ခိုင်မောင်ဦး (မလေး)
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများနှင့်
ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲများကို အမေရိကန်နှင့် တောင်ကိုးရီယား
နိုင်ငံတို့တွင် ပြုလုပ်ခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စုတွင် နယူးယောက်မြို့တော် ဗဖလိုးမြို့ရှိ မြန်မာ
တိုင်းရင်းသားများ စုပေါင်း၍ ဗဖလိုးမြို့ မြို့တော်ဝန်ရုံးရှေ့တွင် ဇွန်လ
၁၆ ရက် အမေရိကန် စံတော်ချိန်နေ့လည် ၁၂ နာရီ အချိန်တွင် ကြွေးကြော်သံများ
ကြွေးကြော်ပြီး စတင်ခဲ့သည်။
ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်သူ ကိုနေတိုးကျော်မှလည်း ဆန္ဒပြရသည်
ရည်ရွယ်ချက်ကို အခုလို ပြောသည်။
"တဖက်နိုင်ငံက ခိုးဝင်လာတဲ့ သူတွေက သူတို့ကို သူတို့ ရိုဟင်ဂျာလို့
အမည်ခံပြီး ရခိုင် ပြည်နယ်ထဲက ဒေသခံ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှု၊
မီးရှိုးဖျက်ဆီးမှု စတဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ပြုလုပ်နေကြတယ်။ ဒါဟာ
ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို စော်ကားတာ ဖြစ်တယ်။
ဒါကြောင့် ဗဖလိုးရောက် မြန်မာ တိုင်းရင်းသား တွေက စုပေါင်း ဆန္ဒ လာပြတာ
ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာပြည်ထဲက တိုင်းရင်းသား မဟုတ်ဘူးဆိုတာကိုလည်း
ဗဖလိုးမြို့တော်ဝန်မှတဆင့် အမေရိကန် အစိုးရထံသို့ အိပ်ဖွင့်ပေးစာ
တစောင်ကိုလည်း ပေးပို့ ခဲ့ပါတယ်" ဟု ကိုနေတိုးကျော်မှ ပြောသည်။
ဆန္ဒပြဦးဆောင်သူ တဦးဖြစ်သူ ကို ခိုင်မင်းဇံကလည်း အခုရေးဟာ ရခိုင်အရေး
တခုတည်းမဟုတ်ပဲ ပြည်ထောင်စု မြန်မာနိုင်ငံအရေးဖြစ်ကြောင်း ဒါကြောင့်
အမျိုးသားရေး တာဝန်တရပ်အနေနဲ့ အားလုံး ၀ိုင်းဝန်းပြီး ခုခံ ကာကွယ်
ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ ဆန္ဒပြပွဲ တစ်ရပ်ကို တောင်ကိုးရီယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာ
သံရုံးရှေ့တွင် မြန်မာ တိုင်းရင်းသားများက ဇွန်လ ၁၇ ရက်နေက
ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲတွင် ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော
ပြဿနာများကို အစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်
တောင်ကိုးရီးယားရောက် မြန်မာ တိုင်းရင်းသားများက တောင်းဆိုခဲ့ကြသည်။
သူတို့ တောင်းဆိုခဲ့သည့် အချက်များနှင့် ပတ်သက်ပြီး ဦးဆောင်သူတဦးဖြစ်သူ
ကိုအောင်လင်းနိုင်က နိရဉ္စရာသို့ ယခု ကဲ့သို့ ပြောသည်။
" အကြမ်းဖက်သမားတွေရဲ့ ရက်စက်စွာ သတ်ဖြတ် မီးရှို့ လုယက်တာတွေကို
ထိရောက်စွာအရေးယူပေးဖို့၊ မြန် မာနိုင်ငံ အနှံ့ တဖက်နိုင်ငံမှ
ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေကို စီမံချက်ချပြီး စစ်ဆေးအရေးယူ
နှင်ထုတ်ပေးဖို့၊ ရိုဟင်ဂျာဟာ တိုင်းရင်းသားလူမျိုး မဟုတ်ကြောင်း
အတိအလင်း ကြေငြာပေးဖို့နဲ့ ဆုံးရှုံးပျက်စီးသွားတဲ့ အိုးအိမ်နေရာတွေကို
သက်ဆိုင်ရာက အမြန်ဆုံး ကူညီထောက်ပံ့ စီစဉ်ပေးဖို့အချက်တွေကို တောင်းဆို
ခဲ့ပါ တယ်။"
ဆန္ဒပြပွဲတွင် မြန်မာတိုင်းရင်းသား စုစုပေါင် ၈၀ ခန့်
ပူးပေါင်းပါဝင်ခဲ့ပြီး တောင်းဆိုသူများက ရခိုင်ပြည်နယ်နှင့် ရခိုင်
လူမျိုးများကို ကာကွယ်ပါ စသော ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြ
တောင်းဆို ကြသည်ဟု သိရသည်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

