---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/20
Subject: [လူဗိုလ်ဟူသည် ...] ရှေးရှုရာတိုင်း၌ ရှိသည်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 10:24:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/6/20
Subject: [လူဗိုလ်ဟူသည် ...] ရှေးရှုရာတိုင်း၌ ရှိသည်
To: lubo601@gmail.com
by Zay Ya on Tuesday, June 19, 2012 at 10:08pm
၁။ သင် သည် လမ်းဖြစ်၍ သင်သည်သာ ပန်းတိုင် ဖြစ်၏။ သင်နှင့် ပန်းတိုင် ကြားတွင် မည်သည့် အကွာအဝေး မျှ ခြားနား မနေ။ သင်သည် ရှာဖွေနေ သူ ဖြစ်၍ သင်သည်သာ သင် ရှာဖွေနေ သည့် အရာ ဖြစ်၏။ ရှာဖွေသူ နှင့် အရှာဖွေခံ အကြား တွင် ဘာမျှ ခြားနားခြင်း မရှိ။
သင်သည် ကိုးကွယ် သူ ဖြစ် ၍ သင်သည်သာ အကိုးကွယ်ခံ ဖြစ်၏။ သင်သည် တပည့် တပန်း ဖြစ်၍ သင် သည် သာ ဆရာ သခင် ဖြစ်၏။ သင်သည် သာ နည်းလမ်း၊ သင်သည်သာ အဆုံးသတ် ရလာဒ် ဖြစ်ခြင်းကြောင့် ဤ လမ်း ကို ကြီးမြတ်သော လမ်း ဟု ခေါ်ဆို ၏။ ၂။ ယင်း လမ်း သည် သင့်အတွက် အစဉ် အမြဲ ပြင်ဆင်ပြီး သား ဖြစ် သည်။ ဤခဏအတွင်းတွင်ပင် တည်ရှိနေ သည်။ နိုးထ လာသည့် အခါတွင်လည်း ရှိ၍ အိပ်ပျော်နေသည့် အခါ၌ လည်း ရှိသည်။ အိပ်ပျော် နေသည့် အခါ၌ မမြင်တွေ့ ရခြင်း သာ ကွာခြားကောင်း ကွာခြား ပါလိမ့်မည်။ သို့ပါ လျက် နှင့် သင် သည် တမ်းတ နေဆဲ - ရှာဖွေ နေဆဲ ရှိသည်။
၃။ ပုံပမာ အားဖြင့်- ယမကာ မှီဝဲ ထားသည့် သူ နှင့် တူ၏။ မိမိ အိမ်ရှေ့ ရောက်နေ ပါလျက် နှင့် - မိမိ အိမ်ပျောက် နေသည့် အလား ရှာဖွေ နေသူ ဖြစ် သည်။ မိမိ မျက်စိ ရှေ့မှောက်တွင် ရှိနေပါ လျက် နှင့် ကျီးကန်းတောင်းမှောက် ရှာဖွေ နေဆဲ ဖြစ်သည်။ စင်စစ် အရင်း ခံ အကြောင်း သည် ပစ္စည်းကြောင့် မဟုတ်။ ဝေဝါးမှုန်ရီ နေသော သင်၏ အမြင် အာရုံကြောင့် သာ ဖြစ်သည်။
ထိုအာရုံ တို့တွင် အနုမာနများ၊ ကြိုတင် ပိုင်းဖြတ်ချက် များ၊ အာသာ ရမ္မက်များ သည် - ဖုန် အလိမ်းလိမ်း ကပ်ညိနေ သည့်အလား - ဖြစ် ကတတ်ဆန်း ပေကျံ လျက် ရှိ သည်။ ဝေါဟာရတ္ထ များနှင့် - သီဝရီ ၊ ဝါဒ၊ အယူ အဆ များ သည် သင်၏ မျက်လုံး ကို ဖုံးကာ၍ မျက်မှန် စိမ်း တပ်ပေး ထားကြသည်။ ယင်း တို့ သည် ပင် သင့် အမြင် အာရုံများ ဝေဝါး နေရခြင်း၏ အရင်းခံ အကြောင်း များ ဖြစ်ကြ သည်။ ယင်းသို့ မှ မဟုတ်လျှင် - သင် ရှာဖွေနေ သည့် အရာ ကို သင့်ရှေ့ ၌ ပင် အကျအန အတိုင်းသား မြင်တွေ့ရမည် ဖြစ်ပါ၏။
၎။ ဟိန္ဒူ တို့တွင် နည်းလမ်း တစ်ခု ရှိသည်။ ဦးစွာ- တိတ်ဆိတ် ငြိမ်သက်စွာ ထိုင် သည်။ ထို့နောက်- မိမိ နှာသီးဖျားဝသို့ စူးစိုက် ကြည့်နေ ရုံမျှ ဖြစ်၏။ အခြား ဘာမှ လုပ်စရာ မလို။ ဤသည်ကို ကြည့်၍ လူတို့က လှောင်ပြောင် ရယ်မော တတ်ကြသည်။ အဘယ်မျှ အရူး ထနေခြင်း ဖြစ် သနည်း ဟု ခေါင်း ခါ၊ လည်ခါ ထွက်သွား တတ်ကြသည်။ ယင်းသို့ နှာသီးဖျားဝ ကြည့်နေရုံမျှဖြင့် ဘာဖြစ် လာမည် နည်း။ အဘယ် အကျိုး အမြတ် ရရှိပါမည်နည်း။ အချည်းနှီးသာ ဖြစ်သည် ဟု ယူဆ ကြ၏။
၅။ စင်စစ် အနက်အဓိပ္ပာယ် ကောက်ယူလွဲခြင်းသာ ဖြစ်သည်။ ဟိန္ဒူတို့၏ အမြင် ၌ သစ္စာတရား သည် သင့်နှာသီးဖျားဝ ကဲ့သို့ အစဉ်အမြဲ သင့်ရှေ့၌သာ တည်ရှိ ၏ ဟု ဆိုလိုသည်။ တိတ်ဆိတ် ငြိမ်သက် လျက် စူးစိုက်ကြည့် နေသည့် အတွင်း အခြား မည်သည့် အရာကိုမျှ တွယ်ငြိ မထား၊ အတွေး မပွား။ ဆိတ်ငြိမ်နေသော ထိုခဏအတွင်း အရာအားလုံး ပြည့်စုံပြီး ဖြစ်သည်။ ၎င်း သည် သင့်ရှေ့ ၌ပင် တည်ရှိနေ သည်။ မိမိ နှာသီးဖျားဝ သည် မိမိ အရှေ့၌ တစ်ရံ မလပ် ရှိနေ သကဲ့သို့၊ လွတ်မြောက် ချမ်းမြေ့မှု သန္တိ သည်လည်း မိမိ ရှေ့၌ ပင် တစ်ရံမလပ် တည်ရှိနေသည် ဟု ဆိုမည်။
၆။ သင် မည်သည့် အရပ်သို့ သွားသည် ဖြစ်စေ - ဤနှာသီးဝ သည် သင့်ရှေ့ ၌ပင် အစဉ် တည်ရှိသည့် အလားတူ -။ မှန်သော လမ်း သို့ လျောက် သည် ဖြစ်စေ၊ မှားသော လမ်းသို့ လျောက်သည် ဖြစ်စေ၊ သစ္စာတရားသည် သင် ၏ မျက်မှောက် ၌သာ တည်ရှိ၏။ အပြစ်သား ဖြစ်စေ၊ သူတော်စင် ဖြစ်စေ - အဘယ် အခြေအနေ သို့ ရောက်ရှိ နေပါစေ - သင့်နှာသီးဖျားဝသည် သင့်ရှေ့ မှာ မှ တစ်ပါး အခြား သို့ ရောက်မနေပေ။
၇။ ထို့ကြောင့် ဆရာအများက - "ရှာနေသော ပစ္စည်းသည် အဓိက ပြဿနာ မဟုတ်။ ရှာနေသော သင်သည် သာ အဓိက ပြဿနာ ဖြစ်၏" ဟု ဆိုကြခြင်း ဖြစ် သည်။
.......................
~ On the One.
.......................
June 18th 2012 at 11:15 PM
........................
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 10:24:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ