၁. အပြင်ထွက်ခါနီး ကြာလိုက်တာကွာလို့ပြောမယ့်သူမရှိခြင်း
၂. အိပ်နေတုန်း အချိန်မတော်ပြန်လာသူအား တံခါးထဖွင့်ပေးစရာမလိုခြင်း
၃. ကိုရီးယားကားကြည့်ရင်း ငိုလျှင် ရူးနေလားလို့ပြောမယ့်သူမရှိခြင်း
၎. ဈေးဝယ်ထွက်ရာတွင် ကိုယ့်စိတ်ကြိုက်ပစ္စည်းကို စိတ်ကြိုက်အချိန်ဘယ်လောက်ကုန်ကုန် ငြူစူမည့်သူမရှိခြင်း
၅. စက်ပစ္စည်း လျှပ်စစ်ပစ္စည်းများကို တတ်ယောင်ကား ကလိမည့်သူမရှိသောကြောင့် ကြာရှည်ခံခြင်း
၆. အားကိုးစရာလူမရှိသောကြောင့် ကိုယ့်အားကိုယ်ကိုးတတ်ခြင်း
၇. ကိုယ်ပြောချင်ရာလုပ်ချင်ရာလုပ် အာခံမယ့်သူမရှိခြင်း
၈. အများတကာ အလှူတွင် သားတွဲလောင်းမယားတွဲလောင်းမဟုတ်ဘဲ လှလှပပကြော့ကြော့လေးသွားနိုင်ခြင်း
၉. အလှပြင်ပြီးတိုင်း ဘာထူးပြီးလှသွားလို့လဲကွာဟု ခနဲ့မည့်သူမရှိခြင်း
၁၀. လကုန်တိုင်း ကိုယ့်လစာကိုယ်အပြည့်အ၀သုံးရခြင်း
၁၁. ဘောလုံးပွဲနှင့် ဇာတ်လမ်းတွဲ လုကြည့်စရာမလိုခြင်း
၁၂. ညောင်းညာလျှင် Massage များ Spaများ ကိုယ့်စိတ်ကြိုက်သွားနိုင်ခြင်း
၁၃. ကိုယ့်လစာကိုယ်သုံးပြီးသူများမျက်နှာကြည့်စရာမလိုသဖြင့် တက္ကစီနှင့်ကြော့ကြော့လေးသွားနိုင်ခြင်း
၁၄. ကိုယ့်၏လွတ်လပ်မှုအပေါ် အိမ်ထောင်သည် သူငယ်ချင်းများ၏ အားကျသောအကြည့်ဖြင့်အကြည့်ခံရခြင်း
၁၅. စိတ်ပင်ပန်းသည့်အခါ စိတ်ပြေလက်ပျောက် ခရီး အချိန်မရွေး သွားနိုင်ခြင်း
၁၆. မိုးအလွန်ရွာသောနေ့များတွင် မထချင်ထချင်နှင့် မနက်စာထပြင်ပေးစရာမလိုခြင်း
၁၇. သူခိုးကပ်လျှင် စိတ်ပြတ်ပြတ်သားသားဖြင့် ရဲဆီဖုန်းဆက်ခေါ်နိုင်ခြင်း....(သူကများသွားဖမ်းမလားလို့ အထင်တကြီးစောင့်နေစရာမလိုခြင်း)
၁၈. ဘုရားသွားသည့်အခါ ကဖျက်ယဖျက်လုပ်မည့်သူမရှိသောကြောင့် ဘုရားတရား အာရုံပိုပြုနိုင်ခြင်း
၁၉. မင်္ဂလာဆောင် ဖိတ်စာရသည့်အခါ အ၀တ်အစားအပြင်ဆင် တစ်ယောက်ဖိုးသာကုန်ခြင်း
၂၀. သွားချင်ရာသွား ပြန်ချင်ရာပြန် နားပူမည့်သူမရှိခြင်း
၂၁. အိမ်မှုကိစ္စများ မလုပ်ချင်သောကြောင့် လူခေါ်ခိုင်းလဲ ငြိုငြင်မည့်သူမရှိခြင်း
၂၂. မိဘများ ဆွေမျိုးများမှ.. အလိုလိုက်ဆက်ဆံခံရခြင်း
၂၃. မိုးရွာသည့်အခါ တစ်ယောက်တည်း လုံလုံခြုံခြုံထီးဆောင်းနိုင်ခြင်း
၂၄. ချက်ထားသမျှ ချိုချဉ်ငံစပ်ခါးတူး ဝေဖန်အပြစ်တင်မည့်သူမရှိခြင်း (နေ့တိုင်းဟင်းမချက်ဘဲအပြင်ထွက်စားနိုင်ခြင်း)
၂၅. ပွဲလမ်းသဘင်တွင်....အများစိတ်ဝင်စားမှုခံရခြင်း
၂၆. သူများမောင်းသောကား ဘုရားတပြီးကားစီးနေစရာမလိုခြင်း
၂၇. ချစ်ရေ ကိုယ့်မွေးနေ့/မောင့်မွေးနေ့ ဘာလက်ဆောင်ပေးမလဲဟု အတောင်းမခံရခြင်း
၂၈. မိမိနေ့ရက်တိုင်းကို မိမိစိတ်ကြိုက် ခြယ်လှယ် အသုံးချခွင့်ရခြင်း
၂၉. စိတ်အနှောင့်ယှက်များကြောင့် စိတ်ညစ်ရ်ျ ငိုစရာမလိုခြင်း
၃၀. စိတ်ညစ်စရာကြုံလာတိုင်း ကိုယ်စိတ်သက်သာရာနည်းလမ်းအား ကိုယ့်စိတ်ကြိုက်ရွေးနိုင်ခြင်း.....
--
ကောင်းတာ လုပ်သည်ဖြစ်စေ
မကောင်းတာလုပ်သည်ဖြစ်စေ
သင်တနေ့ အဆုံးသတ်ကို ဆုံရပါလိမ့်မည်
မသေခင်မကြွေခင် အဆုံးမသတ်ခင်
သင်တတ်စွမ်းသမျှ ရောင်ဝါလင်းပါလေ ။
http://barnay.wordpress.com
http://goo.gl/S1sYv
--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။