ဒုက္ခသည်များ ပြန်ပို့ရေး မရေရာ
မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည်များကို ပြန်လည် လက်ခံရန် မူအားဖြင့်
သဘောတူညီခဲ့သော်လည်း ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေးမှာ
မရေရာ မသေချာဘဲ ဖြစ်နေကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။
ဇူလိုင်လ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ပြုလုပ်ခဲ့သော မြန်မာ-ဘင်္ဂလာ
နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးအဆင့် ပြုလုပ်ခဲ့သော
ဆွေးနွေးပွဲတွင် မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိနေသော မြန်မာ
နိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များကို ပြန်လည် လက်ခံရန် မူအားဖြင့်
သဘောတူညီခဲ့သည်။
အဆိုပါ သဘောတူညီမူ အရ မြန်မာဘက်က ဒုက္ခသည်များကို ပြန်လည် လက်ခံမည်
ဖြစ်သော်လည်း မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေ အထောက်အထား ခိုင်လုံစွာ
တင်ပြနိုင်မှ လက်ခံမည် ဖြစ်ကြောင်း မြန်မာ ကိုယ်စားလှယ်များက
ပြောကြားခဲ့သည်ဟု ဆိုသည်။
၎င်းပြင် လက်ရှိ အခြေအနေတွင် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော ဆူပူ
အကြမ်းဖက်မူများကြောင့် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိနေသော ဒုက္ခသည်များကို
လောလောဆယ်တွင် လက်ခံနိုင်အုံးမည် မဟုတ်ကြောင်း မြန်မာဘက်က
ပြောဆိုခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ အရာရှိများက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိနေသော မြန်မာမှ မွတ်ဆလင် ဒုက္ခသည် အရေအတွက်မှာ
ယူအန် အသိအမှတ်ပြု စခန်း (၂) ခုတွင် ၂၉၀၀၀ ခန့်ရှိပြီး စခန်းပြင်ပတွင်
အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ နေထိုင်သူ သုံးသိန်းခန့်ရှိကြောင်း ဘင်္ဂလာ
အရာရှိများက ပြောသည်။
မြန်မာ အနေဖြင့် ယူအန် အသိအမှတ်ပြု ဒုက္ခသည် ၂၉၀၀၀ထဲက ၉၀၉၅ ဦးကို
မြန်မာနိုင်ငံသားများ ဖြစ်သဖြင့် ပြန်လည် လက်ခံရန် ၂၀၀၅ ခုနှစ်က
သဘောတူညီခဲ့ပြီး ကျန်အထဲမှ ၂၄၁၅ ဦးကိုလည်း ၂၀၀၉ ခုနှစ်တွင်
မြန်မာနိုင်ငံသား ဖြစ်သဖြင့် ပြန်လည် လက်ခံရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ရန် အားနည်းမူကြောင့်
ဒုက္ခသည်များကို ပြန်ပို့နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
မြန်မာ အနေဖြင့် ကျန်ရှိနေသေးသော ဒုက္ခသည်များကို ပြန်လည် လက်ခံရန်
အစည်းအဝေးတိုင်းတွင် ဂတိပြု ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ
ယူဆောင်ခြင်း မရှိကြောင်းသိရသည်။
နာယာပါရာနှင့် ကူတော့ ပလောင် ဒုက္ခသည် စခန်း (၂) ခုတွင် နေထိုင်သူများမှာ
၁၉၉၂ ခုနှစ်ကတည်းကပင် ရောက်ရှိလာခဲ့သူများ ဖြစ်ကြဟု ဆိုသည်။
ယခု ပြုလုပ်သော နှိုင်ငံခြားရေး ဒုဝန်ကြီး အဆင့် ဆွေးနွေးပွဲတွင်
မြန်မာဘက်မှ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်သော ၆
ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ
နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝင် မီဇရုလ် ကွာယက် ဦးဆောင်သော
ကိုယ်စားလှယ် ၉ ဦး အဖွဲ့ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပုံမှန် ဆွေးနွေးနေကျ ဖြစ်သည့် လမ်းတံတား ဖေါက်လုပ်ရေး
ကိစ္စ၊ ကုန်သွယ် မြှင့်တင်ရေး ကိစ္စ၊ ရေကြောင်းလိုင်း လေကြောင်းလိုင်း
ဖွင့်လှစ်ရေး ကိစ္စ၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊
စွမ်းအင်နှင့် ရေအားလျှပ်စစ် ၀ယ်ယူရေး ကိစ္စများကို အဓိကထား
ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။