မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံရေးမူကို ဆက်လက်ကျင့်သုံးပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို ထောက်ခံအားပေးသွားမှာ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က မြန်မာပြည်သူတွေကို Facebook ကတဆင့် ဗွီဒီိယို မိန့်ခွန်းနဲ့ နှုတ်ခွန်းဆက်ရင်း အာမခံပြောကြားလိုက်ပါတယ်။
၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူခွင့်ရခဲ့တဲ့သူ တယောက်ဖြစ် သလို၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို နှစ်ပေါင်းများစွာ မျက်မြင် တွေ့ခဲ့ရသူတယောက်အဖြစ် မြန် မာပြည်သူတွေကို Derek Mitchell က နှုတ်ခွန်းဆက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရာစုနှစ် ၂ ခု လက်ခံကျင့်သုံးခဲ့တဲ့ မတူကွဲပြားတဲ့ လူမျိုးတွေဆီကနေ အင်အားကို ရယူဖို့လည်း သံအမတ်ကြီး Derek Mitchell က ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံ ရှေ့ဆက်လျှောက်လှမ်း ရမယ့်လမ်းဟာ မလွယ်ကူတဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ လက်တွဲဖြတ်ကျော် သွားမယ့်အကြောင်း သံအမတ်ကြီး Derek Mitchell က ပြောဆိုသွားပါတယ်။
အမေရိကန်ပြည်ထောင်စုဘက်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် Mr. Derek Mitchell ကို ခန့်အပ် လိုက်သလိုပဲ မြန်မာနိုင်ငံဘက် ကလည်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီးအဖြစ် ဦးသန်းဆွေ ကို ခန့်အပ်မယ့်အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မေလအတွင်း ၀ါရှင်တန်မြို့တော် ကို ရောက်ခဲ့ရတဲ့အချိန်မှာ ပြောဆိုခဲ့ပါတယ်။
--
Posted By Richard Aung to Richard Aung at 7/08/2012 02:47:00 PM --
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။