---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/17
Subject: [လူဗိုလ်ဟူသည် ...] ကိုစိန်ဝင်းနဲ့ကျနော်။ ရေးသူ ဖိုးသံ (လူထု)
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/18/2012 08:10:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/6/17
Subject: [လူဗိုလ်ဟူသည် ...] ကိုစိန်ဝင်းနဲ့ကျနော်။ ရေးသူ ဖိုးသံ (လူထု)
To: lubo601@gmail.com
by Aye Win on Sunday, June 17, 2012 at 11:41am
[ကိုသံချောင်း ပေးထားတဲ့ မာယာအတွက် ကဗျာလေးကို ဦးစိန်ဝင်းအတွက် ဝမ်းနည်းလွန်းလို့ မျက်ရည်များနဲ့ အတူ မိတ်ဆွေတို့အတွက် မျှဝေပါတယ်]
ကျနော်တို့နှစ်ယောက်
အသက်မတူ၊ ရုပ်မတူပေမဲ့
ဝါသနာတူ၊ အကြိုက်တူ
ယုံကြည်ချက်တူ
စဉ်းစားမှုတွေတူ
လေးစားသူလည်းတူ၊ အားကျသူလည်းတူ
ပြောရရင် နာကျည်းသူလည်းတူ
မုန်းတာလည်းတူတယ်
တခြားတူတာတွေကအများကြီး။
တကယ်ကျ
အတူနေရတဲ့ကာလနည်းနည်း
မှန်းပြီးလွမ်းရတာများများ
မုန်တိုင်းထဲ၊ လေညှင်းထဲ
တတွဲတွဲနေခဲ့တဲ့
မမေ့နိုင်တဲ့ရက်တွေကို
ဖြတ်သန်းကြတုန်းက
မတူတာတွေငြင်းကြ
တူတာတွေအင်းလိုက်
ရေနွေးတကြိုက်နဲ့
ကြေအေးလိုက်တာတွေလည်းရှိရဲ့
ဟိုလူ့မေး ဒီစာအုပ်လှန်
အဖြေမှန်ရှာခဲ့ကြတာတွေလည်းမနည်းဘူး
အတူနေကာလများကို
အတူတန်ဘိုးထား
အတူလွမ်းလိုက်ကြတာလည်းအလွန်။
မန္တလေးသားနှစ်ယောက်
မြို့ပြခံစားမှုမ၀င်ပဲ၊ ကိုယ့်မြို့ကိုယ်မင်ရင်း
မြို့မဘောသင်းနဲ့ မြို့မငြိမ်း
မြို့မရုပ်ရှင်ရုံနဲ့ မြို့မတူရိယာအဖွဲ့
မြို့မဆံသဆိုင်၊ မြို့မလက်ဘက်ရည်ဆိုင်
မရိုးနိုင်တဲ့ စကားဖောင်ဖွဲ့စရာတွေကို
တောရမ်းမယ်ဖွဲ့လို့ပဲဆိုဆို
တောင်စဉ်ရေမရလို့ပြောပြော
မြိန်မှမြိန်ပ၊ အော် ဘာကမှမကျန်ဘူး
ရူးတာလား၊ ထူးတာလား
ဆုံးဖြတ်ရတောင်အခက်သား
တခါတလေမှာနှစ်ယောက်သား
"ခါတော်ရောက်ချိန်၊ နီးလို့လာပလေ
ဒေါ်ဒေါ်မမ နှမတို့ရေ"ဆိုပြီး
ပြည်တော်ဝင်သီချင်းကို
တမ်းတမ်းတတ၊ ဟစ်ဆိုမိကြတယ်။
ရေပတ်လည်ဝိုင်းနေတဲ့
ကျုံးနဲ့ကျွန်း
ထောက်လှမ်းရေးပတ်လည်ဝိုင်းနေတဲ့
လူထုတိုက်နဲ့အင်းစိန်ထောင်တို့မှာ
ကျနော်တို့နှစ်ယောက်
အမောက်မထောင်ပေမဲ့
မကြောက်ပေါင် မကြောက်ပေါင်နဲ့
လက်ခမောင်းဖောင်ဖောင်ခတ်ခဲ့ကြ
ဒီလိုနဲ့ကာလတွေညောင်းတော့
တယောက်ကကလောင်ဆွဲ
တယောက်ကသေနတ်ချီ
တရပ်စီနေကြကာ
ပြေရွာအကျိုး၊ သယ်ဆောင်ပိုးရင်း
ရင်ပပ်ချင်း မိုင်တထောင်ကွာပေမဲ့
ကျောချင်းကစေ့နေအောင်ကပ်ထားတယ်
အကိုဒုက္ခိတမလုပ်နိုင်တာကို ညီသူပုန်ကလုပ်
ညီသူပုန်မလုပ်နိုင်တာကို အကိုဒုက္ခိတကလုပ်
တယောက်လုပ်တာ တယောက်ကသာဓုခေါ်
မောင်းမဆော်စည်မတီး
ရွှေပြည်ကြီးအနာဂါတ်အတွက်
ကြာရဟတ်လို တလစပ်လုပ်ခဲ့ကြတယ်
မောတယ်လည်းမညည်း
ငြီးဟန်လည်းမပြ
ငါ့တာဝန်မကြေသေးလို့ပဲပြောကြ။
ငါ့အကိုရဲဘော်ကြီး
အိုကြီးအိုမအရွယ်မှာ
တဒီးဒီအလုပ်လုပ်နေတာ
လူတကာကမုဒိတာပွားရ
အားကျစံပြုကြ
အတ္တကိလကထာ
အကျင့်လွန်ရာများကျနေမလား
တားမြစ်သူ၊ စိုးရိမ်သူတွေကြားမှာ
ရထားကြီးလို၊ တင့်ကားကြီးလို
ဝင့်ကြွားစွာချီတက်
ခုတ်မောင်းနေလျက်ပဲ
တစ္ဆေသူရဲတွေ
ရှောင်စေ ရှားစေလော။ ။
ဖိုးသံ(လူထု)
[ကိုစိန်ဝင်းအသက်(၇၀) ပြည့်တုန်းက စထားခဲ့တဲ့ ကဗျာ အခုမှအဆုံးသတ်နိုင်ပါတယ်။]
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/18/2012 08:10:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ