ဒီမိုဝေယံ

ဒီမိုဝေယံ


ယနေ့ ထောက်ကြန့်မြို့နယ်တွင် လယ်မြေအသိမ်းခံရသော တောင်သူလယ်သမားများမှ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

Posted: 15 Jul 2012 06:56 AM PDT

  လယ်ယာမြေ အသိမ်းခံရသော လယ်သမားများ ထောက်ကြံ့မြို့ လမ်းသစ်လမ်းရှိ   မတူကွဲပြား ခြားနားခြင်းပါတီရုံးရှေ့မှ ဆန္ဒဖော်ထုတ်ရန် စတင်ထွက်ခွါလာစဉ်..
မတူကွဲပြား ခြားနားခြင်း ပါတီ ဥက္ကဌ ဦးနေမျိုးဝေမှ ဦးဆောင်နေစဉ်ပုံ(၃)လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်..
မင်္ဂလာဒုံ-စက်မှုဇုန်(၁)၊ သင်္ကန်းကျွန်းကြီးရွာမှ လယ်ယာမြေ အသိမ်းခံရသဖြင့် ဆန္ဒဖော်ထုတ်ရန်အတွက် ချီတက်လာကြသော တောင်သူများ
လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်
ဆန္ဒဖော်ထုတ် ပြသကြသော တောင်သူ လယ်သမားများအား လိုက်လံ စောင့်ရှောက် ပေးနေကြသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ..
လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် တွေ့မြင်ရသော ဆန္ဒဖော်ထုတ်ကြသော တောင်သူလယ်သမားများအား တွေ့မြင်ရစဉ်..
"ဥပဒေနှင့်အညီ လုပ်မှာလား ညှိနှိုင်းဖြေရှင်းမှာလား" ဆိုသည့် ဆိုင်းပုဒ် ကိုင်ဆောင်ကာ ဆန္ဒဖော် ထုတ်နေသော လယ်မြေအသိမ်းခံ တောင်သူလယ်သမားတစ်ဦး
လယ်မြေအသိမ်းခံ တောင်သူလယ်သမားများ လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်း စုဝေးရောက်ရှိ နေကြစဉ်...

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...

Posted: 15 Jul 2012 06:23 AM PDT

လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...။
ဓာတ်ပုံ မူရင်းလင့်ခ် http://www.daylife.com/photo/01jc0fr1Z36jz?__site=daylife&q=Rohingya
We are strongly oppose liar report images.
AP သတင်းဋ္ဌာနရဲ့ ဇူလိုင်လ ၁၃ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား အစ္စလာမ်မစ် Islamic Defenders Front အဖွဲ့မှ ဆန္ဒပြခေါင်းဆောင်နဲ့ အချေအတင် ပြောဆိုနေကြတဲ့ပုံပါ။

ဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ ပုံရဲ့ ညာဘက်ထောင့်မှာ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား နေအိမ်တွေ မီးရှို့ခံရစဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ ၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးအတွင်းက ဗဟန်းကြားတောရလမ်းမှာ လုံထိန်းတွေနဲ့ ထပ်တိုက်ရင်ဆိုင်စဉ်က ပုံကို မဆီမဆိုင် ဘင်္ဂလီရိုဟင်ဂျာများ အကြမ်းဖက် တိုက်ခိုက်ခံရသယောင် ဖော်ပြထားပြီး၊ အနီရောင်နဲ့ ဝိုင်းထားတဲ့ပုံကတော့ ဖေ့စ်ဘွတ်ခ်မှာ ပျံနှံနေတဲ့ (၂၀၀၉ခုနှစ်က ရသေ့တောင်မြို့က ဟုထင်ပါသည်) ရခိုင်အမျိုးသမီးငယ်တဦးအား ဘင်္ဂလီများမှ သတ်ဖြတ်ထားတဲ့ ပုံအား ထင်ယောင်ထင်မှား ဖော်ပြထားသလို ခရမ်းရောင် ဝိုင်းထားတဲ့ ပုံကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က စစ်တွေမြို့ ဗျိုင်းဖြူရွာမှာ ဘင်္ဂလီ အကြမ်းဖက်များရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားများအား စစ်တွေ နာရေးအဖွဲ့ယာဉ်ပေါ်မှာ တင်ထားစဉ် ရိုက်ကူးထားတဲ့ ပုံများအား ဘင်္ဂလီ ရိုဟင်ဂျာများ အကြမ်းဖက်မှုကြောင့် သေဆုံးရသယောင် ဖော်ပြထားပါတယ်..။
တောင်ကုတ်မှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ပုံနဲ့ ယှဉ်တွဲကာ အမှန်နဲ့ အမှားဓာတ်ပုံများအား ယှဉ်တွဲ လုပ်ကြံ ဖော်ပြထားခြင်း ဖြစ်ပါတယ်..။
အဆိုပါ AP သတင်းဋ္ဌာနရဲ့ ဂျကာတာမှ ဆန္ဒပြပွဲ ဓာတ်ပုံများဟာ ပြည်ပက ဘင်္ဂလီ အဖွဲ့အစည်းများမှ လုပ်ကြံဖန်တီး ပေးပို့ထားတဲ့ ပုံများအား အင်ဒိုနီးရှားမှ ဆန္ဒပြသူများမှ အဖြစ်မှန်အား မသိရှိပဲ ကိုင်ဆောင် ဆန္ဒပြနေတယ်လို့ ယူဆရပါတယ်...။

အထက်ပါ AP သတင်းဓာတ်ပုံများဟာ မမှန်မကန် ဖော်ပြထားတဲ့ ပုံတွေ ပါရှိနေတဲ့ အတွက် ပြည်ပ အခြေဆိုက် BBC,VOA,RFA,DVBနဲ့ Irrawaddy သတင်းဋ္ဌာနများမှ မိမိတိုင်းပြည်နဲ့ လူမျိုးအရေးကို ကြည့်ပြီး အမှန်အတိုင်း ပြန်လည် ဖြေရှင်း ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်..။ ဖေ့စ်ဘွတ် ပရိသတ်များ အနေနဲ့လည်း အပြုသဘော ဝေဖန်ရေးသားပြီး English ဘာသာကျွမ်းကျင် သူများမှ ဓာတ်ပုံပါ အဖြစ်မှန်များအား ရေးသားဖော်ပြပြီး သက်ဆိုင်ရာ နိုင်ငံများရှိ အင်ဒိုနီးရှားသံရုံးများသို့ ပေးပို့စေလိုပါတယ်..။ ထို့အပြင် မြန်မာအစိုးရမှလည်း ဓာတ်ပုံပါ အဖြစ်မှန်အား အာဏာပိုင်ချင်း ပေးပို့ဖို့ လိုအပ်ပါလိမ့်မယ်...။

လှုံဆော် ဖော်ပြနေခြင်းမဟုတ်ပါ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အဆိုပါ လိမ်လည် လုပ်ဆောင်ချက်အား ပြန်လည် ဖြေရှင်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်သည်..။ ဆဲဆိုနေသည့် ကွန်မာန့်များ ရေးသားနေမည့် အစား အဖြစ်မှန် သတင်းမှန် အတွက် ပူပေါင်းပါဝင် ကူညီလုပ်ဆောင် ကြပါ..။See More
Photo: လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...။ ဓာတ်ပုံ မူရင်းလင့်ခ် http://www.daylife.com/photo/05V4cBlaPXdl0?__site=daylife&q=Rohingya We are strongly oppose liar report images. AP သတင်းဋ္ဌာနရဲ့ ဇူလိုင်လ ၁၃ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား အစ္စလာမ်မစ် Islamic Defenders Front အဖွဲ့မှ ဆန္ဒပြခေါင်းဆောင်နဲ့ အချေအတင် ပြောဆိုနေကြတဲ့ပုံပါ။ှဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ ပုံရဲ့ ညာဘက်ထောင့်မှာ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား နေအိမ်တွေ မီးရှို့ခံရစဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ ၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးအတွင်းက ဗဟန်းကြားတောရလမ်းမှာ လုံထိန်းတွေနဲ့ ထပ်တိုက်ရင်ဆိုင်စဉ်က ပုံကို မဆီမဆိုင် ဘင်္ဂလီရိုဟင်ဂျာများ အကြမ်းဖက် တိုက်ခိုက်ခံရသယောင် ဖော်ပြထားပြီး၊ အနီရောင်နဲ့ ဝိုင်းထားတဲ့ပုံကတော့ ဖေ့စ်ဘွတ်ခ်မှာ ပျံနှံနေတဲ့ (၂၀၀၉ခုနှစ်က ရသေ့တောင်မြို့က ဟုထင်ပါသည်) ရခိုင်အမျိုးသမီးငယ်တဦးအား ဘင်္ဂလီများမှ သတ်ဖြတ်ထားတဲ့ ပုံအား ထင်ယောင်ထင်မှား ဖော်ပြထားသလို ခရမ်းရောင် ဝိုင်းထားတဲ့ ပုံကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က စစ်တွေမြို့ ဗျိုင်းဖြူရွာမှာ ဘင်္ဂလီ အကြမ်းဖက်များရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားများအား စစ်တွေ နာရေးအဖွဲ့ယာဉ်ပေါ်မှာ တင်ထားစဉ် ရိုက်ကူးထားတဲ့ ပုံများအား ဘင်္ဂလီ ရိုဟင်ဂျာများ အကြမ်းဖက်မှုကြောင့် သေဆုံးရသယောင် ဖော်ပြထားပါတယ်..။ တောင်ကုတ်မှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ပုံနဲ့ ယှဉ်တွဲကာ အမှန်နဲ့ အမှားဓာတ်ပုံများအား ယှဉ်တွဲ လုပ်ကြံ ဖော်ပြထားခြင်း ဖြစ်ပါတယ်..။

အဆိုပါ AP သတင်းဋ္ဌာနရဲ့ ဂျကာတာမှ ဆန္ဒပြပွဲ ဓာတ်ပုံများဟာ ပြည်ပက ဘင်္ဂလီ အဖွဲ့အစည်းများမှ လုပ်ကြံဖန်တီး ပေးပို့ထားတဲ့ ပုံများအား အင်ဒိုနီးရှားမှ ဆန္ဒပြသူများမှ အဖြစ်မှန်အား မသိရှိပဲ ကိုင်ဆောင် ဆန္ဒပြနေတယ်လို့ ယူဆရပါတယ်...။ အထက်ပါ AP သတင်းဓာတ်ပုံများဟာ မမှန်မကန် ဖော်ပြထားတဲ့ ပုံတွေ ပါရှိနေတဲ့ အတွက် ပြည်ပ အခြေဆိုက် BBC,VOA,RFA,DVBနဲ့ Irrawaddy သတင်းဋ္ဌာနများမှ မိမိတိုင်းပြည်နဲ့ လူမျိုးအရေးကို ကြည့်ပြီး အမှန်အတိုင်း ပြန်လည် ဖြေရှင်း ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်..။ ဖေ့စ်ဘွတ် ပရိသတ်များ အနေနဲ့လည်း အပြုသဘော ဝေဖန်ရေးသားပြီး English ဘာသာကျွမ်းကျင် သူများမှ ဓာတ်ပုံပါ အဖြစ်မှန်များအား ရေးသားဖော်ပြပြီး သက်ဆိုင်ရာ နိုင်ငံများရှိ အင်ဒိုနီးရှားသံရုံးများသို့ ပေးပို့စေလိုပါတယ်..။ ထို့အပြင် မြန်မာအစိုးရမှလည်း ဓာတ်ပုံပါ အဖြစ်မှန်အား အာဏာပိုင်ချင်း ပေးပို့ဖို့ လိုအပ်ပါလိမ့်မယ်...။ လှုံဆော် ဖော်ပြနေခြင်းမဟုတ်ပါ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အဆိုပါ လိမ်လည် လုပ်ဆောင်ချက်အား ပြန်လည် ဖြေရှင်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်သည်..။ 

စာဖတ် မိတ်ဆွေများအနေဖြင့် ဆဲဆိုနေသည့် ကွန်မာန့်များ ရေးသားနေမည့် အစား အဖြစ်မှန် သတင်းမှန် အတွက် ပူပေါင်းပါဝင် ကူညီလုပ်ဆောင် ကြပါ..။

ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ဆက်သွယ်မေးမြန်းချက်..

Posted: 14 Jul 2012 08:26 AM PDT

အလယ်သံကျော်ကျေးရွာ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၇) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းရှိ မောရ၀တီကျေးရွာမှ ဒုက္ခသည်များကို ဖြေသိမ့်နှစ်သိမ့်ပေးစဉ်။ (ဇူလိုင် ၁၂ရက်၊ ညနေ ၅း၀၀ နာရီ)
88 Generation Students ဖေ့စ်ဘွတ်ခ်
အလယ်သံကျော်ကျေးရွာ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၇) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းသို့ ငွေကြေးနှင့် ပစ္စည်းများလှူဒါန်းစဉ်။ (ဇူလိုင် ၁၂ရက်၊ ညနေ ၅း၁၀ နာရီ)
 ရခိုင်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇူလိုင်လ ၁၃ ရက် ) နံနက် ၇း၀၀နာရီတွင် မြန်မာနိုင်ငံ၏ အနောက်ဘက်စွန်းရှိ မြန်မာ - ဘင်္ဂလားရှေ့ နှစ်နိုင်ငံ နယ်စပ်စည်းရိုးသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ကြသည်။