ပရိတ်သတ်ကြီးလည်း ကိုယ့်အားကိုယ်ကိုးပြီး ဘယ်လိုပါတ်သက်တယ် တွေးခေါ်ကြပေတော့ ။
အာရပ်တွေရဲ့ သဲကန္တာရ မှာ လားကလွဲပြီး ဘယ်ကောင်မှ ကြာရှည်အသုံးမခံဘူး ။ ဒီတော့ ပုံပြင်ထဲမှာလည်း လူတစ်ယောက်က ကန္တာရ
ကိုဖြတ်ဖို့အတွက် လားတစ်ကောင်နဲ့ခရီးဆက်လာသတဲ့ ။ ဒီလိုနဲ့ တစ်နေရာရောက်တော့ သဲမုန်တိုင်းတိုက်ပါလေရော ။ သဲမုန်တိုင်းဆို
တာက စပ်ဖြင်းဖြင်းနဲ့ အလွန်အခံရခက်တဲ့အမျိုးကိုး ။ ဒီတော့ အဲ့လူက သဲမုန်တိုင်းတိုက်နေတုန်း ရွက်ဖျင်တဲလေးထိုးပြီးနေသတဲ့ ။
သူရဲ့ လားကိုတော့ အပြင်မှာထားခဲ့ရတာပေါ့ ။ ခဏကြာတော့ လား က အပြင်ကနေပြောတယ် " သခင်ရယ် သခင်ရယ် အပြင်မှာသဲမုန်
တိုင်းက ပြင်းလွန်းတော့ အလွန်နာကျင်ပါတယ် ၊ ကျနော့် ခေါင်းလေးတော့ အထဲမှာ ခဏထားပါရစေ " ။ ဒီတော့ ဟိုလူကလည်း
လားကို သနားပြီးတော့ သူ့ခမျာ အရမ်းနာကျင်လို့နေမှာ ဆိုပြီး " အေးအေး ခေါင်းလေးတော့ဝင် " လို့ ပြောသတဲ့ ။
ခဏနေတော့ လားက ထပ်ပြောတယ် ။ " သခင်ရယ် သခင်ရယ် အပြင်မှာ မုန်တိုင်းပြင်းလွန်းပါတယ် ကျနော့် လည်ပင်းနဲ့ရှေ့လက်လေး
တော့ ၀င်ပါရစေ " ဆိုတော့ ဟိုလူကလည်း သနားနေဆဲဆိုတော့ ၊အေးအေး လည်ပင်းနဲ့ ရှေ့လက်လေးတော့ဝင် လို့ ပြောသတဲ့ ။
ခဏထပ်ကြာတော့ လားက ပြောပြန်သတဲ့ ။ သခင်ရယ် သခင်ရယ် အခုမှတော့ မထူးတော့ပါဘူး ကျနော့် ခန္တာကိုယ်တခုလုံးဝင်ပါရ
စေတော့ဆိုပြီး အရေးဆိုတော့ ၊ ဟိုလူကလည်း သူ့ခဗျာတော့ နာကျင်လို့ပြောတာနေမှာပဲလေ ဆိုပြီး ။ အေးအေး မထူးပါဘူး
တကိုယ်လုံးသာ ၀င်တော့လို့ပြောသတဲ့ ။
မကြာခင်မှာပဲ လားက မျက်နှာတင်းတင်းနဲ့ပြောလေသတဲ့ ။ သခင် ဒီမှာသခင် ဒီရွက်ဖျင်တဲလေးက ကျဉ်းကျဉ်းလေး ၊ သခင်နဲ့ ကျနော်
နှစ်ယောက်မဆန့်ဘူး ၊ ဒီတော့ သခင်ကပဲ အပြင်ထွက်ပေးလိုက်ပါ တဲ့ ဗျား :D ။
မာဃလုလင်
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။