[MM Daily Mail:3219] [Richard Aung] ကင်တားနား မြန်မာခရီးစဉ် အတွင်း ရခိုင်ကိုလာမည်

နိရဉ္စရာ







အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် တော မတ်စ် အိုဟေး ကင်တားနားသည် သူ့ခရီးစဉ် အတွင်း ရခိုင်သို့ လာ ရောက်မည် ဖြစ်သည်။




တောမတ်စ် အိုဟေး ကင်တားနားသည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အား ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင် မည် ဖြစ်ပြီး သြဂုတ်လ ၄ရက် နေ့ တွင် အဆုံးသတ်မည်ဟု သိရသည်။




သူ့၏ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေသို့ လာရောက်မည် ဖြစ်ပြီး တစ်ခြား ဆူပူ အကြမ်း ဖက်မူ ဖြစ်ပွားရာ မောင်တော ဒေ သဘက်သို့ သွားရောက်မည် မသွားရောက်မည်မှာ မသေချာ သေး ကြောင်း ဘီဘီစီ (မြန်မာပိုင်း)နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် သူ ကပြော ကြားသည်။




လတ်တလော ဖြစ်ပွားနေသော ရခိုင်နှင့် ကချင် ဒေသမှ အကြမ်းဖက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုး ဖောက်မှု ဆိုင်ရာ ကိစ္စရပ်များ ကို ယခု ခရီးစဉ် အတွင်း မြန်မာ အစိုးရနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်သော ကြေ ညာချက်တွင် ဖော်ပြထားသည်။




မစ္စတာ ကင်တားနားဟာ နေပြည်တော်နှင့် ရန်ကုန်တွင် ရှိနေသော အစိုးရ အရာရှိများ ၊ နိုင်ငံရေး သမား များ၊ အမျိုးသား လူ့အခွင့်အ ရေး ကော်မရှင် အဖွဲ့နှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန် အစီအစဉ် ရှိသည်ဟု သိ ရ သည်။




ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများကို လေ့လာစုံစမ်း ရန် စစ်တွေမြို့သို့ အစိုးရ သွားခွင့်ပြုချက်ဖြင့် သွားရောက် မည် ဖြစ်ပြီး ရခိုင်ကိစ္စကို အစိုးရ အာဏာပိုင်များနှင့်လည်း ဆွေးနွေး မည် ဖြစ်ကြောင်း သိရသည်။




၎င်းအပြင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ကုလသမဂ္ဂ ဌာနေ ဝန် ထမ်းများ ကိစ္စကိုလည်း အစိုးရ တာဝန် ရှိသူများအား မေးမြန်း စုံစမ်း သွား မည်ဟု သိရသည်။




ကချင်ပြည်နယ်သို့ သွားရောက်လည်ပတ်ရန်မှာ မသေချာသေးသော်လည်း ကချင်ကိစ္စကို ရန်ကုန်မြို့တွင် ကချင်အရေး ဆောင်ရွက် နေ သော အဖွဲ့အစည်းများနှင့် ဆွေးနွေးမည်ဟု သိရသည်။



--
Posted By Richard Aung to Richard Aung at 7/28/2012 09:28:00 AM

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။