[mrsorcerer:26692] [Richard Aung] စစ်တွေမြို့ပေါ်မှ ဘင်္ဂါလီ(၆၀၀)၀န်းကျင်အား မြို့ပြင်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်


ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဘင်္ဂါလီလူမျိုး (၆၀၀) ၀န်းကျင်အား အာဏာပိုင်များက ဇွန်လ(၂၂) ရက်နေ့တွင် မြို့ပေါ်မှ မြို့ပြင် ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ လျက်ရှိကြောင်း ဒေသခံများထံက  သိရှိရသည်။

"မြိုထဲမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို မြို့ပြင်မှာရှိတဲ့ ဘင်္ဂါလီရွာတွေမှာ နေရာပြန်ချပေးတာပါ"ပာု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီက  ဦးဦးလှစောက ပြောသည်။

အဆိုပါ ဘင်္ဂါလီလူမျိုးများအား လုံထိန်းနှင့် တပ်အာဏာပိုင်များက  စစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာရပ်ကွက်မှ မြို့ပြင်ရှိ သဲချောင်းရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။

"ကျွန်တော်သိရသလောက် မြို့ပေါ်က ဘင်္ဂါလီတွေကို မြို့ပြင်ပြောင်းရွှေ့ခိုင်းနေကြပါတယ်။ အာဏာပိုင်တွေက ပြောင်းရွှေ့ပေးနေ တာပါ။"  ဟု  စစ်တွေမြို့ခံ ဦးလှထွန်းက ပြောသည်။


ထိုသိုရွှေ့ပြောင်းပေးနေသည့် ဘင်္ဂါလီလူမျိုးဦးရေမှာ ခြောက်ရာဝန်းကျင်ရှိပြီး လုံခြုံရေးတိုးမြှင့်ကာ အာဏာပိုင် များက စစ်ကား(၇)စီးဖြင့် ရွှေ့ပြောင်းပေးနေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

"ဒီနေ့မနက် ၉နာရီ လောက်ကတည်းက အင်ပါယာမှာ လုံခြုံရေးရေးတွေ တင်းကျပ်ပြီး ရွှေ့ပြောင်းပေးနေ တာပါ"ပာု ဦးလှထွန်းက ဆက်ပြောသည်။

အဆိုပါ စစ်တွေမြို့  အောင်မင်္ဂလာရပ်ကွက်(အင်ပါယာရွာ) နေ ဘင်္ဂါလီလူမျိုးများအား မြို့မှပြောင်းရွေ့ရန် ရခိုင်တိုင်းရင်းသားများက ကြေညာထားခဲ့ကြောင်းကိုလည်း သိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်း မိဇံရပ်ကွက်နေ အကြမ်းဖက်ဆူပူလှုပ်ရှားမှုတွင် မပါဝင်သေးသော ဘင်္ဂါလီလူမျိုး(၁၀၀)ကျော်ကို ရခိုင်တိုင်းရင်းသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဇွန်လ (၁၁) ရက်နေ့က  လွှဲအပ်ခဲ့ကြောင်းကိုလည်း စုံစမ်းသိရသည်။

စစ်တွေတွင် ပုဒ်မ (၁၄၄) အား  ဇွန် (၂၁) ရက်နေ့အထိ ထုတ်ပြန်ထားဆဲဖြစ်သည်။      
                                                                                                                   

စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup

--
Posted By Richard Aung to Richard Aung at 6/22/2012 11:08:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ