[mrsorcerer:25974] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: သစ်ထူးလွင် Myanmar News Now <noreply@blogger.com>
Date: 2012/6/8
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


မောင်တောမြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ

Posted: 08 Jun 2012 04:47 AM PDT

မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။
ညနေ ၃ နာရီ ၅၀ မိနစ်
ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ မောင်တောမြို့နယ် ဗိုလ်မှုးရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။
ညနေ ၄ နာရီ ၁၅  မိနစ်
ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။
"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ  ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
ညနေ ၄ နာရီ ၃၀ မိနစ်
မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံးကာကွယ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားပါသည်။
ညနေ ၄ နာရီ ၄၀ မိနစ်
"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေး လူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ ကိစ္စမို့လို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသား အချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီး ရှိလာတယ်။ အဲလို ရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီး လိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့ လိုပြီလို့ ကျွန်တော် ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာ မဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ ၀င်လာတဲ့သူတွေကို ကာကွယ်တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။
ညနေ ၄ နာရီ ၅၀ မိနစ်
မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။
ညနေ ၅ နာရီ ၂၀ မိနစ်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ဇွန်လ ၈ ရက်နေ့(ယနေ့) ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ပြည်ပမှ သွေးထိုးလှုပ်ဆော်မှုများရှိနေနိုင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေကြောင်း၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသော ကိစ္စမဟုတ်ကြောင်း စသည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရှင်းလင်းပြောကြားခဲ့သည်။
ညနေ ၅ နာရီ ၃၀ မိနစ်
မောင်တောမြို့တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ညနေ ၅ နာရီ ၄၅ မိနစ်
လက်ရှိအချိန်တွင် မောင်တောမြို့နယ် ရပ်ကွက်များအတွင်း မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။ အင်အား ၂၀၀ ခန့်ဖြင့် အခြေအနေများကို ထိန်းနိုင်ရန် ကြိုးစား နေကြောင်း စစ်တပ်ကို အကြောင်းကြားထားဆဲ ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက Eleven Media Group သို့ ဖုန်းလိုင်းမှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါသည်ဟု Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။


စစ်တွေမြို့တွင် ခဲဖြင့် ပစ်ပေါက်မှုများ ဖြစ်ပွား

Posted: 08 Jun 2012 04:43 AM PDT

စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာအနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်အနီးတွင်လည်း ရခိုင်လူမျိုးများ နေထိုင်သည့် မင်းဂံအကွက် (၃) နှင့် ဘင်္ဂါလီများ နေထိုင်သည့် ဘုမေ ရပ်ကွက်တို့ ယနေ့မွန်းလွဲပိုင်းတွင် တစ်ဘက်နှင့် တစ်ဘက် ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက် ဖြေရှင်းရာ ပြေလည် သွားကြောင်း သိရသည်။
စစ်တွေမြို့ခံတစ်ဦးမှ Eleven Media Group သို့ ဆက်သွယ်သတင်ပေးပို့ရာတွင်"အခု လူမျိုးရေးထက် ဘာသာရေးဘက်ကို ပိုပြီး ဦးတည်နေပုံပေါက်နေတယ်။ မနက်ကလည်း ဗလီတွေမှ အစည်းအဝေးတွေလုပ်ကြတယ်။ နောက်ပြီး စစ်တွေမှာက ရခိုင်နဲ့ ဘင်္ဂါလီက တစ်ဝက်ဆီလောက်ရှိတယ်။ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးလို့ မြို့ခံတွေအနေနဲ့ မလုံခြုံဘူးလို့ ခံစားနေကြရပါတယ်။ မောင်တောမှာက ရခိုင်လူမျိုး ၂ သောင်းလောက်ရှိပြီး ဘင်္ဂါလီက ၄ သိန်းလောက်ရှိတယ်။ နောက်ပြီး မောင်တောမှာ စစ်တပ်ရှိပေမယ့် ဘာမှ လှုပ်ရှားတာ မတွေ့ရဘူး။"ဟု ပြောကြားခဲ့ပါသည်
စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာအနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်အနီးတွင်လည်း ရခိုင်လူမျိုးများ နေထိုင်သည့် မင်းဂံအကွက် (၃) နှင့် ဘင်္ဂါလီများ နေထိုင်သည့် ဘုမေ ရပ်ကွက်တို့ ယနေ့မွန်းလွဲပိုင်းတွင် တစ်ဘက်နှင့် တစ်ဘက် ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက် ဖြေရှင်းရာ ပြေလည် သွားကြောင်း သိရသည်။
စစ်တွေမြို့ခံတစ်ဦးမှ Eleven Media Group သို့ ဆက်သွယ်သတင်ပေးပို့ရာတွင်"အခု လူမျိုးရေးထက် ဘာသာရေးဘက်ကို ပိုပြီး ဦးတည်နေပုံပေါက်နေတယ်။ မနက်ကလည်း ဗလီတွေမှ အစည်းအဝေးတွေလုပ်ကြတယ်။ နောက်ပြီး စစ်တွေမှာက ရခိုင်နဲ့ ဘင်္ဂါလီက တစ်ဝက်ဆီလောက်ရှိတယ်။ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးလို့ မြို့ခံတွေအနေနဲ့ မလုံခြုံဘူးလို့ ခံစားနေကြရပါတယ်။ မောင်တောမှာက ရခိုင်လူမျိုး ၂ သောင်းလောက်ရှိပြီး ဘင်္ဂါလီက ၄ သိန်းလောက်ရှိတယ်။ နောက်ပြီး မောင်တောမှာ စစ်တပ်ရှိပေမယ့် ဘာမှ လှုပ်ရှားတာ မတွေ့ရဘူး။"ဟု ပြောကြားခဲ့ပါသည်ဟု Eleven Media Group အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။


ဗိုလ်မင်းကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံ

Posted: 08 Jun 2012 04:35 AM PDT

မောင်တောမြို့နယ်နှင့် တစ်မိုင်ခန့်ကွာဝေးသော အိမ်ခြေတစ်ရာခန့် ရှိသော ဗိုလ်မင်းကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်အမျိုးသားဒီမိုကရေစီ (ALD)ပါတီဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာတွင် နေထိုင်သူကြသူများမှာ ရခိုင်တိုင်းရင်းသားများဖြစ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မောင်တောမြို့တွင်လွန်ခဲ့သော နာရီပိုင်းက ဖြစ်ပွား ခဲ့သော ဖြစ်စဉ်ကြောင့် သေဆုံး ခဲ့သူ ရဲဝန်ထမ်းဟောင်းမှာ ဦးကျော်လှဖြစ်ပြီး ဒါဏ်ရာ ရရှိခဲ့သူ လေးဦးအနက် တစ်ဦးဖြစ်သူ ဆရာဝန်မှာ ဦးခင်မောင်လတ်ဖြစ်ကြောင်း မောင်တောမြို့ခံ များထံမှ သိရသည်။

ယနေ့ ညနေလေးနာရီခန့် အချိန်တွင် ရရှိသော သတင်းများအရ ဗိုလ်မှူးရွာရှိ နေအိမ် ၁၀ လုံး နှင့် သဇင်တည်းခိုခန်း မီးရှို့ခံရပြီး ယူနိုက်တက် တည်းခိုခန်း အနီးရှိ ဆိုင်ခန်းများ ဖျက်ဆီးခံရကြောင်း ဒေသခံများထံ မေးမြန်းချက်များအရ သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများ၏အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရခိုင် အမျိုးသား တစ်ဦး သေဆုံး၍ လေးဦးခန့် ဒါဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သူ အမျိုးသားမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ထိခိုက် ဒါဏ်ရာရသူများတွင်
ဆရာဝန်တစ်ဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

[Update] မောင်းတောမြို့ နယ်မှ ထိခိုက်ဒါဏ်ရာ ရရှိသူများတွင် ပါဝင်သော ဆရာဝန် ဦးခင်မောင်လတ်နှင့် ဇနီးဖြစ်သူ တို့ နှစ်ဦးလုံးမှာ မောင်းတော ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသခံ များက ပြောကြားသည်။

မောင်းတောမြို့ တွင် ဖြစ်ပေါ်နေသော အခြေအနေများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းနိုင်ရန်အတွက် ပစ်ခတ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း မောင်းတောမြို့ ပေါ်တွင် သီတင်းသုံးနေသော ရဟန်းတော် တစ်ပါးက ပြောကြားသည်။

The Voice Weekly (Facebook)


ကြားဖြတ်သတင်း၊ နောက်ဆုံးရ မောင်တောမြို့ အခြေအနေ

Posted: 08 Jun 2012 04:35 AM PDT

ညနေ ၄နာရီ၊ ဇွန် ၈ ၊ ၂၀၁၂ ၊ YPI

မောင်တောမြို့ အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာ မှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန်ကြိုးစား သော်လည်း မီးမလောင်ပဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။

အချို့ရပ်ကွက်များတွင် လူနေအိမ်များမီးရှို့ခြင်း ရွှေထည်ပစ္စည်းများ လုယူခြင်းများရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း ၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့်နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။

မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။
အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်း တခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလိုလူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားခြင်းကြောင့် တဖက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

နောက်ထပ် ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံးမီးလောင်ကျွမ်းခံရပြီး ၃ ဦးအသတ်ခံရသည်ဟု သိရှိရသည်။ သေဆုံးမှု သတင်းကို သီးခြားအတည်မပြုနိုင်သေးပါ။

မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။

နိုင်ငံတော် သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော် ၏ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ် အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို " နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။
ထိန်းမနိုင် သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေး တပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေး ထား ဆောင်ရွက်လျက် ရှိနေပါသည်။
မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်း ကြစေလိုပါသည်" ဟုဖေါ်ပြထားသည်ကိုတွေ့ရသည်။ ။


မီးရှို့ခံရသည့် ကျေးရွာ ၁၄ ရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များ အမြန်ဆုံးကာကွယ်ပေးဟု ဆို

ဇွန်လ ၈ ၊ ၂၁၁၂ ၊ YPI

"မီးရှို့ခံရသော ရခိုင်ရွာ (၁၄) ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံး ကာကွယ်မှု ပေးနေပါသည်။ " ဟု
နိုင်ငံတော် သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ မှူးဇော်က ၎င်း၏ ဖေ့စ်ဘွတ်တွင် မောင်တော အရေးနှင့် ပတ်သက်ပြီး အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို အထက်ပါအတိုင်း ဖေါ်ပြထားသည်။


Yangon Press International


မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များ၌ မငြိမ်မသက်မှုဖြစ်ပွားနေ

Posted: 08 Jun 2012 04:22 AM PDT

ဇွန် ၈၊ ၂၀၁၂၊ YPI

ရခိုင်ပြည်နယ် နယ်စပ်မြို့ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ပြည်နယ် မြို့တော် စစ်တွေမြို့များတွင် လူမျိုးရေးပဋိပက္ခကို အခြေခံသည့် မငြိမ်သက်မှုများ ဖြစ်ပွားနေသည်ဟု မောင်တောနှင့် စစ်တွေတို့မှ လာသည့်သတင်းများ အရသိရှိရသည်။

မောင်တောမြို့တွင်မြို့အချက်အချာကျသည့် မြို့တော်ခန်းမအနီးရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦအချို့ ဖျက်ဆီးခံရခြင်း မီးရှို့ခံရခြင်းများရှိကာ လူစုလူဝေးများဖြင့် ဈေးဆိုင်နေအိမ်များကို ဖျက်ဆီးခြင်းများရှိနေသည်ဟု ယင်းမြို့ခံတဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများက သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုလူဝေးကိုခွဲရန်ကြိုးစားသော်လည်း သိသိသာသာ အောင်မြင်မှုမရသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့တွင်မူ ယနေ့နံနက်ပိုင်းက ဆူပူ အကြမ်းဖက်ရန်လူစုလူဝေးနေသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုကာလူစုခွဲခဲ့ရသည်ဟု မောင်တောမြို့ခံက ဆိုသည်။

မောင်တောတွင် စစ်တပ်ကိုလည်း အသင့်အနေအထားဖြင့် တပ်လှန့်ထားသည်ဟု လည်း၎င်းက ပြောသည်။
စစ်တွေမြို့တွင်မူ မင်းဂံရပ်ကွက်ရှိ ရခိုင်လူမျိုးများပိုင် ဆိုင်အချို့ ယနေ့နေ့ခင်းပိုင်းက ဖျက်ဆီးခံရသည်ဟု စစ်တွေမှလာသည့် သတင်းများအရ သိရှိရသည်။ ။

Yangon Press International


မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေးလိုက်ပြီ

Posted: 08 Jun 2012 04:17 AM PDT

ညနေ ၅နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI

ယနေ့နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ပြောသည်။

ရဲနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အားပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ၏ နေအိမ် သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့်ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖေါ်လိုသူ တပ်အရာရှိ တဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။

ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။

လူမျိုးရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ် နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖေါ်ဖြစ်သူက ဓါးနှင့် ထိုးသဖြင့် ဇနီးဒေါ် သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာ ဦးခင်မောင်လတ်အား ဆေးရုံသို့တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။
Yangon Press International


ယနေ့ နံနက် သင်္ဃန်းကျွန်းစံပြဈေးအနီး ကားတိုက်မှု သေဆုံးဒါဏ်ရာရသူများရှိ

Posted: 07 Jun 2012 10:33 PM PDT

ဓါတ်ပုံ - သန်းထွန်း( tgkn)
Myanmar News Now
ယနေ့ ၈.၆.၂၀၁၂ နေ့နံနက် ၁၀းခန့်တွင်သင်္ဃန်းကျွန်းစံပြဈေးအနီးရှိ ငမိုးရိပ်ရပ်ကွက် ရှိ မျိုးမြန်မာဘီယာဆိုင် ရှေ့တင် ယာဉ်တိုင်မှု တစ်ခုဖြစ်ပွားခဲ့သည်။
          ဖြစ်စဉ်မှာ တောင်ဒဂုံဘက်မှ လာသည့်  ၆၂ ယာဉ်လိုင်း မှ ကားသည် ရုတ်တရက် ဘရိုတ်ပေါက်ကာ ရှေ့တွင်မောင်းနှင်နေသည့် ၇၃ ယာဉ်လိုင်း (ဒိုင်နာကား) ကားအား နောက်မှနေဝင်တိုင်ခဲ့သည်။
          ယင်းသို့ပြင်ထန်သည့်အရှိန်ဖြင့်တိုက်မိခဲ့သဖြင့် ၆၃ ယာဉ်လိုင်း (ဒိုင်နာ) ပေါ်တွင်လိုင်ပါသည့်ယာဉ်
နောက်လိုက် (စပါယ်ယာ)မှာ ၄င်းကား၏ နောက်မှ ဘေးတန်းတွင်ရှိနေသည့်အတွက် နောက်မှဝင်တိုက်ခဲ့သည့် ၆၂ ကား၏ အရှိန်ပြင်းစွာဖြင့် တိုက်ခဲ့ခြင်းကြောင့် ကြားမှညပ်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်၊ ၆၃ (ဒိုင်နာ) ကားပေါ်မှ ခရီးသည်တစ်ဦးသည်လဲ ထိုကဲ့သို့ ကားနှစ်စီးကြားညပ်မိသောကြောင့် ခြေတောက်နှစ်
ချောင်းစလုံး ကျိုးသွားခဲ့သည်။
              အဆိုပါယာဉ်တိုက်မှုအား မီးသတ်ဌာနနှင့် ယာဉ်းထိန်းရဲများမှ ချက်ခြင်းပင် သေသူနှင့် ဒဏ်ရာရသူ
များအား ဆေးရုံသို့ ပို့ဆောင်ပေးပြီး လမ်းပေါ်တွင် ကျန်ရှိနေသည့် ကားမှန်ကွဲစများ သွေးစသွေးန များအား
မီးသတ်ပိုက်နှင့် ထိုးဆေးပေးခဲ့သည်
            အမှတ်၆၂ ယာဉ်လိုင်းမှ ကားသည်ပြည်ထောင်စုဂုံးကျော်တံတားမှ ဆင်းလာပြီး ဘရိတ်ပေါက်သိရှိ
ကာကားပေါ်ပါလာသည့် စပါယ်ယာမှ ဘရိတ်ပေါက်နေပါတယ် ရှောင်ပေးကြပါဟု အကြိမ်ကြိမ်အော်ခဲ့သည်
အခင်းဖြစ်ပွားရာနေရာသည် ညနေပိုင်းတွင် လမ်းဘေးဈေးသည်များဖြင့် စည်ကားသည့်နေရာဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်သည့်အချိန်သည် သိပ်ပြီးမစည်ကားသေးခြင်းကြောင့် လမ်းဘေးမှ လူများဈေးသည်များအား
ထိခိုက်မှုမရှိခဲ့ဘဲ ၆၃ ယာဉ်(ဒိုင်နာ) ပေါ်ပါခရီးသည်တစ်ဦးခြေတောက်ကျိုးသည့်ဒဏ်ရာနှင့် စပါယ်ယာမှာသေး
ဆုံးခဲ့သည့် အနေအထားသာရှိခဲ့သည်။
           အခင်းဖြစ်ပွားခဲ့ပြီးသည်နှင့် ၆၂ ယာဉ်လိုင်းမှကားဒရိုင်ဘာ( ယာဉ်မောင်း) နှင့် ယာဉ်နောက်လိုက်
(စပါယ်ယာ)တို့ မှာတိမ်းရှောင်သွားခဲ့သည် ထိုသို့တိမ်းရှောင်ခြင်းအပေါ် အခြားစပါယ်ယာတစ်ဦးမှ " ထွက်ပြေး
သွားတာမဟုတ်ဘူး တိမ်းရှောင်သွားတာ ဒီလိုမှ မဟုတ်ရင် မြန်မာလူမျိုးတို့ရဲ့ ထုံးစံသိတယ်မှတ်လား ဆွမ်းကြီး
ဝိုင်းလောင်းကြလိမ့်မယ်"ဟု ပြောကြားပါသည်။                                                

By သန်းထွန်း( tgkn)







ကိုးတန်းကျောင်းသူတစ်ဦး အဆိပ်သောက် သတ်သေခဲ့မှု

Posted: 07 Jun 2012 09:21 PM PDT

ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး
မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ ။
မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့
ကိုးတန်းကျောင်းသူလေး မအိရွှေ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ
ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့်
မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်
ညောင်ကိုင်းအနောက်ရွာနေ အဒေါ်ဖြစ်သူ ဒေါ်ဆန်းညွန့်ရီမှ တူမဖြစ်သူ
အသက်(၁၇)နှစ်ရှိ မအိရွှေအား အမျိုးမျိုးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။
သို့အတွက် မအိရွှေသည် အလွန်စိတ်ဆင်းရဲ သောကရောက်လွန်းသည့် အတွက် ၂၀၁၂-ခု
မေလ(၄)ရက် နေ့တွင် အိန္ဒိယနိုင်ငံထုတ် အလွန်ပြင်းသော
ပိုးသတ်ဆေးပြားသောက်ပြီး မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။

မအိရွှေ၏ အမေ ဒေါ်နွဲ့ရီဝင်းသည် တရွာတည်းနေ ကိုဇော်ဝင်းမောင်နှင့်
လက်ထပ်ခဲ့သည်။ သို့သော် သဘောထားချင်း မတိုက်ဆိုင်သဖြင့်
ကွာရှင်းပြတ်ဆဲရာတွင် ယောက္ခမဖြစ်သူ ဦးရှမ်း (ယခင် ရယက ဥက္ကဋ္ဌဟောင်း)
ဒေါ်နွားခင်တို့မှ လက်ထပ်စဉ်က တင်တောင်းခဲ့သော ရွှေများကို
အတိုးပါပြန်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် မိခင်ဒေါ်နွဲ့ရီဝင်းမှာ
၎င်းတို့ တောင်းဆိုသော အတိုးရွှေ မပေးနိုင်သဖြင့် သမီးဖြစ်သူ မအိရွှေအား
ရွှေတိုးအဖြစ် စာချုပ်ဖြင့် ယောက္ခမများထံ အပ်ခဲ့ရသည်။ ယောက္ခမများနှင့်
အဒေါ်ဖြစ်သူ မအေးမာလွင်၊ မဆန်းညွန့်ရီတို့မှ ရွှေတိုးအဖြစ်ရလာသော မအိရွှေအား
အမျိုးမျိုး ၀ိုင်းဝန်း နှိပ်စက်ကြသည်။

သစ်ပင်ကို ကြိုးနှင့်တုတ်၍ရိုက်ခြင်း အိမ်တန်းတွင် ဇောက်ထိုးချ၍
နှိပ်စက်ခြင်းစသည်ဖြင့် လူမဆန်စွာ ၀ိုင်းဝန်းနှိပ်စက်ကြသည်။
နောက်ဆုံးတွင် မအိရွှေခမျာ မခံမရပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံထုတ်
ပိုးသတ်ဆေးပြားများ သောက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါသည်...။
အဆိပ်သောက်ပြီး သေမည့် ကုတင်ပေါ်တွင် မသေနိုင်င်၍ ငြီးငြူနေရာတွင်
အဒေါ်ဖြစ်သူ မဆန်းညွန့်ရီမှ မြန်မြန်သေချင်ရင် ဓားနဲ့ထိုးသတ် သေလိုက်ဟု
လူမဆန်စွာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍
ယင်းမာပင်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်း
တစ်လပြည့်သည့်တိုင် မည်သို့မျှ အရေးယူခြင်းမရှိသေးပါ။

ဦးရှမ်း+ဒေါ်နွားခင်တို့မှာ ပစ္စည်းချမ်းသာသည့်အတွက် ဤအမှုကို
ကားတစ်စီးကုန်သည်အထိ အထက်ကို လာဘ်ထိုးပြီး အမှုမပေါ်အောင်လုပ်မည်ဟု
ကြုံးဝါးထားကြောင်း ကြားသိရပါသည်။ ဤကဲ့သို့ တစ်လပြည့်သည့်တိုင်
အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာ ရဲဋ္ဌာနမှ မည်သို့မျှ
အရေးယူဆောင်ရွက်ခြင်း တရားလိုအား ဆင့်စာပေးပို့ခြင်း လုံးဝမရှိသည့်အတွက်
သက်ဆိုင်ရာ ရဲအရာရှိများသည် လာဘ်ငွေများ အမြောက်အများယူ၍ အမှုကို
သေးသိမ်အောင် ပြုလုပ်နေသည်ဟု ယူဆရပါသည်.။

နိုင်ငံတော် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အကြိမ်ကြိမ်
ပြောဆိုနေသော်လည်း အောက်ခြေ ၀န်ထမ်းများမှာ ယခင်အစိုးရ လက်ထက်အတိုင်း
လာဘ်ပေး လာဘ်ယူမှုများရှိနေပြီး လုံးဝ မပြောင်းသေးကြောင်း ဤဖြစ်စဉ်က
မီးမောင်းထိုးပြနေပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့်
တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ကာယကံရှင်များအနေဖြင့်
အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

မိခင် ဒေါ်နွဲ့ရီဝင်း ကိုယ်စား ကိုမြင့်ကို
ဆက်သွယ်ရန်ဖုန်း ၀၉၄၇၁၃၄၀၀၃

မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့
ကိုးတန်းကျောင်းသူလေး မအိရွှေ
အမှုမှန် ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါရန်...

ကိုဇော (မုံရွာ) မှ သတင်းပေးပို့ ထားတာဖြစ်ပါတယ်။

Myanmar News  Now


နိုင်ငံတော်သမ္မတ လာရောက်ရန်ရှိသဖြင့် အာနန္ဒာဘုရား ရှိဆိုင်ခန်းများပိတ်ခိုင်းထား

Posted: 07 Jun 2012 08:51 PM PDT


နိုင်ငံတော်သမတ လာရောက်ရန်ရှိသဖြင့် ပုဂံဒေသအာနန္ဒာဘုရားအနီးရှိ ဆိုင်ခန်းများအား
သက်ဆိုင်ရာကသုံးရက်ပိတ်ခိုင်းထားကြောင်းပုဂံဒေသခံများကပြောသည်။

       " ဒီနေ့  ( ဇွန်လ ၇ ရက် ) ကစပိတ်ရတာ သုံးရက်ပိတ်ခိုင်းတယ် သမတလာ
လို့ ဆိုင်ပိတ်ရတယ် ဆို တာ သမတကြီးကိုမေးလိုက်ချင်တယ် ဒါဆင်းရဲမွဲတေ
မူ့ ပပြောက်ရေးလားလို" အဆိုပါဘုရားအနီးဆိုင်ဖွင့်ထား သူတစ်ဦးကပြောသည်။

       နိုင်ငံတော်သမတဦးသိန်းစိန်သည် ပခုက္ကူတံတားဖွင့်လှစ်ရန်အတွက် ဇွန်လ ၉
ရက်နေ့ တွင်ပုဂံဒေသ သို့ လာရောက်ရန်ရှိကြောင်းအာဏာပိုင်နှင့်နီးစပ်သူများကပြောသည်။

       " ဒီလုပ်ရန်ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ သမတကြီးကို  ပြည်သူတွေ
မညိုညင်စေချင်ဘူး ဒီလို လူကြီးလာမှအလုပ်လုပ်ပြတဲ့ခေတ်တွေလဲကုန်သင့်ပါပြီ"
ဟုပုဂံဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ တစ် ဦးကမှတ်ချက်ပြုသည်။

       အဆိုပါဘုရားအနီးတွင်ဆိုင်ခန်း ၅ ခန်းရှိပြီးနှစ်ပေါင်းများစွာကပင်စည်ပင်သို့ 
ပိုက်ဆံပေးရောင်းချနေခြင်းဖြစ်ပြီးဘုရားဂေါပကမှာ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူလွှတ်တော်
အမတ်ဖြစ်သည်။

By Aung Thu Ra


အဲဗားဝင်းနား ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီမှာ ရေမဆေးကျောက်ရှာသူ တစ်ဦးအား ဝိုင်းဝန်းရိုက်နှက်၍ သေဆုံး

Posted: 07 Jun 2012 09:07 PM PDT

       30.5.2012 နေ့လည် 113း0 အချိန်  ဖားကန့်ဒေသရှိ အဲဗားဝင်းနား ကျောက်စိမ်းကုမ္မဏီ မှ
နတ်မှော် လုပ်ကွက်အတွင်း ရေမဆေးကျောက် ဝင်ရောက်ရှာသော ရေမဆေးကျောက်ရှာသူ
 မောင်မင်းမင်း (33) နှစ် အား ကုမ္မဏီ ဝန်ထမ်းများ မှ ဝိုင်းရိုက်နှက်တာကြောင့် သေဆုံးမှု ဖြစ်ခဲ့ရပါတယ်။

မောင်မင်းမင်းမှာ ဖားကန့်ဆေးရုံတွင်သေဆုံးခဲ့ပါသည် ။ ဖားကန့် ရဲစခန်းမှ ထိုအမှုကို လူသတ်မှုဖြင့်
အမှုဖွင့်ထားကြောင်း သိရသည် ။ ကုမ္မဏီမှ မောင်အေးလင်းဦး တစ်ယောက်ထဲကိုသာ  တရားခံ
လုပ်ခိုင်းထားကြောင်း ။ ထိုအမှု နှင့်ပတ်သက်ပြီး ဖားကန့် အာဏာပိုင်များ လာဒ်စားမှုများ ရှိနေကြောင်း
ရဲစခန်းနဲ့ နီးစပ်သူ တစ်ဦးကပြောပြသည် ။

ဖားကန့်ဒေသတွင် ကျောက်စိမ်းကုမ္မဏီများ ကျူးလွန်သော လူသတ်မှု ၊ လူသေမှု တော်တော်များများတွင်
ဌာနဆိုင်ရာများသည် ငွေများများ သုံးနိုင်သော ကုမ္မဏီများ ဘက်မှ အမြဲတမ်းလိုလို ရပ်တည်ပေးကြသည် ။
ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင် နှစ်စဉ်လို ကားတိုက်မှု ၊ မြေပြိုမှု ၊ များတွင် လူသေဆုံးမှုများ ရှိခဲ့သည် ။
ကျောက်စိမ်းတွင်း လုပ်ငန်းမှ တစ်မှော်လုံးအတိုင်းနဲ့ပြောရရင် တစ်နှစ်ကို လူ ဆယ်ဦးထက်မနည်း သေဆုံးမှု
များရှိနေကြောင်း ဒေသခံများမှ ပြောပါသည် ။ ၎င်း လူသေမှုများတွင် ထိထိရောက်ရောက် အရေးယူမှုများ
မရှိကြောင်း သိရပါသည် ။                                                                                                                                                                         

နစ်နာသူများကို လျော်ကြေးငွေ အနည်းငယ်သာပေးပြီး ဌာနဆိုင်ရာများကို လာဒ်ငွေ အမြောက်အများပေးပြီး
အမှုပိတ်ပြစ်သည်က များပါသည် ။

 by - zawmoehetet


လစ်ဘရယ် ဒီမိုကရက် အစည်းအဝေး မြန်မာအကြောင်းဆွေးနွေး

Posted: 07 Jun 2012 08:25 PM PDT

ဓါတ်ပုံ Myanmar News Now
ဘယ်လ်ဂျီယန်နိုင်ငံ Brussels မြို့မှာ ဇွန်လ (၄)ရက်နေ့ကနေ (၈) ရက်နေ့ထိကျင်းပနေတဲ့ ဥရောပနဲ့အာရှဒီမိုကရက်နဲ့ လစ်ဘရယ် မဟာမိတ်ပါတီတွေရဲ့ညီလာခံမှာ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေကို စိတ်ဝင်တစား ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ညီလာခံကို တက်ရောက်နေ
တဲ့ အမျိုးးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထီလာမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

ညီလာခံမှာ တက်ရောက်နေတဲ့ CALD ခေါ် အာရှတွင်း ဒီမိုကရက်နဲ့
လစ်ဘရယ် မဟာမိတ်ပါတီတွေက NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ်ချီးမြှင့် ဂုဏ်ပြုထားပါတယ်။

CALD ရဲ့နောက်ပိုင်း လှုပ်ရှားမှုတွေမှာ NLD က ပူးပေါင်းဆောင်ရွက်
သွားမှာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စကိုလည်း အဓိက ဆွေးနွေးတင်ပြနိုင်ခဲ့တယ်
လို့ ပြည်ပအခြေစိုက် NCGUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ကိုယ်စားလှယ် ဦးညိုအုန်းမြင့်က ပြောပါတယ်။

ညီလာခံမှာ ဥရောပ နိုင်ငံပေါင်း (၂၇) နိုင်ငံနဲ့ အာရှနိုင်ငံတွေ အကြား ကုန်သွယ်စီးပွားရေး ကိစ္စ အဓိက ဆွေးနွေးခဲ့ကြပါတယ်။


RFA Burmese


KNPP အဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဇွန် ၉ ရက်မှာ တွေ့မယ်

Posted: 07 Jun 2012 08:11 PM PDT

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေးကိုယ်စားလှယ်
အဖွဲ့ဟာ သဘောတူညီမှုမရရှိသေးတဲ့အချက်တွေကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ထပ်မံဆွေးနွေးဖို့မနေ့ မနက်ပိုင်းက ထိုင်းမြန်မာနယ်စပ်ကနေ လွိုင်ကော်မြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

KNPP ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ခူးဦးရယ် ခေါင်းဆောင်တဲ့ ၉ ဦးပါအဖွဲ့ဟာ လာမယ့်ဇွန် ၉ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ထိုင်း မြန်မာနယ်စပ်မှတ်တိုင်ဂိတ် BP 10 ကနေ မနေ့က ကားလမ်းခရီးနဲ့ ထွက်ခွာသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက KNPP ဖက်ကတင်ပြတောင်းဆိုထားတဲ့ နယ်မြေသတ်မှတ်ရေးနဲ့ အစိုးရစစ်ကြောင်းတွေ ပြန်ရုတ်သိမ်းပေးဖို့
အပါအ၀င် အချက် ၂၀ ကို သဘောတူညီမှုရရှိဖို့ ထပ်မံဆွေးနွေး
မှာဖြစ်တယ်လို့ KNPP ဗဟိုကော်မတီဝင် ခူးဖဲဘူး က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"ပြည်တောင်စုအဆင့်မှာ ဆွေးနွေးဖို့ပေါ့။ ခူးဦးရယ်ကနေ ဦးဆောင်ပြီးတော့ တွေ့ဆုံဖို့ ဒီနေ့ သွားလိုက်ပြီး၊ ဟိုးအရင်တုန်းက တင်ပြထားတဲ့ အချက် ၂၀ ပေါ်မှာပဲ ဆက်လက်ဆွေးနွေးသွားမယ်၊ ပထမ ပြည်နယ်အဆင့်မှာတုန်းကတော့ သဘောတူထားကြတာက အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ဆောင်ရွက်သွားဖို့ ၊ နောက် အခုတင်ပြထားတဲ့ အချက် ၂၀ ပေါ်မှာ ဆက်လက်ပြီးတော့ ပြည်ထောင်စု အဆင့်မှာ တွေ့ဆုံဆွေးနွေးကြဖို့ အဲ့လိုမျိုးပဲ သဘောတူထားကြတာကိုး၊ အဲ့ဒါ အခု ဒီ အချက် ၂၀ ကိုပဲအခြေခံပြီးတော့ သွားရောက်
တွေ့ဆုံဆွေးနွေးကြမယ် အဲ့ဒါပဲ ဖြစ်ပါတယ်။"

အခုတစ်ကြိမ် ပြည်ထောင်စုအဆင့်မှာ ကရင်နီပြည်နယ်ထဲမှာ စစ်ဆင်ရေးအားလုံးရပ်ဆိုင်းဖို့၊ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် ရက်ပေါင်း ၆၀ အတွင်း အစိုးရတပ်စခန်းတွေ ပြန်ရုတ်ပေးဖို့အပါအ၀င် ကရင်နီပြည်နယ်အတွင်းက ဒုက္ခသည်ကိစ္စတွေကို အဓိကထား
ဆွေးနွေးသွားဖို့ရှိကြောင်း ခူးဖဲဘူး က ဆက်ပြောပါတယ်။

"အဓိကတော့ ဒီ အပစ်အခတ်ရပ်စဲရေး သေချာသွားအောင် ဆိုပြီးတော့မှ သူ့နေရာ ကိုယ့်နေရာပေါ့လေ ဒီ စစ်တပ်နေရာ သတ်သတ်မှတ်မှတ်လေး
ဖြစ်အောင် အဲ့ဒါတော့ အဓိကထားပြီးတော့ ဆွေးနွေးကြမယ်။ ဘာဖြစ်လည်းဆိုတော့ အရင်တစ်ခေါက်က ဆွေးနွေးတာက သူတို့ စစ်ရေးဖက်ကနေ စစ်ရေးဆိုင်ရာတွေက ဘယ်သူမှ မပါလာဘူးလေ၊ ဘာမှ ဆုံးဖြတ်ချက်မရဘူး၊ ဆွေးနွေးမှုလည်းမရဘူး အဲ့လိုဖြစ်သွားတာပေါ့။ အဓိက အဲ့ဒါတွေကို ဆွေးနွေးသွားမယ်။"

ပြည်ထောင်စုအဆင့်နဲ့ ဆွေးနွေးပြီးရင် ပြည်နယ်အဆင့်နဲ့ အသေးစိတ်
ထပ်မံဆွေးနွေးဖို့ရှိပြီး နှစ်ဖက်ဆွေးနွေးမှုအဆင်ပြေရင် လွိုင်ကော်၊ ရှားတော၊ ဖာဆောင်း မြို့တွေမှာ ဆက်ဆံရေးရုံးတွေ တခါတည်းဖွင့်
သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ ၁၉၉၅ ခုနှစ်က
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ၃ လ အကြာမှာ သဘောတူညီမှုပျက်ပြားခဲ့ပြီး အခုအခါ ငြိမ်းချမ်းရေးအတွက်
ပြန်လည်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

RFA Burmese


ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် အပြစ်မဲ့သူတဦး အာရုံကြော ထိခိုက်သွား

Posted: 07 Jun 2012 09:32 PM PDT

ကွန်းချမ်း

စံခလပူရီ (မဇ္ဈိမ) ။        ။ ရဲ၏ ရိုက်နှက် စစ်ဆေးမှု ဒဏ်ချက်များကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကမာမိုးရွာသား ကိုသက်ပိုင်စိုး အား ဆေးရုံတင် ကုသထားရသည်မှာ ရက် ၂၀ ပြည့်ပြီ ဖြစ်သော်လည်း အာရုံကြော များ ထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါများ လှုပ်ရှား၍ မရတော့ကြောင်း မိသားစုဝင်နှင့် ကူညီဆောင်ရွက်ပေးနေ သူများက ပြောသည်။

ရိုက်နှက်စစ်ဆေးစဉ်တွင် ဦးခေါင်းနှင့် ကြမ်းပြင် ဆောင့်မိခြင်းကြောင့် အာရုံကြောများ ထိခိုက်ကာ ပခုံးဆစ်နှင့် လက်နှစ်ဖက်မှာ လှုပ်ရှား၍ မရတော့ကြောင်း၊ ပေါင်ကြားမှ ဒဏ်ရာများလည်း ကောင်းစွာ မကျက်သေးကြောင်း ကူညီ ဆောင်ရွက်ပေးနေသည့် ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

"မနေ့ကတောင် သူတို့မိသားစုကို ကျနော် ဖုန်းဆက်သေးတယ်။ ဆရာဝန်တွေ ပြောတော့ ပကတိ အခြေအနေကို
ပြန်ရဖို့ ဆိုတာ မလွယ်တော့ဘူးလို့ သူ့အမေက ကျနော့်ကို ပြောတယ်။ အခု ကျနော်လည်း ရန်ကုန် ရောက်ခိုက် ဆိုတော့ မော်လမြိုင်မှာ ကုလို့ မသက်သာရင် ရန်ကုန်ကို တက်လာခဲ့ပါလို့ လှမ်းပြောလိုက်သေးတယ်" ဟု မဇ္ဈိမကို  ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာ ဘုရားပွဲတွင် လူငယ်ချင်း ခိုက်ရန် ဖြစ်ပွားရာမှ လူတဦး သေဆုံးမှု တွင် ပါဝင်ပတ်သက်သည် ဟူသော သံသယဖြင့် ကိုသက်ပိုင်စိုး အပါအဝင် ကွမ်ရိုက်၊ ကမာမိုး၊ ဒေါင်းဥရွာများမှ လူငယ် ၁၃ ဦးကို ဧပြီလ ၂၀ ရက်နေ့တွင် ချောင်းဆုံ ရဲများက ဖမ်းဆီးစစ်ဆေးခဲ့သည်။ အပြစ်မရှိသူကိုးဦးကို ပြန်လွှတ်
ပေးခဲ့ရာ ကိုသက်ပိုင်စိုးမှာ မေလ ၁၈ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။

သို့သော် ဖမ်းဆီးထားစဉ် တလအတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ဒဏ်ကြောင့် ကိုသက်ပိုင်စိုးမှာ ထိုနေ့တွင်ပင်
ချောင်းဆုံဆေးရုံသို့ တင်ပို့ခဲ့ရာမှ မေလ ၁၉ ရက်နေ့တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုး အကြောအဆစ် အထူးကုဌာနသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။

မေလ ၂၁ ရက်နေ့က ချောင်းဆုံမြို့နယ်သို့ ရောက်ရှိလာသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ရိုက်နှက် စစ်ဆေးသူကို အရေးယူမှု ရှိ/မရှိ မေးမြန်းခဲ့ရာ ရိုက်နှက်စစ်ဆေးသူ ဒုရဲအုပ်ကို ခရိုင်သို့ ပြောင်းပို့ထားကြောင်း ချောင်းဆုံရဲစခန်းမှ ဒု-ရဲအုပ်တဦးက ဖြေကြားခဲ့သည်။

သို့သော်လည်း ရိုက်နှက်စစ်ဆေးခဲ့သည့် ဒု-ရဲအုပ် ကျော်စွာခိုင်ကို ခရိုင်သို့ ပြောင်းပို့ထားသည်မှာ မဟုတ်မှန်ဘဲ အရေးယူဆောင်ရွက်ခြင်းလည်း တစုံတရာ မရှိသေးကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

"ကျနော်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေလကတည်းက စာတင်ထားတယ်။ ဒါပေမယ့် အဲဒီ ရိုက်တဲ့ ရဲက အခု ရွာထဲမှာ ပေါ်ပေါ်တင်တင်ပဲ သွားလာတာ ကျနော်တို့ တွေ့နေရတုန်းပဲ။ ဘာမှ
ခေါ်ယူစစ်ဆေး မေးမြန်းတာ မရှိဘူး" ဟု သူက ပြောသည်။

လူနာအား ပြည်နယ် ရဲမင်းကြီးမှ ငွေကျပ် တသိန်းခွဲ တကြိမ်၊ နှစ်သိန်း တကြိမ် လာရောက် ထောက်ပံ့ပေးခဲ့သည်ဟု ကိုသက်ပိုင်စိုး၏ မိခင်က ပြောသည်။

မိသားစုများအနေနှင့် ရိုက်နှက်စစ်ဆေးသူကို အမှုဖွင့် တိုင်ကြားရန် မဝံ့မရဲဖြစ်နေကြောင်း ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

ကွမ်ရိုက်ရွာ ဘုရားပွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ လူငယ် လေးဦးအား မော်လမြိုင် ရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။



ထိုင်း-မြန်မာ ကုန်စည်ပြပွဲ မဲဆောက်တွင်ပြုလုပ်

Posted: 07 Jun 2012 07:42 PM PDT

မဲဆောက် ဇွန် ၇

ထိုင်းကုန်စည်များမြန်မာနိုင်ငံအတွင်းသို့ လက်ရှိတင်ပို့နေသည့်ပမာဏထက် ပို့ကုန် ၁၅ ရာခိုင်နှုန်းတိုးမြှင့် နိုင်ရန်အတွက်ထိုင်းနိုင်ငံက ထိုင်း-မြန်မာနယ်စပ်မဲဆောက်တွင်ယနေ့မွန်းလွဲပိုင်းက ကုန်စည်ပြပွဲတရပ်ကို ယနေ့မှစတင်၍ ၅ ရက်ကြာပြုလုပ်မည်ဖြစ်သည်။

ကုန်စည်ပြပွဲကိုတက်ရောက်ဖွင့်လှစ်ပေးသည့် ထိုင်းဒုတိယကုန်သွယ်ရေးဝန်ကြီးနိုင်ဖွန်ဆာရဖွန်က"လက်ရှိ မဲဆောက်-မြ၀တီနယ်စပ်ကုန်သွယ်ရေးကနေ ထိုင်းကုန်စည်တင်ပို့မှုကတနှစ်ကိုထိုင်းဘတ်ငွေသန်းပေါင်း ၁ သိန်း ၅ သောင်းရှိတယ် လက်ရှိတင်ပို့တာထက်နောက်ထပ် ၁၅ ရာခိုင်နှုန်းတိုးပို့နိုင်ဘို့အတွက် ဒီထိုင်း-မြန်မာကုန်စည်ပြပွဲကိုပြုလုပ်ရတာဖြစ်တယ် မြန်မာနိုင်ငံမှာတရုတ်ပစ္စည်းတွေအ၀င်များတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေကိုလည်း အရည်အသွေးတွေတိုးမြှင့်သွားမှာဖြစ်တယ်"ဟုသတင်းထောက်များကို ပြောကြားခဲ့သည်။

ကုန်စည်ပြပွဲကိုတက်ရောက်ဖွင့်လှစ်ပေးသည့် မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဌ ဒေါ်သင်းသင်းမြတ်က မဲဆောက်တွင်ယနေ့ပြုလုပ်သည့် ထိုင်း-မြန်မာကုန်စည်ပြပွဲကို လာမည့်နှစ်တွင်မြ ၀တီခရိုင်အတွင်းပြုလုပ်နိုင်ရန်အတွက် တာဝန်ရှိသူများထံတင်ပြသွားမည်ဟုပြောသည်။

ယနေ့ကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံထုတ်လူသုံးကုန်၊စားသောက်ကုန်နှင့်လယ်ယာသုံးပစ္စည်းများကိုအဓိကပြ သခဲ့ပြီး မြန်မာအ၀တ်အထည်များနှင့်စားသောက်ကုန်အချို့ကိုခင်းကျင်းပြသခဲ့သည်။

ရဲရင့်မောင်-Popular Myanmar News Journal


တစ်သောင်းကျပ်တန် ငွေစက္ကူ

Posted: 07 Jun 2012 07:37 PM PDT


Photo Credit : http://www.ministryofinformation.gov.mm/

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။

ငွေစက္ကူ အသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

တစ်သောင်းကျပ်တန် ငွေစက္ကူ

အရွယ်အစား။ ။ ၁၅ x ၇ စင်တီမီတာ

ပေါ်လွင်သောအရောင်။ ။ အပြာရောင်

မျက်နှာစာဘက်။ ။ ထိပ်ပိုင်းတွင် " မြန်မာနိုင်ငံတော် ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ် ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထား ပါသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာစာတန်း"တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ်ထား ပါသည်။ လက်ယာ ဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ တန်ဖိုးကို ဂဏန်း များဖြင့် ရိုက်နှိပ်ထား ပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာ ပါရှိ ပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။

ကျောဘက်။ ။ ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ် ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထား ပါသည်။


အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်ဆန္ဒပြနေ

Posted: 07 Jun 2012 07:34 PM PDT

ရန်ကုန် - မန္တလေး လမ်းမကြီး ရတနာပုံ တက္ကသိုလ်လမ်းခွဲအနီး မန္တလေး စက်မှုဇုန် (၁) ဧရိယာအတွင်း တည်ရှိသော New Stone ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်၍ အဆိုပါ စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက် ရှိကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။

အလုပ်သမားများသည် တောင်းဆိုချက် ၆ ချက် တောင်းဆိုလျက် ရှိသည်ဟု သိရပြီး လက်ရှိအချိန်တွင် စက်ရုံဝင်းတံခါး ပိတ်ထားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်သတင်းပေးပို့သည်။
အဆိုပါ စက်ရုံနှင့် မနီးမဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗေဒါသင်တန်းကျောင်း တည်ရှိသည်။

The Voice Weekly


တောင်ကုတ်ကိစ္စ ဖြစ်ရပ်မှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီးလုပ်ဆောင်မည်

Posted: 07 Jun 2012 07:29 PM PDT

ဇွန်လ ၇ ၊ ၂၀၁၂၊ YPI

ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့တွင် ဖြစ်ပျက်ခဲ့သည့် လူ ၁၀ ဦးအသတ်ခံရမှုအတွက ပြည်ထောင်စုအစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းလိုက်ကြောင်းယနေ့ထုတ်သတင်းစာများတွင် ဖေါ်ပြချက် အရသိရသည်။

ယခုလ ၆ ရက်နေ့ညနေပိုင်းကတောင်ကုတ်မြို့သို့ ဖြတ်သန်းသည့် ရိုးမသစ္စာမှန်လုံယာဉ်ပေါ်မှ အစ္စလာမ် ဘာသာဝင် ၁၀ဦးကို တောင်ကုတ်မြို့ခံလူအုပ်စုကသတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ယခုလိုစုံစမ်းရေးအဖွဲ့ဖွဲ့စည်းကာ နိုင်ငံတော် သမ္မတထံဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍တိုက်ရိုက် တင်ပြရန် ယင်းကြေညာချက်တွင် ဖေါ်ပြထားသည်။

စုံစမ်းရေးအဖွဲ့တွင် ပြည်ထောင်စု ပြည်ထဲရေး ဒုဝန်ကြီးနှင့် ဒုရဲချုပ်တို့ကဦးဆောင်ကာကျန် ၁၄ဦးမှာ ရခိုင် ပြည်နယ် ၊ ခရိုင် ရဲဘက်ဆိုင်ရာ၊ ဥပဒေဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများပါဝင်သည်ကိုတွေ့ရသည်။

ယခုကဲ့သို့ စုံစမ်းရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ တောင်ကုတ်မြို့တွင် အသတ်ခံရသူများထဲမှ တဦးဖြစ်သူဦးမောင်နီ၏ သားဖြစ်သူက "ကျွန်တော့် အဖေဆုံးသွားတယ် ကြားချိန်မှာတော့ စိတ်ထဲမှာတော်တော်ခံစားရပါတယ်။ စုံစမ်းရေးအဖွဲ့ဖွဲ့တာတော့ ကျွန်တော်လည်းသတိမထားမိပါဘူး။ သေပြီးတဲ့ ကိစ္စအပေါ်မှာတော့ မိသားစုဝင်တယောက်အနေနဲ့ တခြားခံစားချက်တော့မရှိတော့ပါဘူး" ဟုသို့ပြောသည်။

တောင်ကုတ်မြို့တွင် အဖြစ်အပျက်မဖြစ်ပျက်မီနံနက်ပိုင်း ကကျောက်နီမော်ကျေးရွာအနီးဖြစ်ပျက်သည့် ရခိုင်အမျိုးသမီးတဦးအားသားမယားပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်ပြီုး လှုံ့ဆော်သည့် စာရွက်စာတမ်းများ ဖြန့်ဝေမှုရှိခဲ့သည် တောင်ကုတ်မြို့ခံများကပြောသည်။

လက်ရှိအချိန်ထိတောင်ကုတ်မြို့တွင် အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးမှု သတင်း တစုံတရာ မကြားသိရပါ။ ။


 Yangon Press International


မဲဆောက် မြန်မာအလုပ်သမားတချို့ လုပ်ခတိုး

Posted: 07 Jun 2012 07:25 PM PDT

M-Apparel Garment Co,ltd စက်ရုံက မြန်မာ အလုပ်သမားများ
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆန်ခွဲ အရပ်မှာရှိတဲ့ စက်ရုံတခုက အလုပ်သမားတွေ လုပ်အားခ နဲနေတဲ့အတွက် တောင်းဆို ဆန္ဒပြကြတာကို လစာ တိုးမြင့် ပေးလိုက်ပါတယ်။ M Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံက လုပ်အားခ နစ်နာမှုအတွက် ဆန္ဒပြနေတဲ့ အလုပ်သမား ၂၀၀ ကျော်ကို မဲဆောက်က အလုပ်သမား ကာကွယ်ရေး ရုံးတရုံးက တနေ့လုပ်အားခ ဘတ် ၂၂၆ ဘတ် ပေးဖို့အတွက် ဆုံးဖြတ် ပေးလိုက်တာကြောင့် ဇွန်လ ၉ ရက်နေ့မှာ အလုပ် ပြန်ဝင်ကြတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့လက စပြီး ဆန္ဒပြ တောင်းဆိုခဲ့တဲ့  M Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဆာဝါရီကန်လို့ ခေါ်တဲ့ အလုပ်သမား ကာကွယ်ရေးရုံးကနေ ဆုံးဖြတ်ပေးလိုက်တဲ့ အတွက် တနေ့လုပ်အားခ ၇၅ ဘတ်ကနေ ၂၂၆ ဘတ်အထိ ရရှိသွားပြီဖြစ်လို့ လာမယ့် ဇွန်လ ၉ ရက်နေ့မှာ အလုပ် ပြန်ဆင်းတော့မှာပါ။ အလုပ်သမား တဦး ပြောပြတာကတော့ -

"ဆ၀ါရီကန်ရုံးက ပထမ တချက်၊ နှစ်ချက်လောက်ကို ညှိပေးတယ်။ ပြေလည်ရာ ပြေလည်ကြောင်း သူတို့ ညှိပေးတယ်။ ဒါပေမယ့် အလုပ်ရှင်ဖက်က လိုက်လျော မပေးဘူး။ အဲဒါကြောင့် ဆ၀ါရီကန်ရုံးက ၅ ရက်နေ့ကျလို့ရှိရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမား ညှိလို့ မပြေလည်လို့ ရှိရင် သူတို့ရုံးကပဲ ဆုံးဖြတ်ချက် ချတော့မယ် ဆိုပြီး သူတို့အနေနဲ့ အဲဒီလို ပြောလိုက်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အလုပ်သမားတွေနဲ့ ကဲ အလုပ်ရှင်ကိုလည်း ကျနော်တို့ အောက်ကျို့ မခံတော့ဘူး။ ဆ၀ါရီကန်ရုံးရဲ့ ဆုံးဖြတ်ချက်ကိုပဲ
ကျနော်တို့ ယူတော့မယ် ဆိုပြီးတော့ အဲဒီလို အကုန်လုံး သဘောတူ စာချုပ် လက်မှတ်ထိုးတယ်။ ဆ၀ါရီကန် ရုံးကတော့ ၂၂၆ ဘတ်နဲ့ ဆုံးဖြတ်ချက် ချလိုက်တယ်။ လောလောဆယ် စက်ရုံက ထမင်း မပေးဘူး၊ အဆောင်လည်း မပေဘူး။ သူတို့အနေနဲ့ ပြီးခဲ့တဲ့လကလည်း လစာ ကျနော်တို့အနေနဲ့ နှစ်ထောင်လောက်ပဲ ရတယ်။ အဲဒါအတွက်ကိုလည်း သူတို့အနေနဲ့ ၁၆ ရက်နေ့မှ ထုတ်ပေးတယ်။ လစာကလည်း မကျန်တဲ့အတွက် အခု လောလောဆယ်တော့ ကျနော်တို့တွေ နဲနဲတော့ အခက်အခဲတော့ ဖြစ်တာပေါ့လေ။ အဆောင်တွေဘာတွေ ငှားတာတို့၊ ထမင်းလည်း ကိုယ့်ဟာကို ချက်စားရမှာတို့ နဲနဲတော့ အခက်အခဲတော့ ကြုံတွေ့ရတာပေါ့။ ကျနော်တို့ ၉ ရက်နေ့မှာ အလုပ်ဆင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။"


အလုပ်သမားတွေ စတင် ဆန္ဒပြတဲ့ အချိန်တုန်းကတော့ အလုပ်သမား အားလုံးဟာ တနေ့ကို လုပ်အားခ ၁၅၅ ဘတ်လောက်အထိပဲ ရဖို့အတွက် တောင်းဆိုခဲ့တာပါ။ အလုပ်ရှင်က လိုက်လျောမှု မပြုတဲ့အတွက် နောက်ပိုင်းမှာတော့ အလုပ်သမားတွေက အလုပ်သမား ကာကွယ်ရေးရုံးရဲ့ အဆုံးအဖြတ်ကို ခံယူတော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

အလုပ်သမား ကာကွယ်ရေး ရုံးကတော့ အရင်တုန်းကတော့ အခုလိုမျိုး ဆုံးဖြတ်ပေးခဲ့တာတွေ သိပ်မရှိခဲ့ပါဘူး။ အခုအခါမှာတော့ အလုပ်သမားရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ အပါအ၀င် အစိုးရမဟုတ်တဲ့ အဖွဲ့တွေကိုပါ တွေ့ဆုံပြီး အလုပ်သမားရေး ကိစ္စတွေကို ဆွေးနွေးမှုတွေ လုပ်လာတဲ့အကြောင်း ရောင်ခြည်ဦး
အလုပ်သမားအဖွဲ့က ဥပဒေရေးရာ တာဝန်ခံ ကိုထွေးနိုင်ကလည်း အခုလို ပြောပြပါတယ်။

"ဆန္ဒပြတဲ့အလုပ်သမားတွေ ဥပဒေအတိုင်း ကိုယ်စားလှယ် ရွေးတယ်။ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်တွေ ရွေးရမယ်။ အဓိက ကိုယ်စားလှယ်တွေမှာလည်း ပြောရဲ ဆိုရဲ ရှိရမယ်။ အဲဒီလိုမျိုးပေါ့၊ အလုပ်သမား ကိုယ်စားလှယ် ရွေးတဲ့နေရာတွေ အဓိကထားပြီး ဆွေးနွေး သွားတယ်။
နောက် ရှေ့ဆက်ပြီးတော့ သူတို့အနေနဲ့ ဘာလုပ်သင့်သလဲ ဆိုတာ တယောက်နဲ့ တယောက် ချိတ်ဆက်ပြီးတော့ အဆက်အသွယ်တွေ လုပ်ဖို့၊ အဲဒါတွေ အဓိက ပြောသွားတာပါ။"


ထိုင်းမြန်မာနယ်စပ် တပ်ခ် (Tak) ခရိုင်ထဲမှာ အလုပ်သမား အင်အား နှစ်သိန်းကျော်ရှိပြီး အလုပ်သမားတွေဟာ များသောအားဖြင့် အလုပ်လုပ်ခွင့် လက်မှတ်တွေ ကိုင်ဆောင်ထားနိုင်ခြင်း မရှိကြပါဘူး။ အခုလိုမျိုး ထိုင်းဥပဒေပါ အခွင့်အရေးအရ တနေ့လုပ်အားခ ၂၂၆ ဘတ် ရရှိတဲ့ အခွင့်အရေးကို ရရှိဖို့အတွက် တောင်းဆိုတာမျိုးတွေကို မဲဆောက်မြို့က အလုပ်သမားတွေကြားမှာ ရှိခဲ့ပေမယ့် အလုပ်ရှင်က လိုက်လျောပေးတာမျိုးတွေက မရှိသလောက် နဲပါးပါတယ်။

အလုပ်ရှင်တွေအနေနဲ့ လုပ်အားခ ဈေးပေါပေါရတဲ့၊ လက်မှတ်မရှိတဲ့ မြန်မာ အလုပ်သမားတွေကိုသာ အသုံးပြုကြတာ များပါတယ်။

မကြာသေးခင်ကပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်စဉ်မှာ မြန်မာ အလုပ်သမားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဥပဒေပါ အခွင့်အရေးအတိုင်း ရရှိ ခံစားစေဖို့အတွက် ထိုင်းအစိုးရက တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။ အခု မဲဆောက်မြို့က ဆန္ဒပြတဲ့ စက်ရုံကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီးတဲ့နောက် ဥပဒေပါ အခွင့်အရေးကို ရရှိတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။

စက်ရုံမှာ အလုပ်သမားအင်အား ၄၀၀ လောက် ရှိပြီး ဆန္ဒပြခဲ့တဲ့ လူ ၂၀၀ ကျော်ကတော့ ထိုင်းအစိုးရဆီမှာ အလုပ်လုပ်ခွင့် မှတ်ပုံ တင်ထားသူတွေ ဖြစ်တာကြောင့် ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပေမယ့် ကျန်တဲ့ အလုပ်သမား ၂၀၀ ခန့်ကတော့ ဆန္ဒပြ တောင်းဆိုမှုမှာ ပါဝင်မှု မရှိတာရယ်၊ အလုပ်လုပ်ခွင့် လက်မှတ်တွေ မရှိတာရယ်ကြောင့် အခုလိုမျိုး ဥပဒေပါ အခွင့်အရေးတွေ ရရှိဦးမှာ မဟုတ်သေးပါဘူး။

ကျန်နေသေးတဲ့ အလုပ်သမားတွေ အနေနဲ့ အရင်အတိုင်းပဲ တနေ့ လုပ်အားခ ၇၅ ဘတ်လောက်ပဲ ရရှိနေဦးမှာ ဖြစ်ပြီး သူတို့ကိုတော့ စက်ရုံအတွင်းမှာ နေထိုင်ခွင့်နဲ့ တနေ့ကို ဟင်းမပါတဲ့ ထမင်း ၂ နပ်ကို ခံစားခွင့် ပေးထားကာ အခု ၂၂၆ ဘတ် ရရှိတဲ့ အလုပ်သမားတွေကတော့ စက်ရုံက ဘာတာဝန်မှ မယူတော့ပဲ အပြင်မှာ နေထိုင်ရမှာ ဖြစ်ပြီး စက်ရုံကို အချိန်မှန် အလုပ် လာဆင်းရတော့မှာ ဖြစ်ပါတယ်။

ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေကတော့ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံးက ဆုံးဖြတ်ပေးမှုကတော့ ပိုပြီးတော့ အဆင်ပြေမှုရှိတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

မအေးအေးမာ (ဗွီအိုအေ-မြန်မာပိုင်း)


ကျပ်တသောင်းတန် ငွေစက္ကူ ထုတ်မည်

Posted: 07 Jun 2012 07:18 PM PDT

တသောင်းတန် ငွေစက္ကူအသစ်။
မြန်မာနိုင်ငံမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူ သစ်တွေကို လာမယ့် ဇွန်လ ၁၅ ၇က်နေ့မှာ စတင်ထုတ်ဝေ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခုလို  ငွေစက္ကူသစ် ထုတ်ဝေတဲ့အတွက် ငွေကြေး ဖောင်းပွလာမှုတွေ ဖြစ်လာနိုင်မလား ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပေမဲ့ ဗဟိုဘဏ် တာဝန်ရှိသူကတော့ နိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်မလာအောင် ထိန်းသိမ်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူအဖြစ် ကျပ်တစ်သောင်းတန်တွေကို လာမယ့် ဇွန်လ ၁၅ ရက် သောကြာနေ့မှာ စတင် ဖြန့်ချိ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခု တစ်သောင်းတန် ငွေစက္ကူတွေကို ဗဟိုဘဏ် ငွေကြေးဌာနတွေနဲ့ ဘဏ်တွေမှာရော၊ အစိုးရငွေတိုက်ကပါ စတင် သုံးစွဲတော့မှာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"ဇွန်လ ၁၅ ရက်နေ့ပါ။ ဗဟိုဘဏ်တွေကို လောလောဆယ် မရောက်သေးပါဘူး။ ဒီကြားထဲမှာပဲ ရောက်လာပြီးတော့၊ ဒီကြားထဲမှာပဲ ကျနော်တို့က သူ့ ရက်အမှီ ဖြန့်ဖို့ စီစဉ်ပါတယ်။"

အခု ငွေစက္ကူသစ် ထွက်မယ်ဆိုတဲ့ အတွက် နိုင်ငံမှာ ငွေကြေး ဖောင်းပွမှုတွေဖြစ်လာနိုင်စရာ  မရှိသလို ငွေကြေး ဖောင်းပွမှု ပြသနာမျိုးတွေလည်း မဖြစ်ရအောင် အစိုးရက စီစဉ် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

"ဒီလောက်ကြီး မရိုက်နိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်ရဲ့ ကုန်ဈေးနှုန်း အခြေအနေ၊ လက်ရှိ မက်ကရို (Micro) စီးပွားရေး အခြေအနေတွေအရ လောလောဆယ်မှာလည်း ငွေကြေး ဖောင်းပွမှုနှုန်းက နဲနေတဲ့ အနေအထားမှာ ရှိတယ်။ နဲနေတော့ ကျနော်တို့ ဒီလို ရိုက်လိုက်လို့ ဒီ ဖောင်းပွမှုအပေါ်မှာ အများကြီး မထိခိုက်နိုင်ဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ကျနော်တို့ဖက်က ငွေကြေး ဖောင်းပွမှုဖြစ်ရင် အပြင်မှာ ဖြစ်နေတဲ့ ငွေတွေကို ဘဏ်တွေမှာ ပြန်ရောက်အောင် Multi Policy (ပေါ်လစီမျိုးစုံ) နဲ့ လုပ်ရမှာပေါ့။ ငွေကြေး ဖောင်းပွမှုက ကျနော်တို့က ဂဏန်း တလုံးမှာပဲ ရှိပါတယ်။ ဂဏန်း ၂ လုံး မရှိပါဘူး။"

ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော် ပြောပြခဲ့တာပါ။

အခု ကျပ်တစ်သောင်းတန် ငွေစက္ကူ မတိုင်ခင် မြန်မာနိုင်ငံမှာ ကျပ် ငါးထောင်တန် (၅၀၀၀) တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက အစိုးရက အကြီးဆုံး ကျပ်ငါးထောင်တန် ငွေစက္ကူတွေကို  ထိန်းထိန်းသိမ်းသိမ်း ထုတ်ဝေခဲ့တဲ့ပုံစံကို နမူနာယူပြီး
အခု ကျပ်တစ်သောင်းတန်ကို ဖြန့်ချိ သွားမယ်ဆိုရင် နိုင်ငံထဲမှာ ငွေကြေးဖောင်းပွလာမယ့် ပြသနာကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ပါတယ်။

"ကျနော်တို့ ငါးထောင်တန် ထုတ်လိုက်တုန်းက ထုတ်မယ်လို့ ပြောလိုက်တဲ့ အချိန်မှာ အလုံးအရင်းနဲ့ ထွက်လာတာ မဟုတ်ပဲနဲ့ တဖြည်း တဖြည်း ထွက်လာလိုက်ပါတယ်။ ထွက်လာတော့ အဲဒီဟာကို သူတို့ နမူနာ ယူပြီးတော့ အခု ဒီဟာကိုလည်း အဲဒီလို လုပ်လိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်။ သူက ဟို Inflation (ငွေကြေး ဖောင်းပွမှု) ကို ချက်ချင်းကြီး ဖြစ်လာနိုင်စရာ မရှိအောင် သူတို့ ငွေကို ထုတ်ပါလိမ့်မယ်လို့ ဒီလိုထင်ပါတယ် ကျနော်တော့လေ။ ဘာလို့လည်းဆိုတော့ သူတို့လည်း အတွေ့အကြုံ ရှိပြီးသား ဆိုတော့လေ ဆိုလိုတာက အရင့် အရင် လုပ်ခဲ့တော့ ချက်ချင်းပဲ တုန့်ပြန်မှုတွေ ဖြစ်လာတယ်၊ အဲဒါကို သူတို့ အတွေ့အကြုံ ရှိကြပါတယ်။ အဲဒီတော့ ဒီအတွေ့အကြုံကို သူတို့ ယူပြီးတော့ လုပ်ရင်တော့ ဆိုးဆိုး ရွားရွား ဖြစ်လာနိုင်စရာတော့ အကြောင်း မရှိလောက်ဘူးလို့ ကျနော်တော့ ဒီလို ယူဆမိပါတယ်။"

လက်ရှိမြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု ပြသနာဟာ သိပ်ပြီး ကြီးကြီးမားမား မရှိဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့်မို့ အလွန်အကျွံ မဟုတ်ပဲနဲ့ ငွေကြေးဖောင်းပွမှု အနည်းငယ် ဖြစ်လာမယ် ဆိုရင်တောင် စီးပွားရေးလုပ်ငန်း တချို့အတွက် အကျိုးရှိလာနိုင်စရာတောင် ရှိတယ်လို့လည်း ဦးလေးညွန့်က သူအမြင်ကို ပြောပြပါတယ်။

"အခု အခြေအနေကတော့ ကျနော်တို့က ငွေကြေး ဖောင်းပွမှု အတော် နဲနေပါတယ်။ နဲနေပါတယ်ဆိုတာ အဓိက Commodities (စားသုံးကုန်) တွေဖြစ်တဲ့ ဥပမာ ဆန်တို့၊ ဆီတို့ စတဲ့ မီးဖိုချောင်သုံး သီးနှံ အချို့ကလွဲရင်ပေါ့လေ၊ အချို့ကဆိုတာ ဆန်ဆိုရင် အောက်ဈေးပါ။ တကယ် ဖြစ်နေတဲ့ ဆန်ဈေးနဲ့က ဆန်ဈေးက နိမ့်နေပါတယ်။ အဲဒီတော့ လယ်သမားကလဲ ဘယ်လိုမှ တွက်ခြေ မကိုက်နိုင်တဲ့ဟာမျိုးပေါ့။ ကျနော့် အမြင်တော့ Inflation ဖြစ်လာပြီးတော့များ Demand တက်လာမယ် ဆိုရင်တော့ ကောင်းတဲ့ အလားအလာလို့ ကျနော်က ဒီလို ယူဆမိပါတယ်။ ဟို တဖက်ကလည်း ပြောကြပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ Inflation ရှိနေတယ်။ အဲဒီတော့ ရှိတာလည်း မှန်ပါတယ်။ ဒီ တသောင်းတန်စက္ကူ ထွက်လို့များ မထိန်းပဲနဲ့ ထုတ်ရင်တော့ အန္တရာယ် ရှိတာပေါ့။ ဒါပေမယ့် ထိန်းပြီးတော့များ အခု ငါးထောင်တန်
လုပ်သလိုမျိုး ထိန်းပြီးတော့ အလွန်အမင်း ငွေကြေး ဖောင်းပွတာ၊ ရုတ်တရက် Hyperinflation မဖြစ်အောင် ထိန်းထားနိုင်တယ် ဆိုရင်တော့ အကျိုးတခု ရလာလိမ့်မယ်လို့ ဒီလို ယူဆနိုင်ပါတယ်။"


စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ခဲ့တာပါ။

အခုထုတ်ဝေမယ့် ငွေစက္ကူ တစ်သောင်းတန် အသစ်ဟာ အလျား ၁၅ စင်တီမီတာ၊ အနံ ၇ စင်တီမီတာ ရှိပြီး အပြာရောင်ပေါ်လွင်တဲ့ ငွေစက္ကူ ဖြစ်တယ်လို့ ဖော်ပြထားပြီးတော့ လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ အကြွေတွေဟာလည်း တရားဝင် နိုင်ငံမှာ ဆက်လက်သုံးစွဲခွင့် တည်ရှိနေမှာ ဖြစ်တယ်လို့လည်း အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

By သင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)


ရွှေတွင်းလုပ်သားများ ဆက်လက်ဆန္ဒပြ

Posted: 07 Jun 2012 07:13 PM PDT

ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တ၀ိုက်မှာ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ အသေးစား ရွှေတွင်းကုမ္ပဏီတွေ၊ ရွှေတွင်းလုပ်သားတွေနဲ့ သက်ဆိုင်ရာမိသားစုဝင် စုစုပေါင်း တစ်သိန်းနီးပါးဟာ ဒီကနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။
RFA
ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တ၀ိုက်ရှိ အသေးစား ရွှေတွင်းကုမ္ပဏီ၊ ရွှေတွင်းလုပ်သားများနှင့် သက်ဆိုင်ရာမိသားစုဝင် စုစုပေါင်း တစ်သိန်းနီးပါး ၂၀၁၂ ခုနှစ် ဇွန်လ ၇ ရက်တွင် ဆန္ဒပြနေကြစဉ်။
တစ်ချိန်တည်းမှာလည်း ရွှေတွင်းအလုပ်သမား ကိုယ်စားလှယ်တွေဟာ လုပ်ငန်းခွင်တခုလုံးကို အပိုင်သိမ်းလိုက်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ သူတို့ တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ ညှိနှိုင်းနေဆဲလို့ ရွှေတွင်းအလုပ်သမားတွေက ပြောပါတယ်။
ရွှေလုပ်သားတွေဘက်က တောင်းဆိုချက်တွေက သိမ်းဆည်းခံထားရတဲ့ ရွှေတွင်း အင်း-အက်တာတွေ ပြန်ဖွင့်ပေးဖို့၊ ချမှတ်ထားတဲ့ ဇုန်အသီးသီးက ရွှေတူးစက်တွေ ပြန်လည်ပတ်နိုင်ဖို့၊ တပိုင်တနိုင် လုပ်ငန်းရှင် အသေးစားတွေနဲ့ တွဲလုပ်တဲ့ ရွှေလုပ်သားတွေရဲ့ အစုခံစားခွင့်တွေ ပြန်ရဖို့အတွက် တောင်းဆိုဆန္ဒပြနေကြတာ ဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
မိုးထိမိုးမိတောင် ရွှေတွင်းလုပ်ငန်းမှာ ဇုန် ၁၂ ဇုန်ရှိပြီး အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့ အရင်က အကျိုးတူစီးပွားလုပ်ကြတဲ့ လက်ခွဲကုမ္ပဏီ ရာဂဏန်းအထိ ရှိမယ်လို့ သိရပါတယ်။ အဲဒီ လက်ခွဲကုမ္ပဏီအငယ်တွေဟာ သိန်း ၃၀၀ အနည်းဆုံး ရင်းနှီးမြှုပ်နှံထားကြပြီး အစိုးရထံမှာ ၅နှစ် ကန်ထရိုက်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ အကျိုးတူစီးပွား လုပ်ကိုင်နေကြတာပါ။
၇ လလောက်သာ အကျိုးတူစီးပွား လုပ်ကိုင်လာကြရာကနေ လုပ်ငန်း အဆင်ပြေ ချောမွေ့စပြုချိန်မှာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ရွှေလုပ်ငန်းတစ်ခုလုံးကို အပိုင်သိမ်းလိုက်တဲ့အတွက် ရွှေတွင်းလုပ်ငန်းငယ်တွေနဲ့ အလုပ်သမားတွေ စုပေါင်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ရွှေတွင်းမှာ ဆန္ဒပြနေကြတဲ့ကိစ္စကို ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် ရန်ကုန်အခြေစိုက် အိုင်အယ်လ်အိုရုံးက ကိုယ်စားလှယ် ၂ ဦးလည်း ရောက်ရှိနေတယ်လို့ သိရပါတယ်။

 RFA Burmese


အကြမ်းဖက်မှုမှာ မြို့လူထုပါဝင်ခြင်း မရှိလို့ တောင်ကုတ်မြို့ခံပြော

Posted: 07 Jun 2012 07:09 PM PDT

တောင်ကုတ်မြို့ မှာအသတ်ခံရသူများ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားသွားမှုမှာ တောင်ကုတ်မြို့လူထုပါဝင်ပတ်သက်မှု မရှိဘဲ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ဖြစ်ပွားရတာလို့ ဒေသခံတွေက ပြောပါတယ်။
လူမြင်ကွင်းမှာ နာရီနဲ့ချီဖြစ်ပွားသွားတဲ့ သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေက ကြိုတင်တားဆီးရင် အခြေအနေအခုလောက်ဆိုးဝါးမှာ မဟုတ်ဘူးလို့ တောင်ကုတ်မြို့နယ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်လှက ထောက်ပြပါတယ်။
"သေဆုံးသွားတဲ့လူတွေကို လူသားချင်း စာနာတဲ့အနေနဲ့ ကရုဏာသက်တယ်ပေါ့ဗျာ။ ဖြစ်မှဖြစ်ရလေ၊ ဒီလိုမျိုးမလုပ်သင့်ဘူး။ ဒါဟာဒီလိုပဲရှိကြတာပဲ။ ဥပဒေစိုးမိုးမှုလိုအပ်တယ်။ ဥပဒေစိုးမိုးမှု မရှိလို့ အဲတာအဓိကပါပဲ။ ဒီဥပဒေကို ကိုယ်တွယ်တဲ့ သူတွေက တိတိကျကျ တာဝန်သိသိနဲ့ ဆောင်ရွက်လို့ရှိရင် ဒီလိုဆိုးဆိုးဝါးဝါး အခြေအနေတွေ ဖြစ်မလာပါဘူး"
ဒီလိုဖြစ်သွားတဲ့အတွက် သံတွဲကနေ ရန်ကုန်ကို သွားဖို့ပဲဖြစ်ဖြစ်၊ ရန်ကုန်ကနေ သံတွဲပြန်ဖို့ပဲဖြစ်ဖြစ် လမ်းမှာ တောင်ကုတ်ကို မဖြစ်မနေ၀င်ရတဲ့ အဝေးပြေးယာဉ်တွေကို အားကိုးနေရတဲ့ သံတွဲက အစ္စလာမ်ဘာသာဝင်တွေ ခရီးသွားလာရေးအတွက်လည်း အခက်အခဲရှိသွားတယ်လို့ ဆိုပါတယ်။
အစ္စလာမ်ဘာသာဝင်တွေဟာ အရင်က ခရီးသွားခွင့်ဗီဇာရဖို့ အခက်အခက်ရှိခဲ့ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အဆင်ပြေလာကာမှ နောက်ထပ်စိုးရိမ်စရာ ထပ်တိုးလာတယ်လို့လည်း ပြောကြပါတယ်။
တောင်ကုတ်နဲ့ သံတွဲမြို့ခံတွေ အချင်းချင်းလည်း အထင်လွဲစရာတွေ ဖြစ်လာရပြီး သံတွဲနည်းပညာကောလိပ်ကို ၁၀ ရက် ပိတ်လိုက်တဲ့အတွက် တောင်ကုတ်က ကျောင်းသားတွေ နေရပ်ပြန်လာကြရတယ်လို့ ဦးခင်လှက ပြောပါတယ်။
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမှော်ကျေးရွာအုပ်စု၊ သပြေချောင်းရွာက အမှု၊ တောင်ကုတ်ဖြစ်ရပ်နဲ့ စစ်တွေမြို့ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။ လတ်တလော တောင်ကုတ်မြို့အခြေအနေ အေးအေးဆေးဆေး ရှိနေတယ်လို့လည်း သိရပါတယ်။

RFA Burmese 


ILO နဲ့ မြန်မာအစိုးရ သဘောတူညီချက်တချို့ရရှိ

Posted: 07 Jun 2012 07:07 PM PDT

အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်တို့ကြား ပထမဦးဆုံးအကြိမ် သဘောတူညီမှုတချို့ ရရှိခဲ့ပါတယ်။
RFA
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ILO အထူးဆွေးနွေးပွဲတွင် အမှုဆောင် ဒါရိုက်တာ Mr. Guy Ryder စကားပြောကြားနေစဉ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ ILO အထူးဆွေးနွေးပွဲကနေ ပြီးခဲ့တဲ့ တနင်္လာနေ့က အခုလို သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
ILO က ချမှတ်ထားတဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှု ရပ်ဆိုင်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက ဘယ်လောက်လိုက်နာသလဲဆိုတာ ၁၉၉၉ ခုနှစ်ကတည်းက ILO အဖွဲ့ချုပ် ကျွမ်းကျင်သူများကော်မတီက စောင့်ကြည့်ခဲ့ပြီး မြန်မာအစိုးရက လိုက်နာဆောင်ရွက်မှု ရှိခဲ့တာကြောင့် ILO နဲ့ မြန်မာအစိုးရတို့ အခုလို ပထမဦးဆုံးအကြိမ် သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ILO တို့ အခုလို သဘောတူညီမှု ရသွားတာကို ကြိုဆိုကြောင်း ILO ညီလာခံကို တက်ရောက်နေတဲ့ ထိုင်း မြန်မာ နယ်စပ်အခြေစိုက် (FTUB) မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။
"ဒီနှစ်မှာတော့ သူတို့က အဲဒီလို ဥပဒေကိုလည်း ပြင်တယ်ဆိုတာကို သတင်းစာထဲမှာထုတ်တယ်။ နောက်ထပ်တစ်ခါ သူတို့ ဒီအပြစ်ပေးအရေးယူတယ် ဆိုတဲ့ဟာတွေလည်းပါတယ် ဆိုတော့ အဲတာတွေကို သူတို့သက်သေပြနိုင်ပြီပေါ့နော်။ နောက်ထပ်တစ်ခါ ဗိုလ်ချုပ်မင်းအောင်လှိုင်ကပြောတဲ့ ကိစ္စ၊ သမ္မတ ဦးသိန်းစိန်က မေဒေးနေ့တုန်းကပြောတဲ့ ကိစ္စတွေ ကြည့်ပြီးတဲ့အခါမှာ အားလုံးက ဒါဆိုလို့ရှိရင်လည်း ဒီလောက်အတိုင်းအတာအထိ ဆိုရင်လည်း ဒါကို သဘောတူပါတယ်။ ရှေ့ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်ပါဆိုပြီး သဘောတူညီမှုရတာ"
ILO နဲ့ သဘောတူညီမှု ရလာအောင် မြန်မာအစိုးရက ဆောင်ရွက်ချက်တွေထဲမှာ ၁၉၀၇ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ မြို့ပြနဲ့ ကျေးရွာအက်ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဖျက်သိမ်းပေးခဲ့တာမျိုး ၊ သမ္မတဦးသိန်းစိန်က နိုင်ငံအတွင်း အဓမ္မခိုင်းစေမှု လုံးဝပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ သူ့မိန့်ခွန်းမှာ ပြောဆိုတာမျိုး၊ ကလေးစစ်သား စုဆောင်းတဲ့ တပ်မတော်သားတွေကို အရေးယူမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ထုတ်ထားတာမျိုး၊ အလုပ်သမား သမဂ္ဂတွေ မှတ်ပုံတင်ခွင့် ပေးတာမျိုး စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese


You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ