23 Jul, 2012 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

ဘုန်းတော်ကြောင့်

Read More

 

မြန်မာပြည်တွင် ဒိုင်ဝါ ဒေါ်လာသန်း ၃၈၀ မြှုပ်နှံမည်

ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်ပိုရေးရှင်းဖြစ်သည့် Daiwa Securities Group (DSG) က တခြား ဂျပန်နည်းပညာကုမ္ပဏီများနှင့် တွဲဖက်၍ မြန်မာအစိုးရအတွက် သတင်း အချက်အလက်ဆိုင်ရာ Read More

 

မြန်မာ့ဆန် တင်ပို့မှု တရုတ် ရပ်ဆိုင်း

ဆန်အရည်အသွေး မပြည့်မီသောကြောင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာ့ဆန် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ Read More

 

မြန်မာနှင့်ထိုင်း စီးပွားရေး သဘောတူ စာချုပ်များ ချုပ်ဆို

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်တို့ ယနေ့နံနက်ပိုင်းက တွေ့ဆုံပြီး အထူးစီးပွားရေး ဇုန် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ နားလည်မှု ရယူနိုင်ခဲ့ကြောင်း သိရသည်။ Read More

 

လွှတ်တော်ပြင်ပ၌ ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး စီစဉ်နေ

ပင်လုံစိတ်ဓာတ် အခြေခံပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုထားသည့် ပင်လုံကဲ့သို့သော ညီလာခံကြီးတခုကို လွှတ်တော် ပြင်ပ၌ အမြန်ဆုံး ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း တိုင်းရင်းသားခေါင်းဆောင်များ က ပြောသည်။ Read More

 

ကလေး အလုပ်သမားများ ဆန္ဒပြမှု အောင်မြင်

မန္တလေးစက်မှုဇုန်ရှိVe Ve အချိုရည် စက်ရုံတွင်အလုပ်လုပ်နေသောကလေးအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၀၀ ကျော်သည် လုပ်ခ လစာနှင့် အခွင့်အရေးများ အပြည့်အ၀ မရရှိသည့်အတွက်ယမန်နေ့က ထိုင် သပိတ်မှောက်ပြီး ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်းသိရသည်။ Read More

 

မုံရွာ ကြေးနီစီမံကိန်း ဒေသတွင်း ညမထွက်ရအမိန့် ရုပ်သိမ်းရေး ဆန္ဒပြမည်

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းဒေသတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေတွင် ယမန်နေ့ညက သေနတ် ပစ်ဖောက်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ Read More

 

လယ်သမားအကျိုးဆောင်ကို တရားစွဲဖို့ ဇေကမ္ဘာ ပြင်ဆင်

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှ လယ်သိမ်းခံ လယ်သမားများအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ဇေကမ္ဘာကုမ္ပဏီက အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ Read More

 

ဗန်းမော် ရှပ်ပြေး နစ်မြုပ်မှု ၈ လောင်း ဆယ်ယူရရှိ

ကချင်ပြည်နယ် ဗန်းမော်-ကသာ ပြေးဆွဲသော မြမင်းအောင် အမည်ရှိ ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုကြောင့် ပျောက်ဆုံးခဲ့သူများထဲမှ ရုပ်အလောင်း ၈ လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗန်းမော်မြို့နယ် ရဲစခန်း က ပြောသည်။ Read More

 

ကမ္ဘာ့ဘဏ် ဒု ဥက္ကဌ မြန်မာပြည်လာ ရုံးသစ် ဖွင့်မည်

ကမ္ဘာ့ဘဏ် ၏ အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒု ဥက္ကဌ မစ္စ ပါမီလာကော့စ် မြန်မာပြည်သို့ ဇူလိုင် ၃၀ ရက် မှ ဩဂုတ် ၁ ရက်အထိ လာရောက်ရန် ရှိသည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ဘဏ် ရုံးဖွင့်ပွဲသို့ တက်ရောက်ရန်ဖြစ်ပြီး မြန်မာ အစိုးရ အရာရှိများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံ၍ လတ်တလော မြန်မြာ့ ပုပြင်ပြောင်းလဲရေး ဆွေးနွေးမည်ဟု သိရသည်။ ဩဂုတ် ၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တွင် ကျင်းပမည်ဟုလည်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ Read More

 
 

ဂျပန် Daiwa နည်းပညာ ကုမ္ပဏီ မြန်မာတွင် ရင်းနှီးမြှုပ်နှံမည်

ဂျပန်နိုင်ငံမှ ကွန်ပျူတာ အင်တာနက် လုံခြုံရေးဆိုင်ရာ ကုမ္ပဏီ ဖြစ်သော Daiwa Securities Group က မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ သန်း ၃၈၀ ခန့် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ မြန်မာအစိုးရနှင့် လုပ်ကိုင် နေသော ဂျပန် နည်းပညာ ဆိုင်ရာ ကုမ္ပဏီများအတွက် အဓိက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ � �ာသင်ကျောင်းများ၊ ဆေးရုံများ အပါအ၀င် အစိုးရ၀န်ကြီးဌာန အားလုံးနှင့် ချိတ်ဆက် လုပ်ကိုင်သွားရန်လည်း ရှိကြောင်း Reuters သတင်း၌ ဖော်ပြထားသည်။  Daiwa ကုမ္ပဏီသည် မြန်မာနိုင်ငံ စတော့ရှယ်ယာ ဈေးကွက်ပေါ်ပေါက်ရေး အတွက် အဓိက ဆောင်ရွက်နေသော ကုမ္ပဏီ ဖြစ်ကြောင်း သိရ သည်။ Read More

 
 

ဦးသိန်းစိန် ထိုင်း ရေနက် ဆိပ်ကမ်း လေ့လာ

သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့က ထိုင်း နိုင်ငံ ချွန်ဘူရီ ခရိုင်ရှိ လမ် ချာဘန် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လေ့လာကြောင်း သိရသည်။ ၎င်းသည် ထိုင်း ၀န်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်ထရာ နှင့် တွေ့ဆုံ၍ ကုန်သွယ် စီးပွားရေး ပူးပေါင်းလုပ်ကိုင်မှု ဆိုင် ရာ များ၊ စက်မှုလုပ်ငန်းများ၊ တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ� ��း စီမံကိန်း နှင့် ပတ်သက်သည့် သဘောတူ စာချုပ်များ ချုပ် ဆိုဖွယ်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့ ဖော်ပြထားသည်။ ဦးသိန်စိန် ၏ ၂၂ ရက်နေ့က စတင်သည့် ၃ ရက်ကြာ ထိုင်း ခရီးစဉ်သည် မစ္စ ယင့်လပ် ရှင်နာဝပ်ထရာ ၏ [...] Read More

 
 

ချင်းဝိသေသတိုင်း ဥပဒေ ပြင်ဆင်ရန် ဆွေးနွေး

၁၉၄၇ ခုနှစ် ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင် ဖြည့်စွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ ၌ ကျင်းပသော ယင်းဆွေးနွေးပွဲတွင် အခြားသော ဥပဒေ ဆိုင်ရာများ ကိုလည်း ဆွေးနွေးကြောင်း၊ ဥပဒေများ ကို ခေတ်ကာလနှင့်အညီ ကျင့်သုံးနိုင်ရေး� ��တွက် ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် လွှတ် တော် ဥက္ကဌ ဦးဟောက်ခင်ခမ်း နှင့် မြို့နယ်အလိုက် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြကြောင်း အစိုးရ မြန်မာ့ အလင်း သတင်းစာ က ဖော်ပြသည်။ Read More

 
 

ရိုဟင်ဂျာအရေး EU ဆောင်ရွက်ဖွယ်ရှိ

မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာ လူနည်းစုများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်နေခြင်းများနှင့်ပတ်သက်ပြီး ရပ်တန့်ရေး အတွက် ဥရောပ သမဂ္ဂ(EU)က သံတမန်ရေး နည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားဖွယ် ရှိကြောင်း သိရသည်။ ထို့အပြင် ရိုဟင် ဂျာများအပေါ် အကြမ်းဖက်မှု လုပ်ရပ်များကိုလည်း အနီးကပ် စောင့်ကြည့်နြေေ� �ာင်း EU နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သလင်း အက်ရှ်တန် ၏ ပြောခွင့်ရသူ Michael Mann က ပြောသည်ဟု Todays Zaman အင်တာနက် စာမျက်နှာ သတင်း၌ ဖော်ပြထားသည်။ EU က ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှု အပါအ၀င် မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု တချို့ကို ယခုနှစ် အစောပိုင်းက [...] Read More

 
 

ဦးအောင်မင်းနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများ အပါအ၀င် နိုင်ငံရေးပါတီ ၁၄ ပါတီ နှင့် အစိုးရ မီးရထား ၀န်ကြီး ဦးအောင်မင်းနှင့် စက်မှု ၀န်ကြီး ဦးစိုးသိန်းတိုသည် ယမန်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံကြောင်း သတင်းရသည်။ ဦးခွန်ထွန်းဦး ခေါင်းဆောင်သည့် SNLD ၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချု� ��်၊ တစည ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ကရင်ပြည်သူ့ပါတီ စသည့်ပါတီများ ပါဝင်ကြောင်း၊ လာမည့်အပတ် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံရန်အတွက် အကြိုဆွေးနွေးခြင်း ဖြစ် ကြောင်း ၀န်ကြီး ဦးအောင်မင်း၏ ပြောဆိုချက်ကို ယမန်နေ့က လွတ်လပ်သော အာရှအသံ ရေဒီယိုသတင်းတွင် ထုတ်လွှင့် ထား သည်။ [...] Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။