သစ်ထူးလွင် |
- ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း ဒီကနေ့ လွှတ်တော်နားချိန်မှာ ဆွေးနွေး
- ထန်းခြောက်ပင်ကွေ့ မှာ အိမ်ခြေ ၂၉ လုံး ဖျက်ဆီးခံရ
- စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်
- မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိသော ဘင်္ဂလီများအား လဝကပုဒ်မဖြင့် အရေးယူမည်
- နိုင်ငံတော် အလံကို စစ်တွေမြို့တွင် ၉ရက်ကြာ လွှင့်ထူမည်
- အိန္ဒိယ အာသံပြည်နယ် ဒေသခံနှင့် အခြေချ ဘင်္ဂလီများ၏ အဓိဂရုဏ်း လူပေါင်း ၁၈ ဦးသေဆုံး
- ဇူလိုင်လ (၁၉)ရက်နေ့ ထုတ် Popular News Journal အတွဲ(၄)၊ အမှတ်(၂၈)
- လွှတ်တော် အစည်းဝေး ၁၂ ရက်မြောက်နေ့ တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား တွေ့ ရစဉ် (ဓါတ်ပုံ)
- သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၈)နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ဘွယ်ကျင်းပ
- ကျောင်းဆောင်ပြိုကျ၍ ကျောင်းသူ၊သား ၃၀ဦး ဒဏ်ရာရ
- ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် The Voice Journal Vol 8/ No 31
- ဇူလိုင်လ ၂၃ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၂
- ဇူလိုင်လ (၂၃) ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၄
- မုံရွာမြို့ အထက်တန်းကျောင်း ၀ရန်တာပြိုကျ၊ ကျောင်းသူများ ဒဏ်ရာရ
- သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး
- သမ္မကြီးဦးသိန်းစိန် ထိုင်းဝန်ကြီးချုပ်နှင့် သီးသန့်တွေ့ဆုံမည်
- ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ်
- တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက် ထိုးနှက်မှုများ အဖြစ်သို့ ရောက်ရှိ လာသော ခြိမ်းခြောက် မှုများ
- HIV ဝေဒနာရှင်တွေ ခရီးသွားခွင့်ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာတောင်းဆို
- နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး ပြောဆို
- တည်ဆောက်ပြီးတစ်နှစ်ခန့် အထိ မဖွင့်ရသေးတဲ့ စာကြည့်တိုက်
- ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
- နယ်မြေအေးချမ်းမှု မရှိခြင်းကို အခွင့်ကောင်းယူပြီး မှောင်ခိုကားများ တခောတ်ထနေ
- ရေစကြိုမြို့က စာပေဟော ပြောပွဲကို မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပနိုင်ခဲ့
- အာဇာနည်နေ့ သတင်းမပို့ တဲ့ အုပ်ချုပ်ရေးမှူး အရေးယူခံရ
| ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း ဒီကနေ့ လွှတ်တော်နားချိန်မှာ ဆွေးနွေး Posted: 23 Jul 2012 07:05 AM PDT အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဒီကနေ့ လွှတ်တော် ခေတ္တရပ်နားချိန်မှာ တနာရီ နီးပါး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အသေးစိတ်ကို မသိရပေမယ့် အလုပ်သဘော ကိစ္စ ဆွေးနွေးကြတာ ဖြစ်ကြောင်း NLD ပြောခွင့်ရသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့တဲ့ အဆိုဖြစ်တဲ့ "တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ" မူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ရှိတယ် လို့လည်း သိရပါတယ်။ ဒီ အဆိုတင်သွင်းချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပေးဖို့ တောင်းဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီတွေရဲ့ သဘောထားကို သိလိုတဲ့ အတွက် လွှတ်တော်ပြင်ပက တိုင်းရင်းသားပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ တယ်လို့လည်း သိရပါတယ်။ RFA Burmese
| ||||
| ထန်းခြောက်ပင်ကွေ့ မှာ အိမ်ခြေ ၂၉ လုံး ဖျက်ဆီးခံရ Posted: 23 Jul 2012 07:02 AM PDT ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ကွေ့ ကျေးရွာက အိမ်ခြေ ၂၉ လုံးကို နယ်မြေခံ ရဲနဲ့ စည်ပင်ဌာန ဝန်ထမ်းတွေက ဒီကနေ့ မနက် လင်းအားကြီး ၃ နာရီမှာ ဖျက်ဆီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကတည်းက ရှိခဲ့တဲ့ ဒီအိမ်တွေဟာ သချိုင်းမြေနေရာ မှာ ပါဝင်တယ် ဆိုပြီး အခုလို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ အိမ်တွေ ဖျက်ဆီးခံရတဲ့ နေရာကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရွှေညဝါ ဆရာတော် သွားရောက်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စတဲ့ အစားအသောက်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အခုလို ဖျက်ဆီးလိုက်တဲ့အတွက် လူပေါင်း ၁၃ဝ လောက် အိုးမဲ့အိမ်မဲ့ြ ဖစ်ခဲ့ရပြီး အဲဒီထဲက တချို့ဟာ ညအိပ်ဖို့ အခက်အခဲ တွေ့နေကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။ အိမ် အဖျက်ခံရသူတွေရဲ့ အဆိုအရ ဒီနေရာမှာ နေထိုင်ခွင့်ရဖို့နဲ့ တရားဝင် အိမ်ထောင်စု စာရင်းတွေရရှိဖို့ အတွက် သက်ဆိုင်ရာကို အခွန်ငွေ ၅ သောင်း ပေးဆောင်ထားရတယ်လို့ သိရပါတယ်။ RFA Burmese | ||||
| စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော် Posted: 23 Jul 2012 06:58 AM PDT စစ်ကိုင်းမြို့ (၅)ထပ်ကြီးဘုရားအနီး ဘော်ဂါရပ်ကွက်များရှိ ဆင်များရှင်ကျောက်မျက်ဈေးမှ ဈေးသူဈေးသား (၁၀၀)၀န်းကျင်က အချက်(၃)ချက်အား ယနေ့နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ ဆန္ဒပြတောင်းဆိုသည့်နေရာတွင် ရဲနှင့် လုံခြုံရေး(၅၀)၀န်းကျင်ချထားကြောင်းနှင့် ဆန္ဒထုတ်ဖော်ခွင့်ရရှိပြီးသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းကိုလည်း ဆန္ဒပြသူများက ဆိုသည်။ ကျောက်မျက် ဈေးတွင်စစ်ကိုင်းမြို့လမ်းဘေးကျောက်ဝိုင်းလုပ်ကိုင်ကြသူများအား ရွှေ့ပြောင်းခိုင်းသူများ ပါဝင်ရောင်းချနေသော ဈေးဖြစ်၍ ယခင်လမ်းဘေးဝိုင်းများတွင် ရောင်းချစဉ်ကလောက် မရောင်းရသော ဈေးသူဈေးသားများက ယခုကဲ့သို့ ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်သည်။ 'ဒီဈေးကိုအရင်က လမ်းဘေးကျောက်ဝိုင်းရောင်းချမှုက မသင့်တော်လို့ ပြောင်းရွေ့လာတဲ့သူတွေ ဖွင့်လှစ်ရောင်းချနေတဲ့ဈေးပါ၊ အရင်ကလောက် အရောင်းအ၀ယ်မဖြစ်လို့ အချက်(၃)ချက် တောင်းဆို ကြတာပါ"ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဆင်များရှင်ကျောက်မျက်ဈေး က ဈေးသည်တစ်ဦးက ပြောသည်။ ၄င်းတို့ တောင်းဆိုနေကြသည့်အချက်များမှာ ဆင်များရှင်ဈေးအား စည်ပင်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေး၊ အချောထည်ဈေးကွက် တည်ငြိမ်စေရေးနှင့် ၀န်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတမှ သတ်မှတ်ထားသည့် ဈေးအတွင်းသာ ရောင်းချနိုင်ရေး စသည့်အချက်များဖြစ်သည်၊ မင်းမင်းလတ်-မန္တလေး(မြစ်မခ) by Myit Makha Mediagroup | ||||
| မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိသော ဘင်္ဂလီများအား လဝကပုဒ်မဖြင့် အရေးယူမည် Posted: 23 Jul 2012 06:57 AM PDT ရခိုင်ပြည်နယ် မေယုမြစ်အနောက်တောင်ဘက် မြန်မာ့ရေပိုင်နက်သို့ဖြတ်သန်းလာသည့် စက်လှေတစ်စီးအား ယခုလ ၂၀ရက်နေ့က ရေတပ်မှဖမ်းဆီးရမိခဲ့ရာ စက်လှေတွင်ပါဝင်သူများကို လဝက ပုဒ်မဖြင့် အရေးယူမည်ဟု သိရှိရသည်။ "သူတို့ကို စစ်ဆေးတဲ့အခါ ၊ မြန်မာနိုင်ငံက ဘင်္ဂလီတွေဖြစ်နေတယ်၊ သူတို့မှာအထောက်အထားတွေကမသဲကွဲဘူး ။ နောက် ကပ္ပတိန်ကထိုင်းကဆိုပေမယ့် ထိုင်းနိုင်ငံတောင်းပိုင်းကမူဆလင်ပါ။ ကျန်တဲ့သူတွေကတော့ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေလို့ ယူဆလို့ရပါတယ်။ "ဟု အမည်မဖော်လိုသူ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ စက်လှေတွင် ထိုင်နိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံက (၈)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉၁)ဦး ပါဝင် ကြောင်း သိရသည်။ ၄င်း စက်လှေမှာ မေယုတောင်တန်း မြန်မာရေပိုင်နက်တွင် ဖဖ်းဆီးခံရခြင်းဖြစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံက မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်ထွက်ခွာနေချိန်တွင် ယခုကဲ့သို့ ဖဖ်းဆီးရမိခြင်းဖြစ်သည်။ "သူတို့ကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်ပုဒ်မ ၁၃(၁) အရ အရေးယူမှာပါ''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက မြစ်မခမီဒီယာနှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် ၄င်းတို့အား စစ်တွေအကျည်းထောင်တွင် ထိန်းသိမ်းထားကြောင်းကိုလည်း သိရှိရသည်။ မိုးဝေ- ရခိုင်ပြည်နယ် (မြစ်မခ) by Myit Makha Mediagroup | ||||
| နိုင်ငံတော် အလံကို စစ်တွေမြို့တွင် ၉ရက်ကြာ လွှင့်ထူမည် Posted: 23 Jul 2012 06:54 AM PDT စစ်တွေ တစ်မြို့လုံးရှိ နေရာ အနှံ့အပြားတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ၉ ရက်ကြာ လွှင့်ထူသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ယခုကဲ့သို့ နိုင်ငံတော် အလံကို စစ်တွေမြို့ (၉) ရက်ကြာ လွှင့်ထူသွားမည့် အစီအစဉ်ကို ရတပ ဗဟို ကော်မီတီဝင် ခိုင်ကောင်းစံက ယခုလို ပြောသည်။ " ဇူလိုင်လ ၁၁ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်က UNHCR မင်းကြီး Antonio Guterres ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံသား မဟုတ်ကြောင်းကို မြန်မာတိုင်းရင်းသားတွေ ဘက်မှ ပြတ်သားစွာ ရပ်တည် ပြောဆိုခဲ့မှုအပေါ် ဂုဏ်ပြုတဲ့ အနေနဲ့ စစ်တွေ မြို့အနှံ့ အပြားမှာ နိုင်ငံတော်အလံကို ၉ ရက်ကြာ လွှင့်ထူသွားမှ ဖြစ်ပါတယ်" ဟု ပြောသည်။ နိုင်ငံတော် အလံအား ဆိုက်ကား၊ သုံးဘီး၊ ဆိုင်ကယ် အများအပါအ၀င် နေရာတိုင်းတွင် ယခုအခါ ချိတ်ဆွဲ လွှင့်ထူထားကြသည်ဟု သူက ပြောသည်။ " အခု သုံးဘီးတွေ၊ မော်တော် ကားတွေ၊ မော်တော်ဘုတ်တွေ အကုန်လုံးမှာ လွှင့်ထူထားပါတယ်။ အိမ်တွေ၊ လမ်းတွေမှာလည်း လွှင့်ထူတားကြပါတယ်။ စစ်တွေမြို့ပေါ်က မင်းဗာကြီးလမ်း၊ လမ်းမကြီး တလျှောက်ပါဘဲ။ သမ္မတကြီးရဲ့ ရပ်တည်ချက်နဲ့ ရဲရင့်ပြတ်သားတဲ့ ပြောကြားချက်ကို ရခိုင် တစ်မျိုး သားလုံးက အပြည့်အ၀ ထောက်ခံတဲ့ အနေနဲ့ နိုင်ငံတော် အလံကို လွှင့်ထူထားကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။ ယခုအခါ နိုင်ငံတော်အလံကို သမ္မတကြီး ပြောကြားချက်ကို ထောက်ခံသော အနေဖြင့် စစ်တွေမြို့တွင် သာမက ရခိုင်တစ်ပြည်နယ်လုံး မြို့ရော၊ တောပါ မကျန် လွှင့်ထူရန် လူပ်ရှားသူများက ကြိုးစား ဆောင်ရွက်နေကြောင်း သိရသည်။ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦးနဲ့တ တခြားမြို့များတွင်လည်း လူမှုရေး အသင်းအဖွဲ့များက အဆိုပါ လူပ်ရှားမူကို ထောက်ခံသော အနေဖြင့် နိုင်ငံတော် အလံများကို စတင် လွှင့်ထူနေကြပြီ ဖြစ်ကြောင်း ကိုခိုင်ကောင်းစံက ပြောသည်။ ၎င်းအပြင် သဲတပွင့် အမည်ဖြင့် ရေးသားထားသော ကျေညာချက် တစ်စောင်ကိုလည်း စစ်တွေမြို့ တွင် လိုက်လံ ဖြန့်ဝေနေကြသည်ဟု သိရသည်။ ကျေညာချက်ထဲတွင် နိုင်ငံတော် အလံလွှင့်ထူရခြင်း ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ရေးသား ဖေါ်ပြထားသည်။ နံပါတ် (၁) သမ္မတဦးသိန်းစိန်အား ရခိုင်လူမျိုးများမှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်းပြသခြင်း၊ (၂) သမ္မတ ကြီး၏ ပြောစကားကို ရခိုင်လူမျိုးမှ ထောက်ခံကြောင်း ပြသခြင်း၊ (၃) ဘင်္ဂလီများ အရေး ကိစ္စတွင် သမ္မ ကြီးနောက်မှ ရခိုင်လူမျိုးများ ရှိကြောင်းပြသခြင်း၊ (၄) သမ္မတကြီး ပြောစကားကို ကန့်ကွက်၊ ဆန့်ကျင်၊ မ ထောက်ခံသော အဖွဲ့အစည်းများအား ရခိုင်လူမျိုးများက ပြန်လည် ကန့် ကွက်၊ ဆန့်ကျင်၊ မထောက်ခံကြောင်း ပြသခြင်း၊ (၅) သမ္မတကြီး ပြောစကားကို လက်တွေ့ အကောင် အထည် ဖေါ်ဆောင်ရွက်မည့် တပ်မတော်၊ ရဲ၊ နစက၊ လ၀ကနှင့် တခြားသော ၀န်ထမ်းများနှင့် တကွ ရခိုင်ပြည်သူ တစ်ရပ်လုံးမှ မှန်ကန်စွာ လက်တွဲပူးပေါင်း ဆောင်ရွက် မည်ကို ပြသခြင်းတို့ ဖြစ်သည် ဟု ရေးသားထားသည်။ ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန | ||||
| အိန္ဒိယ အာသံပြည်နယ် ဒေသခံနှင့် အခြေချ ဘင်္ဂလီများ၏ အဓိဂရုဏ်း လူပေါင်း ၁၈ ဦးသေဆုံး Posted: 23 Jul 2012 06:52 AM PDT လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပတိပက္ခ အတွင်း လူပေါင်း ၁၈ ဦးသေဆုံး ပြီးနောက် ဝေးကွာလွန်းတဲ့ အာသံပြည်နယ် အတွင်းက ထောင်ပေါင်း မြောက်များစွာသော လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒီကနေ့ အေပီ သတင်း တစ်ပုဒ်မှာ ဖေါ်ပြ ထားပါတယ်။ အခုအချိန်ထိ ပျောက်ဆုံးနေသူ ၁၀ ဦးရှိကြောင်းနဲ့ တိုက်ခိုက်မူတွေဟာ မြေယာပိုင်ဆိုင်မူ အငြင်းပွားရာကနေ ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ မွတ်ဆလင် အခြေချ နေထိုင်သူတွေ အကြားမှာ ဖြစ်ပွားတာ ဖြစ်တယ်လို့ အိန္ဒိယ အာသံပြည်နယ် ပုလိပ်မင်းကြီး J.N. Choudhury ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။ အခု အဓိဂရုဏ်း ဖြစ်နေတဲ့ နေရာဟာ အာသံပြည်နယ် အနောက်ပိုင်း ကိုကြာဂျဟာ ခရိုင် (Kokrajhar district) အတွင်းမှာ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ အခုအခါ အဓိဂရုဏ်းဟာ အနီးအနားက ခရိုင်နှစ်ခုမှာ ဆက်လက် ကူးစက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အဓိဂရုဏ်းအတွင်း ဓါးခုတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို တောထဲ နေရာ တချို့နဲ့ ကားလမ်း ဘေး၊ မြစ်ကမ်းဘေးတွေမှာ ရဲတွေက ရှာဖွေတွေ့တယ်လို့ ပြောပါတယ်။ အခုအခါ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးလာကြတဲ့ လူပေါင်း ၃၀၀၀၀ ခန့်ရှိပြီး သူတို့တွေ အတွက် ကယ်ဆယ်ရေး စခန်း (၆) ခုခန့်ကို ဖွင့်လှစ် ထားတယ်လို့ ပြောပါတယ်။ အခုအခါ အိန္ဒိယ အစိုးရက အဲဒီ ဒေသမှာ ကာဖျူး ထုတ်လိုက်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ အဲဒီဒေသကို စစ်တပ်တွေ စေလွှတ်ထားလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယ နိုင်ငံ အာသံပြည်နယ်က ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ အခြေချနေထိုင်သူတွေအကြား အပြန်အလှန် ကွက်တိ ကွက်ကျား တိုက်ခိုက်မူတွေနဲ့ အတူ အိမ်မီးရှို့မူတွေကတော့ ၁၉၉၀ ခုနှစ်ကတည်းက ဖြစ်ပွားနေခဲ့တယ်လို့ ပြောပါတယ်။ မြေယာ ခိုးယူ ပိုင်ဆိုင်မူ အငြင်းပွားမူတွေကြောင့် ဒေသခံ ဘိုရိုတွေနဲ့ ထောင်ပေါင်းများစွာသော အရှေ့ပါကိစ္စတန် လက်ထက် ( ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး မတိုင်မီ) ကတည်းက အခြေချနေထိုင်သူ ဘင်္ဂလီတွေအကြားမှာ အမြဲတန်းလိုလို ဆူပွက်မူတွေနဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။ နောက်သတင်း တစ်ခုမှာတော့ မွတ်ဆလင် ကျောင်းသားခေါင်းဆောင်နှစ်ဦး တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ မွတ်ဆလင်တွေက ဘိုရို လွတ်မြောက်ရေး ကျားအဖွဲ့က လူ ၄ ဦးကို ပြန်လည် တိုက်ခိုက်ရာကနေ အခု အဓိဂရုဏ်း စတင် ဖြစ်ပွားလာတယ်လို့ ပြောပါတယ်။ နိရဉ္စရာ သတင်းဌာန | ||||
| ဇူလိုင်လ (၁၉)ရက်နေ့ ထုတ် Popular News Journal အတွဲ(၄)၊ အမှတ်(၂၈) Posted: 23 Jul 2012 06:30 AM PDT | ||||
| လွှတ်တော် အစည်းဝေး ၁၂ ရက်မြောက်နေ့ တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား တွေ့ ရစဉ် (ဓါတ်ပုံ) Posted: 23 Jul 2012 06:18 AM PDT | ||||
| သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၈)နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ဘွယ်ကျင်းပ Posted: 23 Jul 2012 06:12 AM PDT မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ကဏ္ဍစုံမှ ပါဝင်ဆောင်ရွက် ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၈)နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ဘွယ် အခမ်းအနားကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၁၀ နာရီက တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့သည်။ ထိုအခမ်းအနားကို နိုင်ငံရေးပါတီအသီးသီးမှ ပါတီခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ အပါအ၀င် လူလေးရာကျော်ခန့် တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု၍ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး တိုတ်ပွဲများနှင့် ဒီမိုကရေစီတိုတ်ပွဲအဆက်ဆက်တွင် ကျဆုံးသွားသူများ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ပြီး ခေတ္တရာ တမာချို အဖွဲ့မှ ငြိမ်းချမ်းရေးတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် ဆရာမ ဒေါ်ခင်ဆွေဦး နှင့် ဒီလှိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ ဆရာဖျာပုံနီလုံဦး တို့မှ ဆရာဒဂုန်တာရာ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ပြီး ဟံသာဝတီ ဦးဝင်းတင်၊ ပြည်သူ့တိုးတက်ရေးပါတီအတွင်းရေးမှူးဟောင်း ဦးလှရွှေ၊ မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင် ဦးသန်းလင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် နှင့် ဗကသ များအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုတို့မှ အမှတ်တရစကားများ ပြောကြားခဲ့သည်။ Popular Myanmar News Journal | ||||
| ကျောင်းဆောင်ပြိုကျ၍ ကျောင်းသူ၊သား ၃၀ဦး ဒဏ်ရာရ Posted: 23 Jul 2012 06:06 AM PDT သက်ပြည့် ပင်စင်ယူမည့် ကျောင်းအုပ် ဆရာကြီးကိုနှုတ် ဆက်စဉ် ကျောင်းဆောင် ပြိုကျ၍ ကျောင်းသူ၊ သား ၃၀ဦး ဒဏ်ရာရ မုံရွာ- ဇူလိုင် ၂၃ မုံရွာမြို့ ၊ဒေါနခြံရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးဝင်းဖေသည် ပင်စင်(သက်ပြည့်) ယူမည်ဖြစ် သဖြင့် ကျောင်းသားကျောင်းသူ များနှင့်ဆရာဆရာမများ ကျောင်းအုပ်ဆရာကြီးရုံးခန်းသို့အသွား ပင်မဆောင် အနောက် ထိပ်န၀မတန်းအဆောင်ရှေ့အရောက်တွင်ကျောင်းဝရံတာပြိုကျသဖြင့်ကျောင်းသား ကျောင်းသူ(၃၀)ခန့်နှင့်ကျောင်းဆရာတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရသည်။ "ပုံမှန်ရက်တွေမှာဒီဝရံတာကလူအများသွားလာတာမရှိပါဘူး။ဒီနေ့ကျောင်းအုပ်ဆရာ ကြီးနှုတ်ဆက်ဖို့ကျောင်းသားကျောင်းသူတွေအသွားများတော့ပြိုကျသွားတယ်။ဝရံတာ မှာခြပုန်းတွေတက်နေတာကြာပြီဆိုတော့ဆွေးမြေ့ပြီးပြိုကျသွားတာပါ။ ထိခိုက်ဒဏ်ရာရတဲ့ကျောင်းသားကျောင်းသူတွေအားလုံးဆေးဝါးကုသမှုခံယူနေပါ တယ်"ဟုအ.ထ.က(၂) မှကျောင်းဆရာမတစ်ဦးကပြောသည်။ အဆိုပါပင်မကျောင်းဆောင်ဝရံတာပြိုကျပျက်စီးမှုကြောင့်ကျောင်းဆရာတစ်ဦးနှင့် ကျောင်းသားကျောင်းသူ၃၀ခန့်ဒဏ်ရာရရှိပြီးမုံရွာပြည်သူ့ဆေးရုံကြီးတွင်းအတွင်း လူနာအဖြစ်ကျောင်းသားကျောင်းသူ(၂၉)ဦးပြင်ပလူနာ အဖြစ်(၂)ဦးဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသတင်းရရှိပါသည်။ မုံရွာမြို့တွင် အထက်တန်းကျောင်း ၃ကျောင်းရှိပြီး အထက ၂သည် ဒေါနခြံရပ်ကွက်၊ မုံရွာပြည်သူ့ဆေးရုံကြီး ဘေးကပ်လျှက်တွင် တည်ရှိသည်။ ဓာတ်ပုံ- မျိုးမင်းဦး 7Day News Journal | ||||
| ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် The Voice Journal Vol 8/ No 31 Posted: 23 Jul 2012 05:55 AM PDT | ||||
| ဇူလိုင်လ ၂၃ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၂ Posted: 23 Jul 2012 05:49 AM PDT | ||||
| ဇူလိုင်လ (၂၃) ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၄ Posted: 23 Jul 2012 05:58 AM PDT | ||||
| မုံရွာမြို့ အထက်တန်းကျောင်း ၀ရန်တာပြိုကျ၊ ကျောင်းသူများ ဒဏ်ရာရ Posted: 23 Jul 2012 05:26 AM PDT စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ အထက်တန်းကျောင်းမှာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲလာက်က န၀မတန်း ကျောင်းဆောင်အပေါ်ထပ် ၀ရန်တာ ပြိုကျရာမှာ ကျောင်းသူ ၂၀ ကျော်ဒဏ်ရာရသွား ပါတယ်။ လတ်တလော ကျောင်းသူ ၂၀ ဒဏ်ရာနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပြီး ၁ ဦး အခြေအနေ စိုးရိမ်ရတယ်လို့ အထက ၂ ကျောင်း ဆရာမတဦးက ပြောပါတယ်။ "ကျောင်းမှာ ကော်ရစ်ဒါပြိုကျတာ၊ ၉ တန်း ကလေး ၂၀ လောက် ဆေးရုံတင်ထားရတယ်။ မစိုးရိမ်ရ ဘူး။ တယောက်ကတော့ သတိမရသေးဘူး။" မကြာခင် ပင်စင်ယူဖို့ ရှိတဲ့ ကျောင်းဆရာကြီးကို နှုတ်ဆက်ပွဲလုပ် ကန်တော့ဖို့ ကျောင်းသားတွေ အလာမှာ ခုလို မတော်တဆ ဖြစ်ပွားခဲ့တာလို့လည်း ပြောပါတယ်။ "ဆရာကြီးကို ကန်တော့ဖို့ တန်းစီပြီး ကလေးတွေလာကြတာ၊ အခန်းက 1A ခန်းနဲ့ D ခန်းကများ တယ်။ ယက်မလိုဟာ ကွာပြီး ဗြိခနဲ အသံကြားပြီး ပြုတ်ကျတော့ ကလေးတွေ က ကြောက်ပြီး တောင်ဘက် တိုးတော့ တောင်ဘက်က ကာထားတဲ့ ၀ရန်တာပါ ပြုတ်ကျသွားတာ။" ၁၀ ပေကျော်လောက်မြင့်တဲ့ သစ်သားပျဉ်ခင်း ၀ရန်တာဟာ အုတ်ခံကျောင်းဆောင်မှာ ကပ်ရိုက်ထားတဲ့ ယက်မသစ်သားတန်း ကွာကျတဲ့အတွက် ခုလို ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရ ကုန်တာဖြစ်ပြီး ဆရာမ တဦးလည်း ခြေထောက်မှာ ထိခိုက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ by ပီတာအောင် - ဒီဗွီဘီ | ||||
| သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး Posted: 22 Jul 2012 11:42 PM PDT ရန်ကုန်တိုင်း၊ သန်လျင်ရဲစခန်းတွင် မသင်္ကာမှုဖြင့် ချုပ်နှောင်ထားသည့် အချုပ်သား နှစ်ဦး အချုပ်ခန်း အမိုးဖောက်ကာ ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ မှုခင်းစာရင်း ပြုစုရေးဌာနမှ ရဲအုပ် ဒေါ်သီသီမြင့်က ပြောသည်။ သန်လျင်ရဲစခန်း အချုပ်ခန်းအမှတ် (၂) တွင် ချုပ်နှောင်ထားသည့် အချုပ်သား ၄၇ ဦးအနက် (ပ) ၇၇၄/၁၂၊ ပုဒ်မ-၃၈၀/ မဆ/ ၅၄ (ခိုးမှု၊ မင်္သကာမှု)ဖြင့် ဖမ်းင်္ဆိးထားသော မင်္ဂလာဒုံ မြို့နယ် ဇောတိက ၁လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ညီညီအောင် (ခ) ဖိုးလပြည့် (၁၇) နှစ်နှင့် မြောက်ဥကလာပမြို့နယ် အိနြာ ၈ လမ်း၊ ၄ရပ်ကွက်နေ မင်းမောင်မောင် (၁၈) နှစ်တို့က ဇူလိုင် ၁၄ ရက်နေ့ နံနက် ၃ နာရီ ၁၇ မိနစ် အချိန်ခန့်တွင် အချုပ်ခန်းထောင့် အပေါ်ရှိ ၃"x ၂" သစ်သားအား အနည်းငယ်ဟကာ အချုပ်ခန်း အမိုးအား ဖောက်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။ အလှည့်ကျ ကင်းသမားက အချိန် ၃ နာရီ ၁၈ မိနစ်အချိန်တွင် အချုပ်ခန်း အမိုးပေါ်မှ အသံကြားသဖြင့် မော့ကြည့်ရာ (ပ)၈၂၉/၁၂၊ ပြစ်မှု ပုဒ်မ ၃၂၆/၃၂၅/၁၁၄ (နာကျင်စေမှု) ဖြင့် ချုပ်နှောင်ထားသော သန်လျင်မြို့နယ်နေ ဇင်ဖြိုးဝေ အား တွေ့ရှိရသဖြင့် ဖမ်းဆီးပြီး အချုပ်ခန်းရှိ တရားခံများအား စစ်ဆေးရာ ညီညီအောင်နှင့် မင်းမောင်မောင်တို့ ထွက်ပြေး လွတ်မြောက်သွားသည်ကို စစ်ဆေးတွေ့ ရှိခဲ့သည်။ အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား နှစ်ဦးအား သန်လျင်ရဲစခန်းက (ပ) ၈၈၆/၁၂၊ ပုဒ်မ ၂၂၄/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ရတနာဦး | ရန်ကုန် (မဇ္ဈိမ)။ ။ | ||||
| သမ္မကြီးဦးသိန်းစိန် ထိုင်းဝန်ကြီးချုပ်နှင့် သီးသန့်တွေ့ဆုံမည် Posted: 22 Jul 2012 11:37 PM PDT
ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ တရားဝင် ဖိတ်ကြားချက်အရ ဘန်ကောက်မြို့တော် သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် သည် ယနေ့ နံနက်ပိုင်းတွင် ဘန်ကောက် မြို့တော်ရှိ အစိုးအိမ်တော် သို့ ရောက်ရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် သီးသန့် တွေဆုံရန်ရှိကြောင်း ဘန်ကောက်ရောက် The Voice Weekly သတင်းထောက်က တိုက်ရိုက် သတင်းပေးပို့သည်။ ယင်းသို့ တွေဆုံမှုအပြီးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပသွားရန်ရှိသည်။ သမ္မတကြီးသည် ယမန်နေ့က ထားဝယ်နှင့် ချိတ်ဆက်သွယ်တန်းမည့် ထိုင်းနိုင်ငံ လန်ချဘန် ဆိပ်ကမ်းသို့ ရောက်ရှိလေ့လာခဲ့ပြီး မွန်တိုင်းရင်းသား အဖိုးဖြစ်သူ၏မြေးဖြစ်သည့် ထိုင်းလူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်သည့် အမတ စက်မှုဇုံကို မော်တော်ယာဉ်ဖြင့် ဖြတ်၍လေ့လာခဲ့သည်။ ယမန်နေ့ ညနေ ၄ နာရီခန့်တွင် သမ္မတကြီးဦးသိန်းစိနနှင့် ဝန်ကြီးများအဖွဲ့သည် လမ်ချဘန်စက်မှုဇုန် ထိန်းချုပ်စင်တာသို့ သွားရောက် လေ့လာခဲ့ကြပြီး ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ယနေ့ နေ့မွန်လွဲပိုင်းတွင် သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်မည့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား အရေးပါသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူစာချွန်လွှာ ၃ ခုခန့် ရေးထိုးရန်ရှိပြီး ထားဝယ်စီမံကိန်းနှင့်ပက်သက်၍ ပါဝင်သည်ဟု မြန်မာအစိုးရအဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။ သမ္မတကြီးနှင့်အတူ လိုက်ပါလာသော အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ဘန်ကောက်တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးနေ့သည့်စခန်းကို သီးခြားသွားရောက်ရန်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည်လည်း မြန်မာနိုင်ငံမှ ဆန်စပါးထုတ်လုပ်သူများနှင့်အတူ ထိုင်းနိုင်ငံရှိ RES ( Rice Engineering Supply Co. Ltd. )နှင့် တွေ့ဆုံရန်ရှိကြောင်း သမ္မကြီးနှင့် အတူလိုက်ပါလာသော အစိုးရအဖွဲ့ဝင်အချို့ထံမှ သိရှိရသည်။ The Voice Weekly | ||||
| ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ် Posted: 22 Jul 2012 10:07 PM PDT
''တရားခံခြောက်ဦးက ဇော်ကီးအာမက်ပါ (၆)ဦး ဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)နဲ့ (၅၀၆)ဒုတိယပိုင်းတွေနဲ့ စွဲတာဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ဥပဒေနှင့် ဆန့်ကျင်သော ဆူပူမှုတွင် သေစေနိုင်လောက်သော လက်နက်ကိုင်ဆောင်ခြင်းဖြစ်ပြီး ပုဒ်မ (၅၀၆) ဒုတိယပိုင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ထောင်ဒဏ် (၃)နှစ်နဲ့ ပုဒ်မ (၅၀၆)ဒုတိယပိုင်းက ထောင်ဒဏ် (၇)နှစ် စုစုပေါင်း (၁၀)နှစ်ဖြစ်ပါတယ်။''ဟု ဥပဒေအရာရှိတစ်ဦးက Eleven Media Group ကို ပြောကြားသည်။ ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သည့် ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့နယ်တွင်လည်း ဘင်္ဂလီများက မြို့ကိုဝိုင်းဝန်းတိုက်ခိုက်ရန် ချီတက်လာခဲ့ကြပြီး ဆူပူအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန်အတွက် ဘူးသီးတောင် ရဲစခန်းမှ စခန်းမှုးမှ မိမိကိုယ်ပေါ်တွင် လက်နက်၊ ဗုံးများတပ်ဆင်ကာ ချီတက်လာသော ဘင်္ဂလီလူအုပ်ကို ဆက်လက်မချီတက်ဘဲ နောက်ဆုတ်ရန်ပြောကြားကာ ဆူပူအကြမ်းဖက်မှု မဖြစ်ပွါးအောင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်ဟု Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။ | ||||
| Posted: 22 Jul 2012 09:57 PM PDT
အခုနောက်ဆုံး ဒီလ ၂၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာရဲ့ အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထွဋ်အထိပ်နေရာမှာ တည်ရှိတဲ့ နိုင်ငံတော်သမ္မတကြီး ကို ဝေဖန်တိုက်ခိုက်ထားတာ ဖတ်လိုက်ရပါတယ်။ Freedom of Press ကို ကျွန်တော်တို့ နားလည်နိုင်၊ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်က အကြောင်းတရားတွေကို ကျွန်တော်တို့ မြင်အောင် ကြည့်တတ်ဖို့လည်း လိုမယ် ထင်ပါတယ်။ ဒါဟာ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ပြည်တွင်းမှာ တရားဝင်နေထိုင်လာခဲ့ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ မဆိုင်ပါဘူး။ ပြောရရင် ကမ္ဘာပေါ်မှာ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံသားတွေဟာ မေတ္တာတရားရဲ့ အရိပ်အာဝါသ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းရဲ့ အဆုံးအမတွေနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အာမခံထားသလို ကျွန်တော်တို့ မြေမှာ စေတီပုထိုးကျောင်းကန်တွေသာ မက ချာ့ခ်ကျောင်းတွေ၊ ပလီတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖြစ်ပြီးသမျှတွေကို ရှုမြင်ရာမှာ ဘာသာရေး လို့ မမြင်ကြပါဘူး။ ကျွန်တော်တို့မှာ ခွဲခြားမြင်နိုင်တဲ့ အသိတရား၊ ဘာသာတရားရဲ့ အဆုံးအမတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့နိုင်ငံကို ရာဇ၀င်လူဆိုး နိုင်ငံကြီး ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ လုပ်ကြံလာကြတာဟာ အခုဆိုရင် ပိုပိုပြီး ဆိုးရွားလာနေတာကို အားလုံး တွေ့ကြရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ နိုင်ငံကြီးသား ပီသစွာ၊ ယဉ်ကျေးတဲ့ လူကအဖွဲ့အစည်း ပီသစွာ ၀ါးလုံးရှည်နဲ့ ဆွဲယမ်းပြီး သိမ်းကြုံး ပြောနေတာ မဟုတ်ပါဘူး။ ဒီလို ထိန်းထိန်းသိမ်းသိမ်း အမြော်အမြင် ရှိရှိ ကျင့်ကြံနေတာကို အခွင့်ကောင်းယူပြီး မိုက်မိုက်ရိုင်းရိုင်း တွေ ကမ်းကုန်အောင် လုပ်လာတာကို စဉ်းစားကြည့်ရင် လူမိုက်နဲ့ လူလိမ္မာတို့ရဲ့ ရန်ပွဲတစ်ခုကို ကြည့်နေရသလို ဖြစ်လာတာ တွေ့ရှိရပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြားချက်က ရှင်းရှင်းလေးပါ။ (တရားဝင် ဒီမြေ ဒီရေမှာ နေထိုင်လာခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေ မပါပါဘူး) "ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေ" လို့ တိတိကျကျ ပြောထားတာ ဖြစ်ပါတယ်။ ခိုးဝင်လာတယ်ဆိုမှတော့ ရှင်းနေပြီပဲ။ ဒါကိုပဲ သတင်းအချက်အလက် အမျိုးမျိုး ဖန်တီးလုပ်ကြံပြီး နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အသုံးချ၊ မီဒီယာတွေကို အသုံးချပြီး ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်နေကြ တာ ဖြစ်ပါတယ်။ တစ်ဘက်က ကြည့်ရင် နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးတဲ့နောက်မှာ ကျန်ရှိသော (မီဒီယာများနှင့် ၀င်ဆန့်သော၊ မီဒီယာများအပေါ်မှာ လွှမ်းမိုးမှု အတန်အသင့်ရှိကြကုန်သော) ပုဂ္ဂိုလ်ကြီင်္းများ၊ အဖွဲ့အစည်းများ အနေနဲ့ ဒီသဘောအတိုင်း ရပ်တည်ပြဖို့ လိုပါတယ်။ နောက်တစ်ဘက်က တွေးကြည့်ရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒီလို ပြတ်သားရှင်းလင်းတဲ့ သဘောထားကို ထုတ်ဖော်လိုက်ခြင်းအတွက် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ လာနိုင်တယ် ဆိုတာကိုလည်း သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလို သိရှိ ထားပါလျက်နဲ့ ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးရဲ့ ရင်ထဲ နှလုံးသားထဲက ခံစားချက်ကို ကျွန်တော်တို့ နိုင်ငံသားတွေ မြင်အောင် ကြည့်စေချင်ပါတယ်။ နိုင်ငံတော်သမ္မတကြီးဟာ ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ပီသစွာ ကျွန်တော်တို့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြနေပါပြီ။ Follow Me လို့ မပြောရုံတမယ်ပါပဲ။ သူ့ရဲ့ ခေါင်းဆောင်မှုဟာ နှုတ်က ပြောမှာမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်နဲ့ ဦးဆောင်ပြမယ့် သဘောလို့ မှတ်ယူမိပါတယ်။ Hmuu Zaw - Facebook | ||||
| HIV ဝေဒနာရှင်တွေ ခရီးသွားခွင့်ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာတောင်းဆို Posted: 22 Jul 2012 09:15 PM PDT
ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၄၆ နိုင်ငံက ချမှတ်ထားတဲ့ ဒီလို ကန့်သတ်မှု စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံမှု ဖြစ်သလို၊ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အခြေအနေဆိုး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ၆ ရက်ကြာ လုပ်မယ့် နိုင်ငံတကာ AIDS ညီလာခံ စတင်တဲ့ ဒီနေ့မှာ ဒီလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံအရပ်ရပ်က AIDS ရောဂါ သုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ၊ အခြား ရောဂါတိုက်ဖျက်ရေးမှာ ဆက်နွယ် ပတ်သက်သူတွေ စုစုပေါင်း နှစ်သောင်းငါးထောင် လောက် ဒီညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။ ဒီညီလာခံကို အခု အသံလွှင့်ချိန် အမေရိကန်စံချိန် ည ၇ နာရီမှာ စတင် ဖွင့်လှစ် ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ ညီလာခံ တတ်ရောက် လာသူတွေကို ၀ါရှင်တန်ဒီစီ မြို့တော်ဝင်က ကြိုဆို မိန့်ခွန်းစကား ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အဖွင့် ဗွီဒီယိုမိန့်ခွန်း ပြောသလို၊ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ၀န်ကြီး Kathleen Sebelius လည်း ကိုယ်တိုင် တတ်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ မိန့်ခွန်းပြောကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသမီးနဲ့ AIDS ရောဂါဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ဗွီဒီယိုမိန့်ခွန်း ပြောဆိုဖို့ရှိပါတယ်။ ၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာဌာန | ||||
| Posted: 22 Jul 2012 09:11 PM PDT ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများ အဖွဲ့ဟာ မနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ရာမှာ ထိုင်းစက်မှုဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ပြီး စက်မှုဇုန် တည်ဆောက်ရေး ဆိုင်ရာ အခြေခံ အချက်အလက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြကြပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်က သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီးများအဖွဲ့ ထိုင်းနိုင်ငံ၊ လန်ချဘန် စက်မှုဇုန်ကို သွားရောက်လေ့လာစဉ်။ ထိုင်းစက်မှုဝန်ကြီး ဆဝါဒီဝပ်က - ထိုင်းအစိုးရ စီးပွားရေး အဖွဲ့အစည်းတွေဟာ ထိုင်း တစ်သီးပုဂ္ဂလ ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေအတွက် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် မယ်ဆိုရင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ထိုင်း အမျိုးသား စီးပွားရေးနဲ့ လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် သမ်ပီတရာ ပိုင်ဆစ်ကလည်း ထိုင်းအရှေ့ပိုင်း ကမ်းရိုးတန်းဒေသ လမ်ချဘန် စက်မှုဇုန်နဲ့ မြန်မာပြည် ထားဝယ် စက်မှုဇုန် စီမံကိန်းတို့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး တင်ပြခဲ့ရာမှာ- လမ်ချဘန် ပင်လယ်ဆိပ်ကမ်း စက်မှုဇုန်တွေရဲ့ ဖွံ့ဖြိုးမှုဟာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက် မြင့်မားလာနေပြီး ထိုင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အဆင့်ကို အနှစ်၂၀ အတွင်း ၄၃% ကနေ ၈% အထိ လျှော့ချနိုင်ခဲ့ကြောင်း၊ လန်ချဘန်ထက် ကြီးမားပြီး အမေရိကန် ဒေါ်လာ ၈.၆ ဘီလျံ ရင်းနှီးမြုပ်နှံမှု ရှိမှာဖြစ်တဲ့ ထားဝယ် စက်မှုဇုန် စီမံကိန်းဟာ အရှေ့တောင် အာရှဒေသအတွက် ကုန်စည် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အချက်အချာ နေရာတစ်ခု ဖြစ်လာမှာ ဖြစ်သလို ကမ္ဘာ့ဒေသ အချို့အတွက်လည်း တိုတောင်းတဲ့ ကုန်သွယ်မှု လမ်းကြောင်းအဖြစ် အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ ထားဝယ် စီမံကိန်း ပြီးမြောက် အောင်မြင်ရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထောက်ပံ့မှုတွေ၊ ခေတ်မီ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေနဲ့ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုတွေ ပံ့ပိုး ဆောင်ရွက်မှာ ဖြစ်ကြောင်း တင်ပြသွားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ RFA Burmese | ||||
| တည်ဆောက်ပြီးတစ်နှစ်ခန့် အထိ မဖွင့်ရသေးတဲ့ စာကြည့်တိုက် Posted: 22 Jul 2012 09:08 PM PDT
စာကြည့်တိုက် အတွင်းမှာလည်း ခေတ်မီကွန်ပျူတာ ၄ စုံ ၊ စာအုပ်စာတမ်းမျိုးစုံ ၂၀၀ ခန့် နှင့် မီးအားမြှင့်စက် watt - 5000 တစ်လုံးလည်း အဆင်သင့် တပ်ဆင်ပြီးဖြစ်ပါတယ်။ စာကြည့်တိုက်ကို တာဝန်ရှိသူများအမြန်ဆုံး ဖွင့်ပေးပါရန် ရပ်ကွက်နေပြည်သုများမှ တင်ပြထားပါတယ်။ | ||||
| ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း Posted: 22 Jul 2012 08:23 PM PDT မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာ တွေ ရပ်ဆိုင်းနိုင်ရေး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| နယ်မြေအေးချမ်းမှု မရှိခြင်းကို အခွင့်ကောင်းယူပြီး မှောင်ခိုကားများ တခောတ်ထနေ Posted: 22 Jul 2012 08:19 PM PDT ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် နယ်မြေအေးချမ်းမှု မရှိခြင်းကြောင့် မှောင်ခို ကားများ အစီး(၁၀၀)လောက် ကုန်တွေသယ်ပြီး သွားလာနေပါတယ်။ ကားတွေလည်း ဘီလူးဂျစ်၊ (၁၂)ဘီးကားတို့ ဖြစ်ပြီး၊ တရားမ၀င်အဖြစ် ကုန်ပစ္စည်းများ သယ်ယူမှုပြု လုပ်နေပါတယ်။ ၄င်းကားများကြောင့်---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ရေစကြိုမြို့က စာပေဟော ပြောပွဲကို မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပနိုင်ခဲ့ Posted: 22 Jul 2012 08:12 PM PDT မကွေးတိုင်း ဒေသကြီးက ရေစကြိုမှာ မနှစ်က အပိတ်ခံ လိုက်ရတဲ့ စာပေ ဟောပြော ပွဲကို သည်နှစ်တွင် ပြန်လည် ကျင်းပ နိုင်ခဲ့ကြပြီ ဖြစ်သည်။ ယင်းကို စာပေချစ် မြတ်နိုးသူများက ဦးဆောင်ပြီး မြို့ပေါ်က လုပ်ငန်းရှင်များ၏ ကူညီမှုဖြင့် ပွဲတော်ကွင်း ဇာတ်ရုံတွင်ထိုင်ခုံများဖြင့် တခမ်းတနား ကျင်းပနိုင် ခဲ့ခြင်းဖြစ်သည်။ သည်နှစ် လာရောက် ဟောပြောခဲ့ ကြသူများမှာ ၂၀.၇.၁၂ နေ့ညက မောင်သာချိုနှင့် နုနုရည်(အင်းဝ) တို့ဖြစ်ပြီး၊ ၂၁ ရက်ညတွင် ဆရာမောင်စိန်ဝင်း(ပတီးကုန်း)နှင့် ချစ်ဦးညိုတို့ ဖြစ်ကြသည်။ ဟောပြောပွဲသို့ မြို့ပေါ်၊မြို့နယ်တွင်းက စာပေပ၇ိတ်သပ်များသာမက မြိုင်မြို့မှ စာပေချစ်မြတ်နိုးသူများပါလာရောက်နားထောင်သွားခဲ့ကြပါသည်။ ဆရာချစ်ဦးညိုနှင့်မောင်စိန်ဝင်းတို့ကတော့ အာဇာနည်နေ့နှင့်ပတ်သက်သော အကြောင်းအရာများ၊ သခင်ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ၂၄.၇.၁၂ နေ့ အထိမ်းအမှတ်ဆိုင်ရာ နိုင်ငံရေးအကြောင်းများ၊ကျောင်းသားသမဂ္ဂဆိုင်ရာ စိတ်ဝင်စားဖွယ်ရာများကို တစ်ဦးလျှင် တစ်နာရီ၁၅မိနစ်ခန့်စီ ဟောပြောပေး သွားခဲ့ကြသည်။ ယင်းဟောပြောပွဲကို စာပေချစ်သူများကိုယ်စား ဆရာဦးရှုမောင်နှင့် ဦး ဆွေလှိုင်ဦး၊ဦးသိန်းဇော်မိုးတို့ကဦးဆောင်ကျင်းပပေးခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ | ||||
| အာဇာနည်နေ့ သတင်းမပို့ တဲ့ အုပ်ချုပ်ရေးမှူး အရေးယူခံရ Posted: 22 Jul 2012 07:21 PM PDT
ရေးမှူးမှ ရုံးမိန့်တစ်ထိုင်နှင့် ခံဝန်လက်မှတ်ရေးထိုးပြီးအရေးယူခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ အမျိုးသားဒီမိုကရေစီလူငယ်များကျင်းပခဲ့သော ဇူလိုင်(၁၉) အာဇာနည်နေ့အခမ်းအနားကို စုကြီးရပ် ရွှေလှံထောင်ကျောင်းတွင်ကျင်းပခဲ့ခြင်းအပေါ် သတင်းပေးပို့ခြင်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။ ယခုကဲ့သို့ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော အာဇာနည်နေ့ကြီးများ၏ အောက်မေ့ဖွယ် အခမ်းအနားများကို အောက်ခြေ(မှဟုဆိုသော်လည်း အထက်မှ အမိန့်ပေးမှုမရှိပဲ) လိုက်လံ နှောင့်ယှက်ဟန့်တားခြင်းမှာ တစ်နိုင်ငံလုံးနှင့် အာဇာနည်ကြီးများပါကို စော်ကားနေခြင်းပင်ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


























