ဆဲဗင်း ဇူလိုင် ကျောင်းသားအရေးအခင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် စာတမ်းထွက်ရှိ

မိုးမခစာအုပ်စင်၊ ဇူလိုင် ၁၊ ၂၀၁၂

အင်တာနက်နှင့် အီးမေးများကတဆင့် လက်ခံရရှိတဲ့ "ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှု တရားခံဘယ်သူလဲ" အမည်နဲ့ ဆောင်းပါးကို "ဘိုးသိန်း" က ရေးသားပြီး ဖြန့်ချိလိုက်တာကို တွေ့ရပါတယ်။ ၁၉ ၆၂ ဇူလိုင်လ ၇ ရက်၊ ကျောင်းသားအရေးအခင်း နှစ် ၅၀ မြောက် ရွှေရတုအထိမ်းအမှတ် ဆောင်းပါးဖြစ်တယ်လို့ ရေးသားထားပါတယ်။

            စာမျက်နှာ ၄၅ မျက်နှာရှိတဲ့ စာတမ်းမှာ စာရေးသူဟာ အဲသည်တုန်းက အသက် အစိတ်အရွယ် ဆေးသိပ္ဗံတန်း ကျောင်းသား၊ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ယခုအချိန်မှာတော့ အသက် ၇၅ နှစ်အရွယ် ရှိတဲ့ ဆရာဝန်ကြီး တဦးဖြစ်နေပြီလို့ ရေးသားထားပါတယ်။ အာဏာရှင်ခေတ်အဆက်ဆက် ကျောင်းသားအရေးအခင်းများရဲ့ သမိုင်း၊ ကျောင်းသားသမိုင်းအတွက် အထောက်အကူဖြစ်အောင် ရေးတယ်လို့ ဆိုပါတယ်။

            သည်နေရာတွေမှာ ကူးယူ ဖတ်ရှု ဖြန့်ချိနိုင်ပါတယ်။

7th July 1962 - Student Uprising by Bo Thein

Read more of this post