From : ကျော်ထွန်းအောင်
ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပွားနေသော အခြေအနေများနှင့် ပက်သက်၍ ရခိုင်
နိုင်ငံရေး အဖွဲ့ အစည်းများနှင့် လူမှုရေးအဖွဲ့ အစည်းများ၏ ညီညွတ်သော
သဘောထားအမြင်ကို ထုတ်ပြန်ကြေငြာအပ်ပါသည်။
၁။ ရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ နှင့်
ပဋိပက္ခများ ကြောင့် အသက်အိုးအိမ် ဆုံးရှုံး ခဲ့ရသော ဌာနေ
ရခိုင်လူမျိုးများနှင့် အခြားဘာသာလူမျိုးကွဲ အသီးသီးတို့ အတွက် အထူး
ဝမ်းနည်းကြေကွဲရပြီး ယခု ဖြစ်ရပ်များကို သွေးထိုးလှုံ့ ဆော် ဖန်တီး ခဲ့သူ
များကို ရှုတ်ချပြီး တာဝန် ရှိသူများကို အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန်
တောင်းဆိုအပ်သည်။
၂။ ပဋိပက္ခများအတွင်း ထိခိုက်ဆုံးရှုံးနစ်နာခဲ့ရသော ဌာနေ
ရခိုင်လူမျိုးများနှင့် တိုင်းရင်းသား ဘာသာလူမျိုး အသီးအသီးတို့ ၏ အသက်
အိုးအိမ် စည်းစိမ် နှင့်ဘ၀ ပြန်လည်ထူထောင်ရန် လက်ရှိပဋိပက္ခများ အားလုံး
အမြန်ဆုံး လုံးဝရပ်တန့် သွားဖို့  လိုအပ်ပြီး ဒေသခံများ၏ ဘ၀နှင့်
စိတ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် နိုင်ငံတော်အဆင့်မှ ဦးဆောင်ပြီး အခြား
ပူးပေါင်း ပါဝင်သင့်သည့် လူမှုရေး၊နိုင်ငံရေး အဖွဲ့ အစည်းအားလုံး က
အထူးအလေးအနက်ထားပြီး ပူးပေါင်းဖြေရှင်းရန် လိုအပ်သည်။
၃။ နယ်စပ်ဒေသများမှ တဆင့် မြန်မာပြည်တွင်း တရားမ၀င် လာရောက် အခြေချ
နေထိုင်သူ ဘင်္ဂါလီလူမျိုး အစွန်းရောက်များက လုပ်ကြံ
ထားသောသမိုင်းကြောင်းများကို ပြည်တွင်း ပြည်ပတွင် နှစ်ပေါင်းများစွာ လှုံ
့ဆော်ဖန်တီး နေမှုများကြောင့် ယခုလက်ရှိ ပဋိပက္ခများ
ဖြစ်ပွားနေရခြင်းဖြစ်ပြီး ထိုလုပ်ရပ်များကို အမြန်ဆုံးရပ်တန့် ရန်
တောင်းဆိုသည်။
၎။ ပြဿနာများပိုမို ကြီးထွားလာစေရန် ရည်ရွယ်ပြီး ဘာသာရေး ပဋိပက္ခ အသွင်
ဖြစ်လာစေရန် နောက်ကွယ်မှ သွေးထိုးလှုံ့ ဆော်နေသော ပြည်တွင်းပြည်ပ အဖွဲ
့အစည်းများနှင့် နိုင်ငံတကာ မီဒီယာအချို့ ၏ သတင်းများကို
တကယ့်အခြေအနေနှင့် လွဲမှားစွာ ပုံဖျက်ဖော်ပြ နေမှုများကို ပြင်းထန်စွာ
ရှုတ်ချသည်။
၅။ နိုင်ငံပိုင် မီဒီယာများနှင့် တာဝန်ရှိသူများက သတင်းများကို
ထိန်းချုပ်ဖော်ပြရန် မကြိုးစားပဲ လက်ရှိ ဖြစ်ပျက်နေမှုများကို အချိန်နှင့်
တပြေးညီ ဘက်လိုက်မှုမရှိဘဲ မှန်ကန် တိကျစွာ ဖော်ပြပေးခြင်းအားဖြင့်
ပြည်သူလူထုအတွင်း လက်ရှိပြန့်ပွား နေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ
သို့ဦးတည်သော ယုံမှားသံသယ ကောလဟာလ များကို လျှော့ချဖြေရှင်း
သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အခက်အခဲများ ကြားမှ သတင်း များကို
မှန်ကန်တိကျစွာ ဖြင့် အရှိအတိုင်း အချိန်နှင့် တပြေးညီ ဖော်ပြပေးနေသော
ပြည်တွင်း ပုဂ္ဂလိက မီဒီယာများ၏ အခန်းကဏ္ဍ ကိုလည်း အသိအမှတ်ပြုပါသည်။
၆။ မူလဒေသခံ ရခိုင်လူမျိုးများ၏ လူဦးရေ အချိုးအစားထက်ပင်
တိုးပွားလာခဲ့သော တရားမ၀င် ၀င်ရောက် အခြေချ နေထိုင်သူ ဘင်္ဂါလီ
လူမျိုးများကြောင့် ယခုကဲ့သို့ အဖြစ်ဆိုးများ ဖြစ်ပွားခဲ့ရခြင်း အတွက်
လက်ရှိ တည်ဆဲ နိုင်ငံသား ဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေးဥပဒေ တို့ ကို
အနာဂတ်တွင် ယခုကဲ့သို့ ဖြစ်ရပ်များ လုံးဝ ထပ်မံ မဖြစ်ပွားနိုင်စေရန်
အလျှင်အမြန် ပြန်လည် ဆန်းစစ် ကြပ်မတ်ရန် လိုအပ်သည်။
၇။ ယခင် အစိုးရ အဆက်ဆက် လက်ထက်တွင် ယခုအကြပ်အတည်း အား အကြောင်း
အမျိုးမျိုး ကြောင့် မှန်ကန် ထိရောက်စွာ ဖြေရှင်းနိုင်မှု
မရှိခဲ့ခြင်းကြောင့် နောက်ဆုံးတွင် ယခုပြဿနာမှာ ဌာနေ
ရခိုင်လူမျိုးများအတွက် ကြီး လေးသော ၀န်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ပြီး
ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာခဲ့ရခြင်း ဖြစ်သည်။အနာဂတ်တွင် ယခုကဲ့သို့
အကြမ်းဖက်မှုများ ရခိုင်ပြည်နယ်မှ ကျော်လွန်ပြီး တနိုင်ငံလုံးနှင့်
ဒေသတွင်းအထိ မရောက်ရှိသွားစေရန် အမျိုးသားရေး အသွင်သဏ္ဍန်တခု အနေဖြင့်
သက်ဆိုင်သူအားလုံးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် အထူး လိုအပ်ပါသည်။
၈။ ယခုဖြစ်စဉ်အတွင်း ကုလသမဂ္ဂ အဖွဲ့ အစည်းများနှင့် ပြည်တွင်းပြည်ပ မှ
အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ ၏ နှစ်ကာလ ကြာရှည်စွာ ဘက်လိုက်
ဆောင်ရွက်နေမှု၊ပယောဂ မကင်းသော အားပေးကူညီ လုပ်ဆောင်နေမှုများနှင့်
ပက်သက်သော သတင်းများနှင့် အထောက် အထားများကိုလည်း တွေ့ရှိနေရပါသဖြင့်
ထိုကိစ္စများကို သက်ဆိုင်သူများမှ အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ပါသည်။
၉။ ရေရှည် တည်တံ့ပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို အမှန်တကယ်
ဖော်ဆောင်မည် ဆိုပါက ယာယီအခိုက်အတန့် ကယ်ဆယ်ကူညီရေး လုပ်ငန်းများနှင့်
မလုံလောက်ဘဲ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ပြီး လက်ခံအတည်ပြုကာ
ပူးပေါင်း ဖြေရှင်းသွားရန် လိုအပ်သည်။
၁၀။ ယခု ဖြစ်ရပ်များကို သင်ခန်းစာယူပြီး ပြည်တွင်းပြည်ပရှိ ရခိုင်လူမျိုး
အားလုံးအနေဖြင့် စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် နောင်ဆက်လက်
ကြုံတွေ့မည့် အခက်အခဲ အကြပ်အတည်းများကို အခြားတိုင်းရင်းသား
လူမျိုးပေါင်းစုံနှင့် အတူတကွ ပူးပေါင်း ဖြေရှင်းသွားရန် လိုအပ်သည်။
အထက်ပါ ထုတ်ပြန်ချက်များအား ၁၄-၆-၂၀၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော
အရေးပေါ် အစည်းအဝေး အပြီးတွင် အောက်ပါ ရခိုင်တိုင်းရင်းသား
အဖွဲ့အစည်းများမှ ထုတ်ပြန် ကြေငြာ အပ်ပါသည်။
- ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)
- ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)
- ရခိုင်သဟာယအသင်း
- ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ
- ရခိုင်အမျိုးသမီးအသင်း
- ရွှေတိဂုံ ရခိုင်မောင်မယ်အသင်း
- ရမ်းဗြဲမြို့နယ်အသင်း
- ကျောက်ဖြူမြို့နယ်အသင်း
- ပုဏ္ဏားကျွန်းမြို့ နယ်အသင်း
- မြောက်ဦးမြို့ နယ်အသင်း
- ကျောက်တော်မြို့ နယ်အသင်း
- တောင်ကုတ်မြို့နယ်အသင်း
- လှိုင်သာယာ ရခိုင်မောင်မယ် အသင်း
- စစ်တွေကောလိပ် ကျောင်းသား/သူ ဟောင်းများအသင်း
- ရခိုင်သင်္ဘောသားများအသင်း
- ရောင်ခြည်သစ် လူမှုရေးအသင်း
- ကိုးရီးယားပြန် ရခိုင်လူငယ်များအသင်း
- ဂျပန်ပြန် ရခိုင်လူမှုရေးအသင်း (ရန်ကုန်)
- Youth Development Initiative Network (YDIN)
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ