ဖမ်းဆီးခံရသူ (၂) ဦးက မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ရပ်ကွက်ရှိ ဦးကျော်ဝင်း ဆန်စက်ကို သွားရောက်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေ ပဋိပက္ခတွေ ဖြစ်နေတဲ့ကာလမို့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို စပါးကြိတ်မပေးဖို့ ပြောဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဆန်စက်ပိုင်ရှင်က စစ်တပ် အာဏာပိုင်တွေဆီ သွားတိုင်တဲ့အတွက် စစ်တပ်နဲ့ ရဲက လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးထွန်းလှိုင်က RFA ကို ပြောပါတယ်။
ပါတီဒု ဥက္ကဋ္ဌ ဦးအေးမောင်သန်းနဲ့ ပါတီဝင် ဦးဘတင် တို့ကို စစ်တပ်နဲ့ ရဲက နေအိမ်ကနေ ဖမ်းဆီးနေဆဲ ကာလမှာ မြောက်ဦးမြို့လယ်၊ တောင်ရပ်လေးခွဆုံ အနီးမှာ မြို့ခံ လူထု ၃ - ၄ ရာ လောက်က လှုပ်ရွ အုံကြွလာခဲ့ရာ၊ စစ်သား(၂၀)လောက် ရောက်ရှိလာပြီး သေနတ်တွေ အသင့်ပြင်တဲ့ အနေအထားမျိုး ရောက်တော့မှ လူစုကွဲ သွားခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီနောက် မြို့ခံလူစုဟာ မြောက်ဦးမြို့ပြင်မှာ တည်ရှိတဲ့ နာရေးကူညီမှု အသင်းရုံးအနီးမှာ ပြန်လည်စုရုံးခဲ့ကြပြီး ဖမ်းဆီးထားသူ ၂ ဦးကို ထိန်းသိမ်းထားတဲ့ မြို့နယ် ရဲစခန်းရှေ့ကို ဆက်လက် ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဦးအေးမောင်သန်းနဲ့ ဦးဘတင်တို့ကိုတော့ ပါတီတာဝန်ရှိသူတွေ၊ မြို့ပေါ် ရဟန်းသံဃာတွေ၊ မြို့မိမြို့ဖတွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီးနောက် ည ၈ နာရီ ၁၅ မိနစ်မှာ အာဏာပိုင်တွေက ပြန်လွှတ် ပေးခဲ့တယ်လို့ သိရပါတယ်။
--
Posted By Richard Aung to
Richard Aung at 7/13/2012 11:38:00 AM
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/ Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417 Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကို
http://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။