---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/20
Subject: [လူဗိုလ်ဟူသည် ...] မြန်မာနီးရှားနိုင်ငံမဖြစ်ဖို့
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 10:29:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/6/20
Subject: [လူဗိုလ်ဟူသည် ...] မြန်မာနီးရှားနိုင်ငံမဖြစ်ဖို့
To: lubo601@gmail.com
by Ko Kyi Win on Wednesday, June 20, 2012 at 4:05am ·
အမျိုးသည် ဇာတ်တူလို့ အချင်းချင်း ပေါင်းသင်းမိတ်ဖက်မိရာမှ ပေါ်ထွန်းလာသော မျိုးဆက်သစ်တစ်မျိုးပင် ဖြစ်ချေ၏။ ဘာသာသည် အမြင်တူ၊ အကျင့်တူတို့ စုစည်းမိရာမှ ပေါ်ထွန်းလာသော ၀ါဒရေးရာသစ် တစ်မျိုးပင် ဖြစ်ချေ၏။ ထိုအမျိုး ထိုဘာသာသည် အမျိုးစောင့်မင်း၊ ဓမ္မ၀ါဒီမင်းတို့ စိုးမိုးအုပ်ချုပ် မင်းလုပ်သော ကာလမျိုး၌ ထွန်းကားတက်ပြီး အကယ်တိတိ အမျိုးမခင်တွယ် ဘာသာကို ပစ်ပယ်တက်သော အဓမ္မရာဇာတို့ ကြီးစိုးသောကာလမျိုး၌ တိမ်ကောတက်၏။
မှိန်တစ်ခါ၊ လင်းတစ်လှည့်နှင့်လည်း အားမကုန်သေးက ရှိနေတက်သေး၏။ ယနေ့ ငါတို့တိုင်းပြည်၌ တက်လာသမျှသော မင်းတို့သည် အမျိုးနှင့် ဘာသာကို ချစ်မြတ်နိုးကြသည်။
ကမ္ဘာကြီး တိုးလျှိုပေါက်အောင် ဘာသာစကားနှင့် သိမ်းသွင်းရာ၌လည်းကောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံ ညှပ်ဖက်၍လည်းကောင်း ရောနှောအမွှေခံခဲ့ရသော ဤခေတ်ကြီးထဲ၌ မင်းတစ်မျိုးတည်းဖြင့်လည်း မလုံလောက်တန်ရာပြီ။ ၀ံသာနုရက္ခိတတရား လက်ကိုင်ထားသော တစ်ဦးကောင်း၊ တစ်ယောက်ကောင်းမျှဖြင့်လည်း မလုံလောက်တန်ရာပြီ။ အမျိုးသားတိုင်း တာဝန်ရှိ၍ အမျိုးသမီးတိုင်း စောင့်စည်းနိုင်ပါမှ တန်ရုံကျနိုင်သော အချိန်မျိုးပင်ဖြစ်ချေ၏။ မိဘတိုင်းနိုးကြား၍ ဆရာ၊ ဆရာမတိုင်း ကြပ်မတ်ပေးမှသာ တော်ရုံကျနိုင်သော ကာလမျိုးပင်ဖြစ်ချေ၏။ စာသင်ကျောင်းတိုင်း၌ လူမျိုးစုံအားဖြင့်လည်းကောင်း၊ ဘာသာစုံအားဖြင့်လည်းကောင်း ညှပ်ပူးညှပ်ပိတ်ပြွတ်သိပ်ကာ ရောမွှေလျက် သွက်လက်သူ ဖျက်စတမ်းဝိုင်းထားချိန်။
မိဘတို့ဘက်က မိမိသားသမီးတို့ အရွယ်ရောက်သော်လည်း အရိပ်အကဲကို မကြည့်၊ ဘာသိဘာသာနေမှု ဥပေက္ခာပြုထားချိန်၊ ထိုမိဘတို့ အရွယ်ရောက်သော သားသမီးများအား ၀တ္တရားအရ ထိမ်းမြားပေးရန် သင့်တော်သူကို ရှာဖွေပေးခြင်းကိစ္စ မပြုလုပ်တော့သည့် အချိန်၊ သားသမီးတို့ အတုမြင်-အတက်သင်စရာတွေ မိမိရှေ့မြင်တွေ့ရဖန်များလာ၍ မရွယ်မရောက်မီကပင် ကာမသွေးသောင်းကျန်ထကြွနေချိန်။
ထိုအချိန်မျိုးဝယ် သည်အတိုင်းချည်းသာ မိမိနှင့်မဆိုင်သလို၊ သူတို့နှင့် မပတ်သက်သလို သဘောထားကာ လက်ပိုက်ကြည့်နေမည်ဆိုလျှင် တစ်နေ့နေ့ "မြန်မာနီးရှားနိုင်ငံ" ပေါ်ပေါက်လာမည်မှာ မုချတည်း။ မြန်မာပြည်သည် မိမိနှင့်နီးစပ်ပါလျက် မြန်မာစစ်စစ် ရှားပါးပြီး ကပြားမျိုး တိုးပွားလာမည် ဖြစ်ခြင်းကြောင့် လည်းကောင်း၊ မြန်မာနီးရှားနိုင်ငံသည် မလွဲမသွေ ပေါ်ပေါက်လာချေမည်။
ယနေ့မျိုးချစ်လူငယ်များ အမျိုးဘာသာ ကာကွယ်ရေးအသင်းများ ဖွဲ့စည်းကာ မြို့တိုင်း၊ ရွာတိုင်းမှာ အကာကွယ်မပေးသော် အမျိုးဘာသာကို မြတ်နိုးသော အသင်း-အဖွဲ့တိုင်းမှ ထိုကာကွယ်ရေးမျိုး မကြိုးစားဘဲ သမာရိုးကျ ခရီးသွားနေသော် အမျိုး၊ ဘာသာ၊ သာသနာကို မတိမ်ကောစေလိုသော မင်းတို့ဥပဒေအာဏာဖြင့် ထိန်းသိမ်းကာကွယ်ရေး ဇောက်မချသော် လက်ရှိသည် လက်မဲ့ဖြစ်ပြီး မြေရှင်ဘ၀က မြေငှားဘ၀သို့ လှလှကြီးရောက်မှာ သေချာပေပြီတည်း။
(မဟာဗောဓိမြိုင်ဆရာတော်၏ - ဉာဏဒဿနကထာကျမ်း) မှ ကောက်နှုတ်ပူဇော်ပါသည်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 10:29:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ