လူတစ်ယောက်ဆီမှ ရရှိရန်အခက်ခဲဆုံးအရာမှာ ယုံကြည်မှုပင်ဖြစ်လိမ်.မည်။ထိုကြောင်. ရှေ.လူကြီးသူမတို.က စိန်ကဲရွှေကဲ ခတ်ရတာထက် လူကဲခတ်ရတာပိုမိုခက်ခဲကြောင်း ဆိုရိုးစကားထားခဲ.ခြင်းဖြစ်သည်။တချို.လူများကား အမြင် အကြား တွင်ရိုင်းသယောင်ရှိနေတတ်ပေမယ်.
တကယ်.လက်တွေ.ပေါင်းသင်းဆက်ဆံကြည်.လိုက်သောအခါ ထင်သလောက်ဆိုးသွမ်းမနေတတ်ပဲတွေ.ရတတ်ပြီးတချို.လူများကား အမြင် အကြား
တွင် လူယဉ်ကျေးဖြစ်နေတတ်သော်လည်း ကြာကြာပေါင်းကြည်.မှ ကျီအာသီးပမာ အမြင်တွင်လှပြီး အတွင်းကပုပ်နေတတ်ကြောင်းလည်း တွေ.ခဲ.ရဖူး
သည်။ဘုံ...ပေါင်းများစွာတွင် အနှီ..လူဘုံသည် ခန်.မှန်းအခက်ဆုံး မာယာပဉ္စလက်အဆန်းကြယ်ဆုံးနှင်. သပွတ်အိမ်ပမာအရှုပ်ထွေးဆုံး ၀င်္ကပါပမာ..
အကွေ.အကောက်အများဆုံ ဘုံတစ်ခု ဖြစ်နေပါလိမ်.မည်။လူ ကိုလူတို.ကလှည်.ဖြားခြင်း..လက်တစ်လုံးခြား ပြုလုပ်ခြင်း..ကတုံးပေါ်ထိပ်ကွက်ခြင်း...
မျက်ခုံးမွေးပေါ် စင်္ကြန်လျောက်ကြခြင်း..အမြီးကျက် အမြီး ခေါင်းကျက် ခေါင်းစားခြင်း ..စသောခေတ်စနစ်တို.ကိုကျော်လွန်ကာ..အမြီးကျက် ခေါင်းကျက်
အောင်ပင်စောင်.ဆိုင်းမနေကြတော.ပဲ ညာတာမှုကင်းစွာ လူသားမဆန်စွာ မည်သူသေသေ ငတေမာပြီးရော..ပုံစံမျိုးနှင်.အစိမ်းလိုက်ပင် ၀ါးစားနေကြ
သော လူဘုံခန်းဝါဖြစ်လာ၍လူကို လူသားတို.မှ မယုံကြည်ကြသည်မှာ အဆန်းတကြယ်တော.မဟုတ်...ဟု ကျနော်တွေးနေမိသည်။ကျနော်ရေးချခွင်.
ရလိုက်သော ယခုဝါကျလေးများအား မြန်မာလိုဖတ်နေကြသော မြန်မာစာဖတ်ပရိတ်သတ် မိတ်ရွှေရောင်းရင်း အပေါင်းအသင်းတို.ကော...သင်တို.၏
ချစ်လှစွာသော ကျနော်မျိုးအား အဆွေတော်တို.မှ ယုံကြည်ပါ၏လော...ဟု ကျနော်စဉ်းစားနေမိပြန်သည်။အထက်ပါမေးခွန်း၏အဖြေအားဂုဏ်သရေရှိ
ဝေနေယျမိတ်ဆွေတော်တို.မှ စက္ကန်.မဆိုင်း ပြန်၍အဖြေပေးရန်လည်းမလိုအပ်ပါကြောင်း လည်း ထပ်လောင်း၍အသိပေးပြီးသကာလ..မိတ်ဆွေတို.၏
ယုံကြည်မှုအားမရရှိသည်မှာ ကျနော်မျိုးအတွက် အထူးအဆန်းလည်းမဟုတ် သကဲ.သို. ကျနော်မျိုးမှလည်း ချစ်လှစွာသော အဆွေတော်တို.အား အကြွင်းမဲ. မယုံကြည်နိင်သည်မှာလည်း အထူးတလည်မဟုတ်..လူလောက၏ဖြစ်ရိုးဖြစ်စဉ် တစ်ခုမျှသာ..မှတ်ယူကြရလိမ်.မည်ဟု..ထင်မြင်ယူဆမိပါ
၏။သို.သော်ငြားလည်းပဲ..ကိစ္စများမြောင်လူတို.ဘောင်၌ တစ်ခါတစ်ရံ အထူးအဆန်းလေတွေရှိတတ်ကြောင်း လါန်လေပြီသောကာလထဲမှ ထိုနေ.တစ်
နေ.ထဲတွင် ကျနော်ရှက်ရွံ.စွာ သိရှိခဲ.ဖူးပါ၏။
ထိုနေ.ကား ဘာနေ.မှန်းလည်းကျနော်မသိတော.ပါ။ကမ္ဘာပြက္ခဒိန်စာရွက်တည်းမှနေ.တစ်နေ.ဖြစ်နေတာတော.သေချာပါသည်။ထိုနေ.တစ်နေ.ထဲ၌ ..
ကျနော်သည် လမ်းမတော်(၂)လမ်းအနီးရှိ ဘုန်တော်ကြီးကျောင်းတစ်ခု၏မျက်နှာကျက်ငြမ်းပေါ်တက်၍မြတ်စွဘုရား ဖွားတော်မူခန်းနှင်. နိမိတ်ကြီး
(၄)ပါး၊.တောထွက်ခန်း..နှင်.ဓမ္မစကြာတရားဦးဟောနေပုံ...စသဖြင်. ဘုရားဖြစ်စဉ် နိပါတ်ပန်းချီတွေ ဆွဲပေးနေရခြင်းဖြစ်သည်။ကျနော်သည် ခေတ်ကာ
လသားသမီး တေဇလူငယ်တစ်ယောက်ဖြစ်နေ၍လားမသိ ရှေ.ရှေ.က အဘများလို နိပါတ်(ရိုးရာလိုင်း)ပန်းချီ သိပ်မရ၍ ဦးဆောင်ဥိးရွက်ပြုနေသော အ
သိ အဘ ပန်းချီဆရာကြီး၏ညွှန်ကြားမှုအောက်တွင်လိုက်နာ ရေးဆွဲပေးနေရခြင်းဖြစ်ပါသည်။အဘ အလုပ်တွေမနိင်သဖြင်. ရုံးဆင်းချိန်တွင် မေတ္တာ
နှင်. အခမဲ.ကူဆွဲပေးနေခြင်းဆိုပါလျင် ပို၍မှန်ပါမည်။ထိုနေ.က..ည(၇)နာရီလောက်အလုပ်သိမ်းကြပြီး အဘနှင်.ကျနော်လူစုခွဲတော. အဘမှကျနော်.
အား ညစာ ထ္မင်းဝယ်စားရန်အတွက် ငွေ (၁၀၀၀)ကျပ်ထုတ်ပေးသော်ငြားလည်း အဘသည် အဆင်ပြေလှသည်မဟုတ်၍ မယူဖြစ်ခဲ.ပါ။ထို.ကြောင်.ပင်
ညစာ အတွက် အနီးအနားလမ်းဘေးရှိ ညဈေးတန်းလေးထဲဝင်၍ ထောင်ထောင်နှင်. ဗူးညွှန်လား ..ဖရုံညွှန်လား မသဲကွဲပါ...လမ်းဘေးဓာတ်တိုင်မီး
တွေက ထိုနေ.ညက အတော်အားနည်းလှပါသည်။ကျနော် လွယ်လွယ်နဲ. ကြော်စားလို.ရမည်. လွယ်လွယ်နှင်.ဟင်းတစ်ခွက်ဖြစ်မည်. အသီးအရွက်ပဲ
ဝယ်ဖို.လည်းဆုံးဖြတ်ထားခဲ.သည်။ထို.ကြောင်.ပင်... `` အန်တီ ဗူးညွှန်တွေ ဘယ်လိုရောင်းလဲ..´´ဟု မေးလိုက်သောအခါ ဈေးသည်အန်တီကြီးမှ..
သူ.ကလေးအားနို.တိုက်ရင်းဖြင်. `` အဲဒါ ဗူးညွှန်တွေမဟုတ်ဘူး ဂေါ်ရခါးညွှန်တွေ တစ်စီး တစ်ရာနဲ.ယူသွားပါ...´´
`` လျော.ပါအုံး အန်တီရ ....နှစ်ရာဖို.သုံးစီးထားလိုက်ပါနော..´´
ဈေးသည်မှသိပ်ပေးချင်ပုံမရပေ။သိုသော်.....
``ယူသွား..ယူသွား.....
ဆိုင်သိမ်းတော.မှာမို. လျော.ပေးလိုက်တာ..´´ ဟုပြောကာ သူမ၏ကလေးကြီးတန်းလန်းနှင်.ပင် ကျနော်အား ဂေါ်ရခါးညွှန် အစီးတွေ ကူရွေးပေးနေသည်။ ကျနော် ကလည်း လတ်ဆတ်မည်.ထင်ရသော ဂေါ်ရခါးညအန် အစီးကြီးကြီး (၃)စီးကို ကိုယ်.ဘာသာပဲစိတ်ကြိုက်ေ၇ွးယူလိုက်ပြီး ကြွပ်ကြွပ်အိတ်ဖြင်.ထည်.ခိုင်းမိသည်။တချို.ဈေးသည်များသည်..ဈေးလျော.ပေးရလျင်..အလေးမှာ အပြည်.
မပေးတတ်သလို...ဈေးလျော.ပေးရလျင်..အနွမ်းတွေရွေးပေးတာလည်းကြုံဖူးခဲ.သည်။ကျနော် တွးထင်ထားတဲ.အတိုင်းပါပဲ ဈေသည်ကြီးမှ..
`` အဲဒီ သုံးစီးမယူနဲ. ဒီ သုံးစီးယူ..´´
ဆိုပြီးသူမ ရွေးထားတဲ.အစီးသေးသေးလေးတွေကိုထည်.ပေးနေ၍ ကျနော်ကလည်း အားမနာတတ်နှင်. ခက်နေပြီ။
`` အန်တီ ကျနော်ေ၇ွးထားတဲ. အစီးသုံးစီးပဲ
ပြန်ထည်.ပေးပါ.........´´
ကျနော် ခမ်ဆတ်ဆတ်ပြောလိုက်ကာမှ အန်တီကြီးက ကျနော် အဓိပ်ပါယ်ဖော်မရသော မျက်လုံးများနဲ.ပြန်ကြည်.နေကြောင်း လမ်းဘေးမီးရောင် မှိန်မှိန်အောက်တွင် လက်ခနဲ.မြင်မိအောင် ကျနော်မြင်လိုက်သေးသည်။တတ်နိင်ဖူးလေ...တန်ရာ တန်ကျေးပေးဝယ်ထားတာမို. အာနာမနေသင်.ဖူးဟုလည်း ကျနော်တွေးထင်မိသည်လေ...။မတရားသဖြင်. လုယူထားတာလည်း မဟုတ်၍ မိမိစိတ်ကြိုက် ရွေးယူထားတာပဲယူရမှာပေါ.ဗျာ...မဟုတ်ဘူးလား...။ဈေးသည်ကြီးလည်း စိတ်မပါလက်မပါ စိတ်ကုန်သါားပုံမျိုးဖြင်. ကျနော်ရွေးချယ်
ထားသော အစီး(၃)စီးကိုပြန်ထည်.ပေးနေရှာသည်။ဒီလိုနဲ. အဆောင်ရောက်တော. ဂေါ်ရခါး အစီးတွေဖြေပြီး သင်ရတာပေါ. ။ဇာတ်လမ်းက အဲမှာစတွေ.တာပဲလေ..။အစီးတိုင်းမှာ ဂေါ်ရခါးညွှန်က သုံးညွှန်လောက်ပဲပါတယ်...မီးရောင်အောက်မှာသေချာအောင်ထပ်စစ်ကြည်.တော. အစီးရဲ.အလယ်မှာ အညွှန်.မပါတဲ.ဇာတ်ပြတ်ကျနေတဲ.ရိုးတံတွေထည်.ထားပြီး အပြင်က အညွှန်.သုံးလေးညွှန်. ကောင်းတာရံပြီးဝယ်သူအကြိုက် လှတပတဟိတ်ဟန်ကောင်းတဲ. ဂေါ်ရခါးစီးလုပ်ထားတာကိုတွေ.လိုက်ရပါတယ်။သေလိုက်ပါတော.....ဦးသန်းရွှေနဲ.အပေါင်းအပါတွေ...။(၃)စီးပေါင်း
လိုက်မှကြော်စားရမယ်.အညွှန်ကနည်းနည်းပဲရပြီးပစ်လိုက်ရတဲ.အရိုးတွေက မြင်မိုရ်တောင်ကြီးအလားပဲ မီးရောင်အောက်မှာ ဟီးထနေတယ်။ယခု မှ...
ဈေးသည်ကြီးကို ထကျိန်ဆဲနေလို.မရပေ...။ဈေးသည် အန်တီကြီးက ပြောသားပဲ.. သူရွေးပေးတာယူပါ..ကျနော်ရွေးထားတဲ. (၃)စီးက မကောင်းပါဘူးဆို...။ကျနော်မှ ဈေးသည်ကြီးရဲ. စေတနာအ မှန်ကို မမြင်ခဲ.တာ။မယုံခဲ.တာဆို ပိုမှန်တာပေါ.ဗျာ..။သူ.မ ဂေါ်ရခါးညွှန်တွေ သူမပဲ စီးချည်ထားတာတွေမို.. ဘယ် အစီးက ကောင်းတယ် မကောင်းဘူးဆိုတာ ဈေးသည်အန်တီကြီးလောက် ကျနော်ကသိနိင်ပါ.မလား..။
ကျနော် ဈေးသည်ကြီး စေတနာနဲ.ရွေးပေးတဲ.(၃)စီးကိုမယူမိလို. ခုထိ နောင်တရနေမိတယ်..။ဂေါ်ရခါး အစီးမကောင်းတာတွေရလို.ဆိုတာထက်
ဈေးသည်ကြီးရဲ.စေတနာတွေအပေါ် ကျနော်သံသယ၀င်ခဲ.မိတာကို ရှက်၇ွံ.နေခဲ.မိတာပါ..။အဲဒီဖြစ်စဉ် ကိုကြုံခဲ.ပြီးကတည်းက ကျနော်အသိတစ်ခု ရခဲ.
ပါတယ်။လောကကြီးမှာ ယုံကြည်ဖို.ကောင်းတဲ.လူတွေ ရှိနေသေးပါလားလို.ပေါ.။ကျနော်တို. လူ.ကမ္ဘာ မှာ လူတစ်သားတစ်ဦးကို လူတစ်ယောက်က မယုံကြည်တာ အဆန်းတကြယ်မဟုတ်ပေမယ်. ဈေးသည်ကြီးလို စေတနာမှန်သော လူရိုးလူဖြောင်.တွေနဲ.တွေ.လိုက်တဲ.အခါမျိုးမှာ...သံသယ စိတ်သမားတွေ ကွဲသွားကြတာကတော. ဆန်းနေတာပေါ.ဗျာ...။အဲဒီ အန်တီကြီးနဲ. ကျနော်ဖြစ်စဉ် ကိုတွေးမိတိုင်း ကျနော် ရှက်ရွံ.နေမိတယ် ကျနော်လိပ်ပြာ ကျနော်မလုံသလိုခံစားမိတယ်..ဒါပေ.မယ်.လည်း ဈေးသည်အန်တီကြီးကို ကျေးဇူးတင်မိပါတယ်...အန်တီကြီးက ကျနော်ကို အမူအကျင်.ကောင်းတွေလက်ဆင်.ကမ်းပေးခဲ.လို. ခုတော.လောကကြီးအပေါ် သံသယနည်းစွာကြည်.တတ်လာလို. အရမ်းကျေနပ်မိပါတယ်။
ကိုယ်.ကိုကိုယ်လည်းအကောင်းမြင်သမားလို.ခံစားမိလာတယ်။ယခုဖြစ်စဉ်လေးသည် ဘာမှမဟုတ်ပေမယ်. (ဘာပဲဖြစ်ဖြစ်) ကျနော်တို. ဈေးသည် အန်တီကြီးလို ကိုယ်.စေတနာကိုယ်ယုံကြည်သော ပထမဈေးသည်ကြီးမဖြစ်ခဲ.တောင်မှ..လောကကြီးအပေါ် သံသယတွေပါးနိင်သမျှပါးသော..လူတွေ
ကိုချစ်သော ကိုယ်ချင်းစာသော မေတ္တာစိတ်မှသည် လူတွေထံမှဘာအကျိုးမှပြန်လည်မမျော်လင်.တတ်သော ..အတ္တနည်းသော ဒုတိယဈေးသည်
အဖြစ်နှင်.လောကကြီးထဲမှာ သံသယကင်းစွာဖြင်.ရပ်တည်ချင်စမ်းပါဘိ. ။ ။
``
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos