[mrsorcerer:26992] ဘုံ(၇)ဆင့်

ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက် ရှိသတဲ့။ သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ။ ဘယ်လောက် ချစ်သလဲဆို ရဲတိုက်ကြီး တစ်ခုမှာ တစ်ယောက်တည်း ထားတာတဲ့။ ဘယ်သူနဲ့မှ မပေးစားနိုင်ဘူး ဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် အဲဒီ ရဲတိုက်ကြီးရဲ့ မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခု ရှိသတဲ့။
အဲဒီပန်းဥယျဉ်ကြီးဟာ သာယာလှပလွန်းလို့  မြင်သူတိုင်း ငေးရတယ်ဆိုပဲ။ အဲဒီ ပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ် ချောချောလေးတဲ့။ ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်း) မရှိပဲ နေရတဲ့ မင်းသမီးလေးဟာ ပြတင်းပေါက် ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေး ကြည့်နေမိသတဲ့။ ပျင်းတာကိုးနော်။ ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော။ မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့။ ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ။ မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ အထာပြန်ပေးနဲ့ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ ပိုလာ ကြပါရောတဲ့။
သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော။ သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့အထပ်ကို ပို့လိုက်ပါရော။ အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့။ မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့။ ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့။ ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ ရဲတိုက်နားမှာ စိုက်သတဲ့။ ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင် ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့။ သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့ အချိန်မှာပဲ ဘုံ (၅)ဆင့်ကို ရောက်သတဲ့။ ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက် ပြီးတော့ ထပ်ဆုတောင်းတယ်။ ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ (၆)ဆင့်ကို ရောက်ပြန်သတဲ့။ မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီ ဆိုတော့ ပျော်တာပေါ့။ ဒါနဲ့ နောက်ဆုံး တစ်ဆင့်ကို တက်မယ်ဆိုပြီး ဆုထပ်တောင်းဖို့ အလုပ်မှာပဲ…

စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ် သွားပါလေရောတဲ့ကွယ်

--
အားလုံးပျော်ရွင်ပါစေ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ