[mrsorcerer:26727] ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ ရခိုင်အရေးအပေါ် အမြင်

...တကယ့်တကယ် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အကုန်အစင်မျိုးဖြုတ်သတ်မယ်
ဆိုတဲ့ ရည်ရွယ် ချက်မျိုးနဲ့ လက်နက်ကိုင်စွဲလာရင် ကျွန်တော်တို့တွေ
အကုန်လုံးတားဆီးရမှာ။ ကျွန်တော်တို့တွေမှာ လူမျိုးရေးအရ
အကြွင်းမဲ့မုန်းတီးတယ် ဆိုတာမရှိဘူး။ ငြိမ်းငြိမ်းချမ်းချမ်း
အတူတွဲပြီးနေခဲ့ ကြတာပဲ။ ပြန်ကြည့်မယ်ဆိုရင် ရာဇ၀တ်မှုတစ်ခုကနေစတာပဲ။
ရာဇ၀တ်မှုကို ဘာကြောင့် တရားရုံးရဲ့ အဆုံး အဖြတ် အထိမစောင့် တာလဲဆိုတာ
မေးစရာရှိလာပြီ။ တရားရုံးတွေရဲ့ယုံကြည်စိတ်ချရမှုက ဘယ်
လောက်ရှိလို့လဲဆိုတာ ပေါ်လာတာပဲ။ တရားစီရင်ရေး စနစ်ကသာ အားကိုး
ယုံကြည်စိတ်ချ ရတယ် ဆိုရင် လူတွေက "သြော်၊ ဒီလိုဖြစ်သွားလား၊ ဥပဒေက
ဆုံးမလိမ့်မယ်။" ဆိုပြီးဖြစ်သွားမှာပေါ့။
အခုကတော့ တရားရုံးအဆက်ဆက်မှာ အကျင့်ပျက်လဘ်စားခဲ့မှုတွေက ကျွန်တော်တို့
ပြည် သူတွေကို မယုံကြည်ဘူးဆိုတဲ့ အလင်းတန်းကြီးထင်သွားတယ်။ အဲဒီတော့
လူတွေက တရားဥပဒေကို မယုံကြည်တဲ့အတွက် ကိုယ့်လက်နဲ့ကိုယ်
ဆုံးမမယ်ဆိုတဲ့အတွေးတွေ ၀င်လာတယ်။ အရင်ဆုံး တရား ရုံးတွေကို ပြည်သူလူထု
စိတ်ချ ယုံကြည်ရတဲ့ တရားရုံးတွေ ဖြစ်အောင် ချက်ချင်းပြင်ရမယ်။ အမှုကြီး
လာလို့ ဒီအမှုတစ်ခုတည်းကိုပဲ မှန်မှန်ကန်ကန် ဖြစ်အောင်
ဆုံးဖြတ်ပေးလိုက်မယ် ဆိုရင် မလုံလောက် ဘူး။ ဘယ်အမှုဖြစ်ဖြစ်
လူတွေအာရုံစိုက်လာနဲ့အမျှ တာဝန်ကြီးတယ် ဆိုတာကို တရားရုံးဝန်ထမ်းတွေ သာမက
အုပ်ချုပ်ရေးဝန်ထမ်းတွေလည်း သဘောပေါက်ကြရတော့မယ်။ ဥပဒေပြုမယ့်
ပုဂ္ဂိုလ်တွေ လည်း သဘောပေါက်ကြရတော့မယ်။
နောက်တစ်ချက်က လူမျိုးရေး၊ ဘာသာရေးတံဆိပ်ကပ်ချင်တဲ့ အတွေးတွေကိုလည်း
ဒီကိစ္စ ဟာ ရာဇ၀တ်မှုဖြစ်တယ် ဆိုတာသတိပြုရမယ်။ ရာဇ၀တ်မှုအတိုင်းပဲ
အပြစ်ရှိသူတွေကို အပြစ်ပေးရ မယ်။ လူမျိုးတစ်မျိုးဟာ
သူ့လူမျိုးစုကြားထဲမှာ နောက်လူမျိုးစု တစ်ခုရှိနေမယ်ဆိုရင် သဘောထား
ကြီးစွာနဲ့ " မင်းတို့ မစိုးရိမ်၊ မပူပန်နဲ့၊ စိတ်ချမ်းသာစွာအိပ်ပါ။
ငါတို့ စောင့်ရှောက်မယ် " ဆိုပြီး ပြောနိုင် ရမယ်။ အဲဒီလိုဖြစ်နေရမယ်။
ကျွန်တော်တို့ အဲဒီလောက် အထိရင့်ကျက်ဖို့လိုတယ်ဗျ။ အဲဒီအခါကျ ဒီသတင်း
ပြန့်နှံ့သွားတယ်ဆိုရင် ဘယ်လောက်ဝမ်းသားဖို့ ကောင်းလဲ။ ဒီအတိုင်း
နောက်တစ်နေရာမှာ ပြန်စောင့်ရှောက်ရမယ်။ ကျွန်တော်တို့ ဆက်ပြီးဒီမြေပေါ်မှာ
အတူတူနေသွားရမယ့် သူတွေအနေနဲ့ ကတော့ သဘောထားကြီးမှု ပြကိုပြရမယ်။
တစ်ဖက်နိုင်ငံက၀င်လာတဲ့ ဒုက္ခသည်ကိစ္စကို သပ်သပ် စည်းစားရမယ်။
ပိုင်းခြားပြီးမြင်ရမယ်။ ဒုက္ခသည်ကို ဒုက္ခသည် လို့မြင်ရမယ်။
နိုင်ငံသားပေးတဲ့လူကို နိုင်ငံသားအနေနဲ့ မြင်ရမယ်။ လူဆိုပြီး
ခြုံပြီးတော့ ကြည့်တဲ့အမြင်လည်းရှိပါတယ်။ ........
ဇွန် (၂၂)ရက်၊ ၂၀၁၂ ထုတ်၊ မြန်မာပို့စ် ဂလိုဘယ်သတင်း ဂျာနယ်မှ ကောက်နှုတ်သည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ