ူလုပ်သားပြည်သူတွေ ခါးကုန်း..ချွေးပြန်...နံတွေပြိုင်းပြိုင်းထ...
ကြွက်သားတွေလည်း..နာကျင်နေမှ..၀မ်းက..၀..တာ။
မြန်မာဘွဲ့ရပညာတတ်ဆိုတာကြီး...နာမည်က...အလုပ်လုပ်ရာမှာ..
ကိုယ့်ကိုကိုယ်အားနာ..ပြီးရှက်တတ်လာတာကလွဲရင်...
ဘာမှ မြင်သာထင်သာအောင်..ကိုယ့်ကိုကိုယ်အထောက်အကူပြုတယ် မခံစားရပါဘူး။
နွားကျောင်းနေတဲ့ သာဂိ..သတ္တဗေဒ အထူးပြုတောင်..ဘွဲ့ရတာ။
မိဘတွေက သူကျောင်းတတ်တုန်းက ယူထားတဲ့ အကြွေးတွေကျေဖို့...
လယ်စာရင်းငှားရော..ကောက်စိုက်ရော...အလှည့်ချ ခံရတာ..ခုထိတောင်..မကျေသေးဘူး..
ဟာသ မဟုတ်ပါဘူး..အားလုံးလိုလို...ကိုယ့်ဝမ်းနာ..ကိုယ်သာသိ.ဆိုပေမယ့်..
ဒီအပူကလည်း...လူတိုင်းလိုလိုမှာ..ရှိနေတာဘဲမဟုတ်လား။
၁၀ နာရီငြိမ်း...မီးစက်နဲ့ ရွာတွေမှာ..မီးလင်းလာလို့...
ဒီနှစ်..စပါးပေါ်ရင် ဗီဒီယို ၀ယ်မယ် အားခဲထားတာ...
ဆည်ဖောက်ချလိုက်လို့ အခုတော့..အကြွေးတွေတောင်..ဘယ်လိုစပ်ရမလဲ။
ရိုးတော့နေပါပြီ။။
မှတ်မှတ်ရရ...
...မြွေမကြောက်..ကင်းမကြောက်..ညသန်းခေါင်..ဆို..
ပျိုးခင်းလေး..ရေလိုတုန်း..ရေထတန်း..တာ..လျှိုထဲအရောက်..ပိုးထိလို့..
ဆေးခန်းမှာ..ဆေးကုန်တာကြုံ..ဒီလိုနဲ့ ..ဘကြီးအောင်..ဆုံးတော့..အဘိုးကပြောတယ်..
ကံပေါ့ကွယ်တဲ့...။ အဲဒါ ကံမဟုတ်ဘူး..အဘိုးရယ်။...အဲဒါ...စနစ်ပါ။
အဘိုးတို့ကို ယူပြချင်တယ်။လူမရှိတဲ့နေရာက..ကားလမ်းကြီးတွေ..မီးတိုင်ကြီးတွေ...
ရေပန်းကြီးတွေ...ဇိမ်ခံ..အဆောက်အဦးကြီးတွေ...။အဘိုးတို့ ကို လှောင်ရယ်နေသလိုဘဲ။
ရက်စက် မိုက်ရိုင်းတဲ့ လူတစ်စုရဲ့..လက်ညှိုးထိုးသိမ်းပိုက်ထားတဲ့..
ပြည်သူပိုင်တွေပါ ..အဘိုးရယ်။မြင်လိုက်တိုင်း ရင်ဆို့ရပါတယ်။
လူတန်းစားက...တိုင်းသူပြည်သားတွေအပေါ်ခွဲထားလေသလားအဘိုးရယ်။
မိုက်ရိုင်းတတ်သူတွေမှ...ကောင်းစားရမယ်လို့...မြန်မာသမိုင်းမှာ..ကျိန်စာရေးထိုးထားလေသလား။
ငတက်ပြား...ခိုးတာလောက်တော့..တိုင်းပြည်ဝင်ငွေတွေ..ကုန်မသွားလောက်ပါဘူးဗျာ..
တိုင်းပြည်အတွက် ဆိုပြီး အက်ကြောင်းထပ်နေအောင်...ပြောဆိုသံတွေလည်း...
တစ်ပြည်လုံးအယုံအကြည်မရှိတောင်..ကြားကြားနေရသေးတယ်။
ပြည်သူတွေ မျှော်လင့်နေတာက...အာရှကျားမဟုတ်ပါဘူးဗျာ...
အမိုးလုံပြီး..ခါးလှ ၀မ်းဝ ဖို့..လောက်ငရုံပါ။
ကောက်ရိုးပုံ မီးဟပ်မှာ စိုးလို့..ရေနံဆီ
မီးခွက်..မထွန်းချင်ရုံပါ။တစ်နှစ်ထပ်တစ်နှစ်...
သိက္ခာထပ်ထပ်ကျ နေတဲ့ အကြွေးဆပြန်တိုးတွေ..မသေမချင်းမဆပ်ချင်ရုံပါ။
မိဘကိုလည်း ၀အောင်မကြွေးနိုင်...သားသမီးကိုလည်း ၀ အောင်မကျွေးနိုင်...
မိန်းမကိုလည်း လှအောင်မဆင်နိုင်..။
မြန်မာနိုင်ငံတော်ကြီးရဲ့ကျေးဇူးရှင်..တောင်သူလယ်သမားတွေပါ။...
မျက်ရည်စမ်းစမ်း..စမ်းစမ်းနဲ့..စားဝတ်နေရေးအတွက်...နေ့စဉ်နဲ့အမျှ..ပူပန်..
ရုန်းကန်နေရတာ။အရိုးငေါင်းငေါင်းထနေတဲ့လက်ပြင်တွေ...နဲ့..ခေတ်အဆက်ဆက်..
ကျွန်ကြီးတွေအဖြစ်..ခံ..ခံ..လာခဲ့ရတာ။
သုရှင်
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။