Re: [mrsorcerer:25757] မေးပါရစေ ... ပရမတ် ၄ ပါး

အချုပ်အားဖြင့်
စိတ် စေတသိတ် ရုပ်တွေရဲ့ သက်ဆိုင်ရာ သဘောလေးတွေအပြင် ဖောက်ပြန်သောသဘောအမြဲရှိခြင်းသည် မဖောက်မပြန်မှန်ကန်သောတရား၊
နိဗ္ဗာန်ဆိုတဲ့သဘောလေး၏ မဖောက်ပြန်ခြင်း အေးငြိမ်းခြင်း = သန္တိသုခ သဘောလေးသည် နိဗ္ဗာန်သာစစ်မှန်ရင် ဘယ်တော့မှ မဖောက်မပြန်မှန်ကန်သောတရားလို့ ထွက်ပါတယ်။ ဆွေးနွေးရတာ အားလုံးကို  ကျေးဇူးတင်ပါတယ်။


2012/6/3 thinzar samuel <ukhior.samuel@gmail.com>
ပရမတ္တတရားဆိုတဲ့ အဓိပ္ပါယ်ကိုနားလည် လားမသိဘူး.. အဲ့ဒီ့ရဲ့ ဆိုလိုရင်းက ..အမြဲမှန်ကန်နေတာကို ပြောချင်တာ အတိအကျဆိုရင် မဖောက်မပြန် မှန်ကန်သောတရားများတဲ့.. နောက်တစ်ခု ပြောချင်တာက ပရမတ္တတရားမှာ ပညတ်ဆိုတာ မပါဘူး အဲ့ဒါက ဘုရားရှင်က ပညတ်မပါရင် လူတွေဟာ မိဘကို မိဘမှန်း မသိတတ်၊ ဆရာသမားကို ဆရာသမားမှန်း မသိတတ်မှာစိုးလို့ ပညတ်ကို ထည့်ပေးတာ အခု လောကီမှာ ကျင်လည်နေတဲ့လူတွေဟာ ပညတ်ရဲ့ သဘောတရားတွေကို နားလည်ရမယ် ဆိုလိုချင်တာက သူက ကိုယ့်ထက်ဝါကြီးတယ်ဆိုရင် အရိုအသေပေးဆက်ဆံရမယ်.. တကယ်လို ပရမတ္တတရားကတော့ သူ လည်း စိတ်၊ စေတသိက်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူပဲ ဆိုပြီး လူတွေဟာ ထင်ရာ စိုင်းတတ်ကြလိမ့်မယ် ပရမတ္တတရားက လောကုတ္တရာအတွက်တော့ အရေးကြီးတဲ့တရားပေါ့လေ ..
စိတ်က ဘာကြောင့် ပရမတ္တတရား ဖြစ်ရလည်းဆိုရင် စိတ်က အာရုံကို သိတတ်တယ် ၊ ဆန်းကြယ်သော သဘောလည်းရှိတယ်တဲ့ ပြီးတော့ စိတ် က ခဏလေးနဲ့ အမျိုး၂ပြောင်းလဲနိုင်တယ် အဲ့ဒါ ကို ဘယ်သူက ချုပ်ကိုင်လဲ ဆိုတော့ စေတသိက် က ချုပ်ကိုင်ထားတယ် အဲ့သလိုပဲ ရုပ်ကလည်း အမြဲတမ်း ဖြစ်ပျက်ပြောင်းလဲနေတယ် ... ဒီတော့ သူတို့တွေ ပရမတ္တတရားထဲမှာပါရတဲ့အကြောင်းက သူတို့ ရဲ့လုပ်ရိုးလုပ်စဉ် အဖြစ်အပျက်တွေ ပြောင်းလဲမှုတွေဟာ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး အမြဲမပျက်ဖြစ်ပျက်နေမှာဆိုတာတော့ အဲ့ဒီ့ သဘောတရားက ပရမတ္တရဲ့ အဓိပ္ပါယ်ဖြစ်တဲ့ မဖောက်မပြန်မှန်ကန်သောတရားများလို့ ဆိုလိုတာပဲ ဖြစ်တယ်။။ ဒါကြောင့် သူတို့က အဲ့ဒီ့ထဲမှာပါတယ် ... မရှင်းဘူးဆိုရင်တော့ ထပ်မေးလို့ရပါတယ်..
ကျေးဇူးတင်စွာဖြင့်


2012/6/2 thwe crystal <thwe.crystal@gmail.com>
          အင်း..ဟုတ်ပ.. သူငယ်ချင်းပြောတဲ့ နှုတ်ပြောစကားလုံးတိုင်းဟာ ပညတ်ဆိုတာ အမှန်ပဲ။ မြန်မာမှာ စလုံး,လုံးကြီးတင် တသတ် "စိတ်"၊ အင်္ဂလိပ်မှာ "mind"၊ ကိုရီးယားမှာ "မာမူ" ဆိုလား။ ဘာပြောပြောစိတ်ရဲ့ ပညတ်တွေချည်းပဲ။ ကကြီးကနေ အ,အထိ ( A to Z အထိ) ပညတ်ပဲ။ ပညတ်ကလွတ်အောင် ဘာမှပြောလို့မရဘူး။ ပရမတ်ထတရားတွေကို ဟောပြခဲ့တဲ့ ဘုရားကလည်း ပညတ်တွေကို အသုံးပြုပြီး သတ်တ၀ါတွေ နားလည်အောင်ဟောပြောခဲ့တာလေ။
ပညတ်ရဲ့ မြန်မာပြန် အဓိပါယ်ကိုက "အပြားအားဖြင့် သိစေတတ်၊ သိစေအပ်သော၊ ပရမတ်အားဖြင့် ထင်ရှားမရှိသော" တဲ့။ ဥပမာ- သကြားလုံးလို့ပြောလိုက်တာနဲ့ ချိုမှန်းသိစေတယ်။ တေလာဆွစ်လို့ ပြောလိုက်ရုံနဲ့ ပုရိသတွေ လက်ခနဲ မျက်လုံးအရောင်တောက်သွားတယ်။ (စကားချပ်။ တေလာဆွစ်လည်း ပရမတ်အားဖြင့် ထင်ရှားရှိဘူးနော် :))
တယောက်ယောက်က ကိုယ့်ကိုဆဲနေတယ်။ အဲဒါကို "မင်းကဘာကောင်မို့လဲ" ဆိုပြီး တန်ပြန်ရင် အကုသိုလ်စိတ် ဖြစ်မယ်။ အော်.. ပညတ်ကြီးက ပညတ်တွေပြောနေပါလား။ အရင်ဘ၀က ငါဒီလိုဆဲမိလို့ ပြန်အဆဲခံရတာပါလားလို့ ဆင်ခြင်လိုက်ရင် ကုသိုလ်စိတ်ဖြစ်မယ်။
မှတ်ချက်။ ။ နားရည်ဝနေသော သင်တန်းဆရာ၊ ဆရာမများ၏ အာဘော်များရှင်းပြရာတွင်ပါဝင်သွားခြင်းသာ ဖြစ်ပါသည်။ ကိုယ်တိုင်လောဘ၊ ဒေါသများ ငြိမ်းနေ၊ ချုပ်တည်းနိုင်နေ၍ လုံးဝ (လုံးဝ) မဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် စာပြန်ဖတ်ဖြစ် အောင်၊ ကုသိုလ်စိတ်ဖြင့် ရှာဖွေဖတ်ဖြစ်တဲ့အတွက် ကျေးဇူးတင်ပါသည်။
သွယ်သွယ်



2012/6/2 tawgaully <tawgaully@gmail.com>
ဟုတ်ကဲ့ဗျ။ ဒါဖြင့် လောဘစိတ်ဟာ ပရမတ်လား။ လောဘရဲ့ သဘောအနက်ဟာ ပရမတ်လားဆိုရင် ကျွန်တော့်အမြင်ကတော့ လောဘဆိုတဲ့စကားလုံးလေးဟာ ပညတ်ပါပဲ။ သူ့ရဲ့ အနက်အဓိပ္ပါယ် မြင်မှ ပရမတ်ဖြစ်ပါမယ်။ လောဘရဲ့ ပရမတ်တွေကတော့ ( .... ) ချင်တဲ့ သဘောရှိတယ်။ သတ္တ၀ါကို ညှင်းဆဲတတ်တဲ့သဘောရှိတယ်။ သူလည်း မတည်မြဲဘူး။ ရွေးလျားပြောင်းလဲတဲ့ အနိစ္စသဘောရှိတယ်။ 

အဲလိုပဲ စိတ် စေတသိတ် ရုပ် နိဗ္ဗာန်တွေသည် သက်ဆိုင်ရာ သဘောအနက်ကို မြင်မှသာ ပရမတ်ဖြစ်နိုင်ပြီးတော့ အခေါ်အဝေါ်သတ်မှတ်နေကြတဲ့ စကားလုံးတွေသည် ပညတ်ပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်နားလည်သလို ရှင်းပြရရင် လောဘဆိုတဲ့ သဘောအနက်က လိုချင်တပ်မက်တာ။ ဒီနေရာမှာ ပါဠိအစမူလမှာ ဒေါသဆိုတဲ့အခေါ်ဟာ လိုချင်တပ်မက်တာပါလို့ ဆိုခဲ့ရင် ကျွန်တော်တို့လည်း ဒေါသဟာ လိုချင်တပ်မက်တာပါကွာလို့ အဲလိုပဲ လိုက်သိကြရပါလိမ့်မယ်။ ဆိုလိုချင်တာက  နှုတ်ပြော စာပြော စတဲ့ စကားလုံးတိုင်းဟာ ပညတ်ပါပဲဗျာ။ 

ဆွေးနွေးရတာ ကောင်းလှပါတယ်။ ကျေးဇူးတင်ပါတယ်။ 


2012/5/31 thwe crystal <thwe.crystal@gmail.com>
အဟမ်း .. ပြောကြည့်မယ်နော်..
အထက်ပါပြောသမျှလည်း မှားတာမပါပါဘူး။
ပရမတ်ရဲ့ မူရင်းအဓိပွယ်ကိုက (က) မြတ်သောတရား (ခ) အမှန်တကယ်ရှိသောတရား (ဂ) မဖောက်မပြန်အမြဲမှန်သောတရား ဖြစ်ပါတယ်။
အဲဒီ့ ပရမတ်တရား (၄) ပါး (စိတ်၊စေတသိက်၊ရုပ်၊နိဗ္ဗာန် ) ရဲ့ ပရမတ်သဘောကို ဥပမာနှင့်  ရှင်းကြည့်မယ်နော်..

စေတသိက် ၅၀ ကျော်ရှိတဲ့ထဲက လောဘဟာ ခွေးမှာဖြစ်တဲ့ လောဘ (အမဲရိုး) ဟာလဲ လိုချင်တက်မက်တာပဲ။
လူမှာဖြစ်တဲ့လောဘ (ကာမဂုဏ်အာရုံ) ဟာလဲ လိုချင်တက်မက်တာပဲ။ နတ်၊ ဗြဟာမှာဖြစ်တဲ့လောဘ (လက်ရှိဘ၀ကိုကပ်ငြိ) တာဟာလဲ လိုချင်တက်မက်တာပဲ။
ဆိုလိုတာက လောဘဆိုတဲ့ ပရမတ်ဟာ ဘယ်သတွှဝါမှာ ဖြစ်ဖြစ် လိုချင်တပ်မက်တဲ့သဘောကနေ မဖောက်ပြန်ဘူး၊ မပြောင်းလဲဘူး။ အဲဒါကိုက လောဘစေတသိက်ရဲ့ ပရမတ်ပဲ။
သူငယ်ချုင်းပြောသလို စိတ်ဟာ ချစ်တဲ့သူနဲ့တွေ့ရင် ပျော်တယ် (လောဘ)။ မုန်းတဲ့သူနဲ့တွေ့ရင် စိတ်ဆင်းရဲတယ် (ဒေါသ)။ အလှူအတန်းလုပ်ရင် အလောဘဖြစ်တယ်။ လုပ်ငန်းခွင် (ဈေးရောင်း) ထဲရောက်ရင် လောဘဖြစ်တယ်။ စိတ်ကအမျိုးမျိုးပြောင်းတယ်။ တကယ်က စိတ်ကအဖြူထည်ပဲ၊ သူနဲ့အတူတူဖြစ်တဲ့ စေတသိက်တွေ အမျိုးမျိုးပြောင်းလို့ သူကပြောင်းတာ၊ စိတ်ရဲ့အဓိပွယ်က အာရုံကိုသိတတ်တဲ့သဘောတစ်ခုတည်းပဲ။ ဆရာတော်တစ်ပါး ဥပမာပြတာက စိတ်ကရိုးရိုးရေနဲ့တူပြီး စေတသိက်တွေက ဆိုးဆေးအရောင်တွေနဲ့တူတယ်။ လောဘစေတသိက်လာယှဉ်ရင် လောဘစိတ် (အကုသိုလ်) ဖြစ်တယ်။ အလောဘစေတသိက်လာယှဉ်ရင် အလာဘစိတ် (ကုသိုလ်) ဖြစ်တယ်။ ဘယ်လိုဖြစ်ဖြစ် စိတ်ဆိုတာ အာရုံကိုသိတဲ့သဘောကနေ လုံးဝမပြောင်းလဲဘူး။ အဲဒါစိတ်ရဲ့ ပရမတ်ပါ။
ရုပ်ကတော့သိသာထင်ရှားပါတယ်။ ပူရင်တမျိုး၊ အေးရင်တမျိုး၊ ပျော်ရင်တမျိုး၊ မပျော်ရင်တမျိုး အမျိုးမျိုးဖောက်ပြန်ပြောင်းလဲနေတယ်။ ရုပ်ရဲအဓိပွယ်ကိုက ဆန့်ကျင်ဘက်တရားများကြောင့် ရှေ့ရုပ်နှင့် နောက်ရုပ်မတူအောင် ထင်ရှားဖောက်ပြန်ခြင်းတဲ့။ အမြဲတမ်းဖောက်ပြန်ပြောင်းလဲတဲ့သဘောကနေ ဘယ်တော့မှ တည်ငြိမ်တည်တံ့တဲ့သဘောကို ပြောင်းမသွားဘူး။ အဲဒါကိုက ရုပ်ရဲ့ပရမတ်ပါ။
နိဗ္ဗာန်ကလည်း ထိုနည်း၎င်းပဲ အေးငြိမ်းခြင်းလကဏာရှိတဲ့သဘောပဲရှိတယ်။

သဗညုတရွှေညဏ်တော်နဲ့ ဟောထားတဲ့တရားတွေကို သာမန်လူအချင်းချင်းဆွေးနွေးတာ ရှုပ်ထွေးတာ၊ သဘောမတွေ့တာ ရှိကောင်းရှိမယ်။ မဟာဂနာရုံဆရာတော် ရေးတဲ့ ကိုယ်ကျင့်အဘိဓမာ စာအုပ်ကို ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်၊ အဲဒီမှာ အမေးအဖြေသဘောမျိုးနဲ့ရေသားထားတာမို့ ပိုပြည့်စုံရှင်းလင်းမှာပါ။

ဗုဒဘာသာသင်တန်းများ ဟိုစပ်စပ်၊ ဒီစပ်စပ်တက်သော အတွေ့အကြုံဖြင့် ၀င်ရောက်ဆွေးနွေးပါသည်။
မြန်မာပပ်ဆင့်များ ယခု key board character map တွင်ရှာမတွေ့သဖြင့် သီးခံဖတ်ရှုပေးပါရန်။
ကျေးဇူးတင်ပါသည်။
သွယ်သွယ်




--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ