
လေထုညစ်ညမ်းမှု Air Pollution
ပေါ်လူးရှင်းအတွက် လက်တန်း၊ စာတိုလေးတခု ရေးချင်ပါတယ်။ ဗီယက်နမ်၊ ဟိုချီမင်းမြို့မှာ လူ၁၀ရာနှုန်းလောက်က Mask တွေ ၀တ်ပြီး ဆိုင်ကယ်စီး၊ အလုပ်သွားနေရပါတယ်။ အထူးသဖြင့် အဆုတ်အားနည်းတဲ့ မိန်းကလေးများ ပိုပြီး Mask နဲ့ ကာကွယ်ရတယ်။ ဘာကြောင့် လေထုညစ်ညမ်းရသလဲ။ ဘယ်လိုစွန့်ပစ်ပစ္စည်း (မီးခိုး) များက ညစ်ညမ်းစေသလဲ၊ ဆိုင်ကယ်များလွတ်းလို့လား၊ စတဲ့ အချက်များ...နဲ့ ဘယ်လိုကာကွယ်နိုင်မလဲ စသဖြင့်ပေါ့။
ကမ္ဘာ့မြို့ကြီးများရဲ့ အဆင့်အတန်းမှာ လေထုသန့်ရှင်းခြင်း၊ သစ်ပင်များဖြင့် စိမ်းလမ်းခြင်း စတဲ့ အချက်ထည့်ထားပါတယ်။
ဘန်ကောက်မြို့ကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်က စာရေးသူရဲ့ ဇနီးသည်၊ သားသမီးများနဲ့ သွားလည်ပတ်စဉ် ၃ရက်ပဲနေရချိန်၊ ပန်းနာရင်ကြပ်ရောဂါရှိသော ဇနီးသည် အသက်ရှုမရဖြစ်ပြီး၊ အရေးပေါ် ဆေးရုံရောက်သွားပါတယ်။ ဘန်ကောက်လေထု ညစ်ညမ်းမှုဒါဏ်ကို သူမရဲ့ အားနည်းလှတဲ့ အဆုပ်က မခံနိုင်ပါ။ အောက်စီဂျင်ပေး၊ ကုသပြီး မျက် Mask ကို စွပ်ပြီးနေရတယ်။ စင်ကာပူကို အမြန်ဆုံးပြန်လာမှ သက်သာသွားပါတယ်။
အခု ဗီယက်နမ် ဟိုချီမင်းမြို့တော်ရောက်တော့ အမျိုးသမီးအများစု အထူးသဖြင့် မော်တော်ဆိုင်ကယ်စီးသူများ Mask အုပ်ပြီး၊ သွားလာနေကြပါတယ်။ လမ်းလျှောက်သွားသူအဖို့ သိပ်မသိသာပေမဲ့ မော်တော်ဆိုင်ကယ်ဆို အမှုန်တွေ အလုံးအရင်းနဲ့ နှာခေါင်းကတဆင့်၊ အဆုပ်ထဲဝင်လာတော့ Mask အုပ်ပြီး သွားလာရပါတယ်။

မြို့များ တိုးတက်လာရင် စနစ်တကျမလုပ်နိုင်တဲ့အတွက် လေထုညစ်ညမ်းလာပါတယ်။
စင်ကာပူကတော့ ဥရောပမြို့ကြီးများအဆင့်ကို မှီတဲ့အတွက်၊ မီးစက် ငှားရင်တောင် ငှားတဲ့မီးစက်က ထွက်တဲ့ Exhaust ကို ကာဗွန်ဓါတ်ပါနှုန်း သတ်မှတ်ချက်မှီရပါတယ်။ စက်ကထွက်တဲ့ မီးခိုးကို စစ်ဆေးတဲ့ ကုမဏီတွေ ကိုငှားပြီး၊ တခါစမ်း ဒေါ်လာ ထောင်ဂဏန်းလောက် ပေးရပါတယ်။ တရက်ထဲ ငှားရင်တော့ မတန်ပါဘူး။ မော်တော်ကားတွေ၊ စက်ရုံတွေလည်း Exhaust ဓါတ်ငွေ့ကို စစ်ဆေးပြီး၊ သတ်မှတ်ချက်အောက်မှာပဲ ရှိရပါတယ်။ သို့မဟုတ်ရင် အင်ဂျင်ကို အိုဗာဟောလုပ် သို့မဟုတ် Filter ကောင်းကောင်းလုပ်ရပါတယ်။
အများအားဖြင့် ဓါတုစက်ရုံများ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများ၊ အထွေထွေစက်ရုံများက လေထုညစ်ညမ်းမှုကို ဖြစ်စေတယ်လို့သိရပါတယ်။ အမှုန်၊ အရည်၊ အငွေ့ စသဖြင့် ထွက်လာတဲ့ ဓါတုပစ္စည်း အထူးသဖြင့် ဆာလဖာ (SOx)၊ နိုက်ထရိုဂျင် (NOx)၊ ကာဗွန် (CO) (CO2)၊ စတဲ့ ဘေးထွက်ပစ္စည်းများက ညစ်ညစ်မှုဖြစ်စေပါတယ်။
ဝီကီ Wiki မှာ ခဏလှမ်းဖတ်ကြည့်တော့ အဓိက နဲ့ သာမည ၂ခုရှိကြောင်း၊ အဓိကအကြောင်းကတော့ မီးတောင်ပေါက်ကွဲတဲ့ပြာမှုန့်များ VOCs၊ ယာဉ်များကထွက်တဲ့ မီးခိုး နဲ့ စက်ရုံများကထုတ်တဲ့ မီးခိုးတို့ ဖြစ်ကြပါတယ်။ သာမည အကြောင်းများက တိုက်ရိုက်မဟုတ်ပဲ မြေကြီးရဲ့ အိုဇုန်းလွှာ Ground Level Ozone ဖြစ်ပါတယ်။
http://en.wikipedia.org/wiki/City_pollution#Cities

မြန်မာပြည် ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေလည်း နောက်ငါးနှစ်လောက်ကြာရင် ဗီယက်နမ်၊ ဟိုချီမင်းမြို့ထက် ပိုမဆိုးအောင် အခုကတည်းက လေထုညစ်ညမ်းမှုအတွက် စဉ်းစားသင့်ပါတယ်။ တရုပ်ပြည်မြို့ကြီးများလည်း အနှစ်၂၀ စီးပွားပြုပြင်ပြောင်းလဲမှုအပြီးမှာ လေထု အရမ်းညစ်ညမ်းသွားပေမဲ့ စင်ကာပူ၊ ကိုးရီးယား၊ တိုင်ဝမ်မြို့၊ ချက်နိုင်ငံ၊ စလိုဗက်နိုင်ငံ မြို့များကတော့ အိုကေနေတာ စဉ်းစားစရာဖြစ်ပါတယ်။
စမ်းသပ်တဲ့ စက်က ဈေးကြီးတယ်။ ပြီးတော့ စစ်ဆေးတဲ့ အစိုးရကလည်း လပ်စား၊ အားနာတတ်တယ်ဆိုတော့ မလွယ်ပါဘူး။ ကုမဏီတွေကလည်း ပေါ်လူးရှင်းကွန်ထရိုး လုပ်ရမယ်ဆိုရင်၊ အပိုစရိတ်ကုန်ကျမယ် ....စီးပွားမကိုက်ပဲ၊ ကုမဏီများ အရှုံးပေါ်ကုန်ရင် မလွယ်ဘူး... စတဲ့ အချက်တွေ အများကြီးရှိပါတယ်။
Pollution ကာကွယ်ရေးအခြေခံလိုအပ်ချက်
တိုင်းပြည်တိုးတက်တယ်ဆိုတာလည်း လူငယ်ထု အင်အားကို အကျိုးရှိစွာ သုံးစွဲနိုင်မှပါ။ မြန်မာ သန်မြန်ထွားကြိုင်းပြီး၊ ပညာတတ်သူလူငယ် အများစုဟာ ပြည်ပမှ ထွက်ပြီး ထိုင်း၊မလေးရှားမှာ သန်းနဲ့ချီပြီးလုပ်နေရပါတယ်။ ဒီလူငယ်များ ပြည်တွင်းပြန်လာအလုပ်လုပ်ဖို့ဆိုတာ မြန်မာပြည်တွင်းက ခေါင်းဆောင်များ စိတ်နေသဘောထား ATTITUDE ပြောင်းလဲရေး အထူးအရေးကြီးပါတယ်။ မြန်မာပြည် ပြုပြင်ပြောင်းလဲလာပြီး Reform ဖြစ်လာတာတော့ အလွန်အံ့သြစရာအမှန်ပါ။ ထိပ်ပိုင်းခေါင်းဆောင် ၂ယောက် ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဦးဆောင်မှုကြောင့်ဆိုတာ အားလုံးသိပါတယ်။ ဦးသိန်းစိန်ဟာ ငွေ၊လက်နက်၊ အာဏာရှိတဲ့ ကြံ့ဖွံ့ပါတီကို ခေါင်းဆောင်တဲ့အခါ နောက်လိုက်များဟာ ချမယ်၊ ငါနဲ့မတူရင် ချေမှုန်းပစ်မယ် ..ဆိုတဲ့ ဂိုဏ်းစတား ဆန်ဆန် မ.ဆ.လ၊ န.၀.တ၊ န.အ.ဖ မျိုးဆက်များဖြစ်ပါတယ်။ ဦးသိန်းစိန်တို့ ပြုပြင်ပြောင်းလဲ ခေါင်းဆောင်ရတာ ဂိုဏ်စတားခေါင်းဆောင်လုပ်ရတာ မလွယ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီနဲ့အတိုက်အခံများကို ကြည့်လိုက်ရင်၊ စစ်အစိုးရကို မဟုတ်မခံ၊ ထောင်သွင်းခံ၊ အမိန့်ဖီဆန်၊ အာခံခဲ့ကြတဲ့ ဂိုဏ်းစတားဆန်ဆန် အုပ်စုပါ။ အဲဒီ အုပ်စုကို ခေါင်းဆောင်လုပ်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အတွက်လည်း မလွယ်လှပါဘူး။
ကိုယ့်အိမ်ထောင်စုထဲမှာ သားသမီးဆိုး တယောက်၊ နှစ်ယောက် ပါနေရင် (သို့မဟုတ်) ကိုယ့်ကုမ္ပဏီမှာ ဂျစ်ကန်ကန် အလုပ်သမား တစ်ယောက်ပါနေရင် လုပ်ရတာမလွယ်ပါဘူး။ ခရစ်ယာန်ကျမ်းစာမှာတော့ ပျောက်သောသား ပုံပြင်လေးက ဘုရားရှင်ရဲ့ မေတ္တာကို ဖေါ်ညွန်းပါတယ်။ အမွေတ၀က်ခွဲယူ၊ သုံးဖြုန်ပြီး၊ ၀က်စာကိုတောင် စားချင်လောက်အောင် ငတ်ပြတ်သွားတဲ့ သားဆိုး၊ နောက်ဆုံး နောင်တရပြီး အဘအိမ်ကို ပြန်လာတော့၊ ဘခင်ကြီးက ၀မ်းသာအားရ မျက်ရည်နဲ့ ဆီးကြိုတဲ့ ပုံပြင်လေးပါ။
ဂိုဏ်းစတားဆန်ဆန် မြန်မာ စစ်အာဏာရှင်များနဲ့ ပြန်လည်အံတုတဲ့ အတိုက်အခံများကြောင့် (ဘယ်သူ့အပြစ်မှမဟုတ်၊ ဗမာဆန်ဆန်ပြောရရင် ရှေးကုသိုလ်အရ) တိုင်းပြည်ချုန်းချုန်းကျခဲ့ရပေမဲ့ စိတ်နေစိတ်ထားပြောင်းလဲပြီး၊ နောင်တမျက်ရည်နဲ့ ပြန်လာသူအားလုံး၊ အထူးသဖြင့် နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များကို အမိမြန်မာနိုင်ငံကြီးက မျက်ရည်နဲ့ ဆီးကြိုလျှက်ပါပဲ။
ရန်ကုန်နဲ့ မြန်မာမြို့ကြီးများအနာဂါတ်ဟာ ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည် ၂ယောက်အပေါ်မူတည်နေပါတယ်။ ဆိုးဝါးသွားရင်တော့ နံပါတ်(၁) တရားဝင်ခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းစိန်နဲ့ ကြံဖွံ့များမှာ အဓိကတာဝန်ရှိပါတယ်။ ကောင်းသွားရင်လည်း သူတို့ပဲ အနာဂါတ်မြန်မာ့သမိုင်းက မှတ်ကျောက်တင်ပေးမှာပါ။ ဒါကြောင့် အခုကိစ္စ ပေါ်လူရှင်းမှာ ရန်ကုန်မြို့က မော်တော်ဆိုင်ကယ် မစီးရ စည်းကမ်းထုတ်ထားတော့ ပေါ်လူးရှင်းအတွက် ကောင်းကွက်ဖြစ်ပေမဲ့၊ ပြည်ပမှာ အလကားနီးပါးရတဲ့ ကားစုတ်၊ကားဟောင်းများ၊ စက်ရုံစုတ်များ ရောက်လာနေကြတာလည်း အားနည်းချက်ကြီးဖြစ်ပါတယ်။ ဆိုင်ကယ်မစီးရ (မစီးတတ်) တဲ့ ရန်ကုန်မြို့သား၊ လူငယ်များဟာ အထက်မြန်မာပြည်က မော်တော်ဆိုင်ကယ်မောင်းတဲ့ မိန်းကလေး၊ ယောင်္ကျားလေးလူတန်းစားများထက် ဥာဏ်ပညာ (စွန်စားမှုအဆင့်) နိုမ့်ကျသွားမလား စိုးရိမ်မိပါသေးတယ်။
ပေါ်လူးရှင်းဆိုတာ တိုင်းပြည် စီးပွားတိုးတက်ဖို့ FDI နိုင်ငံခြားရင်းနှီးမြုတ်နှံမှု စက်ရုံ၊ မော်တော်ယာဉ်များက ရရှိလာတဲ့ ဆိုးကြိုးပဲဖြစ်ပါတယ်။ ဒီအကြောင်းကို Safety & Health အကြောင်းများ ရေးသား၊ စာအုပ်ထုတ်ဝေနေတဲ့ ဦးအေးငြိမ်းက တချိန်မှာ အသေးစိတ်၊ စာအုပ်ရေးမယ်ဖြစ်ပါတယ်။ Air pollution, noise pollution, land, water စတဲ့ လူများ ကျန်းမာရေး၊ အသက်အန္တရယ်ကို ထိခိုက်စေတဲ့အကြောင်းအရာ အားလုံး၊ အကုန်ပါမှာဖြစ်ပါတယ်။ စောင့်မျှော်ပါရန်။
ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးကို မြန်မာများ (ဆိုးကောင်း) နမူနာယူလိုသူများအတွက်လင့်
http://murann.com/vietnam.pdf
ဇော်အောင် (မုံရွာ)
၃၀ ဇွန်လ ၂၀၁၂
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ