[mrsorcerer:26143] မလေးရှားကမိတ်ဆွေတွေ ဝိုင်းထိန်းပေးပါ

မလေးရှားကလူတွေစိတ်ထိန်းကြဖို့ပြောချင်ပါတယ်... မုစ်လင်မ်ဖြစ်စေ ရခိုင်ဖြစ်စေ ဗမာဖြစ်စေ ရိုဟင်ဂျာဖြစ်စေ ကျေးဇူးပြုပြီး မိတ်ဆွေတို့ရဲ့ စိတ်ခံစားမှုလေးတွေကို ထိန်းချုပ်ထားပြီး အခြေအနေတွေတည်ငြိမ်သွားသည်အထိ စောင့်ကြည့်စေလိုပါတယ်... ကျနော်သိသလောက်လည်း မလေးရှားရောက်နေတဲ့ ရခိုင်ရော ဗမာရော မုစ်လင်မ်ရော ရိုဟင်ဂျာရော အများစုက အေးချမ်းစွာနေလိုကြတာပါ... ဒါ့ကြောင့် မလိုအပ်ပဲ အချင်းမပွါးကြဖို့ မလေးရှားမှာရှိတဲ့မိတ်ဆွေများအားလုံး စိတ်သဘောထားကြီးကြီးလေးထားပြီး အချင်းချင်းနားလည်မှုလေးတွေထားပေးကြပါလို့ တောင်းဆိုလိုပါတယ်...

အောက်ကသတင်းကတော့ မလေးရှားက ညီတစ်ယောက်ပြောလာတာပါ... ပိုသေချာအောင်ဖုန်းဆက်မေးထားပါတယ်... လောလောဆယ် ဖြစ်ရပ်ကိုတိတိပပသိနိုင်သူတွေ ပြောပေးကြပါ... 

အစ်ကို...မလေးရှားမှာတော့ ပြသနာတွေ ဖြစ်နေကြပြီး။ ဒီနေ့ ည မလေးစံတော်ချိန် ၉နရီလောက်က Taman Tasik Prima (တမန်တာဆစ်ပရမား) မှာ တစ်အိမ်ထဲ အတူနေကြတဲ့ ရခိုင်ဗမာ နဲ့  ရခိုင်ရိုဟင်ဂျာ တို့ ခုတ်မှုဖြစ်သွားတယ်။ ရခိုင်ဗမာက ရခိုင်ရိုဟင်ဂျာနှစ်ယောက်ကို ခုတ်သွားတယ်။အဲဒါကို ကျွန်တော်တို့ အရပ်က လူတွေကို အကူအညီတောင်းကြတယ်။ဒီကလူတွေကလည်း သွေးဆူပြီး လူစုတဲ့ အဆင့်ထိ ဖြစ်သွားလို့  တော်တော်လေးဖျောင်းဖျပြီး လူစုခွဲထားလိုက် ရတယ်။တဖြည်းဖြည်းနဲ့  ရှုတ်ထွေးလာနေပြီ။ရှေ့ ဆက် ဒီထက်ဆိုးနိုင်တဲ့ အခြေအနေတွေ ရှိတယ်။အကိုရေ......ဆိုင်းကတော့မြိုင်မြိုင်လေးတီးပေးနေပြီး....ကမယ့်လူတွေကလည်း ပြင်နေကြပြီး။ လူမျိုးရေးတွေကို ဘာသာရေးအသွင်ပြောင်းနေကြတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ပြောမတတ်တော့ပါဘူး

--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ