[mrsorcerer:26881] Fwd: ကိုပဲလေး ဆိုဒ်မှကြိုဆိုပါသည်။



---------- Forwarded message ----------
From: ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် <noreply@blogger.com>
Date: 2012/6/27
Subject: ကိုပဲလေး ဆိုဒ်မှကြိုဆိုပါသည်။
To: kopaelay@gmail.com


ကိုပဲလေး ဆိုဒ်မှကြိုဆိုပါသည်။


ခြေရာ

Posted: 26 Jun 2012 03:06 PM PDT


  Sithu Linn  

~


ကာတွန်း - လိုင်လုဏ်

မြစ်ကြီးနားမြို့ ဧရာဝတီ မြစ်ရေကြီးမှု နောက်ဆုံးအခြေအနေ

Posted: 26 Jun 2012 02:58 PM PDT


ဧရာဝ တီမြစ်ဘေးရှိ မြစ်ကြီးနား မြို့တွင် ဇွန်လ ၂၄ ရက်ည မှစတင်ကာ ဧရာဝ တီမြစ်ရေ တိုးလာပြီး ထိုမြို့၏ စိုးရိမ်ရေမှတ် အထက်ရောက် ရှိလျက်ရှိသည်။ မနေ့ည (ဇွန်လ ၂၅ ရက်) က မြစ်ရေပိုကြီး လာခဲ့ကြောင်း ဒေသခံများကပြောသည်။ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက်ရောက်ရှိပြီး မြစ်ရေကြီးခြင်းမှာ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပြီး ရှစ်နှစ်ကြာမှ မြစ်ရေကြီးခဲ့ခြင်းဖြစ်သည်။

မြို့၏ ဧရာဝတီမြစ်ဘေးတစ်လျောက် ရပ်ကွက်အချို့တွင် မြစ်ရေ၀င်လျက်ရှိပြီး ဒေသခံများအနေဖြင့်
ရေပိုမိုကြီးလာမည်ကို ပူပန်စွာစောင့်ကြည့်နေကြသည်။ မြစ်ရေ၀င်သောနေအိမ်အချို့မှ မြို့ခံများမှာ အထက (၅)ကျောင်းသို့ ယာယီသွား ရောက်ခိုလှုံလျက်ရှိကြောင်းလည်းဒေသခံအချို့ကပြောကြားသည်။

by 7Day News Journal



သီတာရပ်ကွက် ရေမြုပ် နေတဲ့အိမ် Photo- Seng Mai


မြစ်ကြီးနားမြို့ စည်ပင်ဆိပ်တွင် ဒေသခံများ မြစ်ရေစောင့်ကြည့်နေစဉ်။ Photo- Seng Mai

ရမ်ပူရပ်ကွက် လယ်ကွင်းရေမြုပ်နေစဉ် Photo- Seng Mai

by 7Day News Journal

နည်းပညာတက္ကသိုလ်များ၌ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ပြီး ခြောက်နှစ် သင်ကြားရမည်

Posted: 26 Jun 2012 02:55 PM PDT


မြန်မာတစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ် ကျောင်းများ၌ ယခင်က အင်ဂျင်နီယာဘွဲ့(B.E) ရရှိရန် ငါးနှစ် သင်ကြားခဲ့ရရာမှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ပြီး ငါးနှစ်အစား ခြောက်နှစ် ပြန်လည် သင်ကြားရမည်ဖြစ်ကြောင်း ရန်ကုန်နည်းပညာ တက္ကသိုလ် အသိုင်းအ၀ိုင်းမှ ရရှိသော သတင်းများအရ သိရှိရသည်။ နည်းပညာတက္ကသိုလ် ကျောင်းများ၌ B.E ဘွဲ့ရရန် ခြောက်နှစ် ပန်လည်သင်ကြားရမည် ဖြစ်ကြောင်းကို ''တစ်နိုင်ငံလုံးမှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ B.E ဘွဲ့ရဖို့အတွက် ငါးနှစ် သင်ကြားရတယ်။ အခုတော့ ငါးနှစ်အစား ခြောက်နှစ် သင်ကြားဖို့ကို သက်ဆိုင်ရာ ၀န်ကြီးဌာနက ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ ကလေးတွေ နည်းပညာတက္ကသိုလ် စတက်ပြီဆိုရင် ခြောက်နှစ် ပညာရေးစနစ်ကို စတင်သင်ကြားကြရမှာပါ'' ဟုလည်း နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယင်းကဲ့သို့ သင်ကြားနိုင်ရေးအတွက် ဘာသာရပ်အလိုက် ထည့်သွင်းသင်ကြားရမည့် သင်ခန်းစာများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ ''အခုဆိုရင် မေဂျာအလိုက် ထည့်သွင်းရမယ့် သင်ခန်းစာတွေကို ဆွေးနွေးနေပါပြီ။ အရင်တုန်းက နည်းပညာတက္ကသိုလ်တွေမှာ ခြောက်နှစ် သင်ကြားရတာပါ။ နောက်ပိုင်း ၂၀၀၀ ပြည့်နှစ် ၀န်းကျင်လောက်မှာ ခြောက်နှစ်အစား ငါးနှစ်သင်ကြားဖို့ လုပ်ခဲ့ကြတယ်။ AGTI အတွက် နှစ်နှစ်၊ B.Tech အတွက် နှစ်နှစ်၊ ပြီးမှ BE ဘွဲ့ရဖို့ တစ်နှစ် တက်ရတယ်။ အခုခြောက်နှစ် သင်ကြားမယ့် စနစ်အရ BE ဘွဲ့ရဖို့ နှစ်နှစ် တက်ရမှာပါ။ တချို့ကျောင်းတွေမှာ အင်ဂျင်နီယာဘာသာရပ် ၁၁ ခု သင်ကြားနိုင်ပေမယ့် တချို့ကျောင်းတွေမှာက မသင်နိုင်သေးဘူး။ အဲဒါတွေအတွက်ပါ ညှိနှိုင်းနေပါတယ်'' ဟုလည်း နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

ကြံ့ခိုင်ရေး အမာခံတချို့ ပါတီမှထုတ်ခံရ

Posted: 26 Jun 2012 02:45 PM PDT


  Sithu Linn  

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး

မိုးကျရွှေကိုယ် ဆိုတာ လွှတ်တော်ထဲမှာမှ ရှိတာ မဟုတ်ပါဘူး၊ ပြည်ခိုင်ဖြိုးပါတီထဲမှာလည်း ရှိပါတယ် တဲ့။
ရမည်းသင်းမြို့က ပါတီဝင်တဦး ဆိုသူ ပေးပို့လာတဲ့ စာကို ဖော်ပြပေးလိုက်ပါတယ်။


ကျွန်တော်က ရမည်းသင်း ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးပါခင်ဗျာ …. အခုကျွန်တော်တို့ မတရားသဖြင့် အထုတ်ပယ်ခံခဲ့ရပါတယ် …. ဒီသတင်းအတွက် အထက် ကိုတင်ထားပေမဲ့လဲ ဘာမှ တုန့်ပြန်မှုမရှိလို့ အခုလို ထည့်ပေးဖို့ ပေးပို့ရခြင်းဖြစ်ပါတယ်ခင်ဗျာ … ဒီသီတင်းသည် လုံးဝ မှန်ကန်ပါကြောင် အာမခံပါတယ်ခင်ဗျာ
ကျွန်တော်နဲ့အတူ တော်တော်များများ ခံခဲ့ရတာပါခင်ဗျာ
ဒီသတင်းလေးကို ထည့်ပေးစေချင်ပါတယ်

လေးစားလျက်
သီလ၀မောင်
ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြိုကွဲပြီ

ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ၄-၆-၂၀၁၂ တွင် မြို့နယ် မျက်နှာစုံညီ ရွှေးချယ် တင်မြောက်ပွဲအပြီး မြို့နယ်ကော်မတီဝင်များမှ စ၍ ရပ်/ကျေး စည်းကော်မတီ အထိ စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ် နေကြောင်း သိရှိရပါသည်။

ထိုသို့ ဖြစ်ရခြင်းအကြောင်းအရင်းမှာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ သွေးခွဲ စည်းရုံးမှုမှ စတင်သည် ဟု ဆိုပါသည်။

ထို လွှတ်တော်ကိုယ်စာလှယ်ကြီးမှာ တစည ပါတီမှ ထွက်၍ ၂၀၁၀ ရွေးကောက်ပွဲနီးမှ ပြည်ခိုင်ဖြိုး ပါတီသို့ ၀င်ရောက်၍ လွှတ်တော်အမတ် အဖြစ် အရွေးခံခဲ့ခြင်းဖြစ်သည်။

ယခင်အချိန်များမှာ ပြည်ခိုင်ဖြိုးပါတီနှင့် လုံးဝ ဆက်စပ်ခြင်းမရှိခဲ့ပါ၊ တိုင်းဒေသကြီး လွှတ်တော် အမတ်ဖြစ်ပြီး နောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီအား လက်ရှိအတွင်းရေးမှူးနှင့် အတူပေါင်း၍ ကြိုးကိုင်ခြယ်လှယ်ခဲ့ရာ ၄င်းတို့၏ သြဇာ မခံသော ကော်မတီဝင် အများစုအား ဖယ်ထုတ်ရန် ကြိုးစားခဲ့ပါသည်။

ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ၄င်းသည် နာယကအဖြစ်ပါဝင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးဖြစ်လိုသော ရပ်/ကျေး စည်းရုံးရေးမှူးများအား ၄-၆-၂၀၁၂ ရက်နေ့တွင် ကျင်းပမည့် မြို့နယ် ကော်မတီရွေးချယ်ပွဲတွင် လက်ရှိမြို့နယ် ကော်မတီမှ နာမည်ကို (အက္ခရာ) နှင့်ပြော၍ မဲမပေးကြရန် ၄င်း၏ လူယုံများနှင့်ရော ဖုန်းနှင့်ပါ စည်းရုံး ခဲ့သည်ဟု ဆိုပါသည်။

၎-၆-၂၀၁၂ ရက်နေ့ မြို့နယ် ကော်မတီရွေးချယ်ပွဲတွင် ၄င်းစီမံထားသည့်အတိုင်း ကော်မတီဝင်အဟောင်းများ မဲမရ၍ ပြန်ခဲ့ပြီး အသစ်များသာ မဲအများဆုံးနှင့် တက်လာပါသည်။

အသစ်တက်လာသော သူများမှာလည်း ရွေးချယ်ပွဲနီးမှ စည်းရုံးရေးမှူးဖြစ်ပြီး မြို့နယ်တက်လာသူများ ဖြစ်ကြပါသည်။ ယခင်က ပါတီရုံးသို့ တစ်ကြိမ်တစ်ခါမှ မရောက်ဘူးသလို ရပ်/ကျေးတွင်လည်း ထင်ပေါ်မှုမရှိပါ။ ပါတီအတွက်လည်း မည်သည့်လုပ်ငန်းတာဝန်ကိုမှ ထမ်းဆောင်ခဲ့ဖူးခြင်းလုံးဝ(လုံးဝ) မရှိခဲ့ပါ။

လက်ရှိ ပါတီတွင် ကျန်ခဲ့သော ကော်မတီဝင် အဟောင်းများမှာ ပြစ်ချက် တစ်စုံတစ်ရာမရှိဘဲ အသင်းဖွဲ့သည့် အချိန်မှစ၍ ၄-၆-၂၀၁၂ အထိ ပါတီအတွက် အင်တိုက်အားတိုက် ကြိုးစား ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တစည တစ်ဖြစ်လဲ မန္တလေးတိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်ကြီး၏ ပါတီအပေါ် ကြိုးကိုင်ခြယ်လှယ်သွေးခွဲမှုကြောင့် မြို့နယ်မှစ၍ အောက်ခြေအထိ အက်ကြောင်းများ ဖြစ်ပေါ်လာပြီ ဖြစ်ပါသည်။

ထိုအဖြစ်မျိုးများ ရပ်/ကျေး များတွင်ရှိခဲ့သောကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ခွက်ခွက် လန်အောင် ရှုံးခဲ့ပါသည်။ ၄င်း ကိုယ်စားလှယ်ကြီး ပါတီ အချင်းချင်းတွင်သာမက ပါတီတွင်း၌လည်း ထိုသို့ ပြုမူဆောင်ရွက်၍ နိုင်ငံရေး လူမှု့စည်းပွားတိုးတက်ရေးထက် မိမိကိုယ်ကို နေရာရရှိရေး အတွက် မိမိအလို မလိုက်သူများ မိမိစည်းရုံး၍ မရသော သူများအား ထုတ်ပစ်ခဲ့ပါသည်။

ရခိုင် ငြိမ်းချမ်းရေး အဖွဲ့များ နယ်ခြားစောင့် တပ်ဖွဲ့ရန် တောင်းဆို

Posted: 26 Jun 2012 02:43 PM PDT


မောင်အေး

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် အတွင်း နေရာချထားပေးထားသော ရခိုင်ငြိမ်းချမ်းရေး တပ်ဖွဲ့များ အနေဖြင့် သူတို့အား တခြား တိုင်းရင်းသား ငြိမ်းချမ်းရေး တပ်ဖွဲ့များ နည်းတူ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် တောင်းဆိုလိုက်ကြောင်း သိရ သည်။

၂၀၀၁-ခုနှစ် လက်နက်ချသွားသည့် ရခိုင်ပြည်တပ်တော် (အေအေ)နှင့် ၁၉၉၇-ခုနှစ် လက်နက် ချသွားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်)အဖွဲ့များမှ သူတို့အား နယ်ခြားစောင့်တပ် ဖွဲ့စည်းပေးရန် ရခိုင်ပြည် နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အား တင်ပြ တောင်းဆိုထားကြောင်း သိရသည်။

" ဒီနယ်စပ်မှာ ဆက်နေမယ်ဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေ မရှိရင် ဆက်လက် နေထိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လည်း သူတို့တာဝန် ပီးဆုံရင် ပြန်ကြတော့မယ်။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ဘယ်သူက တာဝန် ယူမှာလဲ။ အဲဒီတော့ ကျွန် တော်တို့ကို လုံခြုံရေး ကျွန်တော်တို့ ယူရမယ်။ ဒါကြောင့် ကျွန်တော်တို့ကို တခြားတိုင်း ရင်းသားဒေသတွေမှာလို နယ်ခြားစောင့်တပ် ဖွဲ့စည်း ရေးပေးပါဆိုပြီး တောင်းဆို တင်ပြထားပါတယ်" ဟု အမည်မဖေါ်လိုသူ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောသည်။

သို့သော်လည်း အဆိုပါ တင်ပြထားချက်နှင့် ပတ်သက်ပြီးး တစ်စုံတစ်ရာ အဖြေမရရှိသေးကြောင်း၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းခွင့်မရ ပါ က လုံခြုံရေး အရ သူတို့ အနေဖြင့် မောင်တော ဒေသတွင် နေထိုင်ရန် မဖြစ်နိုင်ကြောင်း သူက ပြောသည်။

ဒေသခံ တိုင်းရင်းသားများမှလည်း ရေရှည် သူတို့ဘ၀ လုံခြုံရေး အတွက် နယ်စပ်တလျှောက်တွင် ပြည်သူ့စစ် အသွင် တပ်ဖွဲ့များ ဖွဲ့စည်း ပေးရန် လိုလားနေကြပြီး နယ်မြေခံ တပ်ဖွဲ့များနှင့် ပူးပေါင်းကာ နယ်စပ်ကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုလားနေကြသည်ဟု သိရှိ ရသည်။

ယခုကဲ့သို့ လိုလားနေကြောင်းကို ဇွန်လ ၂၅ ရက်နေ့က မောင်တောမြို့တွင် ပြု လုပ်သည့် အစည်းအဝေးတွင် ဒေသခံ လူကြီးများက မောင် တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ တင်ပြချက်အပေါ် ခရိုင် အုပ်ချုပ်ရေးမှူးက ယခုလို ပြန်လည် ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ပြော သည်။

" ခရိုင်မှူးပြောတာက ခင်ဗျာတို့ အိမ်ပြန်နေချင်လည်း နေကြပါ။ ကျွန်တော်တို့ကတော့ အတင်းမ ပြောင်းခိုင်းပါဘူး။ ဒီမှာ တပ်ရင်းတွေလည်း လုံခြုံရေးချထားတယ်။ ဒီက လုံခြုံရေးတွေ ရုတ်သွားရင်လည်း ခင်ဗျာတို့ ရေရှည် လုံခြုံ ဖို့အတွက် ပြည်သူ့စစ်တပ်ဖွဲ့စည်းပေးဖို့ အထက် ကလူကြီးတွေလည်း စဉ်းစားနေတယ်လို့ ပြောဆိုသွားပါတယ်" ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေး အဆိုကို မကြာမီကျင်းပတော့ လွှတ်တော်အစည်းအဝေးတွင် လည်း တင်ပြ ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း ရခိုင်လွှတ်တော် အမတ် တစ်ဦးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အကြောင်း အစိုးရသတင်းစာမှာ နေရာပေးပြီ

Posted: 26 Jun 2012 02:37 PM PDT


Sithu Linn 
~


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်သတင်းတွေ နိုင်ငံတကာမှာ ထိပ်တန်း ဖြစ်ခဲ့ပေမယ့် မြန်မာအစိုးရ သတင်းဌာနတွေက ဖြော်ပခြင်း မရှိခဲ့တဲ့အတွက် ဝေဖန်ခံနေရပါတယ်။

ဒီကနေ့တော့ အစိုးရအာဘော်သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံ အခမ်းအနားတခု တက်ခဲ့ပုံကို ရေးသား ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီအမည်၊ တာဝန်အဆင့်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ တွေ့ကြရမှာပါ။

မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၉ မှာ တွေ့ရတဲ့ ဒီသတင်းကို ဒီမှာ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKj-xK2srLQzMnt3mmXd9h5dHsR8c0AZvFo6TPgRbPOW9FWBdk171QIsopO_2WL0sQd-60Ik9KX8VrWE7CAXKUjnu_WxKC8-jJy9i0lwqT84241gmDVEHJFPqWO6g-NRtXleMLsYaihApr/s1600/2222.jpg ဖတ်နိုင်ပါပြီ။

မြန်မာ အလုပ်သမားများ တရုတ်အာဏာပိုင် ဖမ်းဆီး လချီချုပ် နှောင်ထား

Posted: 26 Jun 2012 02:35 PM PDT


သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာနယ်စပ်ဖြတ်ကာ ရွှေလီ၊ ကျယ်ဂေါင်ဘက် အလုပ်သွားလုပ်ကြသော မြန်မာအလုပ်သမားများ၊ ခရီးသွားများအား တရုတ် အာ ဏာပိုင်များက လိုက်လံဖမ်းဆီးပြီး အာမခံ မပေးဘဲလချီချုပ်နှောင်ထား ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

"ကျယ်ဂေါင်မှာကော ရွှေလီဘက်မှာကော အဖမ်းအဆီးအရမ်းထူတယ်။ တရုတ်အာဏာပိုင် တွေက ဖမ်းတာ။ လူပုံမလန်းဆန်းရင် ဘိန်းစားနဲ့တူရင် ၊ မိုက်တိမိုက်ကန်းပုံပေါက်နေရင် အကုန်ဖမ်းတာဘဲ။ နောင်တောင်း-ရွှေလီအသွားလမ်း၊ ရွှေလီကနေ မန့်စီ - စန်ဟောင့် - ရင့်ကြိုင်အ သွားလမ်းမှာ တရုတ်တွေကစောင့်ဖမ်းလေ့ ရှိတယ်။ အဖမ်းခံရတဲ့သူတွေ ၁ နာရီအတွင်း လာမရွေးရင်သွားပြီ။ လနဲ့ချီကြာတယ် တွေ့ခွင့်မ ပေးဘူး။ ၁ နာရီ မိုင် ၆၀၀ ပြေးဆွဲမယ့် အာဆီယံရထားလမ်းတို့ အာရှလမ်းမကြီးတို့ဖောက်လုပ်မယ့် စီမံကိန်းမှာလုပ်အား သွား သုံးမလို့တဲ့။ အဲဒါကြောင့် တရုတ်ဘက်ခြမ်းကိုသိပ်တောင်မသွားရဲတော့ဘူး" ဟု ဒေသခံစိုင်းခမ်းက ပြောသည်။

တရားဝင်နယ်စပ်ကူး လက်မှတ်ကိုင်ဆောင်သည်ဖြစ်စေ နယ်ခြား ခြံစည်းရိုး ပေါက်မှ ခိုးဝင် သူများ ဖြစ်စေ စစ်ဆေး ဖမ်းဆီး ထားခြင်း ဖြစ် ကြောင်း စိုင်းယီ့ပီးကပြောသည်။

ယခုကဲ့သို့ မြန်မာဘက်မှအလုပ်သမားများအား အချိန်အကန့်အသတ်မရှိ စိတ်ကြိုက်ဖမ်းဆီးစစ်ဆေးနိုင်သည်ဟူ သည့်အချက်မှာ မြန်မာ နှင့် တရုတ်အာဏာပိုင် နှစ်ဘက်သဘောတူညီမှုရထားသောအချက်ဖြစ်ကြောင်း နမ့်ခမ်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးကလည်း သျှမ်းသံ တော်ဆင့်သို့ ပြောပါသည်။

"စိုင်းယွမ် ခေါ် အေပီး လေ။ အသက် ၃၂ နှစ်ရှိပြီ။ နမ့်ခမ်း မြို့ ပေါက်နေရပ်ကွက် မှာနေတာလေ။ သူ ရင့်ကြိုင်မှာ သီချင်းခွေရောင်းဖို့ ရွှေလီမြို့အထွက်မှာအဖမ်းခံရတာ။ သူလဲ တရားဝင်ပတ်စပို့ စာအုပ်အနီ ကိုင်တာဘဲ။ အခု ရွှေလီစန့်ဟောင့် အချုပ်ခန်းမှာတဲ့၊ သွားကြည့်လို့မရဘူး။ နှစ် လပြည့်မှ တွေ့ခွင့်ပေးမယ်။ အဲဒီအချိန်မှ အာမခံနဲ့ ပြန်လွှတ်ရင်လွှတ်ပေးမယ် လို့ ရွှေလီကတရုတ်ရဲအရာရှိက ပြောတယ်" - ဟု ၎င်း၏ သူငယ် ချင်းဖြစ်သူ စိုင်းခမ်း က ဆက်လက်ပြောပြသည်။



" နယ်စပ်ကူးလက်မှတ် ပတ်စ်ပို့ စာအုပ် အနီရောင်လုပ်ရင် စစ လုပ်ချင်း ၁ သောင်းကျပ်ကုန်တယ်။ တခါဖြတ် ကူးရင် နယ်စပ် အာဏာပိုင် တွေက တံဆိပ်တုံးထုပေးတယ်။ တခါထုခ ကျပ် ၁၀၀၀ ။ ပြီးရင်ဟိုးဘက်ခြမ်းမှာ အလုပ်သွား လုပ်ရင် တရက် လုပ်အားခ ကျပ် ၄၀၀၀ ဘဲရ တယ်ဆိုတော့ တချို့က လက်မှတ်မလုပ်ချင်ကြဘူး လေ။ ဟိုဘက်ခြမ်းမှာ အိပ်ခွင့် ၇ ရက်ပေးတယ်ဆိုပေမယ့် အမျိုးတွေ ဟိုဘက်မှာ မရှိရင် ဘယ်မှာ သွားအိပ် မလဲ။ စက်ရုံ အလုပ် သမားလဲ တရက် လုပ်အားခ ယွမ်ငွေ ၅၀ ။ စက်ရုံ သူဌေးက လုပ်အား ခကို တပတ်မှ တခါ ထုတ်ပေး တယ်။ သူဌေး တချို့လဲ တပတ် ၁၀ ရက် ကြာရင် တရုတ် ရဲတွေ ကို အကြောင်း ကြားလိုက် တယ်။ အဲလို ညှစ်တာ လဲရှိ တယ်" ဟု ဆိုပါသည်။

တရုတ်ဘက်ခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများမှာ သျှမ်းပြည် ရွှေလီဒေသ၊ မူစယ်၊ နမ့်ခမ်းမှသျှမ်း၊ ပလောင်၊ ကချင်မှလာသော ဒေသခံများအပြင် အောက်ပြည်အောက်ရွာမှ ဗမာလူမျိုးများ ဖြစ်ကြကြောင်း သိရသည်။

အဖမ်းခံရသူများမှာလည်း မိသားစုရေး ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်နေကြသော သာမာန်လူတန်းစား အလုပ်သမား များသာဖြစ် ကြ ကြောင်း ဒေသခံများက ပြောပြသည်။

မြောက်ဥက္ကလာမြို့နယ်ရှိ ဘုရားစေတီများ ရောင်ခြည်တော်ကွန့်မြူးဟုဆို (12 photos)

Posted: 26 Jun 2012 02:33 PM PDT


 မြောက်ဥက္ကလာမြို့နယ်ရှိ ဘုရားစေတီများ ရောင်ခြည်တော်ကွန့်မြူးဟု ဆိုကာ လာရောက်ဖူးမြော်ကြသူများများပြား











by-yangon Media Group

ထီဖွင့်ပွဲကို မြ၀တီရုပ်သံမှ တိုက်ရိုက်လွှင့်မည်

Posted: 26 Jun 2012 02:32 PM PDT


ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၈၂ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှ စ၍ မြ၀တီ Digital ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

ထီပေါက်စဉ်သည် ညနေပိုင်းတွင် ထွက်ရှိသဖြင့် ထီထိုးထားသူများ ချက်ခြင်း သိရှိနိုင်ရန် ရည်ရွယ်၍ ထုတ်လွှင့်ခြင်းဖြစ်ကြောင်း သိရသည်။

တာမွေလမ်းဆုံ ခုံးကျော်တံတား စီမံကိန်းကို ဖျက်သိမ်း

Posted: 26 Jun 2012 02:31 PM PDT


ခုံးကျော်တံတား တည်ဆောက်ရန်မလိုအပ်သည့် အတွက်တာမွေလမ်းဆုံ ခုံးကျော်တံတား စီမံကိန်း ကို ဖျက်သိမ်း လိုက်ကြောင်းသိရသည်။
တာမွေလမ်းဆုံ၏ယာဉ်သွား လာမှုကိုကွင်းဆင်း၍ အချက် အလက်များ ကောက်ယူ ခဲ့ရာ ခုံးကျော် တံတား ဆောက်လုပ် ရန်မလို အပ်ကြောင်း၊ လမ်းချဲ့ခြင်းနှင့်မီးပွိုင့်ြောင်း ရွေ့တပ်ဆင်ခြင်း တို့ဆောင် ရွက်ရုံဖြင့် ယာဉ်ကြော ပိတ်ခြင်း ကိုဖြေရှင်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီမှ သိရသည်။

''တာမွေရဲ့ယာဉ်သွားလာမှုကို ကြည့်တဲ့အခါလမ်းချဲ့ ရုံနဲ့ရတယ်။ ခုံးကျော် ဆောက်ဖို့ မလိုဘူး။ ယာဉ်ကြော ပိတ်တာကို ဖြေရှင်းဖို့ အတွက်မီးပွိုင့်ပြောင်းတာ၊လမ်းချဲ့ တာတွေကိုဆောင်ရွက် သွား မှာပါ'' ဟုရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာ လမ်းတံတားဌာနမှတာဝန် ရှိသူ က ပြောသည်။
ယာဉ်ကြောပိတ်ဆို့ခြင်းနှင့် ယာဉ်ကြောရှုပ်ထွေးမှုကိုဖြေရှင်းရန်အ တွက်ရန်ကုန်မြို့ရှိ ယာဉ်သွား လာမှုများပြီး ကြောပိတ်ဆို့မှုအများ ဆုံးဖြစ်ပေါ်နေသော လှည်းတန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ ရွှေဂုံတိုင် လမ်းဆုံ၊ မြေနီကုန်းလမ်းဆုံနှင့် တာမွေလမ်းဆုံမီးပွိုင့်၅နေရာ တို့တွင်ခုံး ကျော်တံတား များဆောက်လုပ် ရန်စီစဉ်ခဲ့ ကြောင်းသိရသည်။

''ကျွန်တော်ကသင်္ကန်းကျွန်မှာ နေတော့အလုပ်သွားအလုပ်ပြန်တာမွေမီး ပွိုင့်လမ်းဆုံ ကိုအမြဲဖြတ်ရတယ်။ ဒီလမ်းဆုံ ကလည်းကားတော်တော် ကျပ် တယ်။ရုံချိန် ဆိုပုံမှန်၁၅ မိနစ် လောက်ကြာ တယ်။ မိုးရွာ တဲ့နေတွေဆို နာရီဝက်လောက်ကြာတယ်။ မိုတွင်းဆိုကား ပိတ်တာ အရမ်းကြာ တော့ခုံး ကျော်တံတား မဆောက်ဘူးဆိုလဲ လမ်းချဲ့ တာကို အမြန်ဆုံး အကောင် အထည်ဖော်စေ ချင်တယ်'' ဟုကုမ္ပဏီဝန်ထမ်း ကိုမျိုး အောင်ကပြောသည်။

ခုံးကျော်တံတားများ ကိုလှည်း တန်းလမ်းဆုံနှင့် ဘုရင့်နောင်လမ်းဆုံ တို့တွင် စတင်ဆောက် လုပ်နေပြီး ရွှေဂုံတိုင်လမ်း ဆုံစီမံကိန်းကို ယခုနှစ် အကောင် အထည် ဖော်မည်ဖြစ်ကာ မြေနီကုန်းလမ်း ဆုံစီမံ ကိန်းကို လာမည့်၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ် မှ သာဆောင်ရွက် မည်ဟု သိရသည်။
 အေးမြမြထွန်း
==============================
======

ပြန်ပေး တစ်လ ဆွဲခံထား ရသူ ကိုရွှေအ သတင်း အစအန ပျောက်

Posted: 26 Jun 2012 02:29 PM PDT


လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ ရာဘာခြံတစ်ခြံမှ လွန်ခဲ့သည့် မေလ ကုန် ပိုင်းအတွင်း ပြန်ပေးဆွဲခံထားရသူ ကိုရွှေအ၏ သတင်း အစအန မကြား သိရသဖြင့် ၄င်းနှင့်အတူ မိသားစုဝင်များအထူးစိုးရိမ်နေရကြောင်း ရပ် ကွက် (၃) အုပ်ချုပ်ရေးမှူးက ပြောသည်။

အသက်(၃၅)နှစ်ခန့်၊ ဗမာလူမျိုးဖြစ်သူ ကိုရွှေအ ပြန်လည်လွတ်မြောက်ရန် ဇနီး နှင့်သမီးငယ်တစ်ဦးတို့မှာ မည်သည့်နေရာသို့ အကူအ ညီတောင်းခံရ မှန်း မသိ ဖြစ်နေရသည်။

"အစပြန်ပေးဆွဲခဲ့တဲ့ရက်ပိုင်းတွေမှာ ပြန်ပေးသမားက ကျနော့်ဆီ ဖုန်းဆက် ငွေလှမ်း တောင်းသေး တယ်၊ နောက်ပိုင်းမှာ ကျနော့်ဆီရော သူမိသားစုတွေနဲ့ပါ အဆက်အသွယ်မလုပ်တော့ဘူး၊ ဒါကြောင့် သူ့ကံကြမ္မာအခြေအနေကို ကျ နော်တို့သိချင်တယ်၊ သေသလား ရှင်သလား သတင်းအတိအကျမရတော့ သိပ်ကိုစိုးရိမ်နေရတာပေါ့" ဟု ရပ်ကွက်(၃) အုပ် ချုပ် ရေးမှူး ဦးအေးကိုက ပြော သည်။

ဘုရားသုံးဆူမြို့အမှတ်(၃) ရပ်ကွက်နှင့်ထားဝယ်စုအနီး ဦးထွန်းတင်၏ရာဘာခြံတွင် ကိုရွှေအနှင့်အဖေါ်တစ်ဦး နေ့စားအလုပ်လုပ်နေစဉ် လွန် ခဲ့သည့် မေလ(၂၇) ရက်နေ့၊ ညနေပိုင်းတွင် လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တစ်ပတ်ခန့်အကြာတွင် ၄င်း၏အဖေါ်ဖြစ်သူ ပြန်ပေးသမားများလက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ သည်ဟုလည်း နီးစပ်သူ များ က ပြောသည်။

"တလောကမွန်ပြည်သစ်ပါတီလူထုတွေ့ဆုံရှင်းလင်းပွဲမှာ အတွင်းရေးမှူးနိုင်ဟံသာကို ကျနော်ကိုယ် တိုင်မေးခဲ့တယ်၊ ပြန်ပေးသမားတချို့ကို မွန်ပြည်သစ်ပါတီကဖမ်းမိထားတယ်လို့ သတင်းရတယ်၊ ကျနော့်ရပ်ကွက်သားကိုရွှေအ အ ကြောင်းမေးတော့ အခြေအနေကောင်းပါတယ်လို့ သူပြောတာပဲ" ဟု ဦးအေးကိုက ဆက်ပြောသည်။

လတ်တလောကာလ၌ ဘုရားသုံးဆူတဝိုက်တွင် ပြန်ပေးအဖွဲ့မှ ဖုန်းဖြင့်ငွေတောင်းခံခြင်းမရှိသဖြင့် လုံခြုံရေး အခြေနေ ကောင်းလာ သည် ဟု ပြောဆိုနိုင်သော်လည်း ကိုရွှေအအခြေအနေသတင်း သဲသဲကွဲကွဲမသိရှိရသေးဟု သူကပြောသည်။

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလတွင်တစ်ကြိမ်၊ မေလတွင်နှစ်ကြိမ် ဘုရားသုံးဆူမြို့ပေါ်အနီးတဝိုက်တွင် ပြန်ပေးဆွဲမှု ဖြစ်ပေါ်ခဲ့ရာ ခေါင်း ဆောင် ဆိုသူ မှာ နိုင်ထွန်းဟု အမည်ပေးထားသည်။

ဘုရားသုံးဆူအနီးပတ်ဝန်းကျင်တဝိုက်လှုပ်ရှားနေသော ပြန်ပေးအဖွဲ့ဝင်အချို့ကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဖမ်းဆီး ရမိသည့် သတင်း ထွက် ပေါ်နေသော်လည်း စစ်ဆင်ရေးစီမံချက်ကာလမပြီးဆုံးသေးသဖြင့် သတင်းမထုတ်ပြန်သေးဟု မွန်ပြည်သစ် ပါတီမှသိရသည်။

လိုအပ်ချက် နဲ့ ထောက်ပံ့မှု

Posted: 26 Jun 2012 02:25 PM PDT


  Sithu Linn  

~


ကာတွန်း - လိုင်လုဏ်

ပြင်သစ်နိုင်ငံရဲ့ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိလာတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..

Posted: 26 Jun 2012 02:25 PM PDT


  ဒီမိုဝေယံ  

ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။
ဇွန်လ(၂၆)ရက်နေ့က ပြင်သစ်နိုင်ငံမှာ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..။ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်..။
 

ဓာတ်ပုံ၊ AP,Reuters

ရေဒါ စနစ် ပျက်ခဲ့တဲ့ သုဝဏ္ဏ ဘုမ္မိ လေဆိပ်

Posted: 26 Jun 2012 02:24 PM PDT


  အိမ့်သံစဉ် 

ဘန်ကောက် သုဝဏ္ဏ ဘုမ္မိ နိုင်ငံတကာ လေဆိပ်။ ဓာတ်ပုံ- Pattayadailynews.com

ဇွန်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိ နိုင်ငံတကာ လေဆိပ်တွင် ရေဒါစနစ် ချွတ်ယွင်းမှုကြောင့် နိုင်ငံတကာမှ ပျံသန်းလာသော လေယာဉ် အစီး ၅၀ လောက်လောက် လေယာဉ်ကွင်းကို ဆင်းသက်လို့ မရဖြစ်ခဲ့ရပါတယ်။

ရေဒါရဲ့ မျက်နှာပြင်ဟာ မည်းမှောင်သွားပြီး စနစ်တခု ပျက်ယွင်းသွားတာကြောင့်လို့ သိရပါတယ်။
ထိုင်း ဘုရင့် ရေတပ်မတော် ဦးစီးချုပ် Rear Admiral Pangpol Sirisangchai က သူတို့ဆီ သတင်းပို့ ချက်ရောက်လာတာနဲ့ နိုင်ငံတကာ ဆင်းသက်လာတဲ့ လေယာဉ်တွေကို တချို့ကို အချိန်ရွှေ့ဆိုင်း၊ တချို့ကို ကွင်းချိန်းပြီး ဆင်းသက်စေခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင် လေဆိပ်နှင့် ဖူခက် လေဆိပ်တို့ကို လွဲပြောင်း ဆင်းသက်ခဲ့ရပြီး တခြား လေဆိပ်များဖြစ်တဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆိမ်းရစ်လေဆိပ်တွေ ကိုလည်း လွဲပြောင်းဆင်းသက် စေခဲ့ရပါတယ်။

ဒီလို ဆင်းသက်ခဲ့ရကြောင်းကို ထိုင်းနိုင်ငံ လေကြောင်းအရာရှိများက ဇွန်လ ၂၅ ရက်နေ့တွင် သတင်း ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အရှေ့တောင် အာရှတွင် အထင်ကရ လေဆိပ်ကြီး တစ်ခုဖြစ်တဲ့ သုဝဏ္ဏဘုမ္မိလေဆိပ် မှာ တပ်ဆင်ထားတဲ့
လေယာဉ် အဆင်းအတက် ထိန်းချုပ် အချက်ပြ စနစ်ပါဝင်တဲ့ ရေဒါ စက်မှာ ရေဒါ စနစ် ပျက်စီးသွားချိန် စုစုပေါင်း ၃ နာရီ လောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လေယာဉ်တွေ ဘေးကင်းစွာနဲ့ ဆင်းသက်လို့ မရတဲ့ အခြေအနေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ရေဒါ ပျက်စီး မှု အပေါ် စုံစမ်း စစ်ဆေးသွားမယ်လို့ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ချာယူပွန်က ပြောကြားခဲ့ပါတယ်။

ယခုအချိန်မှာတော့ ရေဒါ ချွတ်ယွင်းမှုကို လေကြောင်း အင်ဂျင်နီယာများ ပြင်ဆင်ခဲ့ပြီး နိုင်ငံတကာ လေဆိပ်ဖြစ် တဲ့ သုဝဏ္ဏ ဘုမ္မိ လေဆိပ်ကို လေယာဉ်များ ပုံမှန် ဆင်းသက်နိုင်ခဲ့ပါပြီတဲ့။

သုဝဏ္ဏဘုမ္မိ လေဆိပ်တွင် အကြမ်းဖက်သမားများရဲ့ ခြိမ်း ခြောက်မှု အန္တရယ်မှ ကာကွယ်နိုင်ရန်အတွက် အဆင့်မြင့် ရေဒါ စနစ် တွေကို တပ်ဆင်းထားပါကြောင်း ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

သုဝဏ္ဏဘုမ္မိ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ၂၀၀၆ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အာရှ ပစ္ဆိဖိတ် ဒေသ တွင်းမှာ အစည်ကားဆုံး လေဆိပ် ၅ ခုထဲက တခုလည်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အတွင်း မှာတော့ ခရီးသည်ပေါင်း ၄၇.၂ သန်းကို ၀န်ဆောင်မှု လုပ်ခဲ့ကြောင်း သိရပါတယ်။

ဒုက္ခသည်စခန်းထဲမှ ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦး ပေါ်ထွက်

Posted: 26 Jun 2012 02:22 PM PDT

ဒုက္ခသည်စခန်းထဲမှ ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦး ပေါ်ထွက်





-------------------------------------------------
ခြောက်ဘာသာ ဂုဏ်ထူးရှင် မချိုချိုဝင်း....

ဗန်းမော်ခရိုင်အတွင်း (ဗန်းမော်၊ မိုးမောက်၊ မံစီ ၊ ရွှေကူ)၄ မြို့နယ်၊
မြို့ပေါ်တွင် ဒုက္ခသည်စခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး ၁၈.၅.၂ဝ၁၂ အထိ စာရင်းအရ
ဒုက္ခသည် အိမ်ထောင်စု ၁၉၄၆ စုနှင့် ဒုက္ခသည် ၇၃၃၇ ယောက်ရှိပြီး သူငယ်တန်းမှ
တက္ကသိုလ်အထိ ကျောင်းသူ၊ ကျောင်းသား ၂၃၇၅ ယောက်ရှိသည့် အနက် ရိုးကြီးရွာ
ဒုက္ခသည်စခန်းမှ မချိုချိုဝင်းက အခြေခံပညာ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း
စာမေးပွဲအား ၆ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုကဲ့သို့
အောင်မြင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်ပွဲကို ဒုက္ခသည်စခန်းတွင် ဇွန်
၁၇ နံနက် ၈ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပါသည်။



မချိုချိုဝင်းသည်
(ဦးလောကို+ဒေါ်မြင့်ရင်)တို့ နေထိုင်ခဲ့သော မံစီမြို့နယ်၊
မွန်မြင့်ကျေးရွာသည် ဗန်းမော်မြို့မှ မိုင်ငါးဆယ်ကျော်ဝေးပြီး
ခရီးလမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် သွားလာရ ခက်ခဲလှကြောင်း၊
ကတ္တရာလမ်းမရှိ၊ ဓာတ်မီးတိုင်မရှိ၊ တီဗီ မရှိကြောင်း၊ ကျေးရွာ စာကြည့်တိုက်
မရှိသကဲ့သို့ ကျေးလက် ဆေးပေးခန်းလည်း မရှိကြောင်း၊ အစစအရာရာ ရှားပါးပြီး
မွန်မြင့်ရွာ ဆိုသည်ကို သိသူနည်းပါးလှကြောင်း၊ ရွာသားအားလုံးနီးနီးမှာ
လယ်ယာ စိုက်ပျိုးရေးကို အဓိကစီးပွားရေး အဖြစ် လုပ်ကိုင် စားသောက်ကြပြီး
ဗဟုသုတ နည်းပါးလွန်းကြကြောင်း၊ ဆင်းရဲချို့တဲ့ နိမ့်ကျလွန်းလှသည့်
မိမိ၏မိဘများနှင့် ကျေးရွာသူ ကျေးရွာသား များ၏ဘဝကို တိုးတက်ဖွံ့ဖြိုး
စေရန်အတွက် စာကို အလွန်ကြိုးစား သင်ယူခဲ့ကြောင်း၊ မြန်မာစာကို
အောင်မှတ်ရရုံသာ မှန်းခဲ့ပြီး ငါးဘာသာ ဂုဏ်ထူးသာထွက်မည် ထင်ခဲ့ရာ
ယခုကဲ့သို့ တစ်ဘာသာပိုပြီး ခြောက်ဘာသာနှင့် အောင်မြင်ခဲ့ကြောင်း၊ ကျေးလက်နေ
ဘဝတူ မိမိရွာသားများကို အကျိုးပြုနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု
ရည်ရွယ်ထားကြောင်း၊ အမှတ်စာရင်း မသိရသေးပေမယ့် ဆေးလိုင်းရလိမ့်မည်ဟု
မျှော်မှန်းထားပါကြောင်း၊ တက္ကသိုလ်ရောက်သွားရင်လည်း အရည်အချင်းပြည့်
အဆင့်မီအောင်မြင်ပြီး မိမိဒေသအကျိုး၊ မိမိတိုင်းပြည်အကျိုးကို အစွမ်းကုန်
သယ်ပိုးနိုင်ရန် ကြိုးစားသွားပါမည် ဖြစ်ကြောင်း သိရပါသည်။


မချိုချိုဝင်းသည် ယခုအခါ ဗန်းမော်ရိုးကြီးရွာ ဒုက္ခသည်စခန်းတွင်
အဖွဲ့အစည်းအသီးသီးနှင့် စေတနာရှင်၊ အလှူရှင်များ၏ အကူအညီဖြင့်
ရပ်တည်နေရကြောင်း တက္ကသိုလ် ဆက်တက်နိုင်ရန် အခက်အခဲများစွာ ရှိနေကြောင်း
ကြားသိရပါသည်။

၂ဝ၁၂ ခု တက္ကသိုလ်ဝင် ခရိုင်ပေါင်းချုပ်
အောင်စာရင်းတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၈ ဦး၊
လေးဘာသာ ဂုဏ်ထူးရှင် ၁၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂ဝ ဦး၊ နှစ်ဘာသာ
ဂုဏ်ထူးရှင် ၆၇ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၃၆၄ ဦး စုစုပေါင်း ၄၇၈ ဦး
ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရပါသည်။
Posted by Lwint Maung Maung

Go SMS PRO v4.53 + Theme For ANDROID

Posted: 26 Jun 2012 02:20 PM PDT



ကျွန်တော် SMS ကို လန်းလန်းလေး သုံးချင်နေတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်။ အောက်မှာ Screen shoot လေးတွေ ကြည့်သွားပါ။ ကြိုက်ရင် ယူသွားပေါ့။ ကျွန်တော် အရုပ်လေးတွေနဲ့ ရိုက်လို့ရအောင် Plugin လေးပါ တွဲတင်ပေးလိုက်ပါတယ်။ နောက်ပြီး ခပ်လန်းလန်းကို ကြိုက်တဲ့သူတွေ ခပ်လန်းလန်း Theme လေးပါ ထည့်ပေးထားပါတယ်။ အောက်မှာ ယူသွားလိုက်ပါ။


















အားလုံး ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ အောက်မှာ တစ်ခုချင်းစီ တင်ပေးထားပါတယ်။ ယူသွားလိုက်ပါ။

အရင်ဆုံး Go SMS PRO ကို Install လုပ်လိုက်ပါ။ ပြီးမှ Plugin ကို Install လုပ်ပါ။ Theme Collection ကို Extra လုပ်ပြီး ကိုယ်ကြိုက်တဲ့ Theme ကို Install လုပ်ပြီး Go SMS မှာ သွားရွေးပေးလိုက်ပါ။

အဆင်ပြေကြပါစေဗျာ.............

facebook အလန်းဇယား

Posted: 26 Jun 2012 02:19 PM PDT

facebook အလန်းဇယား

  facebook ကိုကျွန်တော်မသုံးတတ်ဘူးဗျာ facebook ဆိုကိုကြားဖူးတယ်
facebook သုံးချင်တယ်ဆိုလို့ ကျွန်တော် ခင်တဲ့ သူငယ်ချင်းမလေး
တစ်ယောက် ကျွန်တော်ကို facebook တစ်ခုလုပ်ပေးတယ် ဘယ်လိုသုံးရမယ်
ု မသိတဲ့ ကျွန်တော် ဟိုလျှောက်ခလိ ဒီလျှောက်ခလိနဲ့ အချိန်တွေ ကုန်းခဲ့
တယ် မထူးတို့ဘူးဆိုပြီးအွန်လှိုင်းမှာ facebook သုံးနည်းကို လိုက်ရှာတယ်
တွေတယ်ဗျာ ကိုမုန်တိုင်း ဆိုဒ်မှာ facebook Themes ကြောင်းရေးထားတဲ့
စာကြောင်းလေးတစ်ခု ကျွန်တော်လုပ်ကြည့်လိုက်တယ် မိုက်တယ်ဗျာ


   ကျွန်တော် facebook အဲလိုဖြစ်သွားတယ် ကဲပါဗျာ ကိုမုန်တိုင်း နည်းပညာ
လေးကို facebook အလန်းဇယား သုံးချင်တဲ့ သူငယ်ချင်းများအတွက်
ကျွန်တော်ပြန်ရှယ်လိုက်မယ်ဗျာ မထမဆုံး တော့သုံးနေကျ Mozilla Firefox
မှာ Add-on လေးကို Install လုပ်ပေးရမှာပါ မလုပ်မီ  facebook ကို Login ဝင်
ထားဖို့လိုပါတယ် ပြီးရင် ဒီကသွားလိုက်ပါ Stylish:: Add-ons for Firefox
Window ပွင့်လာပါမယ်


အခုမြင်နေရတဲ့ ပုံလို Add to Firefox ကို Click လုပ်ပေးရမှာပါ Software
Installation Window ထက်ပွင့်လာပါလိမ်မယ်


Install Now ကို Click လုပ်ပေးရမှာပါ Mozilla Firefox add-ons BOX ကျလာ
ပါလိမ့်မယ်


Restart Firefox လုပ်ပေးလိုက်ပါ Mozilla Firefox window ပြန်ပွင်လာအောင်
ခေတ္တစောင့်နေရမှာပါ ပြန်ပွင်လာ ပြီးဆိုရင် Facebook Themes Gallery ကို
ဒီကယူရမှာပါ အများကြီးပါနော် ကိုယ်ကြိုက်ရာကိုရွေးပြီး Click လုပ်လိုက်ပါ


အခုမြင်နေရတဲ့ပုံပါအတိုင်း Install with Stylish ကိုနှိပ်လိုက်ပါ ဒါဆို ရင်
 facebook အလန်းဇယား သုံးလို့ရသွားပါပြီး အားလုံးအဆင်ပြေမှာပါ


Posted by
R, ဂျေ

သဘင့်ဦးသျှောင် ဂရိတ်ဦးဘိုးစိန် နှစ် ၁၃ဝ ပြည့် သဘင်အနုပညာဖျော်ဖြေပွဲ ကျင်းပပြီးစီး

Posted: 26 Jun 2012 01:37 PM PDT



သဘင်အနုပညာတစ်ခေတ် ထွန်းတောက်လင်းလက်စေခဲ့သောသဘင့် ဦးသျှောင် ဂရိတ်ဦးဘိုးစိန်၏ နှစ် ၁၃ဝပြည့် သဘင် အနုပညာဖျော်ဖြေပွဲကို ဇွန်လ ၂၃၊ ၂၄ရက်နေ့ ညနေ ၆နာရီက အမျိုးသား ကဇာတ်ရုံ (မြို့မကျောင်းလမ်း)၌ အောင်မြင်စွာ ကပြ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထိုပွဲတွင် ဂရိတ်ဦးဘိုးစိန်၏ အောင်မြင်ခဲ့သော တေးသီချင်း များ၊ အကများဖြင့် တင်ဆက်ကပြခဲ့ကြရာ ဘုရားကန်တော့ခန်း၊ အပျိုတော်၊ ပခန်းကိုကြီးကျော်
အစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြပြီး စိန်မဟာသဘင်အဖွင့်တေးကို ဂျင်းနီ နှင့်ယဉ်ကျေးမှုမှ အနုပညာရှင်များ၊ မြေဝိုင်းမှသည် စင်မြင့်ဆီသို့ အစီအစဉ်တွင် မိုးမင်းနှင့် မို့မို့မြင့်အောင်တို့က ရှေးခေတ်က အပြင်အဆင် အတိုင်းတင်ဆက်ခဲ့ ကသည်။ မြေဝိုင်းသီချင်း ကိုမိုးမင်း နှင့် မို့မို့မြင့်အောင်တို့ကိုယ်တိုင်  သီဆိုခြင်းဖြစ်သည်။ တစ်ချိန်က ဦးဘိုးစိန်နှင့် မယ်အောင်ဗလတို့ ကခဲ့သည့်အတိုင်း ဟန်ဇာမိုးဝင်းနှင့် စွမ်းဇာနည်တို့က ပြန်လည်ကပြခဲ့သည့်အတွက် ပရိသတ်အမြင် ဆန်းစေခဲ့သည်။ ထို့နောက် တောင်ပြုန်း မင်းညီနောင် အော်ပရာတွင် ဂရိတ် ဦးဘိုးစိန်၏မြစ်ဖြစ်သူ မင်းသားကြီး ရဲစိန်၏သား ဇံဟိန်းနှင့် ရွှေမန်းဦးတင်မောင်၏မြေး၊ မင်းသားဆန်းဝင်း၏သား တင်မောင်ဆန်းမင်းဝင်းတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပရိသတ်များ သဘောကျ နှစ်ခြိုက်ခဲ့ပြန်သည်။

လိုင်စင်ဝင် နောက်ကျ ဒဏ်ကြေးပြန်လည် စဉ်းစားသင့်ဟု ကားအရောင်း စင်တာအချို့ဆို

Posted: 26 Jun 2012 01:36 PM PDT



ကားအရောင်းစင်တာများမှ တင်သွင်းလာသောကား လိုင်စင်ဝင်နောက်ကျပါက ကညနသို့ ဒဏ်ကြေး ပေးဆောင်ရမှုအပေါ် ပြန်လည်စဉ်းစားသင့်သည်ဟု စင်တာ အချို့က ပြောသည်။
 "ဆိပ်ကမ်းကနေ ကားထုတ် တဲ့ရက်ကစပြီး လိုင်စင်ဝင်ရမယ်။ သတ်မှတ်အချိန်ကျော်ရင် ဒဏ် ကြေးကောက်တယ်၊ တစ်ဦးချင်း တင်သွင်းသူအနေနဲ့ ပေးဆောင်ရ တဲ့ ဒဏ်ကြေးနဲ့ ကားရှိုးရွန်းဖွင့်ထား သူတွေကိုပါကောက်တော့ကားပြခန်း
ဖွင့်ထားသူတွေဒုက္ခရောက်နေတယ်" ဟုKSE ကားအရောင်း စင်တာမှ ဒေါက်တာခန့်ဝင်း က ပြောသည်။ကားတင်သွင်းရာတွင် တစ်ဦး ချင်း တင်သွင်းသူများမှာ မိမိတို့ လိုချင်သော အက္ခရာနံပါတ်ရရန် အတွက် လိုင်စင်နောက်ကျ ဝင်ခြင်း ကြောင့် ဒဏ်ေ ကြးပေးဆောင်ရခြင်း မှာ နည်းလမ်းမှန်သော်လည်း ကား အရောင်းစင်တာ ဖွင့်လှစ်ထားသူ များမှာ ကားကိုရာနှင့်ချီတင်သွင်း ထားပြီး ဝယ်ယူသူရှိမှသာ လိုင်စင် ဝင်ခြင်းကြောင့် ဆိပ်ကမ်းမှ ရောက် ရှိချိန်နှင့် ဝယ်ယူသူရှိချိန်မှာ လနှင့် ချီကြာမြင့်နိုင်သည့်အတွက် ဒဏ် ကြေး ပေးဆောင်နေရမှုမှာ အဆင် မပြေဖြစ်ရကြောင်း၊ ဒဏ်ကြေးကို တစ်ရက်လျှင် ကျပ် ၃ဝဝဝ နှုန်းဖြင့် တစ်လလျှင် ကျပ် တစ်သိန်းနှုန်း ကျသင့်ကြောင်း ကားအရောင်းစင် တာဖွင့်သူများက ပြောသည်။ မြေနီကုန်းရှိ ကားအရောင်းစင် တာ ပိုင်ရှင်တစ်ဦးက "ဆိပ်ကမ်း ရောက်ပြီးသားကားကို ရှိုးရွန်းမှာ တင်ထားတာ တစ်နှစ်နေမှ ရောင်းရ ရင် ဒဏ်ကြေးတစ်နှစ်စာ ကျပ် ၁၂ သိန်းကို ရှိုးရွန်းက ဆောင်ရရောလား၊ ဝယ်ယူသူကို ခင်ဗျားတို့ တစ်နှစ်ကြာ မှ လာဝယ်လို့ ဒဏ်ကြေး ကျပ် ၁၂ သိန်းကို ခင်ဗျားတို့ ဆောင်ပါ လို့ ပြောလို့လည်း မရဘူးလေ၊ ဝယ် သူဆိုတာ ဝယ်ချင်တဲ့ အချိန်ဝယ် မှာပေါ့"ဟု ပြောသည်။ဒဏ်ကြေးပေးဆောင်နေရမှု ကို ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခြင်းအပေါ် ပါမစ်ထုတ်ပေး သည့်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ အား တင်ပြထားပြီးဖြစ်သော်လည်း  ကားထုတ်လုပ် တင်သွင်းရောင်းချ သူများအသင်း (ယာယီ) အနေဖြင့် အဆိုပါဒဏ်ကြေးနှင့် ပတ်သက်၍ စာဖြင့်တင်ပြရန်ရှိကြောင်းဒေါက်တာ ခန့်ဝင်းထံမှ သိရသည်။
ဝေယံမိုးမြင့်

ကိုရီးယားနိုင်ငံကပြန်ရောက်ပြီး ဂရိတ်ဦးဘိုးစိန်ပွဲမှာ သမားစဉ်အတိုင်းကပြခဲ့တဲ့ မို့မို့မြင့်အောင်

Posted: 26 Jun 2012 01:32 PM PDT



မို့မို့မြင့်အောင်က Coreana အလှကုန်ပစ္စည်း ကိုယ်စားလှယ်တွေ၊ ကံစမ်းမဲပေါက်သူတွေနဲ့ တတိယအကြိမ် ကိုရီးယားခရီးစဉ်ကို ဇွန်လ၁၂ရက်နေ့က သွားခဲ့ပြီး ဇွန်လ ၁၈ရက်နေ့က ပြန်ရောက်ခဲ့ပါတယ်။ ခရီးသွားရတာ ပင်ပန်းပေမယ့် ကိုယ့်ကိုချစ်ခင်တဲ့ ကိုယ်စားလှယ်ကြီးတွေ၊ ကံစမ်းမဲ ပေါက်သူတွေကြောင့် ဘယ်လောက် ပင်ပန်းပင်ပန်း သူတို့ကိုချစ်တဲ့  သံယောဇဉ်ကြောင့် ဒီခရီးစဉ်ကို လိုက်ပါသွား ဖြစ်တာဖြစ်ကြောင်း၊ နေရာအနှံ့တော်တော် အစုံသွားခဲ့ရပြီး KBS ရုပ်သံဌာနကိုလည်း ဝင်ရောက်လေ့လာဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ကိုရီးယားခရီးစဉ်နဲ့ပတ်သက်ပြီး မို့မို့မြင့်အောင်က "တောင်ကိုရီးယားနဲ့မြောက်ကိုရီးယား
၂ဖက်စလုံးကို မြင်နေရတဲ့ နေရာ ကိုလည်း ရောက်ခဲ့တယ်။ KBS ရုပ်သံဌာနလည်း ရောက်တယ်။ ပြဇာတ်ကတဲ့နေရာလည်း ရောက်တယ်။ အစ်မတို့ရောက်တဲ့အချိန်က KBSမှာ ကလေးတွေ ဒီမှာ 'ဂီတ တံခါးလေး ဖွင့်ပါဦး'လိုပုံစံနဲ့သီချင်းတွေဆိုနေကြတယ်။ သူတို့က အုပ်စုလိုက်တွေ ပြိုင်နေကြတယ်။ တစ်ယောက်ချင်းက ၂ယောက်လောက်ပဲ ပြိုင်ကြတယ်။ သူတို့ က တော်တော့်ကိုတော်ကြတယ်။ ဒါပေမဲ့ ဒီကလေးတွေက ပိုတော်ကြတာပေါ့။ ပထမရက်က ကြည့်တဲ့ပြဇာတ်က စကားမပြောဘဲနဲ့ ရယ်ရတာပေါ့။ ၃နာရီလောက် က ပြဇာတ်ထဲမှာ အချိန်အလကားဖြစ်သွားတော့ နည်းနည်းလေးပျင်းစရာ ကောင်းတယ်။ အချိန်လေးပုပ်သွားတာပေါ့။ ခုတစ်ခေါက်က လူတွေကျန်ခဲ့လို့ ရှာနေရ တယ်။တစ်နေရာသွားရင် ဘယ်နှနာရီ အရောက်ပြန်လာဆို ပြန်မလာဘူး။ ရှာနေရ တယ်။ ခရီးစဉ်က ကွက်တိလုပ်ထားတာလေ။ Coreanaက သူတို့ရှင်းပြရင် မပြည့်စုံမှာ စိုးလို့ ဂိုက်နဲ့သွားရင်ပိုပြီး ပြည့်စုံလို့ ဂိုက်ပါခေါ်သွားတာ။ အစ်မတူမလည်း ပါလာတယ်။ သူတောင်တောင်ပေါ်မှာ လျှောက်အကြည့်ကောင်းလို့ ကျန်ခဲ့သေးတယ်။ စိတ်ဆိုး လို့ထားဖြစ်ခဲ့တယ်။ ကျန်ရစ်ခဲ့ကျတော့ တချို့ခရီးစဉ်က ၂ခု၊၃ခုလောက် ဖျက်လိုက်ရတယ်။ ငါးဈေးကို မသွားလိုက်ရဘူး။ တစ်ယောက်ဆိုလည်း ဟောင်ကောင်မှာ ကျန်ခဲ့တယ်။ ဟောင်ကောင်ကနေ ထိုင်းကိုလေယာဉ်ပျံ စီးရမှာဆိုတော့ အချိန်ရသလောက်ဝယ်ဖို့ကိုအချိန် မရတော့ဘူး။ ဟောင်ကောင်မှာ အချိန်တွေ ပုပ်သွားတယ်။ လူကျန်လို့ရှာနေ ရတာနဲ့ ဘာမှ သိပ်မဝယ်ဖြစ်ခဲ့ဘူး။ 'ဆောင်းဦးရွက်ကြွေ ချစ်သက်သေ'မှာ အွန်စောတို့၊ဂျွန်စောတို့ ရိုက်တဲ့ကမ်းစပ်နေရာကို ရောက်ခဲ့တယ်။ ရထား ဘူတာလေးတွေကိုလည်း ရောက်ခဲ့တယ်"လို့ပြောပါတယ်။ မို့မို့မြင့်အောင်က ဂရိတ်ဦးဘိုးစိန်ရဲ့ နှစ်၁၃ဝပြည့်ပွဲမှာ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲမှာ မို့မို့မြင့်အောင်က ပရိသတ်ကို   ရှေးခေတ်က  သမားစဉ်အတိုင်း ပြင်ဆင်ခြယ်သထားတာကိုပဲ မြင်ဖူးစေချင်တဲ့အတွက် အဲဒီလိုပြင်ဆင်ဖို့လည်း စီစဉ်ခဲ့ကြောင်း၊ မြေ ဝိုင်းအကကိုကမယ့် မို့မို့ မြင့်အောင်က မြေဝိုင်းအကသီချင်းကိုလည်း ကိုယ်တိုင်ဝင်ဆိုထားခဲ့တယ်လို့ပြောပါတယ်။
"မြေဝိုင်းအကက သိပ်တော့ မခက်ပါဘူး။ မင်းသားနဲ့အတွဲညီတဲ့ အခန်းတွေပဲသတိထားရမယ်။ မြေဝိုင်းသီချင်းလည်း ကိုယ်တိုင်ဆိုထားတယ်။ ပထမပေးထားတဲ့ သီချင်း က တော်တော်အော်ရတယ်။ ဒါပေမဲ့အစ်မက ရအောင်ကျင့်တယ်။ မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့အကျင့် ရှိတယ်လေ။ ဒါပေမဲ့ မြေဝိုင်းသီချင်းအစစ် မဟုတ်လို့ သီချင်းပြောင်းလိုက်တယ်။ ကိုမိုးမင်းကလည်း မမို့ကိုယ်တိုင် ဆိုမယ်ဆိုတော့ သူလည်းဝင်ဆိုထားတယ်။ သီချင်းကတစ်ပိုဒ်ပါပဲ။ နှာသံနဲ့မေးရိုက်တဲ့ အသံလေးတွေ ပါတယ်"လို့ ပြောပြီး သဘင့်ဦးသျှောင်ဖြစ်တဲ့ ဂရိတ်ဦးဘိုးစိန်ရဲ့ပွဲမှာ သမားစဉ်နဲ့အားဖြည့်ထားခဲ့တဲ့ အကြောင်း၊ အမေဒေါ်ကြည်ကြည်ဋ္ဌေးရဲ့ ကျေးဇူးကိုလည်း ဆပ်တဲ့ အနေနဲ့ ကခဲ့ကြောင်းကို မို့မို့ မြင့်အောင်က ပြောပါတယ်။
ခိုင်ဝေလွင်

ရုပ်ရှင်လုပ်ငန်းသို့  နောက်တစ်ခါ သွားရောက်မေးမြန်းခြင်း (သို့မဟုတ်) ရုပ်ရှင်ရုံများ အရေး

Posted: 26 Jun 2012 01:31 PM PDT



'နောက်တစ်ခါလာမမေးနဲ့' လို့ပြန်ကြားရေး ဝန်ကြီးဌာန ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဦးသိန်းထွန်းအောင် ကပြောခဲ့ဖူးတာ အမှတ်ရကြလေ မလားပါပဲ။ အဲဒီအတွက် ရုပ်ရှင်လုပ်ငန်းသို့ နောက်တစ်ခါ သွားရောက် မေးမြန်းဖြစ်ရခြင်း အကြောင်းရင်းကိုတော့ ပရိသတ်ထံ အစီရင်ခံ ရှင်းချက် ထုတ်မှဖြစ်မယ်ထင် မိပါတယ်။ ဦးသိန်းထွန်းအောင် အနေနဲ့မီဒီယာကို
တစ်ဦးတစ်ယောက်ချင်းသီးသန့် သိလိုရာကို ပြောရတာထက်  သတင်းထုတ်ပြန်မှုမျိုးကနေ ပြောကြားလို ပုံရှိတဲ့ အတွက် နောက်တစ်ခါ လာမမေးနဲ့ သတင်းထုတ်ပြန်ပေးမယ်လို့ ဆိုခဲ့တာပါပဲ။ ဆိုခဲစေ၊မြဲစေဆိုသလို မီဒီယာ အနေနဲ့လည်း သူ့ရဲ့ သတင်းထုတ်ပြန် မှုတွေ စောင့်နေရာ က အခုလမှာ ထူးထူးခြားခြား မီဒီယာတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားမှု ရှိလာပြန်လို့ သွား ရောက်ခဲ့ပါတယ်။ သို့ပေမယ့် မူလသတင်း ထုတ်ပြန်ဖို့ ကိစ္စထက် တိုင်းပြည်မှာပိုမို အရေးပါတဲ့ ငြိမ်းအေး သာယာဖို့ ကိစ္စတွေကို သာ အလေးထား ရမှာဖြစ်လို့ သတင်း ရှင်းလင်းပွဲတော့ မဖြစ်ခဲ့ပါဘူး။ ရုပ်ရှင် လုပ်ငန်း ဘက်က အသိပေးပြောကြားမယ့် ကိစ္စ ရွှေ့ဆိုင်း ခဲ့ပေမယ့် မီဒီယာဘက်က သိလိုရာ မေးလိုကြောင်း ခွင့်တောင်းပြီး မီဒီယာရဲ့ ထုံးစံ အတိုင်း ငါးမရ ရေချိုးပြန်ခဲ့ရာက အခုလို 'ရုပ်ရှင်ရုံများ အရေး' ကို စေ့စေ့စပ် စပ်မေးမြန်း ဖြစ် ခဲ့ပါတော့တယ်။
မေး-ခုလောလောဆယ်မှာ ကျွန်တော်တို့ သိနေရတာ ရုပ်ရှင်ရုံတွေ ၆ဝကျော် လောက်ပဲကျန်တယ်လို့သိနေရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ကလည်း တောက်လျှောက် ဇာတ်ကား ရိုက်တဲ့ဘက်မှာ ရိုက်တဲ့ သူကလည်းရိုက်၊ ထွက်တဲ့သူကလည်းထွက် ဆိုတော့ ရုံ ၆ဝကျော်ပဲ ရှိတာ ဆိုတော့ ပြသမယ့် ရုပ်ရှင်ကားတွေ အနေနဲ့ စောင့်ရ မှာပေါ့။ ရင်းနှီးမြှုပ်နှံထားတဲ့ သူအနေနဲ့ ငွေပေါ်ဖို့အတွက်ကို ကြန့်ကြာမှုတွေလည်း ရှိနိုင်တယ်။  ရုပ်ရှင်ရုံ အခြေအနေနဲ့ ပတ်သက်ပြီး၊ ဒါလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို ရှိပါသလဲ။
ဖြေ-မြန်မာ့ရုပ်ရှင် လုပ်ငန်းမှာ ရုပ်ရှင်ရုံ အနေ နဲ့ ၃မျိုး ၃စား ရှိတယ်။ ပထမ အမျိုးအစား ရုပ်ရှင်ရုံက ပုဂ္ဂလိက အနေနဲ့ ကိုယ့်ဘာသာ ကိုယ်မိရိုးဖလာ ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်ပြသခြင်း လုပ်ငန်းလုပ်တဲ့ ပုဂ္ဂလိက ရုပ်ရှင်ရုံ ဆိုတာ ရှိတယ်။ နောက်တစ်ခုကတော့ ရုပ်ရှင် လုပ်ငန်း လုပ်ချင်တဲ့ အတွက် နိုင်ငံတော် က ရုပ်ရှင်ရုံတွေ ကို ပြန်ဝယ် ပြီးတော့ ရုပ်ရှင် ပြသခြင်း လုပ်ငန်းလု ပ်တာ ရှိတယ်။ နောက် ဆုံးတစ်ခုက နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံတွေကို ငှားရမ်းပြီး ရုပ်ရှင်ပြသခြင်း လုပ်ငန်း လုပ်နေတဲ့ ရုပ်ရှင်ရုံတွေရှိ တယ်။ ဒီဟာတွေနဲ့ ပတ်သက် လို့ လက်ရှိ အနေအထားမှာ  ရုပ်ရှင်ပြသနေတဲ့ ရုပ်ရှင်ရုံပေါင်းဟာ မိမိ အစီအစဉ်နဲ့ မိရိုးဖလာ လုပ်ငန်းဖြစ်တဲ့ ပုဂ္ဂလိက ရုပ်ရှင်ရုံ ၃၉ရုံ ရှိတယ်။  နိုင်ငံတော် က အပြီးရောင်းလိုက်တဲ့ ရုံတွေနဲ့ ရုပ်ရှင်ပြသခြင်း လုပ်ငန်းကို ဆက်ပြီး လုပ်နေတဲ့ ရုပ်ရှင်ရုံ ၄၉ရုံ ရှိတယ်။ နှစ်စဉ် ငှားတဲ့ ရုပ်ရှင်ရုံ ၂၈ရုံ ရှိတယ်။ ခုလောလောဆယ် တော့ မြန်မာ တစ်နိုင်ငံလုံးမှာ ရုပ်ရှင်ပြသခြင်း လုပ်ငန်း လုပ်နေတဲ့ ရုပ်ရှင်ရုံပေါင်းဟာ ကိုမျိုး တို့သိထားတဲ့ ရုံ ၆ဝကျော်ဟာ မှားနေတယ်။ ရုပ်ရှင်ရုံ လုပ်ငန်း လုပ်နေတဲ့ ရုပ်ရှင်ရုံ စုစုပေါင်း ၁၁၆ရုံ ရှိတယ်။ ရုပ်ရှင်ရုံတွေ အနေနဲ့က ရပ်တည်ဖို့ ဆိုတာ ရုပ်ရှင်က ရမှပဲဖြစ်မှာ။ ရုပ်ရှင်က ရမှ ဆိုတာကလည်း ရုပ်ရှင်ကပြနိုင် မှ လည်းဖြစ်မှာ။ ပြမှရတဲ့ ဝင်ငွေနဲ့ ရုပ်ရှင်ရုံကို ပြုပြင်မွမ်းမံနိုင်မှာဖြစ်တယ်။ သူတို့ဆီက ရုပ်ရှင်မရရင် မပြင်နိုင်ဘူး။ မပြင်နိုင်တဲ့ အတွက် ရုပ်ရှင်ရုံက အရုပ်၊အသံတွေထွက် တာ အရည်အသွေး ညံ့မယ်။ ဒီလိုဟာတွေ ကျဆုံးလာတဲ့ အတွက် ပရိသတ်က မလာဘူး။ ပရိသတ်က အနားယူအပန်းဖြေဖို့ မလာဘူး ဆိုရင် တခြား လုပ်ငန်းတွေ လုပ်လာမယ်။  နိုင်ငံတော်ပိုင်တဲ့ ရုပ်ရှင်ရုံ ၁၈၇ရုံဟာ အပြီး ရောင်းချလိုက်တဲ့ အတွက် နိုင်ငံတော်ရဲ့ လက်ဝယ်မှာ ၂၈ရုံပဲ ရှိတော့တယ်။ အပြီး ရောင်းချလိုက်တဲ့ ရုပ်ရှင်ပြ သခြင်း လုပ်ငန်းကို လုပ်နေတာ ၄၉ရုံပဲ ရှိတော့တယ်။ အဲဒီတော့ဒီရုံတွေ ရပ်တည်နိုင်ဖို့ ဆိုတာသူတို့ အတွက် ရုပ်ရှင်ကား ရမှပဲဖြစ်မယ်။ ရုပ်ရှင် ကားမရရင် ဒီရုပ်ရှင် ရုံတွေ လည်း တဖြည်း ဖြည်း ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ရုပ်ရှင်ကား တွေ စဉ်ဆက်မပြတ် ရောက်ရှိနိုင်ဖို့ ဆိုရင် တော့ ထုတ်လုပ်သူတွေရဲ့ အပိုင်းဖြစ်တယ်။ ဘယ်လိုပြ ကြမလဲ ဆိုတာတော့ ရုပ်ရှင် လောကကို ဦးဆောင်နေတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေနဲ့ ပြသရေး စနစ် ဆိုတာ ပြန်လည် ဆောင်ရွက်နေတယ်။ ဒီ ဆောင်ရွက် ထားတဲ့ အနေအထားပေါ်မှာပဲ ရုပ်ရှင် ပြသမှု စနစ်က ရုပ်ရှင်ပြန်လည် ရှင်သန်ရေး အတွက်ကို ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် တို့ ရုပ်ရှင်လုပ်ငန်း အနေ နဲ့မြင်တယ်။
မေး- အစ်ကိုခုနကတုန်းက ရုပ်ရှင်ပြသဖို့ အတွက် ရုပ်ရှင်ကားလိုတယ် ဆိုတဲ့နေရာ မှာ အဓိကကတော့ မြန်မာကားကကော ဒီလို အလျင်မီအောင် ရုံတင်ပြသနိုင်မ လား။ မြန်မာကားလုံးလုံးပြခွင့်မရှိဘူးဆို တာပဲ ကြားနေရတယ်။ အဲဒါလေးပေါ်မှာ ကော ဘယ်လိုအနေအထားရှိလဲ။
ဖြေ-ရုပ်ရှင် ဇာတ်ကား အနေနဲ့ မြန်မာ ဇာတ်ကား ထုတ်လုပ်သူတွေက ကော်ပီတွေ ကူးကြ တယ်။ 7 copy,8 copy ဒီက 6 copy ကနေ8 copy  အထိပေါ့။ ဒါဟာ ထုတ်လုပ်သူရဲ့ သဘောဆန္ဒအရ သူတို့တွေ ကော်ပီတွေ ကူးကြတယ်။ ဒီကော်ပီတွေဟာ တစ်နိုင်ငံလုံး ကို လှည့်ပြီးတော့ သူတို့တွေက ဖြန့်ချိ ပြသပြီး operator ထဲကနေ တစ်ဆင့် ပြသတဲ့အခါမှာ တစ်နိုင်ငံလုံးက တချို့ ရုပ်ရှင် ရုံတွေက  ကားတွေပြသတဲ့အခါ အခြစ်ရာ၊ အစင်းရာတွေ၊ ဖလင်တွေချို့ယွင်းနေတာတွေ ဖြစ်လာတဲ့ အခါ ကျတော့ ပရိသတ်က  စိတ်မ ဝင်စားကြတော့ဘူး။ စိတ်မဝင်စားတဲ့ အတွက် ဇာတ်ကားမရဘူး ဆိုတဲ့အနေအထား၊ ပရိသတ်မလာဘူး ဆိုတဲ့အနေအထား ဒါတွေရှိ တယ်။ ဟိုအရင်တုန်းကတော့ ရုပ်ရှင် ကြည့်ရင်ကြည့်၊ မကြည့်ရင် တရားပွဲတွေမှာ ပြတဲ့ ဇာတ်ပွဲတွေကြည့်တဲ့ အနေအထား မျိုး တွေရှိတယ်။ ခုကျတော့ ကြည့်စရာ Entertainment  အများကြီးရှိတဲ့TV Channel တွေတိုးလာပြီး နောက်တစ်ခါကျ တော့ အင်တာနက်ကနေ ကြည့်လို့ရတာတွေ၊  ဖျော်ဖြေရေးတွေ ရှိလာတယ်။ Entertainment  ဆိုင်ရာတွေ အများကြီးရှိ လာတဲ့အတွက် ပရိသတ်က စိတ်ကြိုက်ရွေးကြည့် ချင်တာတွေကြည့်လာတယ်။ ကျန်တဲ့နေရာ အသီးသီးမှာရှိတဲ့ Entertainment  ထက်ရုပ်ရှင်က သာလွန်ရင်တော့ ရုပ်ရှင်ကိုလာကြည့် မှာပဲ။ အဲဒီတော့မြန်မာနိုင်ငံလိုပဲ ကျန်တဲ့ မြန်မာ နိုင်ငံပတ်ဝန်းကျင် မှာရှိတဲ့ အိမ်နီးချင်း နိုင် ငံတွေ ကြည့်။ ရုပ်ရှင်ရုံတွေက အဆင့်မီ တယ်။ပြသနိုင်တယ်။ ပရိသတ်က ရုပ်ရှင်ရုံ တွေမှာ လာကြည့်ချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရုပ်ရှင်ရုံဆိုတဲ့အရသာကို အသံ အရသာ၊ အရုပ်အရသာ နောက်တစ်ခါ ကျတော့ ရုပ်ရှင်ရုံမှာ ပရိသတ်ကရုပ်ရှင်ကြည့် လိုက်ရင် သူ့ရဲ့အနားယူအပန်းဖြေဖို့အပြည့် အဝရရှိနိုင်တယ်။ အိမ်နီးချင်းနိုင်ငံတွေ မှာ ရုပ်ရှင် ရုံတွေ အများကြီးရှိတယ်။ ရုပ်ရှင်ကြည့် တဲ့ပရိသတ်တွေ ရှိတယ်။ ဒါပေမဲ့ ရုပ်ရှင်ဟာ ကျန်တဲ့Entertainment ထက်သာလွန်ရင် တော့ ရုပ်ရှင်ရုံထဲကို လူတွေရောက် လာမယ်။ အဲဒီတော့လူတွေကြည့်ဖို့ အဆင့်မြင့်ဖို့လို တယ်။ သူတို့တွေရုပ်ရှင်ကို စဉ်ဆက်မပြတ် ပြရင်၊ဝင်ငွေတွေရရင် ရတဲ့ဝင်ငွေကနေ ရုံတွေကို အဆင့်မြင့် အောင်ပြင်နိုင်မယ်။ ပုဂ္ဂလိက ဆိုတာက ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ထောင်ထားတဲ့ ဟာတွေ။ နေပြည်တော်မှာ ရှိတဲ့ ရုံအပါအဝင် ဒီဟာက ပုဂ္ဂလိက အစီအစဉ်နဲ့ လုပ်ထားတဲ့ ရုံတွေပေါ့။ အရင် ရုံ ဟောင်းကြီးတွေကို ရောင်းတာကတော့ ၄၉ရုံ၊ ဒါအပြီးရောင်းလိုက်တဲ့ ရုံကို ရုပ်ရှင် ဆက်ပြနေတာ၊ လုပ်ငန်း ဆက်လုပ်နေတာ။ လိုင်စင် လည်း ဆက်လုပ်ထားတယ်။
မေး- အစ်ကိုတို့ဆီမှာ လက်ရှိ ရုပ်ရှင်လုပ် ငန်းနဲ့ စီမံခန့်ခွဲမှု၊ နိုင်ငံတော်ပိုင်၂၈ရုံ၊အဲဒီ မှာ ကျွန်တော်တို့ ရွေးချယ်ထားတာ မြို့ပတ်ရုံ အဓိကက ဟိုတလောတုန်းက အကြီး အကျယ် ကြားရတဲ့စကား ဒေါ်ဝါဝါဝင်းရွှေရဲ့ရုံက ရုပ်ရှင်ပြခွင့် မရှိတာလား။ အဲဒါ က ဘာလိုင်စင်နဲ့ ဆိုင်လဲ။
ဖြေ- ဒေါ်ဝါဝါဝင်းရွှေရဲ့ရုံမှာတော့ ဗီဒီယို ပရိုဂျက်တာတွေနဲ့ သူ့ဆီက ထုတ်လုပ်တဲ့ ဇာတ်ကားကို ပြချင်တာ ကျွန်တော်ကတော့ ဒီဗီဒီ လို့မခေါ်ဘူး။ ဗီဒီယို ပရိုဂျက်တာနဲ့ပြ လို့ရတဲ့ ဇာတ်ကားလို့ခေါ်တယ်။ ဒီဗီဒီက သူ့ရဲ့ နည်းပညာနဲ့ ဖြစ်ပေါ်လာတယ်။ စကားကို လွယ်လွယ်ကူကူ မသုံးဘူး။ ကျွန်တော်တို့ ဆီက တချို့ဟာတွေက အခေါ် အဝေါ်တွေ လွဲမှားမှုကြောင့် ကိုယ့်အဆင့်ကို ဝေဝေဝါးဝါး ဖြစ်သွားတယ်။ အခု Blue Ray တွေပေါ် လာတယ်။ ပထမ ဗီဒီယိုပေါ်တယ်။ ဗီစီဒီဖြစ် လာတယ်။ ပြီးရင် ဒီဗီဒီ ဖြစ်လာတယ်။ အခု Blue Ray ဖြစ်လာတယ်။ ဒါကို နည်း ပညာအရပြောင်းလဲတာ။ ဗီစီဒီရုံတို့၊ ဒီဗီဒီရုံ၊ Blue Ray ရုံတို့ပြောလို့မရဘူး။ ကျွန်တော့် အနေနဲ့တော့ မပြောသင့်ဘူး ထင်တယ်။ "ဗီဒီယို ပရိုဂျက်တာ နဲ့ပြသ"၊ ဒီထက် အဆင်ြ့မင့် လာလို့ရှိရင် အဆင့်မြင့် နည်းပညာနဲ့ ပြသ နိုင်သော ဇာတ်ကား ဒီလိုနဲ့ ပြောင်းလဲပြီးသွား ရလိမ့်မယ်။ ဒီဗီဒီဇာတ်ကားတို့၊  Blue Ray ဇာတ်ကားတို့ ဆိုတာ ကျွန်တော်တို့ ဌာနကနေပြီး ကျွန်တော်တို့ ကတော့ "ဗီဒီယိုပရိုဂျက်တာ နဲ့ ပြသတဲ့ ဇာတ်ကား" တစ်နည်း အားဖြင့်ဆိုရင် FullHD တွေဘာတွေပြောင်းလဲလာရင်  "Digital စီနီမာ" နဲ့ပြသနိုင်တဲ့ ဇာတ်ကား" ပဲဖြစ်ရမယ်။ ရုပ်ရှင် ဆိုတာလည်း အရုပ်နဲ့ အသံနဲ့ ထွက် ပေါ်စေတဲ့ အတွက် ဗီဒီယိုဖြစ်စေ၊ ဖလင်နဲ့ ဖြစ် စေ ရုပ်ရှင်ကတော့ ရုပ်ရှင်ပဲ၊ နည်းပညာ အရ ရိုက်ကူး ရတာလွယ်သွားတာ ဖြစ်မယ်။ ခက်သွား တာဖြစ်မယ်။ သုံးတဲ့ နည်းစနစ်ပေါ်မှာ ပဲ ပြောင်းလဲသွားတဲ့ ကိစ္စရပ်မျိုးလို့ ကျွန်တော်ထင်တယ်။
မေး- အစ်ကို မြန်မာကားပြ ရမယ်။ မပြရ ဘူး ဆိုတဲ့ ခွဲခြားမှုရှိလား။
ဖြေ- မြန်မာဇာတ်ကား ကပြရမယ်၊ မပြရဘူးဆို တဲ့ခွဲခြားမှုကတော့ ရန်ကုန်မြို့လယ်ရုံမှာတော့ ရှိမယ်။ဘာကြောင့်လဲ ဆိုတော့သူက ဘေးပတ် ဝန်းကျင် ရုံမှာရှိတဲ့ ဖလင် နဲ့ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကုန်ကျစရိတ်က တအားများတယ်။ ရက်တွေကြာတယ်။ နောက်လွယ် လွယ်ကူကူနဲ့ အဆင့်မြင့် နည်းပညာနဲ့ ရိုက် လိုက်မယ် ။ နောက်တခြား နည်းပညာ တစ်ခု နဲ့ရိုက်လိုက် မယ်ရိုက်လိုက်တဲ့ ဇာတ်ကား တွေ ကို အလွယ်တကူ ဝင်ပြီး ပြလိုက်မယ် ဆိုရင် ဖလင်နဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေနဲ့ ထိပ်တိုက်တွေ့ပြီးတော့ ဖလင်နဲ့ရိုက်တဲ့ ဇာတ်ကား တွေပေါ်မှာ ထိခိုက်နစ်နာမှု ရှိမှာဖြစ်တဲ့ အတွက် ဦးစားပေးပြီးတော့ ကာကွယ် ပေးထားပါတယ်။ ဒီလောကထဲ မှပဲ ပြန်ပြီးတော့ အကာအကွယ်ပြုဖို့ အတွက်ကို ဒီဘက်က ဆောင်ရွက် ပေးထားတဲ့ဟာပါ။ အကုန်လုံးက လုပ်ချင်တယ် ဆိုရင်တော့ တစ်ပြေးညီယှဉ် ပြိုင်ကြမယ် ဆိုရင်တော့  ပိုပြီးတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဖလင်နဲ့ကတော့ ရိုက်ရတာ ခက်ခဲတယ်။ ကုန်ကျစရိတ် များတယ်။ အလွယ်တကူ ယှဉ်နိုင်တဲ့ နည်းပညာပေါ်လာ တဲ့ ဇာတ်ကားနဲ့ ယှဉ်ရရင်တော့ ဖလင်နဲ့ရိုက်တဲ့ ဇာတ်ကားတွေကတော့ အခက်အခဲ ရှိမယ်။ ခုနောက်ပိုင်းမှာတော့ ဖလင်နဲ့ ရိုက်တဲ့ ဟာတွေက တဖြည်းဖြည်းလျော့ လာတယ်။ ဒီဂျစ်တယ်နဲ့ ရိုက်ကြတယ်။ HD နဲ့ရိုက်ကြတယ်။ ရိုက်ပြီးတဲ့အခါမှာ ဖလင်ပေါ်ကို ပြန် ပြောင်းကြတယ်။ တချို့ အနေနဲ့က ဖလင်ပေါ် မှာ မပြောင်းလဲဘဲ ဒီအတိုင်း Digital နည်း စနစ်နဲ့ရိုက်ကြမယ်။ Digital နည်းစနစ်နဲ့ပဲ ပြရင်ကောင်းမလား ဆိုတဲ့ အနေအထားမျိုးတွေ တွဲသုံးလာတာ ရှိတယ်။ နိုင်ငံတွေမှာ ပြန် ကြည့်လိုက်တဲ့ အခါမှာလည်း တကယ့် ဖလင် နဲ့တောက်လျှောက် မရိုက်ဘဲ တချို့တစ်ဝက် ကိုဖလင်နဲ့ ရိုက်တယ်။ တချို့တစ်ဝက်ကို Digital နည်းစနစ် နဲ့ ရိုက်တာ ရှိတယ်။ တစ်ကားလုံးကို Digital နည်းစနစ်နဲ့ ရိုက်ပြီးတော့ ဖလင်ပေါ် ပြန်တင်တာရှိတယ်။ မတင်ဘဲနဲ့ ရိုက်ပြတာ လည်းရှိတယ်။ ဘယ်နည်းက ကိုယ့်နိုင်ငံနဲ့ ကိုက်ညီ မလဲ။ ကိုယ့်နိုင်ငံရဲ့အနေ အထားနဲ့ အဆင်ပြေမလဲ ဆိုတာကိုတော့ ထုတ် လုပ်သူတွေနဲ့ စုပေါင်းပြီးတော့ အဖြေရှာမှရမယ်။
မေး- ကျွန်တော်တို့  ရုပ်ရှင် ရုံအားလုံးက လိုင်စင် တင်ထားတာက ၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ်။ အဲဒီအတွက်ကို ၁၁၆ရုံဆိုတော့ ဒီ အတော အတွင်းမှာပဲ ခုနတုန်း ကပြောတဲ့ ကိစ္စမျိုး ပေါ့နော်။ ရုံတွေ ကိစ္စပေါ့။ အဲဒီရုံတွေ ငှားရမ်းမှု ကိစ္စ ပြီးပြတ်ခြင်း၊ မပြီးပြတ်ခြင်း အဲဒီဥစ္စာကော ဒီထဲမှာ ဘယ်လို အကျုံးဝင်လဲ ။                                                 
ဆက်လက်ဖော်ပြပါမည်။

ဘင်္ဂလားဒေ့ရှ် ဟက်ကာအဖွဲ့ မြန်မာ ဝက်ဘ်ဆိုက် အချို့အား တိုက်ခိုက်

Posted: 26 Jun 2012 12:53 PM PDT



ဘင်္ဂလားဒေ့ရှ်ဆိုက်ဘာတိုက်ခိုက်ရေးအဖွဲ့မှ မြန်မာ့ဝက်ဘ်ဆိုက်အချို့အား ဝင်ရောက်ဖျက်ဆီး မှုများပြုလုပ်ခဲ့ရာ၌ တစ်ခုသာထိခိုက်မှုရှိခဲ့ေ ကြာင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
အဆိုပါ ဟက်ကာအဖွဲ့ တိုက်ခိုက်မှုမှာ ဇွန်လ ၁၈ ရက် နေ့တွင်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံမှ လွှတ်တင်ထားသည့် ပုဂ္ဂလိက ဆိုင်ရာ ဝက်ဘ်ဆိုက်အချို့၊ ပညာရေးဆိုင်ရာ ဝက်ဘ်ဆိုက် အချို့နှင့် နိုင်ငံပိုင်ဝက်ဘ်ဆိုက် အချို့အား နှောင့်ယှက်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ယင်းတို့၏ င်္Facebookု စာမျက်နှာတွင် ကြေ ညာထားသည်။ ယင်း အဖွဲ့ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည့် ဝက်ဘ်ဆိုက် များမှာ www.myanmar. gov. mm,www.myancoop.gov. mm,
www.construction.gov. mm, www.csostat.gov.mm, www. myanmarteak.gov.mm နှင့် www.moai.gov. mm  စသည့် ဝက်ဘ်ဆိုက်များ ပါဝင်ခဲ့ကြောင်း ၄င်းအဖွဲ့မှ တင်ထားသည့် Face book မှ သိရသည်။"ဝက်ဘ်ဆိုက်တစ်ခုပဲ နှောင့် ယှက်တာခံလိုက်ရတယ်၊ ဘာမှ ဆိုးဆိုးရွားရွားတော့ မဖြစ်ပါဘူး။ ဘယ်ဝက်ဘ်ဆိုက်ဆိုတာတော့ ထုတ်မြေ ပာချင်ဘူး။ ကျန်တဲ့ ဝက်ဘ်ဆိုက်တွေကတော့ အချိန်မီ သိလိုက်တဲ့အတွကှ်နမလနမ ဖြုတ်ချမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်" ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင် နီယာ ချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၌ ဆိုက်ဘာတိုက် ခိုက်မှု၊ ဝက်ဘ်ဆိုက်အချို့ နှောင့် ယှက်မှုများမှာ မကြာခဏဖြစ်ပွားခဲ့ရ သော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်း ငယ်သာရှိခဲ့ကြောင်း၊ ယင်းသို့ အင် တာနက်လုံခြုံမှုအားနည်းနေသည် ကို တရုတ်နိုင်ငံ၏ အကူအညီ ဖြင့် ကာကွယ်တားဆီးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း   မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်။"ဆိုက်ဘာတိုက်ခိုက်တာ ကတော့မဆန်းပါဘူး။နိုင်ငံတကာ မှာလည်းရှိနေတယ်။ အဓိကလုံခြုံ ရေးအားနည်းနေ လို့ပါ။(Hard ware Fire wall) တွေကိုပါ တိုး မြှင့် ဆောင်ရွက်လိုက်ရင်တော့ တိုက်ခိုက်မှုတွေ နည်းသွားမှာပါ" ဟု ABC ကွန်ပျူတာနှင့် အီလက် ထရောနစ်မှကွန်ပျူတာပညာရှင် ကိုအောင်မျိုးလွင်ကပြောသည်။
အောင်ဇော်

မလေးရှား မှ ကြောက်စရာ အပြစ်ပေးနည်းစနစ်

Posted: 26 Jun 2012 12:42 PM PDT

မလေးရှား မှ ကြောက်စရာ အပြစ်ပေးနည်းစနစ်
Simon Rau | 21:44 | video Best Blogger Tips
နိုင်ငံတကာတွင် ပြစ်မူကျုးလွန်သူများကို ပြစ်ဒဏ်အမျိုးမျိုး ပေးကြလေ့ရှိရာ မလေးရှားနိုင်ငံတွင်
သာမန်ပြစ်ဒဏ်အပြင် ထူးကဲးစွာ ကြိမ်ဒဏ်ဟု၍ ထပ်တိုးပေးလေ့ရှိပါသည်။ဘယ်လိုအမူများမှာ
ပေးတတ်တာကိုတော့ သေချာမသိပါ။



ယခုကြိမ်ဒဏ်ပေးခံရသူ တယောက်ကို အပြစ်ပေးပုံကို
တင်ပြပါမယ်။ အခုဟာကရိုးရိုးကြိမ်ဒဏ်ပါ။

တချို လျှပ်စစ်ကြိမ်ဒဏ်ပေးသည်ဟု ကြားဖူးပါသည်။

လျှပ်စစ်ကြိမ်ဒဏ်ကျသင့်သူများမှာ ဘဝရပ်တည်ဖိုတောင် ခက်ခဲးလောက်အောင် ခံကြရသည်ဟု
ကြားသိရပါသည်။ကဲးအပြစ်ပေးပုံကို ကြည့်ပါဦး...






ဒီလိုအပြစ်ပေးတာကို လက်ခံသူရှိသလို ရက်စက်လွန်းသည်ဟု၍ လက်မခံသူတွေလဲးရှိပါသည်။

ထွက်ရပ်ပေါက် မြွေဆိုပဲ

Posted: 26 Jun 2012 12:37 PM PDT


ဗမာပြည်မှာနေတုန်းက အရပ်ရာဇ၀င်တွေ ကြားခဲ့ရဖူးတယ်။
ခုလိုမျိုး မြွေတစ်ကောင် ဟာ ကိုယ့်အမြီးကိုယ်မျိုရင် နောက်ဆုံးမှာ လုံးဝပျောက်သွားပြီး မြွေထွက် ရပ်ပေါက်ဖြစ်ပါသတဲ့။
ဒီလိုမြွေမျိုးတွေ့ရင် အလယ်မှာ ငုတ်ကလေးစိုက်ပြီး စောင့်ကြည့်နေရသတဲ့။ ငုတ်ကို ထိပြီး ဆက်မျို လို့ မရတော့တဲ့ အခါမှာ မြွေက သေသွားပြီး၊ အဲ့ဒီမြွေအလောင်း အ၀ိုင်းလေးကို အခြောက်လှမ်းပြီးဆောင်ထားရင်..လောင်းကစားပွဲတွေမှာ ဂျင် တို့ ဘာတို့.. ခွက်မှောက်ခွက်လှန်တွေကို မြင်ရသတဲ့။
လောင်းကစားသမားလောကရဲ့ ပါးစပ်ရာဇ၀င်တွေပေါ့။
ခုမှပဲ.. တကယ့်မြွေကို မြင်ဖူးတယ်။ ဒါပေမဲ့ သူတို့ပြောသလို ဒီမြွေဟာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဖြစ်သွားလောက် စရာတော့ စဉ်းစားလို့ကို မရပါဘူး။
ဘာပဲပြောပြော။ ဒီမြွေဟာ လောကကြီးကိုစိတ်ကုန်လို့ ကိုယ့်ဘာသာ သေကြောင်းကြံတာလို့ပဲ မြင်ပါတယ်။

ဖေ့စ်ဘုတ်မှ ဤနေရာမှ ကူးယူသည်။

နန်ကြီးသုပ်စားကြမယ်နော်

Posted: 26 Jun 2012 12:33 PM PDT



နန်ကြီးသုပ်အတွက်လိုအပ်တာတွေကတော့
  • နန်းကြီးဖတ်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ကြက်သား
  • ကြက်ဥ (သို့) ဘဲဥ
  • ငရုပ်သီးအရောင်တင်မှုန့်
  • ငရုပ်သီးမှုန့်
  • နံနံပင်
  • ငံပြာရည်
  • ဆား
  • နနွင်း
  • ဆီ
  • အကြွတ်ကျော်
  • သံပုရာသီး တို့ပါပဲ။
အရင်ဆုံး ကြက်သား ကို အသားနဲ့ အရိုးသပ်သပ်စီ
နွှင်ပြီး၊ အရိုးကိုတော့ ချင်း၊
ကြက်သွန်ဖြူ ဆား၊ ငရုပ်ကောင်းမှုန့် စသည်တို့ခပ်ပြီး ဟင်းရည် ချက်နိုင်ပါတယ်။
အသားကိုတော့ လက်တစ်ဆစ်ခန့် အတုံးလေးတွေတုံးပြီး ဆား၊ နနွင်းတို့နဲ့ နယ်ထားပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းတာကို ဆီပူပူမှာ ဆီသတ်ပါတယ်။

အနံလေးမွှေးလာရင် ကြက်သားထည့်ပါတယ်။
ကြက်သားလေးတွေဖြူလာရင် ငရုပ်သီးအရောင်တင်မှုန့် လေးထည့်ပြီး၊ ရေစပ်စပ်လေးထည့်ရင်း ဆက်ချက်ပါတယ်။

ကြက်သားတွေ နူးအိလာတဲ့အထိ ချက်ရပါမယ်၊

ပေါ့နေလျှင် ငံပြာရည်အနည်းငယ်ထည့်ချက်ပါ။
ကြက်သား ဆီကျန်ရေကျန်လေးဖြစ်နေလျှင် မြည်းပြီး ဟင်းအိုးချလို့ရပါပြီ။

နန်းကြီးသုပ်ဖို့ အတွက် အစာတွေကတော့ ကြက်သွန်နီ ကိုပါးပါးလေး လှီးထား
ရပါတယ်။

နံနံပင်ကြိုက်တတ်လျှင် နံနံပင်လေးပါ ထည့်သုပ်နိုင်ပါတယ်။

ကြက်ဥ (သို့မဟုတ်) ဘဲဥ ကို ပြုတ်ပြီး ၊ မထူမပါးလေးတွေ လှီးထားရပါတယ်။


အကြွတ်ကြော် အတွက် ဆီပူပူမှာ နနွင်းအနည်းငယ် နဲ့ ဆန်ခေါက်ဆွဲခြောက်
အပြားကို အပိုင်းသေးသေးလေးတွေချိုးပြီး ကြော်ထားပါတယ်။

နန်းကြီးသုပ် ဖို့ အဆာတွေ အဆင်သင့်ပြင်ပြီးလျှင် တယောက်စာ နန်းကြီးဖတ်
ထဲသို့

အသား လိုသလောက်၊
ပဲမှုန့် ၂ ဇွန်း၊
ငံပြာရည် ၁ဇွန်း၊
သံပုရာသီး ၂ စိပ်၊
ငရုပ်သီးမှုန့် ၂ စွန်း၊

နံနံပင် နှင့်
ကြက်ဥပြုတ် တို့ ထည့်ပြီးနယ်ပါ။
အပေါ့အငံမြည်းပြီး အနေတော်ဆိုလျှင် စားမည့်ပန်းကန်ထဲသို့ထည့်ပြီး
အပေါ်က အကြွတ်ကြော်ဖြူးလိုက်ပါ။
နန်းကြီးသုပ်စားရတာ ခြောက်နေလျှင်၊ ကြက်ရိုးပြုတ်ဟင်းခါး လေးနှင့် တွဲဖက် သုံးဆောင်နိုင်ပါသည်။
You are subscribed to email updates from ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ