[aurorageneration] [Richard Aung] စိန်ခေါ်မှုကြီးလို့ သမ္မတပြော

7Day News Journal: ဒီမိုကရက်တစ်အလေ့အထများ ကွယ်ပျောက်နေခဲ့သည့် မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲမှုများက စိန်ခေါ်မှုကြီးဖြစ်ဟု သမ္မတပြောကြား ဆီရမ်ရိ ကမ္ဘောဒီယား-ဇူလိုင်-၁၃ ဒီမိုကရက်တစ် အလေ့အထများ ကွယ်ပျောက်နေခဲ့သည့် မြန်မာနိုင်ငံအတွက် လက်ရှိပြုပြင်ပြောင်းလဲမှုများကစိန်ခေါ်မှုကြီးဖြစ်နေကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦသိန်းစိန်က ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိတွင် ပြုလုပ်သည့် အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် ပြောကြားသည့် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားသွားသည်။ အစိုးရသစ် တက်ပြီးချိန်တွင် ပြုပြင်ပြောင်းလဲမှု သုံးရပ်ကို တစ်ပြိုင်တည်းဖော်ဆောင်လျက်ရှိကြောင်း၊ပထမ အပြောင်းလဲမှုအနေဖြင့် ရာစုနှစ်ဝက်ခန့် ကျင်သုံးခဲ့သည့် ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်ကရုန်းထွက်ကာ ရင့်ကျက်ခိုင်မာသည့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေခြင်းဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။ အခြေခံအဆောက်အဦများ အားနည်းခဲ့သည့် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊ လွှတ်တော်အသစ်အပြင် တရားစီရင်ရေးကဏ္ဍကိုပါ ပြုပြင်ပြောင်းလဲရန် လိုအပ်နေဦးမည်ဖြစ်ပြီး ခေတ်သစ်၊ စနစ်သစ်နှင့် ကိုက်ညီခြင်းမရှိတော့သည့် ဥပဒေများအားလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဋ္ဌာန်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ ထို့အပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေသည့် ဗျူရိုကရေစီစနစ်နှင့် အစိုးရ၀န်ထမ်းများ၏ စိတ်ထားများကိုလည်း ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။ အင်န်အယ်လ်ဒီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး မတူညီမှုများဘေးဖယ်ကာ တူညီမှုများကိုလက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်တွင်း ရောက်ရှိနေပြီဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ စာပေ၊ စာနယ်ဇင်းသမားများ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ကာ လက်တွဲခေါ်ဆောင်ခဲ့ကြောင်း သမ္မတက ပြောကြားသွားသည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ သတင်းဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ထိန်းချုပ်ကန့်သတ်မှုများကို ပယ်ဖျက်ပေးခြင်း၊ ပြည်ပရောက်နိုင်ငံသားများ ပြန်လာနိုင်ရန် ဖိတ်ခေါ်ပေးခြင်း၊ စာပေထုတ်ဝေရေး လုပ်ငန်းစဉ်များ အဆင့်ဆင့် လျှော့ချပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး မကြာခင်ကာလတွင်လည်း လွတ်လပ်ပွင့်လင်းသည့် မီဒီယာဖြစ်လာစေရန် ဥပဒေနှင့်အညီ လုပ်ဆောင်ပေးရန် ကတိက၀တ် ပြုထားပြီးဖြစ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။ ထို့အပြင် ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်း မရှိခဲ့သည့် အလုပ်သမားအစည်းအရုံး၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်များအတွက် ဥပဒေများကိုလည်း ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်ဟု ပြောကြားသွားသည်။ ဒုတိယပြုပြင်ပြောင်းလဲမှုအနေဖြင့် နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကိုလည်း ပြီးခဲ့သည့် တစ်နှစ်အတွင်း ပုံစံသစ်၊ ဒိုင်ယာလော့အစစ်အမှန်ဖြင့် စေ့စပ်ညှိနှိုင်းခဲ့သဖြင့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီး၊ အေအိုင်အို၊ ကေအိုင်အေနှင့်လည်း မကြာမီကာလတွင် ငြိမ်းချမ်းရေးအောင်မြင်မည်ဟု မျှော်လင့်ကြောင်း သမ္မတက ပြောကြားခဲ့သည်။ တတိယအနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများစွာကိုလည်း ပြုလုပ်လျက်ရှိပြီး ထိုသို့ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေချိန်တွင် စိန်ခေါ်မှုများ များစွာရင်ဆိုင်ရပြီး အောင်မြင်မှုရရှိရန် အထူးကြိုးစားရကြောင်း ပြောကြားသွားခဲ့သည်။ ယခုကဲ့သို့ ဒီမိုကရေစီ နိုင်ငံသစ်ကို တည်ဆောက်နေချိန်တွင် ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲဖြစ်သဖြင့် အခက်အခဲများစွာ ကြုံတွေ့ရကြောင်း ပြောကြားခဲ့သည်။ သမ္မတ၏ မိန့်ခွန်းနိဂုံးချုပ်တွင် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှုနောက်ကျခဲ့ရကြောင်းနှင့် အာရှတွင် မိတ်ဆွေနိုင်ငံများက အလေးထား အသိအမှတ်ပြုခံရမည့် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားသွားခဲ့သည်။ (Sent via Seesmic http://www.seesmic.com)



--
Posted By Richard Aung to Richard Aung at 7/14/2012 02:04:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။