[aurorageneration] [Richard Aung] လှေပေါ် ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၈ ဦး လွတ်မြောက်





DVB




|

ေနာ်နုိရင်း






ထိုင်းပင်လယ် ငါးဖမ်းလှေပေါ် ရောင်းစားခံထားရတဲ့ မြန်မာအလုပ်သမား ၁၈ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေ ပူးပေါင်းပြီး သွားရောက် ကယ်တင်နိုင်ခဲ့ပါတယ်။


ဘန်ကောက်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာမှာရှိတဲ့ လှေဆိပ်တခုမှာ ငါးဖမ်းစက်လှေပေါ် လုပ်အားခမရဘဲ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့တို့ ပူးပေါင်းပြီး ဇူလိုင် ၂၂ နေ့က ကယ်တင်နိုင်ခဲ့ တာဖြစ်ပါတယ်။


ပြန်လွတ်လာသူတွေထဲမှာ အသက် ၁၄ နဲ့ ၁၅ နှစ်အရွယ် ကလေးတွေပါပြီး ကရင်၊ မွန်နဲ့ ဗမာလူမျိုးတွေဖြစ်တယ်လို့ မြန်မာလူကုန်ကူးခံရသူတွေ လွတ်မြောက်ဖို့ သွားရောက်ကူညီခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။


"အလုပ်သမားတွေက ဗမာ၊ မွန်၊ ကရင်။ အဲထဲမှာ ထူးထူးခြားခြားက အသက် ၁၄ နှစ်အရွယ် ကရင်ကောင်လေးတယောက်နဲ့ ၁၅ နှစ်အရွယ် မွန်ကောင်လေး တယောက်ပါ တွေ့ခဲ့တယ်။ ကရင်ကောင်လေးက သူ့အစ်ကိုမှာ ပတ်စပို့ရှိတဲ့အတွက် ကျန်နေခဲ့တယ်။ လှေမှာတွေ့တာက ၁၈ ယောက်။ ဒါပေမယ့် ၃ ယောက်က ပတ်စပို့ရှိတဲ့အတွက် ထားခဲ့ရတယ်။ တချို့က ဘန်ကောက်ကိုလာတယ်။ တချို့က မဟာချိုင်ကိုလာတယ်။ ကျနော့်ကို အကူအညီတောင်းတဲ့ မင်းမင်းနဲ့ ကိုမောင်မောင်ဆိုတဲ့သူတွေဆိုရင် လက်သမားဆရာတွေ၊ လက်သမားလုပ်ဖို့လာတာ။ လက်သမားလုပ်မယ့်သူတွေဆို လှေပေါ်ရောက်မှ ရောင်းစားခံရမှန်း သိကြတာ။ ကျနော်တို့ ကယ်ထုတ်လာတဲ့ထဲမှာ ကရင်ပြည်နယ်က ကောင်လေး ၄၊ ၅၊ ၆ ယောက်ဆိုရင် ၈ လတောင် ရှိပြီ တရက်မှ လုပ်အားခမရဘဲ လုပ်နေကြရတာ။"


လှေပေါ် ရောင်းစားခံထားရသူတွေ အများစုဟာ ဘုရားသုံးဆူ နယ်စပ်ကနေ တဆင့် ထိုင်းနိုင်ငံကို ရောက်လာကြပြီး အဆင့်ဆင့် ရောင်းစားခံရတာလို့ ဆိုပါတယ်။


ပြန်လွတ်လာသူတွေထဲက တဦးဖြစ်တဲ့ ကိုမောင်မောင်က သူရောင်းစားခံခဲ့ရ ပုံကို အခုလို ရှင်းပြပါတယ်။


"ကျနော်က နာဂစ်ဒေသ ဘိုကလေးကပါ။ ရန်ကုန်မှာ အလုပ်လာလုပ်ရင်းနဲ့ သူငယ်ချင်းတယောက်နဲ့ ဆက်သွယ်မိပြီး သူနဲ့လာတယ်၊ ထိုင်းရောက်တော့ လူကွဲသွားတယ်။ ကျနော်တို့က ထိုင်းကို မော်လမြိုင်ကနေ ဘုရားသုံးဆူ၊ အဲကနေ ထိုင်းကို ကားနဲ့လာခေါ်တာ။ ပတ်စပို့လုပ်ပေးမယ် ၄ သိန်းယူခဲ့ဆိုတော့ ကျနော်က ၃ သိန်းပဲ ရှိတော့ ယူလာပြီးပေးလိုက်တော့ ဘာပတ်စပို့မှလည်း မရောက်ဘူး။ ပင်လယ်နယ်စပ်လေးကို ရောက်သွားတယ်။ ၁ သောင်း ၈ ထောင် အလုပ်လုပ်ပြီး အရင်ချေရမယ်။ ပြီးမှ လုပ်ခပေးမယ်ဆိုပြီးတော့၊ အဲအခြေအနေတွေကိုသိတော့ ကျနော်က သံရုံးက အလုပ်သမားရေးရာကော်မတီက ဦးကျော်ကျော်လွင်ကို ဆက်တယ်။ ဦးကျော်ကျော်လွင်ကနေ ဦးကျော်သောင်းကို ဆက်သွယ်ပြီး ကျနော်နဲ့ အဆက်အသွယ်ရသွားတယ်။ ဒါနဲ့ ဆရာဦးကျော်သောင်း လာ ကယ်ထုတ်သွားနိုင်တယ်။"


ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းကလည်း ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် ၀ါးရားဆင် လှေဆိပ်မှာ လုပ်ခလစားမရဘဲ ခိုင်းစေခံရတဲ့ မြန်မာနိုင်ငံ ၁၁ ဦးကိုလည်း ထိုင်းအလုပ်သမားကူညီရေး အဖွဲ့နဲ့ အာဏာပိုင်တွေက သွားရောက် ကယ်တင်ခဲ့ဖူးပါတယ်။




--
Posted By Richard Aung to Richard Aung at 7/24/2012 01:18:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။