Re: [mrsorcerer:26689] ရိုဟင်ဂျာပြဿနာအားတတိယမျက်လုံးဖြင့်ကြည့်ခြင်း

ခြေမျက်စိနဲ့ကြည့်ပြီးရေးတာထင်တယ်   ဟဟ

2012/6/21 Ag Lu <aunglulay@gmail.com>

ရိုဟင်ဂျာပြဿနာအားတတိယမျက်လုံးဖြင့်ကြည့်ခြင်း


ကျွန်တော်သည် အစ္စလာမ်ဘာသာဝင် တစ်ယောက်မဟုတ်သလို ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း

မဟုတ်ပါ။ လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများအား လူသား တစ်ယောက်အမြင်ဖြင့် တင်ပြလိုပါသည်။


ကျွန်တော်သည် ကုလသမဂ္ဂ၏ ရခိုင်ပြည်နယ် မြောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် သွားရောက် တာဝန်ထမ်းဆောင် ခဲ့ဘူးပါသည်။ သို့ဖြင့်ပါ၍ အဆိုပါ ဒေသ၏အခြေအနေများကို လက်လှမ်းမှီသမျှတော့ သိရှိထားပါသည်။ ရိုဟင်ဂျာလူမျိုးရှိခြင်း၊မရှိခြင်း တိုင်းရင်းသားဟုတ်ခြင်း၊ မဟုတ်ခြင်းကိုမဆွေးနွေးလိုပါ။ မိမိကိုယ်ကို မိမိရိုဟင်ဂျာဟုခေါ်နေသော လူမျိုး များရှိနေသည်မှာတော့အမှန်ဖြစ်သည်။ သူတို့ ပြောဆိုသော ဘာသာစကားမှာ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီစကား နှင့်ဆင်တူသော်လည်း အလုံးစုံမတူပါ။ ရခိုင်စကားနှင့် ဗမာစကား ကြွဲပား သလောက်တော့ကွာပါသည်။ ရခိုင်နှင့်ဗမာကို လူမျိုးနှစ်မျိုး သတ်မှတ်လျှင် ဘင်္ဂါလီနင့် ရိုဟင်ဂျာကိုလည်း လူမျိုးနှစ်မျိုးသတ်မှတ်နိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ထိုကဲ့သို့ပင် သတ်မှတ်ထားပါသည်။


ရိုဟင်ဂျာများသည် ၁၈၂၄ခုနစ် အင်္ဂလိပ်ြမန်မာပထမစစ်ပွဲ အပြီးတွင် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက် လာပါသည် ဟြုမန်မာအစိုးရက ဆိုပါသည်။ ရိုဟင်ဂျာများကတော့ ရခိုင်ဘုရင်များ လက်ထက်ကပင်မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေကြပါသည်ဟုဆိုကြသည်။ သေချာသည့် တစ်ချက် ကတော့ ရိုဟင်ဂျာများ မြန်မာနိုင်ငံအတွင်းသို့ ရောက်လာသည်မှာ နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ် ကျော်ခြဲ့ပီး ဖြစ်ပါသည်။


ရောက်ရှိနေပြီးသား ရိုဟင်ဂျာများကို အမှီအခြိုပုပြီး ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများ မကြာခဏခိုးဝင် လာနေကြသည့် အတွက် မြန်မာနိုင်ငံအစိုးရ အဆက်ဆက် စစ်ဆင်ရေးအမျိုးမျိုးဖြင့် သန့်စင် ရှင်းလင်းရေး လုပ်ခဲ့ပါသည်ဟု မြန်မာအစိုးရက ဆိုပါသည်။ ဤသည်ကိုထောက်ရြှုခင်း အားဖြင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အခြေချနေ ထိုင်ခဲ့သူများ ကိုတော့မြန်မာအစိုးရက နိုင်ငံသား အဖြစ်တော့ တစ်နည်းတစ်ဖုံ အသိအမှတ်ြပုထားရပါသည်။


၁၉၈၈ မတိုင်မီ ရခိုင်ြပည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ အခြေအနေကိုတော့ ကျွန်တော် မသိပါ။ စစ်အစိုးရတက်လာပြီး နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကျွန်တော် ရောက်ရှိသွား ချိန်မှာတော့ ရိုဟင်ဂျာများ၏ လူမှုဘဝအခြေအနေမှာ ဆိုးရွားခက်ခဲလှပါသည်။ တစ်ရွာမှ တစ်ရွာသို့ပင် လွတ်လပ်စွာသွားလာခွင့်မရှိခြင်း၊လက်ထပ်ခွင့်ရရန်အတွက် လျှောက်လွှာ တင်ရခြင်း၊ပညာအရည်အချင်း မှီသော်လည်း အသက်မွေးဝမ်းကျောင်းတက္ကသိုလ် များတက်ခွင့် မရခြင်း၊နိုင်ငံသားအဖြစ် အသိအမှတ် မပြုခြင်း စသည်ဖြင့် ကန့်သတ်အုပ်ချုပ် ထားပါသည်။ပညာရေးမျှော်လင့်ချက် မရှိခြင်း၊ ဘာသာရေး အစွဲကြီးခြင်းတို့ကြောင့် ရိုဟင်ဂျာ အများစုမှာ ငှင်းတို့၏သားသမီးများကို မူလတန်း ပညာမျှသာသင်ကြား ပေးကြပါသည်။


..က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီပြောသကဲ့သို့ပင်ဤနေရာဒေသရှိလူဦးရေနှင့်မြေယာ

အချိုးအစား မညီမျှမှုများဖြစ်ပွားလာနိုင်သဖြင့် အိမ်ထာင်ပြုခြင်းများကို ကန့်သတ်နေရသည်မှာ

တစ်နည်းတစ်ဖုံအားဖြင်တော့ မှန်ပါသည်။ ရိုဟင်ဂျာအများစုမှာ သန္ဓေတားလျှင် ဘာသာရေးအရ အပြစ်ရသည်ဟု ခံယူထားကြသူများ ဖြစ်သဖြင့်ရိုဟင်ဂျာများ၏လူဦးရေတိုးနူန်းမှာလည်း ရခိုင် တိုင်းရင်းသားများထက် များပြားနေခြင်းဖြစ်ပါသည်။


ယခုတလောအများစုပြောနေကြသည့် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများခိုးဝင်နေဆဲရြှိပီး လ..က မှလည်း ငွေကြေးယူပြီးပေးဝင်နေသည်ဟူသော ပြောဆိုမူများမှာ သက်သေမဲ့စွပ်စွဲမူများ သာဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မှုလနေထိုင်သူ ရိုဟင်ဂျာများပင်ကမ္ဘာအနှံ့အပြားသို့ ဒုက္ခသည်များ အဖြစ် ထွက်ပြေးနေကြပြီး မြေယာအသစ်ဖော်ထုတ်ခွင့်များလည်း မရှိတော့သည့်ဒေသတွင် မည်သူကလာပြီး နိုင်ငံမဲ့မြေယာမဲ့များ အဖြစ်လာရောက်ကြမည်နည်း။ အလုပ်လက်မဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ဘင်္ဂလားဒေ့ရှ် ပတ်စပို့ ကိုင်ပြီး နိုင်ငံတကာသို့ အလုပ်သွားလုပ် မည့်အစားမြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်ပြီး အဖိနှိပ်ခံဘဝဖြင့် မည်သမျှလာမည်မဟုတ်ပါ။


ဘင်္ဂလားဒေ့ရှ့်အစိုးရမှလည်း နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်မည်သူများကိုစရိတ်များ ကြိုတင် စိုက်ထုတ် ပေးနေပါသည်။ သယံဇာတနှင့် မှုးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး မြေဧရိယာ

ကျယ်ဝန်းသော တရုတ်ြပည်နယ်စပ်ဖက်တွင်ခိုးဝင်ပြီး နိုင်ငံသားကတ်များ ငွေပေး၍လုပ်နေကြ

သည်ဟုပြောလျှင် လက်ခံနိုင်သော်လည်း ရခိုင်ြပည်နယ်မြောက်ပိုင်းတွင် ထိုသို့ လုပ်ဆောင်နေ သည်ဟု ပြောကြသည်မှာယုတ္တိမတန်လှပါ။ မှုးယစ်ရာဇာအများစုမှာ တရုတ်နွယ်ဖွားများ ဖြစ်ကြသည်ကို အားလုံး အသိပင်ဖြစ်ပါသည်။


လက်ရှိတွင်ပင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် လေးသိန်းကျော် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆိုပါသည်။ ထိုသူများသည် ဘင်္ဂါလီများဖြစ်ကြလျှင် ဒုက္ခသည်များအဖြစ် ရပ်တည်နေကြရ မည်မဟုတ်ပေ။ လက်တလောဖြစ်ရပ်တွင် ထွက်ပြေးလာသူများအား ဘင်္ဂလားဒေ့ရှ် မှလည်း လက်မခံတော့ပါ။


ရိုဟင်ဂျာများ နောက်ထပ်ခိုးဝင်မှုများ မရှိအောင် တားဆီးလိုက်နိုင်ြပီဟုဆြိုကပါစို့ ။ ယခုရှိ နေသူများ ကို ဘာလုပ်ြကမည်နည်း။ ဘင်္ဂလားဒေ့ရှ်မှလည်း နိုင်ငံသားအဖြစ် အသိအမှတ်မပြု၊ မြန်မာမှလည်း နိုင်ငံသား အဖြစ် အသိအမှတ်မပြုလျှင် နိုင်ငံမဲ့များဖြစ်သွားကြပါမည်။ သို့ သော် လက်ရှိဤရိုဟင်ဂျာများသည် မြန်မာ့မြေပေါ်တွင်နေထိုင်ြကပါသည်။ ထိုသူများအား မြန်မာ့မြေ ပေါ်တွင်မနေထိုင်နိုင်အောင်ဒုက္ခ အမျိုးမျိုးပေးပြီး နှိပ်စက်နေမည်ဆိုလျှင်လည်း အားလုံးထွက် သွားအောင်တော့မလုပ်နိုင်ပါ။ ကျုပင်ခုတ် ကျုမြစ်မကျန်အောင်ရှင်းပစ်ဖို့ လည်း ဤခေတ်ကြီး တွင်မဖြစ်နိုင်ပါ။ ပညာမတတ် စီးပွားရေးမရှိ အရိုင်းအစိုင်းဖြစ်အောင် လုပ်မည်ဆိုလျှင်လည်း အန္တရာယ် နိုင်ငံသားများလွယ်ထားသလိုသာ ဖြစ်သားပါမည်။ ခွေးကိုပင်ချောင်ပိတ်ရိုက်လျှင် အသေအလဲပြန်ကိုက်တက်ပါသည်။ ရန်ကိုရန်နှင့်ရှင်းလျှင် မအောင်မြင်နိုင်ဟု ဗုဒ္ဓကတိတကျကျ ဟောထားပါသည်။ ဤသို့ ဆိုလျှင်မည်သို့ လုပ်မည်နည်း။ တစ်နည်းရှိသည်မှာတော့ လှေစီးထွက် ပြေးသူများ ကိပင်လယ်ပြင်တွင်မရှင်းပစ်ဘဲ အားပေး ကူညီသင့်ပါသည်။


ပိုဆိုးလာသည်မာ ရိုဟင်ဂျာများကို အသာထား ပြည်တွင်းရှိသွေးနှော၊ သွေးမနှောသူများ ကိုပင် အစ္စလာမ်ဘာသာဝင်ဖြစ်လျှင် နိုင်ငံသားအဖြစ် မမြင်နိုင်ြကသူများ များပြားလာခြင်းဖြစ် ပါသည်။ ဤသည်မှာကောင်းသောလက္ခဏာမဟုတပါ။ ထိုင်းနိုင်ငြံခားရေးဝန်ကြီးဟောင်း လက်ရှိ အာဆီယံ အတွင်းရေးမှုးချုပ်ဆူရင်းပစ်ဆူဝမ် ၊ယခင်ထိုင်းစစ်ဦးစီးချုပ်ဆွန်သီတို့ သည် အစ္စလာမ် ဘာသာဝင်များ ဖြစ်ပါသည်။ လက်ရှိထိုင်းဝန်ကြီးချုပ်သည် တရုတ်ကပြားတစ်ဦးဖြစ်ပါ သည်။ မည်သူကမျှ ထိုင်းနိုင်ငံကို အကျိုးယုတ်အောင် မလုပ်သွားကြပါ။ တိုးတက်နေသော စင်္ကာပူနိုင်ငံပင်လျှင် မိမိနိုင်ငံတွင် လူဦးရေတိုးနူန်းနည်းနေ၍ ပြင်ပနိုင်ငံသားများကို နိုင်ငံသား အဖြစ်ခေါ်ယူနေပါသည်။ တရားဥပဒေ စိုးမိုးမှုရှိ၍ မည်သူလာလာပြဿနာမရှိပါ။ အရေးကြီး သည်မှာနိုင်ငံ ချစ်စိတ်ပင်ဖြစ်ပါသည်။ မျိုးချစ်စိတ်မဟုတပါ။ နိုင်ငံက ကိုယ့်ကို ချစ်လျှင် ကိုယ်က လည်း နိုင်ငံကို ပြန်ချစ်မည်ဖြစ်ပါသည်။ ဘာသာတရားကိုခဏထား၊ သိပ္ပံသဘောအရပင်လျှင် Action ရှိလျှင် Reaction ရှိပါသည်။


လူ့အခွင့်အရးကြော်ငြာစာတမ်းအရ ကလေးတစ်ယောက်မွေးဖွားလာလျှင် သူ့တွင်နိုင်ငံရှိရမည်ဟု ဆိုထားသော်လည်း မြန်မာနိုင်ငံသားအများစုကတော့ ဤအချက်ကလက်မခံလြိုကပေ။

ကျွန်တော်လေ့လာမိသမျှ ဗုဒ္ဓ၏တရားများတွင်တော့ လူလူချင်းကိုယ်ချင်းစာတရား၊ မေတ္တာ

တရား ထားကြဖို့ သာဟောကြားထားပါသည်။ လူမျိုးဘာသာခြွဲပီးမဟောထားပါ။ အရိုင်းအစိုင်း

တိရစ္ဆာန် များကိုပင် ယဉ်ကျေးအောင်လုပ်နိုင်လျင် ဤရိုဟင်ဂျာများကို ယဉ်ကျေးအောင်မလုပ်နိုင်

ကြတော့ဘူးလားဟုမေးချင်ပါသည်။ စေတနာမှန်လျင်မဖြစ်နိုင်စရာမရှိပါ။


လူလူချင်း လူလိုမြင်နိုင်ကြပါစေ၊


လူသားတစ်ဦး

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ