[mrsorcerer:26715] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာ အထီးကျန်မဖြစ်တော့အောင် ကူညီဖို့ ဒေါ်စုတိုက်တွန်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/23
Subject: [လူဗိုလ်ဟူသည် ...] မြန်မာ အထီးကျန်မဖြစ်တော့အောင် ကူညီဖို့ ဒေါ်စုတိုက်တွန်း
To: lubo601@gmail.com



by General Knowledge on Saturday, June 23, 2012 at 5:19am ·

နောက်ဆုံးရေးသားချိန် 22 June 2012, 9:28 AEST

မြန်မာနိုင်ငံတော်သမတဦးသိန်းစိန်ဟာ ဒီနှစ် နှစ်ကုန်ပိုင်းအတောအတွင်း ဗြိတိသျှဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ ဗြိတိန်နိုင်ငံကို သွားရောက်လည်ပတ်ပြီး မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး သွားရောက်ဆွေးနွှေးဖို့ ရှိပါတယ်။ 

အောက်စဖိုဒ့်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် [Reuters] (Credit: AFP) 


ဒီဖိတ်ကြားမှု ကို ဗြိတိသျှဝန်ကြီးချုပ် David Cameron ကဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် သီးသန့်ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
ဥရောပတိုက်ခရီးစဉ်မှာ ဗြိတိန်နိုင်ငံကို ရောက်ရှိ နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က တော်ဝင်အိမ်ရှေ့မင်းသား ချားလ်၊ ဗြိတိသျှဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ပြီး  ဗြိတိသျှပါလီမန်လွှတ်တော် ၂ ရပ်လုံးမှာလဲ သွားရောက် မိန့်ခွန်းပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှဝန်ကြီးချုပ် David Cameron ရဲ့ ဖိတ်ကြားချက်နဲ့ ဝန်ကြီးချုပ် ရုံးစိုက်ရာ နာမည်ကျော် No 10 Downing Street ကို မနေ့က သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ဖြစ်လာဖို့ မျှော်လင့်တဲ့အကြောင်း တိုင်းပြည်ရဲ့ အာဏာဟာ စစ်တပ် ဒါမှမဟုတ် အရပ်သား လူတစုလက်ထဲမှာ မဟုတ်ဘဲ ပြည်သူလူထုတွေရဲ့ လက်ထဲမှာရှိလာအောင် ကမ္ဘာအရပ်ရပ်က လူတွေနဲ့အတူ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံလိုသူများ နိုင်ငံတကာကအဖွဲ့အစည်းများကိုလဲ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အထီးကျန်ဘဝ ကနေ ပြန်ဝင်လာနိုင်အောင် ဝိုင်းဝန်းကူညီလုပ်ဆောင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် David Cameron ကလည်း မြန်မာနိုင်ငံအနေနဲ့ ရှေ့မှာလျှောက်ရမည့်လမ်းကြမ်း ရှိနေသေးပြီး၊ လမ်းကို တည်ဆောက်ဖို့ လိုနေသေးတဲ့ အကြောင်း၊ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံအဖို့ မားမားမတ်မတ် ရပ်တည်ပေးနေမှာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ မှောင်မိုက်တွင်းကျခဲ့ချိန်မှာလဲ အလားတူရပ်တည်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်တော်ဝင်အိမ်ရှေ့မင်းသား Charles နဲ့ ဇနီး Camilla တို့နဲ့ Clarance Houseမှာ သွားရောက်တွေ့ဆုံခဲ့ပြီး သစ်ပင်တပင် စိုက်ပျိုးတဲ့ အခမ်းအနားကိုလဲ တော်ဝင်ဇနီးမောင်နှံနဲ့အတူ စိုက်ပျိုးခဲ့ပါတယ်။

အိမ်ရှေ့မင်းသား Charels က ၂၀၀၈ ခုနှစ်က  တိဘက်ဘာသာရေးခေါင်းဆောင်  Dalai Lama က စိုက်ပျိုးခဲ့တဲ့ အပင်ကို ပြခဲ့တယ်လို့ ဆိုပါတယ်။

စောစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှ ပါလီမန်၂ ရပ်လုံးမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

(၄၉)နှစ်ကြာ စစ်အုပ်ချုပ်ရေးလက်အောက်မှာနေခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မှာ အရေးတကြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်ဆိုတဲ့အကြောင်း၊ မြန်မာပြည်သူတွေအနေနဲ့ ကမ္ဘာ့အလည်မှာ မခံစားနိုင်ခဲ့တဲ့ လူ့အခွင့်အရေးတွေနဲ့ လူနေမှုအဆင့် ရရှိဖို့ အခွင့်အရေးတွေ ရဖို့အတွက် တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကောင်းတဲ့အနာဂတ်လို့ မျှော်လင့်ရတဲ့ ခရီးအစကိုရောက်နေပြီး တောင်တွေကျော်ဖြတ်၊ ကျောက်ကမ်းပါးတွေကျော်လွှား၊ ဆူးညှောင့်ခလုတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဇွဲသတ္တိအပြည့်နဲ့ ကြိုးပမ်းရုံနဲ့ မပြီးသေးဘဲ ဗြိတိသျှလူမျိုးတွေ အပါအဝင် ကမ္ဘာကနေ ဝိုင်းဝန်းကူညီဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ ဗြိတိန်နိုင်ငံက အရေးကြီးတဲ့အခန်းမှာ ပါဝင်တဲ့အကြောင်း၊ ဗြိတိသျှ စီးပွါးရေးလုပ်ငန်းရှင်တွေကလဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ပွင့်လင်းမြင်သာပြီး သဘာဝပတ်ဝန်းကျင်းနဲ့လဲ သဟဇာတရှိတဲ့ ဖွံ့ဖြိုးမှုတွေ အလုပ်သမား အခွင့်အရေး မှန်မှန်ကန်ကန်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုမျိုးကို လိုအပ်တယ်လို့ ပြောသွားပါတယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/23/2012 11:12:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ