[mrsorcerer:26226] ရိုးရိုးလေး တွေးကြည့်ခြင်း

ယ္ခုဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်ကိစ္စမှာ...

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်သူများ၊

၈၈ မျိုးဆက်ခေါင်းဆောင်များကို အပြစ်တင်သူများ၊

ပြည်ပရောက်ခေါင်းဆောင်အချို့ကို အပြစ်တင်နေသူများ တွေးကြည့်ရန်မှာ......

 

ပထမ ရိုးရိုးလေး ဖြစ်လာတဲ့ လူ့မိုက်ရိုင်းသုံးကောင် ကိစ္စကို ကြီးလာအောင် လုပ်ထားတာ ဘယ်သူတုန်း။

ပြဿနာစစခြင်းမှာ မဖြေရှင်းပေးတာ ဘယ်သူတုန်း။

 

ရခိုင်ပြည်နယ်ကို ကျုးကျော်သူတွေ အခြေချနေထိုင်ဖို့ စီစဉ်ဖန်းတီးခဲ့တဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ခေါင်းဆောင်တွေ ပါခဲ့လေသလား။

 

အမျိုးယုက်သုံးကောင်၏ လူသတ်မုဒိမ်း အမှုကို ကြီးလာအောင် လုပ်ပြီး။ ရခိုင်ပြည်နယ်ကို အခုလောလောဆယ် သြဇာအာဏာ သက်ရောက်အောင် ဖန်တီးတာ ဘယ်သူပါလဲ။

 

ရခိုင်ပြည်နယ်၏ ကြံဖွတ် ကိုယ်စားလှယ်ထဲမှာ ပါဝင်နေတာ ရခိုင်အမျိုးသားပဲလား ဘာလူမျိုးပါနေတုန်း။

 

လောလောဆယ်လုပ်ရပ်က စစ်တပ်ကို ဘေးဖယ်ဖို့မကြိုးစားနှင့်ကွ စစ်တပ်မပါရင် မင်းတို့တွေ ဒုက္ခရောက် သွားမယ်လို့ ခြိမ်းခြောက် လိုက်တာ ဘယ်သူတုန်း။

 

ရခိုင်တိုင်းရင်းသားတွေကို တိုင်းတပါးက ဘင်္ဂါလီတွေနှင့် ထိပ်တိုက်ပေးတွေ့ထားခဲ့တာ နှစ်ပေါင်းဘယ်လောက် ကြာနေပြီလဲ။ အဲဒါ တာဝန်ရှိတာ ဘယ်သူတုန်း။ ရခိုင်ပြည်နယ်မှာ ကျုးကျော်နေတဲ့ ဘင်္ဂါလီပြဿနာက အခုမှ ပေါ်ပေါက်နေတာလား။

 

အရင့်အရင်က ရခိုင်သံဃာတော်တွေနှင့် ရခိုင်လူမျိုးတွေကို ဘင်္ဂါလီတွေမှ သတ်တာ နှာစေးနေတာ ဘယ်သူတုန်း။

 

ရာဇ၀င်နှင့်နေခဲ့တဲ့ ရခိုင်လူမျိုးတွေ ဘဂ်ါလီနှင့် ထိပ်တိုက်ပေးတွေ့ထားပြီး အညွှန့်မတက်နိုင်အောင် ချိုးထားတာ ဘယ်သူတုန်း။

 

ရခိုင်အမျိုးသားရေးလုပ်တဲ့ ဆရာတော်တွေကို အမှုအမျိုးမျိုးနှင့် ထောင်ချတာ ဘယ်သူတုန်း။

 

Bus ပေါ်က အစ္စလာမ်ဘာသာဝင်တွေကို လက်ရဲဇတ်ရဲနှင့် ဒီလိုအစိုးရ လက်ထက်မှာ သတ်ရဲတာ ဘယ်သူတွေတုန်း ရခိုင်အမျိုးသားအစစ်တွေ ဟုတ်ပါ့မလား။

 

 

ဒီပြဿနာဖြစ်လာလို့ အကျိုးမြတ်ရသွားတဲ့ အစိုးရအနေနှင့်

 

အခုဒီပြဿနာက လွှတ်တော်ထဲက စစ်တပ်ရယူထားတဲ့ ထိုင်ခုံများကို လှုပ်မယ်ဆိုရင် အကုန်လုံး ဒုက္ခများကုန်မယ်လို့ နမူနာပြလိုက်တာ မဟုတ်ဘူးလား။

 

ကချင်ပြည်နယ်က ပြည်တွင်းစစ်နှင့် စစ်ဘေးဒုက္ခတွေကိစ္စ ပြောအားကျသွားတယ်။

 

လျှပ်စစ်မီးကိစ္စ အသံပျောက်သွားတယ်။ ပြည်က တရားဆွဲဆိုဖို့ကိစ္စ အပါဝင်ပေါ့။အလုပ်သမားပြဿနာ အထွေထွေ ဘေးချိတ်ခံရတယ်။

 

ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့ NLD နှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထု အကြည်ညိုကျ ဆင်းအောင်လုပ် လိုက်နိုင်တယ်။

 

အကုန်လုံးသော ၈၈ ခေါင်းဆောင်တွေ မဆီမဆိုင်အပြစ်တင်ဝေဖန်ခံရတယ်။

 

နောက်ဆုံး မီဒီယာတွေကို လုပ်ချင်တိုင်းမလုပ်နဲ့ ထောင်ချမယ်ဆိုပြီး ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လိုက်နိုင်တယ်။

 

နောက်တခုက လုံခြုံရေးအကြောင်းပြပြီး စစ်တပ်က ရခိုင်ပြည်နယ်ထဲက ဒေသအချို့ (ငပလီ အပါဝင်ကို) ရန်ကုန်တိုင်းကြီးဒေသ ထဲကိုထည့်ဖို့ အကြောင်းပြချက် ကောင်းလာတယ်။ ခရိုနှီတေဇပွမယ့် အကြံပေါ့။

 

ဒီတော့ ရခိုင်ပြည်နယ်မှာ ဖြစ်သွားတဲ့ ကိစ္စကို ဘယ်လိုပြောရမလဲ ရိုးသားမှုမရှိတာ ဘယ်သူတုန်း။

 

မိတ်ဆွေတို့ရေ

ဘင်္ဂါလီလို့ ခေါ်တဲ့ သဘောထားက ကျနော် သူတို့ကင်ပွန်းတပ်ထားတဲ့ အမည်ကို အသိမှတ်ပြုပြီး မသုံးချင်လို့ပါပဲ။

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။ သို့သော် မိုက်ရိုင်းစော်ကားရင်တော့ Unfriend or Block ပါပဲ နေပူနေလို့ ဦးနှောဏ်စား မခံပါ ။ လူ့ယဉ်ကျေးမှု အပြည့်နှင့် ရေးသားဆွေးနွေးမှုကိုသာ လိုလား ပါသည်။ ပြည်သူ့ အကျိုးစီးပွါး အတွက် စဉ်းစားကြည့်ကြပါ။

 

ရဲမင်းထွန်း( ဖေ့ဘွတ်မှကူးယူဖော်ပြသည်)

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ