[mrsorcerer:26258] နားလည်လွဲနေသူများ ... ယုန်ထင်ကြောင်ထင်ရေးနေသူများ သို့  သိစေရန် ရှင်းလင်းခြင်း ...

နားလည်လွဲနေသူများ ... ယုန်ထင်ကြောင်ထင်ရေးနေသူများ သို့  သိစေရန် ရှင်းလင်းခြင်း ...

သမ္မတကြီးထုတ်ပြန်တဲ့ ပုဒ်မ ၄၁၃ အပိုဒ်(က) ကိုနားလည်ရန်အတွက် ပုဒ်မ ၄၁၂ ကို ပထမဦးစွာ သိရှိရမှာဖြစ်ပါတယ် ။

ပုဒ်မ ၄၁၂ (က)ဟာ ပြည်သူအိုးအိမ်စည်းစိမ်ကို အန္တရာယ် ရှိသည် နှင့် သမ္မတဟာ

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ကာ အရေးပေါ် အခြေအနေကို

 ကြေငြာခြင်းဖြစ်ပါတယ် ။

အပိုဒ် (ခ) ကတော့ သမ္မတဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိုနိုင်းရာမှာ အဖွဲ့ဝင်တွေစုံလင်စွာတတ်ရောက်နိုင်ခြင်းမရှိပါက 

ကာချူပ် ၊ ဒု-ကာချုပ် ၊ 

ကာကွယ်ရေးဌာန ဝန်ကြီး နှင့် ပြည်ထဲရေး ဝန်ကြီး တို့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကို အချိန်မှီ ထုတ်ပြန်ကြေငြာနိုင်ပါတယ်။ အဲဒီ 

အတည်ပြုဆုံးဖြတ်ချက်ကို 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ အမြန်ဆုံးတင်ပြ အတည်ပြုချက်ရယူရမှာဖြစ်ပါတယ် ။

အခုထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၄၁၃ အပိုဒ်(က) ကတော့ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေကြေငြာတဲ့ကိစ္စ နဲ့ ပတ်သတ်ပါတယ် ။ ကဲ 

ကြည့်ကြရအောင် ။
************************************************************************

ပုဒ်မ ၄၁၃ (က) ။ အရေးပေါ်အခြေအနေ ကြေငြာချက် အကျိုးသက်ရောက်သည့်နယ်မြေ ဒေသအတွင်း


မူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း

များနှင့် အဖွဲ့အစည်း ဝင်များ ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်းများ နှင့် အဖွဲ့ဝင်

များ ကတည်ဆဲ ဥပဒေများနှင့် အညီတာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှူရှိစေရန်

တပ်မတော်၏ အကုအညီကို ရယူဆောင်ရွက်နိုင်သည် ။
************************************************************************

ဆိုလိုတာကတော့ စစ်တပ်က နယ်ဘက်ဝန်ထမ်းတွေ နဲ့ ဒေသအာဏာပိုင်တွေရဲ့ လုပ်ငန်းဆောင်တာ အဝဝကို ဝင်ရောက် ကူညီရမယ် ။ အကယ်၍ ထိုသူများကိုေ

နှာင့်ယှက်သူများ အား စစ်တပ်မှ စစ်တပ် အလုပ် လုပ်ပြရပါလိမ့်မယ် ။


ဒါကြောင့်လည်း အခုချိန်မှာ ဒေသအာဏာပိုင်တွေ ပြည်သူ့ရဲတွေနောက်မှာ တပ်မတော်က ဝင်ရောက်အားဖြည့်ကူညီနေခြင်းဖြစ်ပါတယ်။


ဒေသ ပြန်လည်တည်ဆောက်ရေးမှာလည်း ပါဝင် ကူညီပြီး fatigue လုပ်ပေးရပါလိမ့်မယ် ။

တကယ်လို့သာ ဒီထက်ဆိုးဝါးလာပါက ပုဒ်မ ၄၁၃ အပိုဒ်( ခ) က တော့ တော်တော် ပြင်းထန်ပါတယ် ။

ပုဒ်မ (ခ) မှာတော့ သမ္မတရဲ့ အမိန့်နဲ့ အဆိုပါနယ်မြေကို စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပေးပါလိမ့်မယ်။


အဲလိုဆိုရင် သမ္မတရဲ့ အမိန့်နဲ့ အဆိုပါနယ်မြေ ရဲ့ တာဝန်ကိစ္စ အရပ်ရပ်ကို ဦးစီးဆောင်ရွက်ရပါ့မယ် ။ကာချုပ်ကြီးကိုယ်တိုင် မလုပ်လျှင်လည်း အခြား စစ်ဘက် အဆင့်မြင့် 

အရာရှိတစ်ဦးဦးကို ထပ်ဆင့် လွဲအပ်နိုင်ပါတယ် ။


ဟာ...ဒါဆို စစ်တပ်အာဏာသိမ်းတာလား ...ဆိုကြမယ်။ အဲလိုဆိုရင် မှားပါလိမ့်မယ် ။ ပုဒ်မ (ခ) အရ စစ်


တပ်ဟာ အဆိုပါနယ်မြေကို နယ်ဘက်အုပ်ချုပ်ရေးနဲ့ မနိုင်တော့လို့ စစ်ဘက်အုပ်ချုပ်ရေးတာဝန်ကို သမ္မတ


ရဲ့ အမိန့်နဲ့သာ ဆောင်ရွက်ရတာပါ ။ အဲလို အုပ်ချုပ်ခဲ့တာကို တိကျသေချာနိုင်ဖို့ နောက်ထပ် ပုဒ်မ ၄၁၄ အပိုဒ် (က) ကို ဆက်ကြည့်ရအောင် ။


ပုဒ်မ ၄၁၄ မှာတော့ သမ္မတဟာ ဥပဒေကဲ့သို့ အာဏာတည့်တဲ့ အမိန့်ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေကြေငြာတဲ့အခါမှာ -


အပိုဒ် (က) - အမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေ ဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြရမည် ။


လို့ ဆိုပါတယ်။


ဒါကြောင့်လည်း ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ နံပါတ် (၄) မှာ ဤအမိန့်သည် ယနေ့မှစ၍ နောက်ထပ် အမိန့်တစုံတရာ ထုတ်ပြန်မှူ မရှိမခြင်း 

အတည်ဖြစ်သည် 

လို့ပါရှိရခြင်းဖြစ်ပါတယ် ။


အခုဆိုရင် ရခိုင်ဒေသကို ပုဒ်မ ၄၁၃ ပုဒ်မ (က) အရ တပ်မတော်မှ ဝင်ရောက်ကူညီနေတဲ့ အဆင့်သာဖြစ်ပါတယ် ။ပုဒ်မ (က) အရ အုပ်ချုပ်ခြင်းမှ မနိုင်တော့မှသာလျှင် ပုဒ်မ (ခ) 

အရ ပြည်သူများ


ပြောဆိုနေတဲ့ စစ်တပ်က ကုလားများကို စစ်ပွဲအသွင် တိုက်ထုတ်မှာဖြစ်ပါတယ် ခင်ဗျား ။


(မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ)

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ