[aurorageneration] ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု

ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု
-----------------------------------------------------------------------------
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဇူလိုင် ၁ ရက်မှ ၂ ရက်နေ့အထိ
ဒက္ကားမြို့မှာ ကျင်းပနေသည့် အစည်းအဝေးတွင် မြန်မာ့
ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က မြန်မာ့ဘင်္ဂလီများအား လက်ခံရန်
အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလာမှ နိုင်ငံခြားရေးဝန်ကြီး Mijarul Quaves ဦးဆောင်သော အဖွဲ့တို့
ယမန်နေ့က အစည်းအဝေးတွင် မြန်မာ့ဘင်္ဂလီများကို လက်ခံရန် တင်ပြချက်အား
ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့က
လက်ခံအတည်ပြုလိုက်ကြောင်းဖြစ်သည်ဟု Mijarul Quaves ၏
ပြောရဲဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြောရဲဆိုခွင့်ရှိသူက "ဒုက္ခသည်အဖြစ် လက်ခံထားသော ရိုဟင်ဂျာ ၂၈၀၀၀ ဦးရေနဲ့
တရားမ၀င် လက်ခံထားသော ၄၀၀၀၀၀ ကျော်တို့အား လက်ခံဖို့
မြန်မာ့ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့်အဖွဲ့ မနေ့က
အစည်းအဝေးမှာ လက်ခံခဲ့ပါတယ်။"ဟု ဒေသထုတ် ၀ပ်ဆိုင်းတခုက ဖေါ်ပြသည်။

Mujarul Quayesက "မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာသို့ ရောက်လာမည့်ရက်ကို
နောက်ဆုတ်လိုက်ပါပြီ၊ သူက ဇူလိုင် ၁၅-၁၇ ရက်တို့မှာ
လာဖို့အစီအစဉ်ရှိခဲ့ပါတယ်၊ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေကို
သူကိုယ်တိုင်ဦးဆောင်ညွှန်ကြားရမယ် ကိစ္စတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်၊ ဒါက
ဦးမောင်မြင့်တို့က စနေနေ့က တရားဝင် အစည်းအဝေးမှာ ပန်ကြားခဲ့တာပါ။"ဟု
ဆိုသည်။

ထို့ပြင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နစကနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့
(BGB)တို့ လာမည့် ဇူလိုင်လ ၂၂-၂၆ ရက်တို့တွင် အစည်းအဝေး ပြုလုပ်မည့်
ရက်ကိုလည်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်နေမှုနှင့်
ပတ်သက်၍ အရေးပေါ် အခြေအနေများ ထုတ်ပြန်ချက်အား နစကမှ တာဝန်ယူနေရမှုကြောင့်
နောက်ဆုတ်လိုက်ကြောင်း သိရှိရသည်။

ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော အဖွဲ့မှာ ဘင်္ဂလာသို့
ဇွန်လ ၃၀ ရက်နေ့ကတည်းက ကြိုတင်ဆိုက်ရောက်ခဲ့ပြီး ယနေ့ ပြန်မည်ဖြစ်ကြောင်း
သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ဒေသအတွင်း ရာဇ၀တ်မှုဆိုင်ရာ
အကြမ်းဖက်လုပ်ငန်းများကို သောင်းကျန်းလုပ်ဆောင်ပြီး တဘက်နယ်စပ်သို့
ဖြတ်ကျော်ကာ တိမ်းရှောင်နေကြသည့်သူများအား ပူးပေါင်းဖေါ်ထုတ်
အရေးယူနိုင်ရန်အတွက် နှစ်ဘက်သဘောတူ ဥပဒေအရ စာချုပ်များကိုပါ
ချုပ်ဆိုကြမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့ကတည်းက ဖြစ်ပေါ်နေသည့် ပဋိပက္ခကြောင့်
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအတွင်းရေးနှင့် ပြည်သူလူထုများအကြား
မသင်္ခါမှုတချို့ကို ဖြစ်ပေါ်စေသည်ဟု ယူဆနေကြသည်။

RNDP၊ ပြည်ပရခိုင်ပြည် နိုင်ငံရေးအဖွဲ့အစည်းများနှင့်
ရခိုင်ပြည်သူလူထုတခုလုံးက မြန်မာ့မူဆလင် (ဘင်္ဂလီ)များအား ဒေသခံ
ရခိုင်ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်နေသူများဖြစ်ကြောင်း
အရေးယူနေချိန်တွင် ယခုကဲ့သို့ ဘင်္ဂလီဒုက္ခသည်များ လက်ခံရန် ဦးမောင်မြင့်
လက်ခံခဲ့ခြင်းဖြစ်သည်။

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။