Re: [mrsorcerer:26368] မြောက်ဒဂုံ ၇/၈ ဆေးရုံမှ သတင်းတပုဒ်

ဆရာဝန်နဲ့  ငါးစိမ်းသည်နဲ့များ မှားနေလားလို့။  အဲလောက်အပေါက်ဆိုးတဲ့သူဟာ  စာမတတ်တဲ့ စရိုက်ကြမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြရသူများမှာတောင် တစ်ယောက်ဆိုတစ်ယောက်ရှားပါတယ်။ ဆရာဝန် အဲသလောက်နှုတ်ကြမ်းတာ  မယုံတောင်မယုံချင်ဘူး ။ နည်းနည်းပို နေသလိုထင်ပါတယ်။

2012/6/13 demonprince13 <demonprince13@gmail.com>
မြောက်ဒဂုံ ၇/၈ ဆေးရုံမှ သတင်းတပုဒ်

မြောက်ဒဂုံ ၇/၈ ဆေးရုံ ကို လွန်ခဲ့သောတပါတ်ခန့်ကဒေါက်တာ ဒေါ်သူဇာအောင် သည် ဆေးရုံအုပ်ကြီး ရာထူးဖြင့်ပြောင်းရွှေ့လာခဲ့သည်ဟု
ဆိုသည် ။ ဆေးရုံအုပ်ကြီးဒေါ်သူဇာအောင်သည် မြောက်ဒဂုံ ၇/၈ ဆေးရုံတွင် အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ဆေးရုံအုပ်ကြီးများနှင့်
မတူပဲ ဆေးရုံဝန်ထမ်းများအား ဆဲဆိုကြမ်းမောင်းခြင်း ၊ ဆေးကုသမူ့ခံယူနေသော လူနာများအား အော်ဟစ်ခြင်း ၊ ဆေးရုံကြီး လူမြင်ကွင်းတွင်
ဆဲဆိုနေရုံသာမက ဆေးရုံမှ တံခါးအား ခြေထောက်ဖြင့် ၀ုန်းဝုန်းဒိုင်းဒိုင်း ကန်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟုဆေးရုံဝန်ထမ်းများမှ ပြောပြသည် ။
ထိုသို့ ပြုမူရုံသည့်အချိန်တွင် သူမအားကြည့်ရှု့မိသည့် လူငယ်တစ်ယောက်အား သူမ၏မွေးရာပါအင်္ဂါနှင့် ပါ နိုင်းချွတ်၍ဆဲရေးခဲ့သည် ။
ဆေးရုံဝန်ထမ်းများမှာလည်း နေ့စဉ်မွေးရာပါအင်္ဂါနှင့် နိုင်း၍ ဆဲဆိုခြင်းခံခဲ့ရသည် ။

ထိုမျှသာမက လူနာမစံပါယ်၏ မိခင်ဖြစ်သူက ဆေးရုံအုပ်ကြီးအား လူနာမစံပါယ်အားဆေးရုံပြောင်းရွှေ့ရန် သွားရောက်တင်ပြသောအခါ
" ပြောင်းကြ ပြောင်းကြ စောက်ခွက်တွေ ကြည့်ကို မကြည့်ချင်ဘူး " ဟု ရိုင်းပြစွာ ပြောဆိုခဲ့သည် ။ ဆေးရုံအုပ်ကြီး၏ အပြုအမူများမှာလွန်
စွာဆိုးဝါးလာသည့်အပြင် ဆရာဝန်တစ်ယောက်၏ ကျင့်ဝတ်များနှင့် မညီညွတ်တော့သည့်အတွက်ဆေးရုံ မှ ဆရာဝန်များ ၊ သူနာပြုများ
မှ တိုင်းရုံးအားတိုင်ကြားခဲ့ရာ ၊ တိုင်းရုံးမှ လာရောက်စစ်ဆေးခဲ့သည် ။

ဤကဲ့သို့ တိုင်းရုံးမှ လာရောက်စစ်ဆေးခဲ့ရာတွင် ဆေးရုံဝန်ထမ်းများအားစစ်ဆေးခြင်း ၊ ဆေးရုံမှ ပြောင်း/ဆင်း ပြီးသော လူနာများကိုစစ်ဆေး
ခြင်း တို့ကို ပြုလုပ်ခဲ့သည် ။ ဆေးရုံအုပ်ကြီးအား စစ်ဆေးခဲ့ရာတွင် ဆေးရုံအုပ်ကြီးမှ သူမ၏ အပြုအမူများအား ငြင်းဆိုခဲ့သည်ဟု ဆို၏ ။
တိုင်းရုံးမှ လာရောက်စစ်ဆေးခဲ့သော်လည်း မည့်သည့် အရေးယူခြင်းတစုံတရာမှ မရှိခဲ့သည့်အတွက် ၊ ဆေးရုံအုပ်ကြီး ၏ ဒုက္ခကိုဆေးရုံမှ
ဝန်ထမ်းများနှင့် လူနာများမှာ ငရဲကျသလို ခံစားနေရသည် ဟု ဆေးရုံအသိုင်းအ၀ိုင်းမှ ခိုင်လုံသောသတင်းရရှိသဖြင့် ကျန်းမာရေးဝန်ကြီးဌာန
နှင့်မိဘပြည်သူများသိရှိအောင် တင်ပြလိုက်ရပါသည် ။

 မာဃလုလင်
      
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ