[mrsorcerer:26994] အသက်ရှူခြင်း

ငပွေး နဲ့တင်အောင် ဆိုတဲ့ ညီအကိုတို့ နှစ်ယောက်ဟာ ရန်ကုန်က သူ့ဘကြီး လှမ်းခေါ်လို့ မြို့တက် လာကြတယ်။ ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်တာ မောင်းပြီး ၃နာရီလောက် ကြာတော့ လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီး ရပ်ထားတာ တွေ့တယ်။ စက်ဖုံးကြီးလဲ ဖွင့်လို့ပေါ့။
ငပွေးက "ဟေ့ကောင် ဟိုကား ဘာဖြစ်တာလဲ" လို့ တင်အောင်ကို လှမ်းမေးတယ်။
တင်အောင်လည်း ရွာမှာဆရာကြီး ဆိုတော့ "အပါ့ကွာ။ သူလဲဒီလောက် အဝေးကြီး ပြေးလာရတာ မောလို့ ပါစပ်ဟပြီး အသက်ရှု နေတာပေါ့ကွ" လို့ ပြန်ဖြေတာပေါ့။
ငပွေး အူကြောင်ကြောင် ဖြစ်ပြီး ရပ်ထားတဲ့ ကားကို တအံ့တသြ ကြည့်နေရှာတယ်။ တစ်နေရာလည်း ရောက်ရော သူတို့ စီးလာတဲ့ ကားက ထိုးရပ်သွားတယ်။
"ခရီးသည်များ အားလုံး ကျွန်တော်တို့ကား အင်ဂျင်ပူသွားလို့ ခဏ နားပါမယ်။ အောက်ခဏ ဆင်းပြီး အပေါ့အပါး သွားနိုင်ပါတယ်" ဆိုတဲ့ စပါယ်ယာ အော်သံ ထွက်လာတယ်။
ငပွေးနဲ့ တင်အောင်လည်း အောက်ကို ဆင်းကြတာပေါ့။ အောက်လည်း ရောက်ရော ရုတ်တရက် မြင်လိုက်တဲ့ မြင်ကွင်းကြောင့် ငပွေးရော တင်အောင်ပါ နှစ်ယောက်စလုံး မျက်စိ မျက်နှာ ပျက်သွားကြတယ်။ ကားပေါ်ကို ခပ်ကုပ်ကုပ်လေး ပြန်တက် ထိုင်နေလိုက် ကြတော့တယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားတောင် မပြောနိုင်တော့ဘူး။
ရန်ကုန်ကားဂိတ် ရောက်တော့ သူတို့ ဘကြီးက စောင့်နှင့် နေတာပေါ့။
"ငပွေးနဲ့ တင်အောင် မင်းတို့ မျက်နှာလဲ မကောင်းပါလား ဘာဖြစ်လာ….."
ဘကြီးတောင် စကား မဆုံးသေးဘူး… ဘကြီးလက်ကို နှစ်ယောက်သား ဆွဲပြီး ပြေးလိုက်တာ အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့ ကားဂိတ်နဲ့ ခပ်ဝေးဝေးလဲ ရောက်ရော …
"ဘကြီးရာ ပြောမနေပါနဲ့တော့… သူများကားတွေ မောလို့ အသက်ရှုတာ ပါးစပ်ဖွင့်ပြီး ရှုပါတယ်… ကျွန်တော်တို့ ကားကျမှ ဖင်လှန်ပြီး ရှုရတယ်လို့ … ရှက်လွန်းလို့ ကားနားတောင် မနေရဲတော့ဘူး " တဲ့

--
အားလုံးပျော်ရွင်ပါစေ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ