စစ်တွေတွင် ကိုယ့်အိမ်ကိုယ် မီးရှို့၍ အမျိုးသမီးတဦး အဖမ်းခံရ
ရန်ပိုင်| June 21, 2012 | Hits: 36
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် အောင်ထွန်းဦးလမ်းတွင်
ယမန်နေ့ည ၁၁ နာရီခွဲခန့်က ကိုယ့်အိမ်ကိုယ် မီးရှို့မှုတခု ဖြစ်ပွားကြောင်း
သတင်းရရှိသည်။
စစ်တွေမြို့ခံများအဆိုအရ အဆိုပါ မီးလောင်မှုသည် ဒေါ်ခင်ခင်ဆိုသည့်
စာတိုက်ဝန်ထမ်း အမျိုးသမီးတဦးက မိမိ၏ နေအိမ်ကို ပြန်လည်
မီးရှို့ခြင်းဖြစ်ကြောင်း၊ ၎င်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက
ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။
စစ်တွေ့မြို့ခံတဦးဖြစ်သည့် ကိုအောင်လှကျော်က "ရခိုင်ရပ်ကွက်နဲ့
ဘင်္ဂါလီရွာတွေအကြား စစ်သားတွေခြားထားပေမယ့် ဒီအမျိုးသမီးက
ဝန်ထမ်းကတ်ပြပြီး ရပ်ကွက်ကိုဝင်လာတာ။ ပြီးမှ ဓာတ်ဆီလောင်းပြီး မီးရှို့တာ"
ဟု ဆိုသည်။
အဆိုပါ အမျိုးသမီးမှာ ဘင်္ဂါလီလူမျိုးတဦးဖြစ်ကြောင်း၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ရပ်ရွာနေ ပြည်သူများက
အချိန်မီ မီးငြိမ်းနိုင်သည့်အတွက် ဘေးအိမ်များသို့
ကူးစက်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှ ရခိုင်အမျိုးသမီး
မသီတာထွေးကို ဘင်္ဂါလီလူမျိုး ၃ ဦးမှ အဓမ္မပြုကျင့်၊ လူသတ်ကာ ပစ္စည်းများ
လုယူသည်မှစတင်၍ အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်တွေမြို့နှင့်
မောင်တောမြို့များတွင် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများ၊
မီးရှို့မှုများ နေရာအနှံ့ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင်
အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပုဒ်မ ၁၄၄(ညမထွက်ရ) အမိန့် ထုတ်ပြန်ခဲ့သည်။
ယခုအခါ စစ်တွေမြို့ရှိ မီးလောင်ပြင်နေရာများကို လုံခြုံရေးတပ်ဖွဲ့များက
စက်ယန္တရားနှင့် လူအင်အား အသုံးပြုပြီး ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကလည်း မကြာသေးမီက အဖြစ်ပွားခဲ့သည့်
ပဋိပက္ခများအတွင်းတွင် လူပေါင်း ၉၀၀၀၀ ခန့် ဒုက္ခကြုံခဲ့ရပြီး
စားနပ်ရိက္ခာလိုအပ်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စစ်တွေမြို့ ရွှေစေတီဘုန်းကြီးကျောင်းတွင်ပင် မီးလောင်ကျွမ်းမှုနှင့်
အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ဒုက္ခသည်ဦးရေ
၁၂၀၀ ရှိကြောင်း၊ စောင်၊ ခြင်ထောင်နှင့် အ၀တ်အထည်များ လိုအပ်နေကြောင်း
ရန်ကုန်မြို့မှ သွားရောက်ကူညီနေသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်
(NLD) အဖွဲ့ဝင် ကိုကျော်စိုးနိုင်က ဆိုသည်။
"အားလုံးမီးထဲပါသွားပြီ။ အ၀တ်တထည် ကိုယ်တခု ပြေးလာတာများတယ်" ဟု ၎င်းက ဆိုသည်။
ထို့အပြင် အဆိုပါဒုက္ခသည်စခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလည်း
လိုအပ်နေကြောင်း၊ လူ ၁၂၀၀ အသုံးပြုရန် အိမ်သာ ၅ လုံးသာ ရှိပြီး
ဝမ်းရောဂါများဖြစ်ပွားနိုင်သည့် အခြေအနေရှိကြောင်း ကိုကျော်စိုးနိုင်က
ရှင်းပြသည်။
စစ်တွေမြို့၏ လက်ရှိအခြေအနေမှာ ပုံမှန်နီးပါး အခြေအနေရောက်ပြီဟု
ပြောဆိုနေကြသော်လည်း ဈေးတချို့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း
မရှိသေးကြောင်း သိရသည်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ