[aurorageneration] [Richard Aung] ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည် ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောဆို..





ရိုဟင်ဂျာ ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သဘောထားပြောပြီးပြီ၊ ၈၈ခေါင်းဆောင်တွေလည်း ပြောပြီးပြီ.. ကဲ အခုနောက်ဆုံး သမ္မတဦးသိန်းစိန် ကိုယ်တိုင် ရိုဟင်ဂျာအပေါ် သဘောထားကို ပြတ်ပြတ်သားသား ပြောလိုက်ပါပြီ..






သမ္မတဦးသိန်းစိန်မှ ရိုဟင်ဂျာအပေါ် သဘောထားနဲ့ အနာဂတ် ဘင်္ဂလီအရေးကို ဒီလို ပြောလိုက်ပါပြီ





နေပြည်တော် ဇူလိုင် ၁၁





နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံခဲ့ပါသည်။





ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအရေးကိစ္စနှင့် ရခိုင်ပြည်နယ်အရေးကိစ္စ များကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်-





"သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်း လာခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာ အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက် ရှိကြောင်း။"





"နိုင်ငံ တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက် ရှိပါကြောင်း၊ မိမိတိုင်းရင်း သားများကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာ သည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ
ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCRက ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည် ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း
၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်း ဖြစ်ကြောင်း။"




နယ်စပ်ရေးရာဝန်ကြီးအားလည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တိုင်ပင် ညှိနှိုင်းလျက် ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဋ္ဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဋ္ဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးနှင့် ဋ္ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။





နိုင်ငံတော်သမ္မတရုံး Home Pageမှာ အတိအလင်း ဖော်ပြထားပါတယ်..။




--
Posted By Richard Aung to Richard Aung at 7/13/2012 11:39:00 AM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။