[aurorageneration] [Richard Aung] ဒုတိယ သမ္မတ အရည်အချင်း စိစစ်မယ့်အဖွဲ့




May Zaw Khin





ဒီအဖွဲ့က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှ ရွေးချယ် တင်မြှောက်ထားသူဟာ အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိမရှိ စိစစ်ပေးရမယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ တို့အပြင် အခြားအဖွဲ့ဝင် ကိုယ်စားလှယ် ၃ ဦး ပါဝင်မယ်လို့ သိရပါတယ်။


အဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲက ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦး (ပြည်ခိုင်ဖြိုးပါတီ/အထွေထွေအတွင်းရေးမှူး) ကို ထည့်သွင်း ရွေးချယ်လိုက်ကြောင်း သိရပါတယ်။


ဒီအတောအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ကို ရန်ကုန်တိုင်း ဒေသကြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ခန့်အပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။


ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ဟာ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ထောက်ချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။


ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံထားရတဲ့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ နေရာမှာ ၎င်းအား အစားထိုး ခန့်အပ်ဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။




--
Posted By Richard Aung to Richard Aung at 7/13/2012 11:37:00 AM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။