---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/30
Subject: [လူဗိုလ်ဟူသည် ...] Myanmar ကို ဘယ်သူ တကယ်ဂုဏ်ဖျက်နေသလဲ......
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 7/01/2012 02:07:00 AM

ကျွန်တော်တို့အပါအ၀င် လူငယ်အများစုက မြန်မာဟုသော အမည်နာမ Myanmar ဟုသောအသုံးအနှုန်းကို လက်ခံထားကြသည်..။ တချို့က တန်ဘိုးထားကြသည်။
သို့သော် ..စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်၏ ကုမဏီခွဲ Myanmar Brewery Ltd က ကိုယ့်နိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေပါ နိုင်ငံတော်၏ တရားဝင်အမည်ကို အရက်သေစာတစ်ခုအမည်အဖြစ် တိုက်ရိုက်ကူးယူအပြီး မြန်မာတိုင်းရင်းသား အမျိုးသမီးငယ်များဖြင့် ကြော်ငြာအသုံးပြုနေသည်.။
မိမိနိုင်ငံ၏ အမည်ကို တန်ဘိုးမထားပဲ အရက်သေစာတစ်ခု၏ အမည်အဖြစ် အသုံးပြုနေသော တပ်မတော်ပိုင် စီးပွားရေးဦးပိုင်ကုမဏီအား .. အခု Myanmar ဟုသော အသုံးအနှုန်းအား အရမ်းအရမ်းတန်ဘိုးထားပြသူများ၊ Myanmar မှ Myanmar ဟု အွန်လိုင်းတွင် အော်နေသူများက အဘယ့်ကြောင့် မကန့်ကွက်ကြသနည်း..။
အစိုးရအဖွဲ့အစည်း အဆင့်ဆင့်ကလည်း အဘယ့်ကြောင့် မသိချင်ယောင်ဆောင်နေကြသနည်း..။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခေါင်းဆောင်များကြားတွင် Burma ဟု သုံးလိုက်တော့ အားလုံးက နာတတ်ကြသည်..။ သတင်းစာမှ ကြေညာချက်ပင်ထုတ်သည်။ သို့သော် ..ယခု နှစ်ပေါင်း ကြာရှည်စွာ ဘီယာတစ်ဗူးအပေါ်တွင် နိုင်ငံတော်အမည်အား အလွဲသုံးစားပြုလုပ်နေသော ထိုကိစ္စရပ်ကြီးကိုတော့ မည်သူမျှ တရားဝင် မဆွေးနွေးသလို သတင်းစာမှလည်း မည်သည့်ကြေညာချက်မှ မထုတ်ပါ..။
ကမ္ဘာပေါ်တွင် မိမိနိုင်ငံ၏ တရားဝင်အမည်ကို တိုက်ရိုက်သုံးကာ အရက်သေစာထုတ်လုပ်သော နိုင်ငံ မည်သည့်နိုင်ငံမှ မရှိပါ..။ မြန်မာနိုင်ငံတွင် ထိုသို့ လုပ်လို့ရသည်ဟု အခြေခံဥပဒေက ခွင့်ပြုထားသလော..။ ကမ္ဘာ့အလယ်တွင် မျက်နှာရနေသလော..။ ဂုဏ်တက်နေသလော..။ ဒါမှမဟုတ် ဦးပိုင်သည် အခွင့်ထူးခံလော..။
အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံအချို့၏ အနှိပ်ခန်းများ နိုက်ကလပ်များနှင့် ဘားများတွင် Myanmar ဟုသောအမည်သည် အရသာရှိစွာကျော်စောနေတာတော့သေချာသည်..။ Myanmar Beer သည် Export ပြုလုပ်ပါသည်..။ ဆုတံဆိပ်များစွာ ရရှိနေပါသည်။
ထိုကဲ့သို့ ဦးပိုင်လီမိတက်မှ Myanmar ဟုသောဝေါဟာရအား
အညှီနံ့သင်းကာ ကျော်စောစေခြင်းကို အစိုးရနဲ့ အခြေခံဥပဒေက လက်ခံသလားဆိုတာကိုတော့ ကျွန်တော် နားမလည်တော့ပါ..။
ဒီတော့ Myanmar ကို ဘယ်သူ တကယ်ဂုဏ်ဖျက်နေသလဲ......

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ