ဒီမိုဝေယံ

ဒီမိုဝေယံ


ပညာရေးဝန်ထမ်းတဦးမှ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ အကြံပြု အိတ်ဖွင့်ပေးစာ..

Posted: 19 Jul 2012 10:44 PM PDT

ပညာရေးဝန်ထမ်းတဦးမှ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ အကြံပြု အိတ်ဖွင့်ပေးစာ..

ယနေ့ကျင်းပ ပြုလုပ်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ..

Posted: 19 Jul 2012 11:19 AM PDT

အာဇာနည်ခေါင်းဆောင်ကြီးများအား တချိန်က တပ်မတော်ရဲ့ အမြင့်ဆုံးရာထူး ရယူခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဘဘဦးတင်ဦးမှ အားမာန်အပြည့်နဲ့ အလေးပြုခဲ့ပါတယ်...။
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား ဘဘဦးတင်ဦးနဲ့ အဖွဲ့ချုပ် လူကြီးများ လွမ်းသူပန်းခွေချ အလေးပြုခဲ့ပါတယ်..။ (AP)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ ဒီမိုကောင်းကင်)
နဝတ၊ နအဖခေတ် တလျှောက်လုံး အာဇာနည် ခေါင်းဆောင်ကြီးများအား မြို့တော်ဝန် အဆင့်လောက်နဲ့သာ တက်ရောက် အလေးပြု လွမ်းသူပန်းခွေ ချခဲ့ပေမယ့်... ယခုနှစ်မှာတော့ (အရပ်ဘက်)မှ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကိုယ်တိုင် တက်ရောက် လွမ်းသူပန်းခွေချ အလေးပြုခဲ့ပါတယ်..။ (ဓာတ်ပုံ ဒီမိုကောင်းကင်)
ဒီလိုမြင်ကွင်းမျိုးတွေ ဒီနှစ်ကစပြီး ပြန်လည်မြင်တွေ့ခွင့် ရလာတော့မှာပါ..

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် မနက်၁၀နာရီ ၃၇မိနစ်အချိန်၌ အဖွဲ့ချုပ်ရုံးရှေ့မှာ ဥသြဆွဲ အလေးပြုခဲ့ကြပါတယ်..။ ယာဉ်ထိန်းရဲ တဦးမှလည်း ဤသို့ ဂုဏ်ပြု အလေးပြုခဲ့ပါတယ်..။ ပြောင်းလဲလာခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ အတူ ယနေ့အချိန် အခါ ယခုနှစ်မှာတော့ အာဇာနည်ခေါင်းဆောင်ကြီးများ အားလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုခွင့် ရရှိလာပြီဖြစ်ပါတယ်..။ (အာဇာနည်မျိုး သေရိုးမရှိ မြန်မာတည်သ၍ ကမ္ဘာတည်သ၍ တည်ရှိနေမှာပါ) AP
 အပြန်အလှန် အသိအမှတ်ပြုကြသည်..

ယနေ့ အာဇာနည်ဗိမ္မာန်သို့ ချီတက်အလေးပြုရန် အဖွဲ့ချုပ်ရုံးရှေ့မှ ချီတက်သွားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီဝင်များအား အဖွဲ့ချုပ် အဖွဲ့ဝင်များမှ လက်ခုပ်သြဘာပေးပြီး ရင်းနှီးချစ်ခင်မှုကို ပြခဲ့သလို ...တစညပါတီဝင်များမှလည်း ပြန်လည် အသိအမှတ်ပြု လက်ပြခဲ့ပါတယ်..။ ဒီလို အသေးအမွှားလေးတွေကနေ အမျိုးသားသွေးစည်း ညီညွတ်မှုကို ပြန်လည်ရယူ ဆောင်ရွက်နိုင်မှာပါ...

အမျိုးသားသွေးစည်း ညီညွတ်ရေးအတွက် အာဃာသတွေ ပေးဖယ်ထားပြီး နိုင်ငံအကျိုးအတွက် ပူးပေါင်း လုပ်ဆောင်နိုင်ပါစေ.. (AP)
နှစ်ပေါင်း (၂၀)ကျော်အတွင်း အမေရိကန်သံအမတ်(ဒဲရစ်မစ်ချဲလ်) အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါဝရပြု (ဒီမိုကောင်းကင်)
သထုံ အဖွဲ့ချုပ်ရဲ့ အာဇာနည်နေ့ အခမ်းအနား.. (ပြည်သူ့ သတင်းထောက်)
ဒဂုံအရှေ့ပိုင်းမှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားနှင့် ၈၈မျိုးဆက်ကျောင်းသားများ.. (မြတ်လေးငုံ)

သတင်း ဓာတ်ပုံများ ပြည်သူ့သတင်းထောက်၊ ဒီမိုကောင်းကင်၊ မြတ်လေးငုံ..

ရခိုင်တိုင်းရင်းသားများကို မေ့မထားတဲ့ San Francisco Bay Area

Posted: 19 Jul 2012 10:11 AM PDT

ရခိုင်တိုင်းရင်းသားများကို မေ့မထားတဲ့
 San Francisco Bay Area
မြန်မာပြည်တွင်းတွင် ဖြစ်ပေါ်လျှက်ရှိသော ရခိုင်ပြည်နယ်ရှိ လူမျိုးရေးပဋိပက္ခကြောင့် အိုးအိမ်များ၊ မိသားစုများ သေကြေပျက်စီးဆုံးရှုံးမှုများကို လူသားချင်းစာနာစိတ်ဖြင့် San Francisco Bay Area Burmese Community မှ မြန်မာလူမျိုးများတို့စုပေါင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ရခိုင် ပြည်နယ် ဒုက္ခသည်များအတွက် ၁၉.၇.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝး၃ဝ) နာရီအချိန်တွင် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် San Francisco Bay Area Burmese Community မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ သိန်း (၁ဝဝ) ကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့သည်။ အခမ်း အနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လှူဒါန်းရခြင်း ရည်ရွယ်ချက်အား San Francisco Bay Area Burmese Community မှ တာဝန်ရှိသူတစ် ဦးမှ ပြောကြားခဲ့ရာတွင် "San Francisco Bay Area တွင် နေထိုင်ကြသော မြန်မာမိသားစုများကလည်း ပြည်တွင်းရှိ ရခိုင်ပြည်နယ်၌ နေထိုင်ကြသော ရခိုင်တိုင်းရင်းသားများကို မေ့မထားကြောင်းနှင့် ယခုလို ဒုက္ခရောက်နေကြသော ပြည်တွင်းရှိ မြန်မာလူမျိုးတိုင်းရင်းသားများကို တတ်နိုင်သည့်ဘက်မှ ကူညီ လှူဒါန်းကြရခြင်းဖြစ်ကြောင်း" ပြောကြားခဲ့ကာ အလှူငွေ သိန်း (၁ဝဝ) ကျပ်တိတိအား ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ ကိုဆောင်းဦးလှိုင်၊ ဦးရဲလွင်တို့လက်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဈာပနပို့ဆောင်ခြင်းရုံးခန်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း၊ သုခအလင်း (စာကြည့်တိုက်)၊ ပညာဒါန သင်တန်းများအား လိုက်လံကြည့်ရှု လေ့လာသွားခဲ့ပါသည်။ လှူဒါန်းမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူသည် ရခိုင်တိုင်းရင်းသားများ ကိုယ်စား အထူးကျေးဇူးတင် သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုခဲ့ပါသည်။