Re: [mrsorcerer:26556] မင်းမရှိတော့တဲ့ အခါ ..

သတိရနေရင် သတိရနေကြောင်းလေး သိ၊ လွမ်းနေရင် လွမ်းနေတဲ့ စိတ်ကလေးကိုသိ၊ သိကာမတ်တပ် သိတဲ့စိတ်ကလေးကနေ နောက်စိတ်ပြောင်းတာကို ထပ်သိပါလိမ့်မယ်။ မူလမဟုတ်တာကို သိတာ၊ ချုပ်တာကို သိတာ ၀ိပဿနာ ....... တကယ်.အနှစ်ချုပ်ပါပဲ တကာလေး ....လွမ်းတဲ.စိတ် နာကျင်တဲ.စိတ်
ဘာလို.ငါတို.ခုလို ဝေးနေရပါလိမ်. မသိမှုအ၀ိဇ်ဇာ...တရားတွေဖုံးလွမ်းနေသ၍ပေါ. တေဇလူငယ်လေးတွေ သမုသယမီးညွှန်တွေ အဆက်မပြတ်လောင်မြိုက်
ခံရပြီး စိတ်မသက်မသာဖြစ်မှု စိတ်ကသိကအောက်ခံစားမှု စိတ်မရွှင်လန်းမှု စိတ်ထောင်လို.ခန္ဒ္ဒ့ာကပါကြေလိုက်လာပြီး မုန်.လေပွေအဖြစ်မျိုးရောက်သွားတတ်တာမို.
ဒီ..ကောင်မလေး ငါအချစ်ဦးလေးဆိုတဲ. ပညတရားများ၏ကြိုးဆွဲရာနောက် လိုက်ပြိးရင်းလိုက် ကြေကွဲပြီးကြေကွဲ နာကျင်ပြီးနာကျင် ပိုးဖလံမျိုးလို သမုဒယမီးဖိုထဲ
ဆက်ပြီးခုန်ဆင်းနေဦးမယ်ဆိုရင်...နာကျင်မှု ကြေကွဲမှု နာမ်တရားတို.၏နာကျင်မှုအပြင် အိုချင်း နာခြင်း သေခြင်းခန္ဒာတို.၏အဆက်မပြတ်နှိပ်ခံရသော အသောတို.က
လက်စမသတ်နိင်ပဲ ရုပ်နာမ်တရားတို.ချုပ်ငြိမ်းရာ နိဗ္မ္မာန်ရွှေပြည်ထံ အဘယ်သို.လျောက်လှမ်းနိင်ဘိနည်း...အင်းးးးးးးးးးးးးးးအချစ်နဲ.ရုပ်ခန္ဒာ ဒေသနာတော်ကြီးအား
အနှီမှာပဲ နိဂုံးချုပ်လိုက်ပါရစေဗျာ....

2012/6/19 goodluck zaw <goodluckzaw@gmail.com>
တချို့တွေက လွမ်းစရာရှိရင် နာစရာနဲ့ဖြေလို့ အရပ်ထဲမှာ ပြောတတ်ကြပါတယ်။ လွမ်းတာကို နာကျည်းချက်အဖြစ် ပြောင်းလဲဖို့တွန်းအားဖြစ်စေမယ့် မှားယွင်းတဲ့ စကားပါ။ ကျွန်တော်ကတော့ အဲသလိုမဟုတ်ပါဘူး။ သဘောထားခြင်းမတိုက်ဆိုင်တာကြောင့်ပါပဲ။ အခုအချိန်ထိ ကျွန်တော် သူနဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပေမယ့် မမုန်းဘူး မနာကျည်းဘူး ချစ်နေတုန်းပါပဲ။ သို့သော် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ခုအချိန်မှာတော့ လမ်းဆုံတစ်နေရာမှာပဲပေါ့။  ရေရှည်မှာ ၂ ယောက်လုံး စိတ်ပင်ပန်းကြမယ်လေ။  ဟိုနေ့ကတောင်မှ လေးဆယ့်ငါးမိနစ်လောက် သူ့အပေါ်မှာ မေတ္တာကမ္မဌာန်းလေးပွားခဲ့ပါသေးတယ်။

သတိရနေရင် သတိရနေကြောင်းလေး သိ၊ လွမ်းနေရင် လွမ်းနေတဲ့ စိတ်ကလေးကိုသိ၊ သိကာမတ်တပ် သိတဲ့စိတ်ကလေးကနေ နောက်စိတ်ပြောင်းတာကို ထပ်သိပါလိမ့်မယ်။ မူလမဟုတ်တာကို သိတာ၊ ချုပ်တာကို သိတာ ၀ိပဿနာ .......

2012/6/18 Hnin Pwint Phyu <mshninpwint84@gmail.com>
အဲ့အချိန်ကို စောင့်နေတာမဟုတ်ပဲ ..ကိုယ်လုပ်စရာရှိတာတွေလုပ်၇င်း .. သတိရတဲ့အခါလည်း ရရင်းနဲ့ ..မေ့မေ့ပျောက်ပျောက်နေလိုက်ရင် ... အဲ့အချိန်ကို ရောက်မှန်းမသိရောက်သွားမယ်ထင်တယ်နော် ... ဒို့လည်း အဲ့လိုလုပ်ရတော့မယ်ထင်တယ် .. အရမ်းကြိုးစားပြီးမေ့လေ ..သတိရလေ .. အဲ့အချိန်ကို ရောက်ချင်လေ မရောက်နိုင်ဘူးဖြစ်လေ ..ဖြစ်နေတယ် .. ဘာရယ်တော့ဟုတ်ပါဘူး .. တိုက်ဆိုင်တာလေး တွေ့လို့ ၀င်ပြောတာပါ ... :)

2012/6/18 panei phyu <paneiphyu1991@gmail.com>
အချိန်ကာလဆိုတာ.....ဘယ်လောက်အတိုင်းအတာထိကိုပြောတာလဲ.....တစ်ကယ်တမ်းတော့...အဲလိုအချိန်ကိုစောင့်နေတာက...အင်မတန်မှကိုခက်ခဲတယ်.....
တို့လည်းမေ့ချင်လို့....အဲအချိန်ကိုစောင့်နေခဲ့တယ်...အခုထိအဲအချိန်ကမရောက်လာသေးဘူး...ဘယ်လိုလုပ်ရမလဲ...သိရင်ပြောပေးပါလား.......

2012/6/17 snoopy <snoopy.lady08@gmail.com>
မင်းမရှိတော့တဲ့အခါ....တဲ့
ကဗျာလေးကိုကြိုက်ပါတယ်....ဒါပေမယ့် သူမရှိတဲ့အခါမှာလည်း ကိုယ်တစ်ယောက်တည်းရှေ့ဆက်နိုင်အောင် ကြိုးစားသင့်တယ်လို့ထင်ပါတယ်...
မွေးကတည်းကတစ်ယောက်တည်း...သေရင်လည်း တစ်ယောက်တည်းသွားရမှာပါပဲ...ဘယ်သူ့ကိုမှ အဖော်ခေါ်လို့မရပါဘူး....
သူ့ကိုဆုံးရှုံ့းခဲ့ရပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုမရှုံးဖို့သိပ်အရေးကြီးပါတယ်...........တစ်ရှုံးကနေ နှစ်ရှုံးအဖြစ်မခံစေချင်ပါဘူး.................ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအတိုင်းကြိုးစားသွားရမှာမို့လို့ပါပဲ....
ကိုယ်ကသူ့ကို မေ့ဖို့ကြိုးစားစရာမလိုပါဘူး...........အချိန်ကာလက မေ့အောင်လုပ်ဆောင်ပေးပါလိမ့်မယ်..............

2012/6/15 Aung Thura Aye <ayeyarwady.thuraaye@gmail.com>

မင်းမရှိတော့တဲ့ အခါ ..

မင်းမရှိတော့တဲ့ အခါ ..

အမှတ်တရအကြောင်းတွေနဲ့

တို့ နှစ်ယောက် ပြောခဲ့ကြတဲ့ စကားတွေကိုပဲ

ထိုင်စဉ်းစားရင်းနဲ့

တစ်နေ့ပြီးတစ်နေ့ ကုန်လွန်ရမလား ..။

အရင် ချစ်ခဲ့ကြတဲ့ အချိန်တွေ

တို့ တူတူရှိနေခဲ့ကြတဲ့ အချိန်တွေကို

ကောင်းကင်ကြီးကို မော့ကြည့်ရင်း

ပြန်တွေးနေရမှာလား ..။

အချစ် နဲ့ အမုန်း ဆိုတဲ့ စကားလုံးတွေကြားမှာ

ချာချာလည်တဲ့ ဦးခေါင်းနဲ့

အားနည်းတဲ့ ခြေလှမ်းတွေလှမ်းရင်း

ဘ၀ကို ကုန်လွန်စေရမလား ..။

ငြင်းပယ်ခံနှလုံးသားနဲ့

မင်းရဲ့ ဂရုစိုက်မှု

ငါယုံကြည်တဲ့ အပြုံးလေးမရှိတဲ့ ဘ၀မှာ

ငါဘယ်လိုများ ခရီးဆက်နိုင်မလဲ ..။

ယုံကြည်မှုတွေ ဆုံးရှုံးရမလား

အင်အားတွေ ပြန်ရနိုင်မလား

မင်းမပါတဲ့ ငါ့အဖြစ်က

ဘာမှမသေချာပါဘူး ..။

သေချာတာ ..

မင်းမရှိတော့ရင်

ငါဆိုတာလဲ မရှိနိုင်တော့ဘူး

ဘာကြော့င်လဲဆိုတော့ -

မင်းငါ့ဘ၀ထဲက ထွက်ခွါချိန်ကတည်းက

ငါ့ကိုပါ တစ်ခါတည်း ယူသွားခဲ့လို့ပါ ..။

မင်းမရှိတော့တဲ့ အခါ

ငါ ဘာဆက်လုပ်ရမလဲ ?

Thura Aye
15 th June 2012 .

--
Wish you get successful life ..

Thura Aye

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

`` အိမ်ထောင်ဟူသည် မသာယာလျှင် အကျဉ်းထောင်တစ်မျိုး၊ သာယာပြန်လျှင် သံသရာ အမှောင်တိုး ´´