သျှမ်းသံတော်ဆင့် |
| ဝ လက်နက်ဂိုဒေါင်၌ မြောက်ကိုးရီးယားလက်နက်မရှိဟု UWSA ပြော Posted: 05 Jul 2012 04:45 AM PDT UWSA ခေါ် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ လက်နက်တိုက်များအတွင်း၌ မြောက်ကိုးရီးယား နိုင်ငံမှ ဝယ်ယူထားသည့် လက်နက်များ လုံးဝ မရှိကြောင်း ဝ ထိပ်ပိုင်း ခေါင်းဆောင်တဦးက ပြောပါသည်။ ![]() ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(ဓါတ်ပုံ- သျှမ်းသံတော်ဆင့်) "သတင်းထွက်နေတဲ့အတိုင်း ကျနော်တို့တပ်ဖွဲ့ကနေ မြောက်ကိုးရီးယားဆီက လက်နက်ဝယ်ယူတယ်ဆိုတာ မဟုတ်ဘူး၊ ကျနော်တို့ ဂိုဒေါင်ထဲမှာ မြောက်ကိုးရီးယားသေနတ်တလက်မှမရှိဘူး။ သေနတ်ဝယ် ဖို့ နေနေ သာသာ မြောက်ကိုးရီးယားနဲ့ဘယ်လိုဆက်သွယ်ရမလဲဆိုတာ တောင်မသိပါဘူး" - ဟု ပန်ဆန်းဌာန ချုပ် အကြီးအကဲတဦးက ပြောပါသည်။ ဂျွန် ၁၁ ရက် ရက်စွဲဖြင့် ထုတ်လွှင့်ခဲ့သော သတင်းအရ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် သည် မြောက်ကိုးရီးယားနိုင်ငံမှ သေနတ်မျိုးစုံ ကွန်တိန်နာ ၄၂ လုံးထက်မနည်းဝယ်ယူခဲ့သည်ဟုဆို၏။ အဆိုပါသတင်းမဟုတ်မှန်ကြောင်း၊ UWSA ၏ လက်နက်ဂိုဒေါင်အတွင်း၌လည်း မြောက်ကိုးရီးယားနိုင်ငံ ထုတ်လက် နက်များ လုံးဝမရှိကြောင်း ငြင်းဆန်ခြင်းဖြစ်ပါသည်။ သို့သော် မည်သည့်နိုင်ငံမှ လက်နက်ဝယ်ယူသည်ဆိုသည်ကိုမူ အဆိုပါအကြီးအကဲကပြောဆိုခြင်းမရှိပါ။ ၀ တပ်ဖွဲ့ လက်နက်အများစုမှာ တရုပ်ပြည်မှ ထုတ်လုပ်သောလက်နက်များဖြစ်ပြီး ၂၀၀၉ ခု နယ်ခြားစောင့် တပ်လုပ်ရန် ဖိအားပေးခံရချိန်တွင် အိမ်နီးချင်းနိုင်ငံများထံမှလည်း ဝယ်ယူရန် ကြိုးစားခဲ့ကြောင်း သတင်း များက ဖော်ပြခဲ့ပါသည်။ မေ ၁၀ - ၁၁ ရက်နေ့ ပြည်ထောင်စုနယ်စပ်ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဌေး သျှမ်းပြည် အရှေ့ ပိုင်းသို့ခရီးထွက်စဉ် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် မိုင်းလားတပ်ဖွဲ့အား အိမ်နီးနားချင်းတိုင်း ပြည်မှ လက်နက် ဝယ်ယူခြင်းမပြုရန်၊ စစ်အင်အားမတိုးချဲ့ရန် ဖိအားပေးထားခဲ့ဖူးသည်။ ထို့အတူမတ်ခ်ျ ၂၈ ရက်နေ့ မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်နိုင်ဝင်းကလည်း ထိုကဲ့သို့ ဖိအားပေးဖူးသည့် အပြင် လက်နက်ယှဉ်ပြီးတိုက်ခိုက်ပါက အပစ်ရပ်တပ်ဖွဲ့များ ဗမာ့တပ်မတော်ကို ယှဉ်နိုင်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုတော် ဗမာ့တပ်မတော်က ခေတ်မှီတိုက်လေယာဉ်များပိုင်ဆိုင်ထားပြီး စစ်မြေပြင်၌ အသုံး ပြုလျှင် ကျိုင်းတုံမှ အသံကြားရချိန် လေယာဉ်မှာ ပန်ဆန်း၌ ဗုံးကျဲနေပြီဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ ဖူးသည် ဟု အပစ်ရပ်ခေါင်းဆောင်များက ပြောပြဖူးပါသည်။ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် မြောက်ကိုးရီးယားထံမှ လက်နက်ဝယ်ယူကြောင်း ဆက်စပ် သတင်းကြည့်ရှုရန် - http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3220-2012-06-11-12-54-12.html |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
