---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/27
Subject: [လူဗိုလ်ဟူသည် ...] မိန်းမတွေချည်းနေတဲ့ မြို့
To: lubo601@gmail.com
တစ်ခါက လူသူတွေနဲ့ ကင်းဝေးတဲ့ တောကြီး နက်မည်း တောင်တွေကြားထဲမှာ မြို့ဟောင်းကြီးတစ်ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ မြို့ဟောင်းကြီးနဲ့ ပက်သတ်တဲ့ ကြောက်စရာကောင်းခဲ့တဲ့ အတိတ်တွေကိုတော့ လူတိုင်းသေချာ မသိခဲ့ကြဘူး။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/28/2012 11:35:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/6/27
Subject: [လူဗိုလ်ဟူသည် ...] မိန်းမတွေချည်းနေတဲ့ မြို့
To: lubo601@gmail.com
by Yin Nint Aung on Wednesday, June 27, 2012 at 7:48pm
ကြိမ်စာမိထားတဲ့မြို့လို့ လူတွေ သိခဲ့ကြပါတယ်။ အဲဒီမြို့ဟောင်းကြီးမှာ ယောက်ျားတစ်ယောက်မှ မရှိပါဘူး။ နှစ်ပေါင်း များစွာကတည်းက ယောက်ျားတစ်ယောက်မှ မရှိခဲ့ဘူး။ ယောက်ျားတွေကို ကိုယ်စားပြုခဲ့တဲ့ နတ်ဘုရားကို သူတို့တစ်မြို့လုံးက ၀ိုင်းဝန်းစော်ကားခဲ့တဲ့ ကြိမ်စာကြောင့် သူတို့မြို့မှာ ရှိတဲ့ ယောက်ျားတိုင်း အသေဆိုးနဲ့ သေခဲ့ကြတယ်။ သူတို့မြို့ကို တခြားမြို့က ယောက်ျားတွေလည်း သွားမယ်ဆိုရင် ၁ ရက်နဲ့ ၁ နာရီပဲ နေလို့ရတယ်လို့ ဆိုပါတယ်။ အဲဒီထက်ပိုနေမိတဲ့ ယောက်ျားတွေဟာ ကြိမ်စာသင့်ပြီး အသေဆိုးနဲ့ သေကြရပါတယ်။ သေခဲ့တဲ့ယောက်ျားတွေလည်း အများကြီးရှိခဲ့ဖူးတယ်။ သူတို့မြို့က မိန်းမတွေလည်း မြို့ပြင်ကို ၁ရက်နဲ့ ၁ နာရီသာ ထွက်လို့ရပါတယ်။ ထိုထက်ပိုနေမိတဲ့ မိန်းမတွေဟာ ကြိမ်စာသင့်ပြီး သွေးစိမ်းပွက်ပွက်နဲ့ သေကြရပါတယ်။
အဲဒီမြို့ဟောင်းကြီးက ထူခြားမှုတွေနဲ့ ပြည့်နက်နေခဲ့တယ်။ ကျန်ခဲ့တဲ့ မိန်းမတွေဟာ ရုပ်ရည်အဆင်းနဲ့ အရမ်းချောမောလှပနေကြတယ်။ အသားအရည်ဟာ မြောက်ကျွန်းသူလို ၀ါဝါ၀င်းလို့၊ မျက်ခုံး မျက်လုံး နှာတံအဆင်း၊ အမျိုးသမီးတို့ ရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ မြင်သူတိုင်းက တက်မက်လှအောင် လှပသူများဖြစ်ပါတယ်။ ဒီမြို့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာသူတိုင်း ဘယ်ယောက်ျားကမှ မပြန်ချင်လှအောင် မိန်းမလှတွေ ပေါတဲ့မြို့။ အဲလိုနဲ့ ရောက်လာတဲ့ ယောက်ျားတွေဟာ အဲဒီမြို့သူတွေရဲ့ အလှအပ အာရုံတွေကြားမှာ ယစ်မူးပြီး ၁ ရက်နဲ့ ၁ နာရီကျော်တဲ့အခါမှာတော့ အသေဆိုးနဲ့ သေကြရပါတယ်။
အဲဒီမြို့မှာ ထူးခြားမှုတွေက မဆုံးပါဘူး။ မြို့သူတွေ အားလုံးဟာ အသက် ၁၈ နှစ်အရွယ်ကနေ သေသည်အထိ ရုပ်ရည်ဟာ အိုစာ မသွားကြဘူး။ ရောဂါဘယ ကင်းဝေးကြတယ်။ သစ်ခေါက်ကိုစားပြီး ၇ ရက်အထိ အာဟာရပြည့်ဝကြတယ်။ ပြီးတော့ ရတနာအပင်ဆိုတာ ရှိခဲ့တယ်။ နေ့စဉ်နေ့တိုင်း ကျောက်သံပတ္တမြားတွေ ပွင့်လာလေ့ရှိတယ်။ တစ်ချို့အပင်က နီလာပွင့်တယ်။ တစ်ချို့အပင်က ပတ္တမြား ပွင့်တယ်။ အဲဒီ ရတနာတွေကို သူတို့တွေဟာ သေချာ သိမ်းထားကြပေမယ့် ကိုယ်ပေါ်မှာ ဆင်မြန်းခြင်းမျိုး မလုပ်ကြဘူး။
အဲလိုနဲ့ပေါ့။ နှစ်တွေကြာလာတဲ့အခါမှာ အဲဒီ အမျိုးသမီးတွေဟာ အမျိုးသားမရှိတော့တဲ့အတွက် အမျိုးသမီးတို့ရဲ့ ကာမဆန္ဒကို မရကြဘူးပေါ့။ ဒီတော့ သူတို့ဟာ သူတို့မြို့ကို ရောက်လာသမျှ ယောကျာ်းတိုင်းကို ဖမ်းဆီးပြီး သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆီးခိုင်းကြတယ်။ ဒါပေမယ့် သူတို့က အတင်းအကြပ်တော့မဟုတ်ကြပါဘူး။ သူတို့ရဲ့ ရုပ်ရည်ချောမောမှုကြောင့်လည်း ဘယ်ယောက်ျားကမှ မငြင်းဆန်ကြဘူး။ မငြင်းဆန်နိုင်ကြတာလည်း ကြိမ်စာတစ်ခုလိုဖြစ်နေတယ်။ အဲလိုနဲ့ သူတို့ကိုယ်ဝန်ရလို့ မွေးသမျှဟာလည်း မိန်းခလေးတွေချည်း မွေးခဲ့ပါတယ်။ သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆီးပေးတဲ့အတွက်တော့ သူတို့ဟာ ကျောက်သံပတ္တမြားတွေ ပေးလေ့ရှိတယ်။ ဒါပေမယ့် သူတို့ဆီ ရောက်လာသမျှ ယောက်ျားတိုင်းဟာ အမျိုးသမီးတွေရဲ့ အလှအပကြောင့် ဘယ်လိုမှ မပြန်နိုင်ဘဲ နောက်ဆုံး အသေဆိုးနဲ့ သေကြရတယ်။
သိပ်ကို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ကြိမ်စာသင့်ထားတဲ့မြို့ပါ။
စာဖတ်သူအနေနဲ့ ဒီလို ထူးဆန်းတဲ့ မြို့ကို ဘယ်မှာလဲ။ ရှိကော ရှိရဲ့လားလို့ ထင်နေပါလိမ့်မယ်။ အမှန်က အခုရေးခဲ့သမျှဟာ ကျွန်တော် ညက ထူးဆန်းစွာ မက်တဲ့ အိပ်မက်ဖြစ်ပါတယ်။ တကယ်ထူးထူးခြားခြားမက်တဲ့ အိပ်မက်ကို သိုက်စက်တွေ ရေစက်တွေ ပဌာန်းစက်တွေ နဲ့ ရှုပ်ထွေးစွာ ဂမ္ဘီရဇာတ်လမ်း လုပ်မရေးတတ်တော့ ခုလို ကျွန်တော်က တွေးလိုက်ပါတယ်။
---------------------------------------------------------
တစ်ခါက အဲလို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ကြိမ်စာသင့်ထားတဲ့ မြို့ဟောင်းကြီး တစ်ခုရှိခဲ့ပါတယ်။ အဲဒီမြို့ဟောင်းကြီးမှာ အမျိုးသမီးတွေချည်းရှိပါတယ်။ အမျိုးသမီးတိုင်းဟာ တစ်ချို့က ၀တ်မှုန်ရွှေရည်လိုရုပ်မျိုး၊ တစ်ချို့က bobby Soxer လိုရုပ်မျိုး၊ တစ်ချို့က မိုးဟေကို လိုရုပ်မျိုး၊ တစ်ချို့က စန္ဒီမြင့်လွင်လို ရုပ်မျိုးနဲ့ အလှအပတွေချည်းစုဝေးနေကြပါတယ်။ သူတို့ဟာ ကြိမ်စာသင့်ထားလေတော့ အိပ်မက်ထဲကအတိုင်း ရောက်လာသမျှ ယောက်ျားတွေကို ၀ိုင်းဝန်းလို့ ……….. xxxxxxxxxxxxxxxxx.
တစ်ရက် အဲဒီမြို့ကို ယောက်ျား တစ်ယောက်ဟာ ဘုမသိ ဘမသိနဲ့ ရောက်ရှိခဲ့ပါတယ်။
အဲဒီ ယောကျာ်းဟာ ရင်နင့်အောင် ဖြစ်ခဲ့ရင်
အဲဒီ ယောက်ျားဟာ ဇာတိဖြစ်ခဲ့ရင်
မင်းလုလင်ဖြစ်ခဲ့ရင်
ဆူးခက်မင်း ဖြစ်ခဲ့ရင်
ပြီးတော့ စာဖတ်နေတဲ့ ခင်ဗျားဖြစ်ခဲ့ရင်….။
----------------------------------------------------ရင်နင့်အောင်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/28/2012 11:35:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ