[mrsorcerer:26917] Sexဆိုတာ

ရယ်စရာလေး တခုလောက် ပြောပြချင်ပါသေးတယ်။
ကလေးငယ်လေး တယောက်က ဖခင်ဖြစ်သူကို ကပ်ပြီး တိုးတိုးလေး မေးတယ်။
"ဖေဖေ…… sex ဆိုတာ ဘာလဲဟင်" တဲ့
ဖခင်ဖြစ်သူဟာ အတော်အဖြေရခက်သွားတယ်။
ကလေးငယ်ရဲ့သိလိုစိတ်ရှိတဲ့ စူးစမ်းမှုကိုလည်း ပိတ်ပင်ငေါက်ငမ်းပြီး မတားမြစ်ချင်ဘူး။
တည့်တည့်ကြီး ပွင့်ပွင့်လင်းလင်း ပြောချလိုက်ဖို့ ကလည်း
ကလေးငယ်ရဲ့ စိတ်ထဲမှာ ညစ်ညမ်းတဲ့ မဖွယ်မရာ စိတ်ကူးတွေ ၀င်သွားမှာ စိုးတယ်။
ဒါနဲ့….
"အေး…..ဒီလိုသားရဲ့။
sex ဆိုတာ လူသားမျိုးနွယ်တွေ ပေါက်ဖွားဖို့အတွက် လိုအပ်တဲ့ ကိစ္စတခုပေါ့ကွာ။
ဒီကိစ္စဟာဆိုရင်…… "ဘာညာဘာညာနဲ့ လျှောက်သွယ်ဝိုက်ပြီး ပြောရတော့တာပေါ့။
ပြီးတော့မှ "ဖေဖေရှင်းပြတာ သဘောပေါက်ရဲ့လား"လို့ မေးတယ်။
ကလေးငယ်ကလည်း ရိုးရိုးသားသားပဲ ဖြေတယ်။
"ဟင့်အင်း" တဲ့
ဒါနဲ့ ဖခင်ဖြစ်သူဟာ နောက်ထပ် ကွေ့ကာဝိုက်ကာနဲ့ ၁၅မိနစ်လောက် ကြာအောင် ထပ်ရှင်းပြတော့လည်း
ကလေးငယ်က သဘောမပေါက်ပြန်ဘူး။
တတိယအကြိမ် ရှင်းပြီးတဲ့ နောက်မှာတော့ ဖခင်ဖြစ်သူက စိတ်မရှည်တော့ဘူး။ တော်တော် စိတ်တိုလာပြီး..
ဒါနဲ့…….
"နေစမ်းပါဦး၊ဘာဖြစ်လို့ မင်းက ဒီလောက်တောင် သိချင်နေရတာလဲ" လို့ မေးလိုက်တော့
ကလေးငယ်က သူ့လက်ထဲက အင်္ဂလိပ်လို ရိုက်ထားတဲ့ ရေကူးအသင်း ၀င်ခွင့် လျှောက်လွှာကို ပြပြီး
"ဟောဒီလျှောက်လွှာထဲမှာ…
Name လို့ ရေးထားတဲ့ ကွက်လပ်မှာ ကျွန်တော့် နာမည်ကို ရေးဖြည့်ရမယ် ဆိုတာကို သိပါတယ်။
Age လို့ ရေးထားတဲ့ ကွက်လပ်ထဲမှာ ကျွန်တော့် အသက်ကို ထည့်ရမယ် ဆိုတာလည်း သိတာပဲ။
ဒါပေမယ့် Sexလို့ ရေးထားတဲ့ ကွက်လပ်မှာတော့ ဘာရေးထည့်ရမှန်း မသိလို့ အဖေရ" တဲ့
ကောင်းရော

--
အားလုံးပျော်ရွင်ပါစေ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ