ရိုဟင်ဂျာတွေကို ဗိုလ်ချုပ်အောင်ဆန်း ဘာပြောခဲ့သလဲ
ရိုဟင်ဂျာတွေကို ဦးတင်ဦး ဘာပြောခဲ့သလဲ
ရိုဟင်ဂျာတွေကို ဒေါ်အောင်ဆန်းစုကြည် ဘာပြောခဲ့သလဲ
မြပန်းမွှေး (ခ) မရပန်းမွှေး
ကျွန်မ ရခိုင်သူ ကျောင်းဆရာမတစ်ယောက်ပါ။ လတ်တလောဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်ဆူပူမှုခံရမှု မှာ မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးများကို မြန်မာတိုင်းရင်းသားလည်း မဟုတ်တဲ့ ရိုဟင်ဂျာတွေက စော်ကားမော်ကား လုပ်နေပါတယ်။ ခုချိန်မှာတော့ စစ်တပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လူမှုရေးအဖွဲ့အစည်းတွေက ကာကွယ်ပေးနေပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက တာဝန်ရှိသူတွေလည်း ရောက်နေပီး လူမှုရေး အကူအညီတွေ ပေးနေပါတယ်။ မီဒီယာသမားတွေ ကလည်း ဖြစ်ရပ်မှန်တွေရဖို့အတွက် အန္တရာယ်ကြားက မှတ်တမ်း တင် ရိုက်ကူးနေပါတယ်။ အားလုံးကို ကျွန်မ လေးစားရပါတယ်။ ကျွန်မတို့ ရခိုင်လူမျိုးနဲ့ ရခိုင်မြေကို ထိပါးစော်ကားလာသူတွေကို အမှန်တရားဘက်က ရပ်တည်ပေးတဲ့ အတွက်ပါ။
ဗိုလ်ချုပ်အောင်ဆန်းဟာ ရခိုင်တစ်မျိုးသားလုံးသာမကဘဲ မြန်မာတစ်မျိုးသားလုံး ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်လို့ ရိုဟင်ဂျာတစ်ယောက်က ပြောဖူးပါတယ်။
မြန်မာပြည် လွတ်လပ်ရေး ရခါနီးအချိန်အတွင်း ရိုဟင်ဂျာခေါင်းဆောင်အချို့က မိမိတို့၏ ပိုင်နက်ကို ပါကိစ္စတန်နှင့် တွဲပေးရန် လှုပ်ရှားမှုများ အနည်းငယ်ရှိခဲ့သည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က"အောင်ဆန်း-အက်တလီစာချုပ်" လက်မှတ်ရေးထိုးရန် လန်ဒန်သွားနေခိုက်၊ လမ်းခရီးတွင် ထိုရိုဟင်ဂျာခေါင်းဆောင်များအပါအ၀င် ပါကိစ္စတန် အမျိုးသားခေါင်းဆောင် မိုဟာမတ် အာလီ ဂျိန္နား နှင့် တွေ့ဆုံ၍ ထိုကိစ္စရပ်များအတွက် ပြေလည်မှုများ ရယူခဲ့သည့်အပြင်၊ ရိုဟင်ဂျာခေါင်းဆောင်များအား နောင်ကျင်းပမည့် ပင်လုံညီလာခံသို့ တက်ရောက်ရန် ဖိတ်စာတစ်စောင်ကိုလည်း သူကိုယ်တိုင် ရေးသား၍ လက်မှတ်ရေးထိုး ပေးခဲ့လေသည်။ (http://xa.yimg.com/kq/groups/14090035/1956454097/name/DASSK.pdf)
အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းရောက်အောင် ဦးဆောင် ပေးနိုင်မယ့်အဖွဲ့အစည်းအဖြစ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း လေးစားခဲ့ပါတယ်။ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အား ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ (၂) ရက်နေ့ က RFA မြန်မာပိုင်း အသံလွှင့်ဌာနမှ ပြည်သူ့ဖက်က ဗိုလ်ချုပ် ကြီးတယောက် အစီအစဉ်မှာ အင်တာဗျူးလုပ်ရာ၊ ဦးတင်ဦးမှ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော ရိုဟင်ဂျာများအား တဖက်နိုင်ငံမှ ခိုးဝင် နေထိုင်သူများဟု ပြောဆိုပြီး၊ ယင်းအာဏာရှိတုန်းက တဖက်နိုင်ငံမှ ခိုးဝင်လာသူ ဘင်္ဂါလီများ၏ရန်မှ တိုင်းရင်းသား ညီအစ်ကို ရခိုင်အမျိုးသားများ အား အကာအကွယ်ပေးသည်ဟု ပြောဆိုဖြေကြားသွားသည်ကို နားထောင်လိုက်ရပါသည်။
သို့သော် ဦးတင်ဦးအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏် ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်အတွင်း ယင်းကျူးလွန်ခဲ့သောပြစ်မှုများနှင့် စပ်လျဉ်း၍ ရိုဟင်ဂျာအမျိုးသားများက မေးမြန်ခဲ့ရာ၊ ယင်းက "ထိုအချိန်တွင် ကျွန်ုပ်အနေဖြင့် ဦးနေ၀င်းခိုင်းရာ လုပ်ရသည် ရခိုင်တိုင်း တိုင်းမှုး ဦးတင်ဦးသာ ဖြစ်ခဲ့ပါကြောင်း၊ သို့သော် ယခုမူကား ဒီမိုကရေစီဘက်တော်သား
ဖြစ်ကြောင်း" အစရှိသည်အတိုင်း ဖြေကြားခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။
http://www.youtube.com/watch?v=6btfzcU6aYs&noredirect=1
အမေစုခေါ် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ခေါင်းဆောင်၊ ရခိုင်လူမျိုးတွေအပါအ၀င် မြန်မာတစ်မျိုးသားလုံးကို ဦးဆောင်နိုင်မည့်သူအဖြစ် ချစ်ခင်လေးစားခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊စစ်တွေလာတုံးကတော့ အမေစုက ဒီလိုပြောခဲ့ပါတယ်။
"လူမျိုးနှစ်မျိုး သင့်တင့်အောင် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး နေကြရန်" ရခိုင်ပြည်နယ်၊ စစ်တွေခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။
ခေါတောလို့ ကျွန်မတို့ခေါ်တဲ့ ရိုဟင်ဂျာတွေက အား၇ကျေနပ်ခဲ့ပါတယ်။ တနည်းအားဖြင့် ၁၉၆၂-ခုနှစ် ဦးနေ၀င်းအစိုးရလက်ထက်ကစပြီး နှိပ်ကွပ်မှုဒဏ်များ အဆက်အပြတ် အလူးအလဲ ခံနေကြရ သော ရိုဟင်ဂျာတို့ဟာ အမေစု နှင့် အမျိုးသား ဒီမိုကရေစီပါတီ ကယ်မှ ယင်းတို့ခံစားနေရတာ တွေ နိဂုံးချုပ်တော့မယ်လို့ ကြီးမားသည့် မျှော်လင့်ချက်များ ရှိနေပါသည်။
AFK Jilani (NLD-မောင်းတော ရွေးကောက်ပွဲကိုယ်စားလှယ်-၂၀၀၁) ၏ "Aung San Suu Kyi, The lady of Destiny" စာအုပ်ကို လေ့လာပါက ရိုဟင်ဂျာတို့မှ ဒေါ်အောင်ဆန်းစုကြည် အား မည်မျှ ထောက်ခံသည်ကို သုံးသပ်နိုင်ပါသည်။
ဒါကြောင့် ရခိုင်ပြည်မှာ ရိုဟင်ဂျာတွေ စအသတ်ခံရတာနဲ့ ထိုင်းနိုင်ငံခရီးစဉ်သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အမေစုဆီ တိုင်တန်းတော့တာဘဲ၊ အမေစုကလည်း အကျီပန်းဆီရောင် လေးနဲ့ ရိုဟင်ဂျာမုတ်ဆိတ်နဲ့ ကျက်သရေတုံးတာက အမေစုဆီတောင် ကူးစက်သွားတယ် ထင်ရတယ်။
http://yehtunblog.blogspot.com/
အချုပ်ပြောရရင်တော့ အမေစု က ရိုဟင်ဂျာကို နှစ်သိမ့်ပေးခဲ့ပါတယ်။ စိတ်ဆတ်တဲ့ ရခိုင်အကို တွေကို နားလည်ပေးရမယ်တဲ့လား အမေ။
အမေဟာ အမေရင်းမှဟုတ်ပါလေစ။ ကိုယ့်သားသမီးကို နာစေ၊ သူများသားသမီးကို သာစေ ဆက်ဆံလိုက်တဲ့ မိထွေးမျိုးအမေမျိုး ပါလား။ သားတို့သမီးတို့ ရခိုင်မှာ ရိုဟင်ဂျာတွေရန်က ပုန်းအောင်းနေရချိန်၊ ရိုဟင်ဂျာတွေ အဆိပ်ခတ်လို့ သောက်သုံးရေပြတ်လတ်နေချိန်၊ ရိုဟင်ဂျာတွေ မီးရှို့လို့ အိုးအိမ်စွန့်ပီး ဘုန်းကြီးကျောင်းမှာနေရချိန် သမီးစာသင်တဲ့ကျောင်း ပြာကျသွားတဲ့အချိန်၊ သမီးတပည့်လေးတွေ သေသလား၊ရှင်သလား၊ ဘယ်ဆီရောက်နေ ကုန်မှန်း မသိ လို့ သမီး ဗျာများနေချိန်မှာ အမေကတော့ မွေးနေ့ပွဲ ကျင်းပဖို့ အင်္ဂလန်နိုင်ငံကို ထွက်သွားရက်တယ်နော်။
အမေရေ၊ ခုတော့ အရေးကြုံရင် သမီးတို့ကို လာကာကွယ်ပေးနေတဲ့ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့ အစိုးရကိုဘဲ အားကိုးပြီး နေနေလိုက်ပါပီ၊ အမေလည်း ပြန်မလာချင် မလာပါနဲ့တော့။ အားလဲ မကိုးထိုက်တော့ပါဘူး။ အားလဲမကိုးချင်တော့ပါဘူး။ ရခိုင်သားသမီးတွေ ရခိုင်ထိုက်နဲ့ ရခိုင်ကံဘဲ ရှိပါစေတော့။
ကျွန်တော်ရို့ ရခိုင်လူမျိုးများအတွက် ညီညွတ်စွာ လုပ်ကတ်ဖို့လဲဆိုစွာကို ရခိုင်သူ/သားများ ထံသို့ ထပ်ဆင့်အကြံတောင်းခံ အပ်ပါသည်။ ဤ e-mail သို့ပေးပို့ကြပါရန်။
ကျးဇူးတင်ပါရယ်
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ