Re: [mrsorcerer:25732] သတိ- လူမျိုးရေးအဓိကရုဏ်းမဖြစ်လာစေရန် အရေးတကြီးလိုအပ်နေပါပြီ။

မျက်လုံးတစ်လုံးလျှင် တစ်လုံးချင်းအရော်အစားပေးယူကြပါမူ တစ်လောကလုံးအကန်းများနှင့်သာပြည့်နှက်နေပေလိမ့်မည်... မဟတ္တမဂန္ဒီ (အကြမ်းမဖက်လှုပ်ရှားမှုနှင့် အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်တို့၏ လွတ်လပ်ရေးဦးဆောင်လမ်းပြပုဂ္ဂိုလ်)

2012/6/4 goodluck zaw <goodluckzaw@gmail.com>

ရန်ကို ရန်ခြင်း ငါတုန့်နှင်းမည်
မဟုတ်မှန်က မခံဘူးဟ
တုန့်ပြန်ကြကွ အသေချ ။

တရားပယ်လို့ အမှားကြွယ်သူ
မှားတယ်မမြင် ထင်ရာအမှန်
သံသရာဆက်စေ ဖန်တရာမျက်မပြေသော
ဒေါသစေရာ ဝေဒနာမျိုးနှင့်
ဆင်ကန်းတောတိုး ပြုတော့သည်။

ပြန်တောင်းမရတဲ့အသက်တွေမှာ
ရက်မရှည်ပဲ ဘ၀ပြောင်း
မရဏညောင်းပြီနော်၊
အဟောင်းတွေ အသစ်ထင်
အလောင်းတွေ ဖြစ်လျှင်တော့ဖြင့်
နှောင်းလေတဲ့ နောင်တ
နောင်မှရလေမည်။

ခက်ကြပါရောဗျာ။ အပြစ်လုပ်သူကို ဖော်ထုတ်မိပြီဆိုရင် သူ့အပြစ်သူခံကြရမှာပဲလေ။ ဒါကိုမှ လူမျိုးရေးတွေပါလာရင် နိုင်ငံရေးပါ ရှုပ်ထွေးလာနိုင်ပါတယ်။ လောလောဆယ် အဲလိုမျိုးရှုပ်တာမရှုပ်တာ အသာထား။ ပထမသေတဲ့သူကလည်း ပြန်မရှင်လာနိုင်ဘူး။ သူ့ကို အဲလို .... လုပ်ပြီး သတ်တဲ့သူကို ထိုက်တန်တဲ့ အပြစ်ပေးရင် တော်ပြီပေါ့။ ဟာ ကွာ ... မင်းက ခံရသူမှ မဟုတ်ပဲ။ ခံရသူနဲ့လည်း အမျိုးတော်တာမဟုတ်တော့ အဲလို ပြောနိုင်တာပေါ့ကွာလို့ ပြောချင်လည်း ပြောကြပေမပေါ့။ အဲလိုမဟုတ်ပါဘူး။ အခုလို လူတစ်ယောက်အသတ်ခံရတဲ့အတွက် ပြန်သတ်လိုက်တယ်ဆိုခဲ့ရင်တော့ ဘာသာရေးအရရော ၊ လူမျိုးရေးအရရော၊ နိုင်ငံရေးအရရော၊ အခြားရေးရာတွေအရရော ဘယ်ကောင်းနိုင်ပါတော့မလဲ။  ပထမသတ်တဲ့သူတွေကိုရော နောက်ထပ် တုန့်ပြန်သတ်တဲ့သူတွေကိုပါ ဒီသတင်းတွေအားလုံး စစ်မှန်ခဲ့ရင် လုံးဝ ရှုံ့ချပါတယ်။ ကျွန်တော်ရှုံ့ချတာ လူမျိုးရေးတွေ မပါဘူးနော်။ 

2012/6/3 Thantsin Phyoe <thantsinphyo@gmail.com>
ကျနော်ဆုတောင်းလိုက်မိပြီ... ရခိုင်ပြည်နယ်မှာရှိတဲ့ လူသားအားလုံး ဒီလိုအဓိကရုန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေ... ကျနော်လူမျိုးဘာသာမခွဲပါဘူး... နောက်ပြီး ဒီလူမျိုးရေး ဘာသာရေးအဓိကရုန်းကို တိုင်းပြည်က အာဏာရှိတဲ့ အာဏာပိုင်တွေရယ် တိုင်းပြည်ရဲ့ နိုင်ငံရေး/ဘာသာရေး/လူမျိုးရေးနယ်ပယ်မှာ အရှိန်အဝါဩဇာကြီးမားသူတွေ ဝင်ရောက်ဖြေရှင်းပေးဖို့ ဝိုင်းဝန်းတိုက်တွန်းပေးကြပါ...

ရခိုင်သွေးတစ်စက်ကျတာဟာ ကျနော့နှလုံးသွေးတစ်စက်ဆုံးရှုံးသလိုပါပဲ အစ္စလာမ်ဘာသာဝင်တစ်ယောက်အသက်ဆုံးရှုံးတာဟာ ကျနော့ဆွေမျိုးတစ်ဦးအသက်ဆုံးရှုံးသလိုပါပဲ... ကုန်ကုန်ပြောရရင် ဒီသတင်းတွေကို မျက်ရည်ပြည့်သော မျက်ဝန်းတွေနဲ့ ဘာမှမလုပ်နိုင်ပဲ ထိုင်ဖတ်ရုံရှဲလ်နေရုံနေရတဲ့ ဘဝကိုတောင်စက်ဆုပ်လာပါတယ်... လူသားအားလုံးငြိမ်းချမ်းပါစေဗျာ... တကယ်ပါ... လူဆိုတဲ့ လူသားအားလုံး ငြိမ်းအေးသာယာစွာနဲ့ တည်ငြိမ်သောလူ့ဘဝဖြစ်စဉ်ကိုရရှိကြပါစေဗျာ... 

2012/6/4 လင်းဇော်ထက် <linnzawhtike@gmail.com>
သံတွဲမှ ရန်ကုန်သို့ထွက်ခွာလာသော မော်လ၀ီဆရာ(ဟာဂျီဘွဲ့ခံ)များ ပါဝင်သည့် ရိုးမသစ္စာကားကို တောင်ကုတ်မြို့အရောက်တွင် မြို့ခံများက ဆိုင်ကယ်အစီး ၃၀ ကျော်ဖြင့်ပိတ်ဆို့ တားဆီးကား ဦးစွာယာဉ်မောင်းကိုဆွဲချခဲ့သည်။ ယာဉ်မောင်းနှင့် ၎င်း၏မိန်းမတို့မှာ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ကားပေါ်တွင်ပါလာသူများကို ၀ိုင်းဝန်းသတ်ဖြတ်ကာ ကားပေါ်မှဆွဲချ၍ လမ်းပေါ်တွင်စုပုံထားခဲ့သည်။ထိုသို့အခင်းဖြစ်နေစဉ် တောင်ကုတ်မြို့ ဆေးရုံအုပ်ဟောင်း
ဒေါက်တာစံနိုင်ရောက်ရှိလာပြီး ဖျောင်းဖျဖျန်ဖြေသဖြင့် ၎င်း၏စကားကိုနားထောင်ကာ လူထုမှာ လူစုခွဲသွားခဲ့သည်။ ""နောက်တစ်ခါဘယ်ကားဖြစ်ဖြစ် ကုလားတွေသယ်မလာနဲ့""ဟု အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။

အလောင်းများကို ခရိုင်ရဲမှူးကြီးမှ တာဝန်ယူထိန်းသိမ်းလိုက်ပြီဖြစ်သည်။
သံတွဲမြို့တွင်လည်း သေဆုံးသူတို့၏ အလောင်းများကို ပြန်ပေးရန် သံတွဲမြို့ခံ မွတ်ဆလင်များက ခရိုင်ရုံးတွင် သွားရောက်တောင်းဆိုနေကြပြီး မြို့ခံများမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ဆင်နေကြသည်ဟု ဒေသခံတစ်ဦးကဆိုသည်။

တောင်ကုတ်မြို့တွင် ရဲတပ်ဖွဲ့အင်အားများကို ကျောက်ဖြူမြို့သို့ ပို့ဆောင်ထားသဖြင့် လက်ရှိတွင် စစ်တပ်မှ အသင့်အနေအထားဖြင့် တာဝန်ယူနေပြီဖြစ်ကြောင်း သိရသည်။(အဘ ဥက္ကာကိုကို)

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here