရီမှာ ဖိတ်ထားတယ်။"

ဒီနှစ်ဆန်းပိုင်းမှာ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့
ကျောင်းသားခေါင်းဆောင် ၁၂ ဦးက ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီ အဖြစ် ပြန်လည် ဖွဲ့စည်းပြီး အနယ်နယ် အရပ်ရပ်မှာ ကျောင်းသား
သမဂ္ဂတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေတာပါ။

အခုတော့ အဲဒီ ၁၂ ဦးစလုံး ဆွေးနွေးပွဲကို မပျက်မကွက် တက်နိုင်ဖို့ သက်ဆိုင်ရာမြို့နယ် အသီးသီးက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတွေ
က တိုင်းရုံးကို ခေါ်သွားရမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ၁၉၇၄ ဇွန် ၆ အလုပ်သမား အရေးအခင်း
နှစ်ပတ်လည် အခန်းအနားကို အဲဒီတုန်းက ပါဝင်ခဲ့သူတွေက ရန်ကုန်မြို့
တော်ဝင်နှင်းဆီခန်းမမှာ မနက်ဖြန် ပြုလုပ်ဖို့ စီစဉ်ထားကြပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို အပါအဝင် အမှုဆောင်တွေ တက်ရောက်မယ်လို့ သိရပါတယ်။

RFA Burmese


Grand Royal စက်ရုံ အလုပ်သမားခေါင်းဆောင် ၁၇ ဦး အလုပ်ထုတ်ခံရ

Posted: 05 Jun 2012 02:57 PM PDT

လုပ်ခလစာတိုးပေးရေးနဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ လျှော့ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Grand Royal စက်ရုံ အလုပ်သမားတွေရဲ့ ခေါင်းဆောင် ၁၇ ဦးကို အလုပ်က ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၂ ဦးကို ပြီးခဲ့တဲ့ လဆန်းရက်မှာ အလုပ်ထုတ်လိုက်တဲ့စာကို ရွှေပြည်သာ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီက ပေးအပ်လိုက်တာလို့ သိရပါတယ်။
ဒါကြောင့် အဲဒီအလုပ်သမားတွေက NLD ရှေ့နေကွန်ယက်အဖွဲ့ကို အကူအညီတောင်းတဲ့အတွက် ဥပဒေအကြံပေး ဦးအောင်သိန်းနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံပေးလိုက်တယ်လို့ NLD အလုပ်သမားရေး ဆောင်ရွက်သူ ဦးသက်ဝေက ပြောပါတယ်။
Grand Royal စက်ရုံ အလုပ်သမားတွေဟာ လုပ်သက်ပေါ် မူတည်လို့ တစ်နေ့ကို ၁၁၀၀ ကျပ်ကနေ ၁၄၀၀ ကျပ် ဝန်းကျင်သာရကြပြီး၊ အချိန်ပိုကြေးနဲ့ပေါင်းမှ တစ်လကို ကျပ် ၅ သောင်း ဝန်းကျင်ပဲ ရကြတဲ့အတွက် တစ်လကို ကျပ်ငွေ ၆ သောင်းကျော် ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
အဲဒီလို ဆန္ဒပြတောင်းဆိုချိန်မှာ အလုပ်ရှင်ဘက်က အခုအလုပ်ထုတ်လိုက်တဲ့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ မဆွေးနွေးဘဲ၊ အခြားအလုပ်သမားတချို့နဲ့ပဲ ဆွေးနွေးပြီး သဘောတူစာချုပ်တွေ လက်မှတ်ထိုးလိုက်ကြပါတယ်။
အဲဒီသဘောတူညီချက်မှာ အများစု တောင်းဆိုထားတဲ့ လုပ်ခလစာနှုန်းထား မပါရှိဘဲ စည်းကမ်းတချို့ လျှော့ပေးတာမျိုးပဲ ပါတဲ့အတွက် ကိုယ်စားလှယ်တွေဘက်က သဘောမတူဘဲ ဆက်လက်ဆန္ဒပြခဲ့ပါတယ်။
ဒီအခြေအနေမှာ ၃ ရက်အတွင်း အလုပ်မဆင်းရင် အလုပ်ကနေ ထုတ်ပစ်မယ်ဆိုတဲ့ အလုပ်ရှင်နဲ့ သူ့အလုပ်သမားတချို့ရဲ့ သဘောတူညီမှုထဲက အချက်ကိုထောက်ပြီး အလုပ်သမားကိုယ်စားလှယ် ၁၇ ဦးကို ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

RFA-Burmese


ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း

Posted: 05 Jun 2012 02:51 PM PDT

တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်က ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီအစ္စလာမ်ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်တချို့ စုဝေးဆန္ဒပြမှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းနေစဉ်။
အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။
"အစ္စလာမ်ဘာသာဝင် လေး-ငါးရာလောက်ရှိမယ်။ တောင်ကုတ်မှာ အသတ်ခံလိုက်ရတဲ့ လူတွေအစား သူတို့က တရားခံတွေ ရှာပေးဖို့ သူတို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။ အဲတော့ အဲဒီမှာ သူတို့ဓာတ်ပုံတွေထောင်ပြပြီးတော့ တရားခံတွေ အမြန်ဆုံး ဖော်ထုတ်ပေးပါပေါ့။ အရေးယူ ပေးပါပေါ့နော်။ ကိုမြအေးတို့လည်း ရောက်လာတယ်။ ကိုမြအေးက ဒါကိုသည်းခံကြဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် အဓိက လူစုခွဲပေးကြဖို့ပေါ့။ သူကတော့ မေတ္တာရပ်ခံတယ်"
ဆန္ဒပြသူတွေ ခေတ္တလူစုခွဲသွားပြီးနောက် ခနအကြာမှာ ထပ်မံပြီး ဆန္ဒပြကြပါတယ်။ ရပ်ကြည့်သူတွေထဲက ဆန္ဒပြသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေကို ဖယ်ရှားဖို့ အပြန်အလှန် တောင်းဆိုရာကနေ အခြေအနေ တင်းမာလာပါတယ်။
ညနေ ၄-နာရီခန့်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ ရပ်ကြည့်နေသူ နောက်တစ်ဦးက အခုလိုပြောပါတယ်။
" ဆူးလေဘုရားနဲ့ ဒီဘက်က မြို့တော်ခန်းမ ရှေ့အပေါက်ပေါ့နော်။ ဒါကိုသူတို့ ပိတ်လိုက်တယ်။ ယာဉ်ကြောတွေ ပိတ်ပစ်လိုက်ပြီးတော့ သူတို့ လူစုခွဲနေတာပေါ့လေ။ သူတို့ လူစုခွဲနေပြီးတော့ ဗလီထဲကို ပြန်ပြီးတော့ သွင်းနေတယ်။ ခုနက ဓာတ်ပုံတွေကိုင်ပြီး ပြနေတဲ့ဟာတွေ မရှိတော့ဘူးခင်ဗျ။ မရှိတော့ဘဲနဲ့ ပြန်ဝင်သွားတယ်။ လောလောဆယ် အခုကဖြစ်နေတာက အပြင်က ခုနက ကြည့်နေတဲ့ ပရိသတ်ထဲကနေပြီးတော့ ပြန်ပြီးတော့ ဆူတဲ့ပူတဲ့ သဘော ဖြစ်နေတာပေါ့နော်။ အဲဒီလို ဆန္ဒမပြသင့်ဘူး။ ခေါင်မိုးပေါ်တက်ပြီးပြောတော့ အထဲကလှမ်းပြီး ဆဲလိုက်တာ။ လှမ်းဆဲလိုက်တော့ အခုက ရုန်းရုန်းပြန်ဖြစ်သွားတာ။ အခုတော့ ပရိသတ်နဲ့ ဖြစ်နေတဲ့ သဘောပေါ့နော်"
ညနေ ၄ နာရီနောက်ပိုင်းမှာ ဆူးလေဘုရားလမ်း အ၀ိုင်းပတ်တဲ့ ယာဉ်ကြောတစ်ကြောသာဖွင့် ပေးထားပါတယ်။ လုံထိန်းတွေ တင်ဆောင်လာတဲ့ကား ၆ -စီး ကို မြို့တော်ခန်းမအနီးမှာ တွေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သက်ဆိုင်ရာက ကြားဝင်ဟန့်တားခဲ့လို့ လူစုကွဲသွားကြပြီလို့ သိရပါတယ်။ အလားတူ ဆန္ဒပြပွဲမျိုး မင်္ဂလာတောင်ညွန့် မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက်က တခြမ်းပဲ့ ဗလီမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

RFA-Burmese


You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ