---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/19
Subject: [လူဗိုလ်ဟူသည် ...] မရဏ (ဝါ) သူမှတစ်ပါး မသေချာသော အရာ
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 04:54:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/6/19
Subject: [လူဗိုလ်ဟူသည် ...] မရဏ (ဝါ) သူမှတစ်ပါး မသေချာသော အရာ
To: lubo601@gmail.com
by Zay Ya on Tuesday, June 19, 2012 at 3:14am
၁။ အဓိက ပြဿနာမှာ - အကုသိုလ် ကို ကုသိုလ် သို့ ပြောင်းလဲ နိုင်ရန် မဟုတ်။ ဒုက္ခ မှ သုခ သို့ ကူးပြောင်းရန် မဟုတ်။ နာကျင်မှုကို ချမ်းမြေ့မှု အဖြစ် ပြောင်းလဲ ပစ်ရန် မဟုတ်ပေ။
၂။ စင်စစ် အဓိက ပြဿနာမှာ - မသိမှုကို - သိမှု (အသိ သက်သက်) သို့ ပြောင်းလဲနိုင် ရန်သာ ဖြစ်သည်။ အိပ်ပျော်နေ သည့် အဖြစ်မှ နိုးထ လာရန် သာ ဖြစ်သည်။ ပြင်ပ ဗဟိဒ္ဓနှင့် ရှင်သန် နေသည့် အဖြစ်မှ - အတွင်း အဇ္ဈတ္တ သို့ လျှိုးဝင် ရှင်သန် နိုင်ရန် ဖြစ်သည်။ ရှေ့အလိုဆန္ဒ တို့၏ အဟုန်ဖြင့် ပြေးလွှားနေသည့် အဖြစ်မှ - အလိုဆန္ဒတို့ ပျက်သုဉ်း ငြိမ်ဝပ် သွားသည့် အဖြစ်သို့ ကူးပြောင်း ရန်သည်သာ စင်စစ် အရေးပါ၏။
၃။ လက်ရှိ သာမန် ရှင်သန်နေသော လမ်းသည် - အိပ်မက်ကို ပဓာန ပြုသော လမ်း ဖြစ်သည်။ ထို့ကြောင့် အိပ်မက် သည် အတုအယောင် အချည်းနှီး ဖြစ်သကဲ့သို့ - ရှင်သန်နေထိုင်မှုသည်လည်း အတုအယောင် အချည်းနှီး သာ ဖြစ်လာရ ၏။
၎။ ဗုဒ္ဓ၊ တထာဂတ တို့၏ လမ်းသည် - ဉာဏ ကို ပဓာန ပြုသော လမ်း ဖြစ် ၏။ ရှင်သန်မှု ဘဝ ၌ အိပ်မက် မရှိ။ ရှင်သန်မှု နိုးကြားမှု စင်စစ် သာ ရှိ၏။ ထို့ကြောင့် အတုအယောင် အချည်းနှီး မဖြစ်ဘဲ၊ ခဏတိုင်း ၌ ပြည့်ဝလျက် ရှိသည်။
၅။ တထာဂတ တို့ မိန့်ဆိုသည့် စကားမှာ -
"လောက၌ မည်သည့် အရာသည် သေချာ ရောရာ ရှိပါသနည်း။ အဘယ် ဓမ္မ၊ သင်္ခါရတရား သည် မည်သို့ အခြေတည် ခိုင်မြဲ နေပါသနည်း။ အရာအားလုံး ကုန်ဆုံး ပျက်သုဉ်း ရစမြဲ ဖြစ်ကြောင်း သိအပ်၏။ အဖန်တလဲလဲ ဖြစ်ပျက် ပြောင်းလဲ နေမြဲ ဖြစ်ကြောင်း - အရာရာတို့၌ ရှုမြင်လွယ်၏။"ခိုင်မြဲသော မဖောက်ပြန်သော အရာ ရှိတန်ရာသလော ဟု ရှာဖွေလျှင် - ဤလောက၌ "သေခြင်းတရား" မှ တစ်ပါး အခြားမရှိ။ အရာရာ တို့၏ ဖြစ်ပျက် ပြောင်းလဲမှု သဘော၌ မသေချာမှုများဖြင့် ဖွဲ့တည် ထားသော်လည်း၊ "သေခြင်းတရား" သည်ကား မလွဲမသွေ ရောက်လာ ရပေလိမ့်မည်" ~ ဟူ၏။
၆။ ယင်းသို့ - "မခိုင်မြဲ သည့် သဘာဝ" အား အစဉ်ထာဝရ ခိုင်မြဲနေလိုခြင်း အဖြစ် ကိုပင် "မသိမှု (အဝိဇ္ဇာ)" ဟု လည်းကောင်း၊ အမြင် မှောက်မှားမှု (မာယာ) ဟူ၍လည်းကောင်း ခေါ်ဆို၍ - ၎င်းတို့ ဦးတည်ရာ သည် - သောက၊ ပရိဒေဝ၊ ဇရာ၊ မရဏ တို့ထံသာ ဖြစ်၏။
.....................
June 14th 2012 at 12:00 AM
......................
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 04:54:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ