[mrsorcerer:25958] ကျွန်တော့အထင်ရမ်းပြောရရင်--

          မြန်မာနိုင်ငံမှာရှိတဲ့ `` မွတ်ဆလင် လူမျိုး``တွေကို မြန်မာတိုင်းရင်းသားများ ဖြစ်ကြတဲ့  အထူးသဖြင့် ရခိုင်နဲ့ ဗမာတွေ ဘာကြောင့် မုန်းတီးပြီး လက်မခံချင်ကြတာလဲ ဆိုတာ ကျွန်တော် စဉ်းစားမိသလောက် ကျွန်တော့ အမြင်ကို တင်ပြချင်ပါတယ်။


ဘာသာရေး ကွဲပြားလို့လား?


          မဟုတ်လောက်ဘူးဗျ။ မြန်မာပြည်ဟာ နှစ်ပေါင်း ရာချီပြီး သူ့ကျွန်ဘဝရောက်စဉ်က အထူးသဖြင့် တောင်တန်းဒေသ တိုင်းရင်းသားတွေဆီကို ခရာစ်ယန်ဘာသာက  ဝင်ပြီး သာသနာပြုခဲ့တယ်။ ဒါကြောင့် ဒီနေ့မှာ ကရင် နဲ့ ချင်း အများစုဟာ ခရာစ်ယန်ဘာသာဝင်တွေဖြစ်ကြတယ်။ ဒါပေမယ့် ဘာသာရေး အယူမတူတဲ့ တိုင်းရင်းသား အချင်းချင်း ဘာသာရေး ပဋိပက္ခ မဖြစ်ကြဘူး။ မမုန်းကြဘူး ။ ဒါကြောင့် ဘာသာရေးက အဓိက မဟုတ်ဘူးလို့ထင်တယ်။

ဒါဆိုဘာဖြစ်လို့လဲ?


၁။       မြန်မာနိုင်ငံမှာရှိတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း နဲ့ သူတို့ရဲ့ ဆင့်ပွား လူမျိုးစု နွယ် အားလုံး ကိုတိုင်းရင်းသား ညီအကိုတွေအဖြစ် လက်ခံနိုင်ကြပေမယ့် ``မွတ်ဆလင် ``ကိုတော့ ပင်မ တိုင်းရင်းသား အနေနဲ့ေ၇ာ ဆင့်ပွားတိုင်းရင်းသားအနေနဲ့ပါ လက်မခံနိုင်၊  လက်မခံလို တာက တစ်ကြောင်း---


၂။       ဘာသာရေး စည်းရုံးကြရာမှာ ငွေကြေးသုံးပြီး ဗမာမကို ရရင် ဗလီက ဘယ်လောက် လက်ဖွဲ့မယ်။ ဘယ်လိုထောက်ပံ့မယ်။ ဗိုလ်မှုး သမီးဆိုဘယ်လောက်၊ ဗိုလ်ကြီးသမီးဆို ဘယ်လောက် စသဖြင့် လူထုကြားမှာ လှုံ့ဆော် ထားတဲ့ အမုန်းပွားစေတဲ့ ဖြန့်ချိစာများ စဉ်ဆက်မပြတ် ရှိနေတာက တစ်ကြောင်း---


၃။       နောက်ပြီး သူတို့ရဲ့ ဘာသာရေးပွဲတော်တွေမှာ  နွားကို လည်လှီးသတ်ပြီး အသားကို ဝေပေးတဲ့ ဓလေ့ စရိုက်ကို ရက်စက်တဲ့  ၊ သက်ရှိတွေအပေါ်ကို သနားညှာတာမှု ကင်းတဲ့ ၊ အယူသီးတဲ့ ဘာသာလို့ အပြစ်မြင်ပြီး မကြည်ဖြူရာက အမုန်းပွားပြီး အမုန်းတရားအဓွန့်ရှည်စေတာက တစ်ကြောင်း---


၎။       ရခိုင်ဘက်မှာ ဘင်္ဂါလီ(ကုလား)တွေက နယ်မြေလုခြင်းခံနေရတာက လည်းတစ်ကြောင်း။ (အဲဒီဘက်မှာ တာဝန်ကျတဲ့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေဟာ အင်အားကြီးတဲ့ ကုလားတွေကို မနိုင်တော့ ရခိုင်တွေကိုပါ ရောပြီး ဒုက္ခပေးသလို ဖြစ်ပြီး  ``ကုလားမနိုင် ရခိုင်ညိုး  ``ဆိုတဲ့ စကားပုံ ပေါ်လာပုံရတယ်)


၅။       အင်္ဂလိပ်လက်ထက်က တော်လှန်ရေးသမားတွေကို နှိမ်နင်းတဲ့နေရာမှာ ကုလားစစ်တပ်ကို သုံးတော့ အဲဒီ ထဲက ကုလားမုန်းတဲ့စိတ်ဓါတ်က ဆွေစဉ်မျိုးဆက် ပါလာတာက တစ်ကြောင်း--


တကယ့် အဓိက ကတော့ မူလ တိုင်းရင်းသား မဟုတ်ဘဲ ရွှေ့ပြောင်းဝင်ရောက်လာရာက သက်တမ်းကြာလာ ပြီး တိုင်းရင်းသားဖြစ်စေဘို့ လက်ခံဘို့ အချိန်ကာလ လိုသေးလို့ပဲဖြစ်မယ်။


ဒါပေမယ့်  အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဆရာကြီး ဦးရာဇာတ် ဟာ မွတ်ဆလင် လို့ထင်ပါတယ်။


ဒီနေ့ ကမ္ဘာမှာ အာဏာ အရှိဆုံး အမေရိကန် သမ္မတ`` အိုဘားမား`` ဟာလည်း ``မွတ်ဆလင် ကုလား``ပါပဲ။ အမေရိကန်ဟာ အသားအရောင်ခွဲခြားမှု ရှိခဲ့ပြီး ခရူးဆိတ် စစ်ပွဲလို နှစ်နှစ်ရာကျော် အစ္စလမ် နဲ့ ခရာစ်ယံတို့ တိုက်ပွဲဖြစ်ရာမှာလည်း ပါခဲ့ပါတယ်။


အခု  အဲဒီနိုင်ငံမှာ အကြီးဆုံးအာဏာရ သမ္မတဟာ မွတ်ဆလင် ကုလား ဖြစ်ပေမယ့် အမေရိကန်နိုင်ငံကြီးက တော့ ``မွတ်ဆလင် နိုင်ငံတော်ကြီး`` မဖြစ်သွားပါဘူး။

 

``လူမျိုးရေး ခွဲခြားမှု တွေနဲ့ လူမျိုးရေး အမြင်ကျဉ်း မှုတွေ ကင်းဝေးပါစေ``


``လူမျိုးဆိုတဲ့ ခြုံပြီး ဝေဖန်ခြင်းထက် တစ်ဦးတစ်ယောက်ချင်းစီ ရဲ့ စိတ်ထားစရိုက်ကိုပဲ မြင်အောင် ကြည့်ပေးကြပါလို့`` 

 

ငြိမ်းချမ်းရေးကို မြတ်နိုးသော


ကိုရင်ကြွက်သိုး။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ