[mrsorcerer:26692] [Richard Aung] ဦးရဲထွဋ်ရဲ့ တုန့်ပြန်ချက်

from The Irrawaddy's Blog
ဓာတ်ပုံ-ဧရာဝတီ

ကျွန်တော့ Account လည်း အလိုလို Lock လုပ်ခံထားရတာ ဒီနေ့မှ ပြန်ဖွင့်လို့ရပါတယ်။ ကျွန်တော် အခု ပါရီမှာရောက်နေတာပါ။ဒီနေ့ဖွင့်ကြည့်တော့ ဒိန်းမတ်အလုပ်ရုံဆွေးနွေးပွဲမှာ NLD က ဒေါ်မိုး လို့ မိတ်ဆက်ပြီးမေးခွန်းမေးတဲ့အမျိုးသမီးက ကျွန်တော့အဖြေကို လိုရာဆွဲပြီးတင်ထားတာတွေ့ရ ပါတယ်။ သူထမေးထဲက ကျွန်တော့်ကို ချောက်ချမယ်ဆိုတာသိလို့ အသံဖမ်းထားပါတယ်။

နေပြည်တော်ပြန်ရောက်တဲ့အခါ တင်ပေးပါ့မယ်။ အဖြေရဲ့လိုရင်းကတော့ ပါတီစုံခေတ်မှာ အစိုးရမီဒီယာအနေနဲ့ ပါတီများရဲ့သတင်းကိုဖော်ပြရာမှာ တိကျစွာစည်းကမ်းသတ်မှတ်ထားကြောင်း၊ ပုဂ္ဂိုလ်ရေးခရီးစဉ်၊ သက်ဆိုင်ရာပါတီရဲ့လှုပ်ရှားမှုသက်သက်ဆိုရင် ဖော်ပြခြင်းမပြုကြောင်း၊ လွှတ်တော် ဒါမှမဟုတ် နိုင်ငံတော်ကိစ္စနဲ့သွားရင် ဖော်ပြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ကိုယ်စား သွားတာဆိုရင်ဖော်ပြမှာဖြစ်ကြောင်း၊ အစိုးရမီဒီယာအနေနဲ့ ပါတီငယ်များက ပါတီကြီးများကို ဘက်လိုက် တယ်လို့အထင်မခံနိုင်ကြောင်း၊ ကျန်ပြည်တွင်း မီဒီယာများမှာ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကို လွတ်လပ်စွာ
ဖော်ပြခွင့်ပြုကြောင်း၊ ရွေးကောက်ပွဲတုံးကလည်း ပါတီအားလုံးကို တန်းတူပဲဖော်ပြ ပေးခဲ့ကြောင်း၊ ကျွန်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ လေးစားကြောင်း ဒါပေမယ့် လက်ရှိအချိန်မှာ အယ်ဒီတာ ဆိုင်ရာမူဝါဒကတော့ ဒီအတိုင်းပဲရှိဦးမှာဖြစ်ကြောင်း ဆိုပြီးဖြစ်ပါတယ်။

သူ့ကို လက်ညှိုး ထိုးပြောတယ် ဆိုတဲ့ပုံက ကျွန်တော်ပါဝါပွိုင့် ရှင်းတုံးရိုက် ထားတာပါ ။ နောက်က စာသားကိုကြည့်ရင်တွေ့နိုင်ပါတယ်။

သူမေးတာက ရှင်းပြ အပြီး တတိယမြောက်အဖြစ်မေးတာဖြစ်ပါတယ်။ ဒါဟာလည်း စာနယ်ဇင်း ကျင့်ဝတ်နဲ့ပတ်သက်ရင် ဒေါ်မိုးအနေနဲ့ ဘယ်လောက်လိုက်နာလည်းဆိုတာ မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။

ဦးရဲထွဋ် ကတော့သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာတွင် အခုလိုပြန်လည် တုန့်ပြန်ထားတာဖြစ်ပါတယ်။



--
Posted By Richard Aung to Richard Aung at 6/22/2012 11:07:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ